WATER LOVE !
21-12-2009 တွင် တင်ထားသည်။
violent528
စိတ်အခြေအနေ: .
ငါ့လို ချင်တဲ့ အချစ်မျိုးကို....
မင်းပေးနိုင်ဘူးလို့ ပြောတယ်
ငါလိုချင်တာ ရိုးရှင်းလွန်းပါတယ်
ရေလို အချစ်လိုချင်တယ်.....
အရသာ မရှိပေမဲ့ မရိုးတမ်းကို နေ့ တိုင်းသောက်နေရတာ.....
ကော်ဖီ....အချိုရည်တို့ ကို ကြိုက်တယ်ပဲပြောပြော
ရေကိုတော့ အလိုလားဆုံးပဲ မဟုတ်လား......
အချစ်အကြောင်းတွေကိုပဲ ရေးနေတဲ့ငါ
ဒီဇာတ်လမ်းမှာ ဘာတွေနဲ့  အဆုံးသတ်မယ်ဆိုတာ မသိပေမဲ့ ....
ငါ ဆက်လျှောက်မှာပါ.............
ငါ ဒီဇာတ်ကို ပီပီပြင်ပြင်ကမယ်
သိသလိုလိုနဲ့  မသိတဲ့ နိဂုံးကို ငါသိချင်တယ်
အချစ် စာမေးပွဲမှာ ခုထိမအောင်မြင်သေးပါဘူး....
အောင်မြင်တဲ့ တစ်နေ့ မှာ ငါထွက်ခွာသွားပါ့မယ် ။
ငါက အဖိုးတန် ကျောက်မျက်လေးပါ..........
ဒုက္ခတွေက ကျောက်သွေးနေသလိုပေါ့.......
ငါ မကြောက်ဘူး
ဒါကြောင့်...............
မင်းငါ့ကို မြတ်နိုးပါ.............။ ။
ကဗျာ ရေးသားသူ...........( မောင်မောင် )
ရွှင်လန်းချမ်းမြေ့ကြပါစေလို့ .....ဆုမွန်ကောင်းတောင်းလျက်.....
VIOLENT ( YUKI )