ဘီဂိတ်လ် ပြောတဲ့ ဘဝ ( ၁၁ ) ခု............

21-12-2009 တွင် တင်ထားသည်။ violent528
စိတ်အခြေအနေ: .

  ဘီဂိတ်လ်ပြောတဲ့ ဘဝ ( ၁၁ ) ခု.....................

ဘွဲ့ နှင်းသဘင်တစ်ခုမှာ ဘွဲ့ ရကျောင်းသားတွေအတွက် ဘီဂိတ်လ်က ဒီလို အကြံဉာဏ်ပေး ဟောပြောခဲ့ပါတယ် ။

  1. လူဘဝက မမျှတာဘူး။ ဒါကို လက်ခံနိုင်အောင် ကြိုးစားပါ။
  2. ဒီလောကက ကိုယ့်လေးစားကြည်ညိုမှုကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။ အကျိုးသက်ရောက်မှုကို အရင်လုပ် ပြီးမှ ကိုယ့်ရဲ့ ခံစားချက်ကို ဆန်းစစ်ဖို့  လောကကြီးက ပိုမျှော်လင့်တယ်။
  3. ကျောင်းကနေခွာတာနဲ့ လခကောင်းမရနိုင်ဘူး။ ချက်ချင်း ဟမ်းဖုန်းချိတ်ထားတဲ့ ကွပ်ကဲသူ မဖြစ်နိုင်ဘူး။ နှစ်ခုစလုံးအတွက် ကြိုးပမ်းအားထုတ်မှ ရနိုင်တယ်။
  4. ကျောင်းက ဆရာတွေကို ဆိုးတယ်လို့  ခင်ဗျားတို့ ထင်ခဲ့ရင် တစ်နေ့  ခင်ဗျားတို့ ကုမ္မဏီသူဌေးတွေ ဖြစ်လာတဲ့အချိန်ကျရင် သိလိမ့်မယ်။ သူဌေးတွေက အလုပ်ကို အကြွေးမထားဘူး။
  5. ဟမ္ဘာဂါဆိုင္မွာ အလုပ္လုပ္လို ့ကိုယ့္ကို အသံုးမက်ဘူးလို ့မထင္နဲ့။ ခင်ဗျား ဘိုးဘွားတွေက ဟမ်ဘာဂါအလုပ်အတွက် အဓိပ္ပါယ်တစ်ခု ဖွင့်လိုက်မယ်။ အဲဒါက “ အခွင့်အရေး ” တဲ့။
  6. ခင်ဗျား ဘာမှဖြစ်မလာတာ ခင်ဗျားမိဘတွေရဲ့ အမှားမဟုတ်ဘူး။ ဒါကြောင့် ကိုယ်လုပ်တဲ့ အမှားအတွက် ဒေါသထွက်မနေနဲ့ ။ အမှားထဲက သင်ယူပါ။
  7. ခင်ဗျားမမွေးခင် ခင်ဗျားမိဘတွေက အခုလိုထိုင်းမှိုင်းနေတာ မဟုတ်ဘူး။ သူတို့ အခုလို ထိုင်မှိုင်းရတာ ခင်ဗျားအသုံးစရိတ်အတွက် ရှာနေလို့ ၊ ခင်ဗျားရဲ့ အဝတ်တွေ လျှော်ရလို့ ၊ ကိုယ့်ကိုယ်ကိုတော် ကြောင်းအပြောကြီးတဲ့ ခင်ဗျားရဲ့စကားကို နားထောင်နေရလို့  ဖြစ်တယ်။ ဒါကြောင့် ခင်ဗျားမိဘတို့ ခေတ်က ဖျက်ဆီးခဲ့တဲ့ အပူပိုင်းဇုံသစ်တောကို ခင်ဗျားပြုပြင်ကယ်တင်ဖို့ မကြိုးစားခင် ခင်ဗျားရဲ့ အိပ်ယာကို အရင်သန့် ရှင်းလိုက်ပါ။
  8. ကျောင်းမှာ နိုင်သူနဲ့ ရှုံးသူဆိုတာရှိတယ်။ ဘဝမှာ မရှိဘူး။ ကျောင်းက ခင်ဗျားကို အခွင့်အရေး မပြတ်ပေးပြီး အဖြေမှန်ရဖို့ ရှာခိုင်းလိမ့်မယ်။ တကယ့်လက်တွေ့ ဘဝမှာတော့ ဒီလိုမရှိဘူး။
  9. တီဗွီထဲမှာ သရုပ်ဆောင်တာတွေက တကယ့်ဘဝတွေ မဟုတ်ဘူး။ တကယ့်ဘဝက လူတိုင်းကော်ဖီဆိုင်ကို ကျောခိုင်းပြီး အလုပ်ထဲ ဝင်ရတာချည်းပဲ။
  10. စာဂျပိုးတွေကို တလေးတစား ဆက်ဆံပါ။ တစ်ချိန်ချိန် သူတို့ ထဲက တစ်ယောက်ဆီမှာ ခင်ဗျား အလုပ်လုပ်ဖြစ်လိမ့်မယ်။
  11. လူဘဝမှာ သင်ကြားချိန်ကာလ မသတ်မှတ်ဘူး။ ပိတ်ရက်မရှိဘူး။ ဘယ်အလုပ်ရှင်ကမှ ခင်ဗျားလုပ်ချင်တာကို ညှိနှိုင်းပေးမှာ မဟုတ်ဘူး။ ဒါကြောင့် ကိုယ့်အားလပ်ချိန်ကို အသုံးပြုပါ။

 

                 မကွေးသား (ရွှေအိုင်မြေ)

                         FORWORD MAIL မှရသည်။

                    အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ...............

                                   လို့ ဆုတောင်းလျက်.............

                                                            VIOLENT ( YUKI )

ဆွေးနွေးခြင်း

on 01-01-0001 ပြောသည်။
violent528 on 23-12-2009 ပြောသည်။

အခုလို COMMENT ရေးပေးတဲ့ သူများ ကိုကျေးဇူးတင်ပါတယ်...........။

                        အားလုံးကို ခင်မင်လျက်..............

                                                   YUKI

 

kyawhtetaung on 23-12-2009 ပြောသည်။

ကျေးဇူးတင်ပါတယ် ယူကီ

   တစ်ကူးတက ပြန်လည်မျှဝေပေးတဲ့ အတွက်ပေါ့...

pothi on 23-12-2009 ပြောသည်။

THAT RIGHT ! THANK YOU .

ထင်မြင်ချက် ပေါင်းထည့်သည်။

ကျေးဇူးပြု၍login သို့မဟုတ်မှတ်ပုံတင်ခြင်း(register) ပြုလုပ်ပါ။
  • အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက် အပြည့်အစုံကို ကြည့်နိုင်ရန်
  • မိတ်ဆွေသူငယ်ချင်း အသစ်ရှာဖွေနိုင်ရန်
  • မှတ်ချက်ရေးသားနိုင်ရန်
  • ကိုယ်ရေးကိုယ်တာ Message ပေးပို့နိုင်ရန်
← WATER LOVE !   Blog သို့ပြန်သွားသည်။   ငွေဆောင်ကမ်းခြေမှ ဝမ်းနည်းစရာ … →
© 2013-2024 အခမဲ့ Video Chat Conferendo! ရပိုင်ခွင့်၊ အခွင့်အရေးအားလုံးကို သီးသန့်ထားရှိပါသည်။
ဘာသာပြန်ဆိုရာတွင် အမှားတွေ့ရှိသည်။ အကြောင်းကြားရန် ၊၎င်းအား mouse ဖြင့် select လုပ်ကာ Ctrl+Enter နှိပ်ပါ။