ဆင်းရဲခြင်းဆိုတာ...................

16-12-2009 တွင် တင်ထားသည်။ violent528

တစ်ခါက သူဌေးကြီးတစ်ဦးရှိတယ်...တစ်နေ့ မှာ သူသည် သားကိုခေါ်ပြီး ရွာတစ်ရွာသို့  အလည်အပတ်သွားကြသည်။ ရွာသို့ အလည်သွားရခြင်း အကြောင်းမှာ သားကို ဆင်းရဲခြင်း ဆိုတာ

ကိုသိစေချင်သောကြောင့် ဖြစ်သည်။ ဆင်းရဲသားမျာဧ။်ဘဝ ကိုပြသချင်သောကြောင့် ဖြစ်သည်။

သားအဖ နှစ်ယောက် သည် လယ်သမားမိသားစုဧ။်နေအိမ်တွင် နှစ်ရက်ကြာတည်းခိုခဲ့သည်။

လယ်သမားဧ။်ကလေးများသည် အိမ်မွေးတိရစ္ဆာန်များအား ထိန်းကျောင်းရသည်။ လယ်ထဲတွင် ကူညီမည့် ခွေးများအား လေ့ကျင့်ပေးရသည်။ ညနေ့  အလုပ်နားချိန်တွင် အိမ်ဘေးရှိချောင်း၌ ရေချိုးကြသည်။ ငွေကြေးချွေးတာသောအနေဖြင့် ညအခါ လရောင်အောက်တွင် အိမ်ရှေ့ မျက်နှာစာရှိ ဥယျာဉ်၌မိသားစုများ ဝိုင်းဖွဲပြီး စကားစမြည်း ပြောကြသည်။

ရွာမှပြန်လာပြီနောက် သူဌေးက '' သား.......ဒီတစ်ခေါက်ခရီးသွားတာ ဘယ်လို့ နေလဲ ''ဟုမေးသည်။

''ကောင်းပါတယ် ဖေဖေ''

''ဆင်းရဲသားတွေ ဘယ်လောက်ဆင်းရဲတယ်ဆိုတာ မြင်ပြီ မဟုတ်လား''

''မြင်ပါတယ် ''  ခေါင်းငြိမ့်ပြီး သားကပြန်ဖြေသည်။

''သားတို အိမ်က သူတို့ ထက် ပိုဆင်းရဲတယ်ဆိုတာ သားမြင်လိုတယ် ဖေဖေ...''သားတို့ အိမ်မှာ အိမ်မွေးခွေး (၁) ကောင်းပဲရှိတယ်။ သူတို့ မှာ ခွေး(၄) ကောင်းရှိတယ်။အဲဒီခွေးတွေဟာ ကလေးတွေရဲ့ အမိန့် ကိုတောင်နာခံကြတယ်။ စကားလည်းနားထောင်ကြတယ်။

''နောက်ပြီး သားတို့ ခြံမှာ ရေကူးကန် တစ်ကန်ပဲရှိတယ်။ သူတို့ မှာ အဆုံးမရှိတဲ့ ချောင်းတစ်ချောင်းလုံးရှိတယ်။ သူငယ်ချင်းတွေနဲ့ တစ်နေကုန် ရေကစားနေလို့ ရတယ်။ ဒီရေကူးကန်ကျတော့ သားတစ်ယောက်ပဲ ရှိတယ် ''သားကဆက်ပြောသည်။

''နောက်သားတို့ ခြံအဝင်ဝမှာ လမ်းမီးတွေရှိတယ်။ သူတို့ မှာကောင်းကင်တစ်ပြင်လုံး မရေမတွက်နိုင်တဲ့ ကြယ်ကလေးတွေရှိတယ်။ ညရောက်ရင် မိသားစုတွေက ဝိုင်းဖွဲ့ ပြီးပျော်ပျော်ပါးပါး စကားပြောကြတယ်။ ဒါပေမဲ့ ဒီအိမ်မှာ သားနဲ့ စကားပြောမဲ့သူမရှိဘူး။ သားတို့ အိမ်ရဲ့ အကျယ်အဝန်းဟာ ဟိုနရံထိပဲရှိတယ်။

သူတိုမှာ တမျှော်တစ်ခေါ်ကျယ်တဲ့ ခြံဝန်းရျိတယ်။''

သားဧ။် စကားအဆုံးတွင် သူဌေးကြီးမှာ နူတ်ဆိတ်လျှက်ရှိနေသည်။

နိဂုံး။     ။ အကြင်နာ ၊ မေတ္တာတွေ ရှိမယ် ၊ သူငယ်ချင်း ရှိမယ် ၊ မိသားစု ရှိမယ်၊ ကျန်းမာခြင်း ရှိမယ် ၊

ဟာသဉာဏ်ရွှင်မယ် ။ ဘာမဆို အကောင်းမြင်တတ်အောင် ကြိုးစားမယ်ဆိုရင် သင့်ဟာ အချမ်းသာဆုံးပါ........။     ။

              လာရောက် ဖတ်ရူ့ သူ အားလုံး စိတ်ဧ။်ချမ်းသာခြင်း ၊ ကိုယ်ဧ။်ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ...

                                   ဆုတောင်းလျက်.............

                                                     VIOLENT(YUKI)

 

ဆွေးနွေးခြင်း

on 01-01-0001 ပြောသည်။
violent528 on 17-12-2009 ပြောသည်။
violent528:

အခုလို လာရောက်ပြီ ဖတ်ရူသွားတဲ့ အတွက် ကျေးဇူး အထူးတင်ပါတယ် ရှင့်...။ အစ်ကိုရင် နောက်များအားရင်လည်း လာရောက်ဖတ်ရူ အကြံဉာဏ်ပေးသွားခဲ့ပါအုံးနော်....။

   ခင်မင်လျက်..........................VIOLENT(YUKI)

violent528 on 17-12-2009 ပြောသည်။

akoyin ! thz

akoyin on 17-12-2009 ပြောသည်။

nice 1.10Q!

ထင်မြင်ချက် ပေါင်းထည့်သည်။

ကျေးဇူးပြု၍login သို့မဟုတ်မှတ်ပုံတင်ခြင်း(register) ပြုလုပ်ပါ။
  • အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက် အပြည့်အစုံကို ကြည့်နိုင်ရန်
  • မိတ်ဆွေသူငယ်ချင်း အသစ်ရှာဖွေနိုင်ရန်
  • မှတ်ချက်ရေးသားနိုင်ရန်
  • ကိုယ်ရေးကိုယ်တာ Message ပေးပို့နိုင်ရန်
← စစ်မှန်သော သူငယ်ချင်း ၊ မိတ်ဆေ…   Blog သို့ပြန်သွားသည်။   ချစ်ဇနီး လေးယောက် (အထူးသဖြင့် … →
© 2013-2024 အခမဲ့ Video Chat Conferendo! ရပိုင်ခွင့်၊ အခွင့်အရေးအားလုံးကို သီးသန့်ထားရှိပါသည်။
ဘာသာပြန်ဆိုရာတွင် အမှားတွေ့ရှိသည်။ အကြောင်းကြားရန် ၊၎င်းအား mouse ဖြင့် select လုပ်ကာ Ctrl+Enter နှိပ်ပါ။