ဘုထွက်တဲ့ တစ္ဆေ

12-11-2010 တွင် တင်ထားသည်။ tuntunaye_tongkyo
စိတ်အခြေအနေ: fine.. ဂီတ: Rock.
Tags:ရယ်စရာပေါ့ပေါ့ပါးပါး

          အဲဒီဘကြီးတစ်ယောက်ကိုငယ်ငယ်တုန်းကအမြဲမြင်ဖူးနေကျ။သူ့နာမည်ကဦးသိန်းမောင်တဲ့

အရပ်ကပုပုလေးဆိုတော့ ပုလေးသိန်းမောင်လို့လည်းခေါ်ကြလေရဲ့။ကျွန်တော်ငယ်ငယ်ကစာအုပ်တွေ့

ရင်အရမ်းဖတ်တဲ့ကောင်ဆိုတော့တစ်နေ့ခြင်ထောင်နှစ်လုံးကြားထဲကစာအုပ်ကိုဖယောင်းတိုင်မီးနဲ့သွား

ယူမိတယ်လေ။ခြင်ထောင်ကိုမီးစွဲကျန်နေခဲ့တာမသိလိုက်ဘူး၊ဘကြီးသိန်းမောင်ဈေးလာဝယ်တော့ညဉ့်

နက်နေလို့အမေကမရောင်းချင်ရောင်းချင်နဲ့ရောင်းအပြီး၊သူကအပေါ်ထပ်ကမီးတွေအရမ်းလင်းနေပါလား

ဆိုလို့အမေကတက်ကြည့်တော့မီးတွေကလောင်နေပြီလေ။အမေအစ်မနဲ့ပတ်ဝန်းကျင်ကလာကူလို့

တစ်အိမ်လုံးမကုန်တာပေါ့။ မီးလောင်အောင်စာအုပ်ဖတ်တဲ့မောင်ပေါ့ ။ဘကြီးသိန်းမောင်ကျေးဇူးကြောင့်

အကုန်မလောင်ကုန်တာလေ။

              တစ်နေ့အဖေနဲ့အတူရှိနေတုန်းဘကြီးသိန်းမောင်လမ်းကသွားနေတာမြင်တော့အဖေ့က..

မင်းဘကြီး သိန်းမောင်က တစ္ဆေ နဲ့နပန်းလုံးဖူးတယ်လို့ပြောတယ်။ ဟုတ်လို့လား အဖေရဲ့တစ္ဆေ

ဆိုတာ တစ်ခါမှလည်းမတွေ့ဘူး ဆိုတော့အဖေက မယုံရင် သူ့ကိုသွားမေးကြည့်ပေါ့ လို့ ပြောတယ်။

ကျွန်တော်လည်း နောက်နေ့ကျတော့ ဘကြီးသိန်းမောင်တို့အိမ်ကိုသွားတာပေါ့လေ ၊ဟိုကျတော့

အိမ်ရှေ့မှာပဲသူ့ကိုအဆင်သင့်တွေ့တာပေါ့အဲဒါနဲ့သူ့ကိုတွေ့တော့ဘကြီးကျွန်တော်မေးစရာလေးရှိလို့ပါ

လို့ပြောတော့သူက..

"လာလေကွာဒီကို..ကဲဘာမေးမလို့လဲ" ဆိုတော့ ကွှန်တော်လည်းသူ့အနားမှာထိုင်ပြီး

" အဖေကပြောတယ် ဘကြီးက တစ္ဆေနဲ့နပန်းလုံးဖူးတယ်လို့ပြောလို့သေချာသိချင်လို့ဘကြီးကို

လာမေးတာ" ဆိုပြီးစပ်စုတာပေါ့ ။သူကဟုတ်တယ်လို့ပြောတယ်။ဒါနဲ့ဘယ်ကဘယ်လိုဖြစ်တာလဲ

ဘကြီးပြောပြပါလားဆိုတော့.သူက..

        " ဒီလိုကွ တစ်နေ့ဘကြီးလယ်ထဲကပြန်လာတာမိုးမချုပ်ခင်နေ၀င်ရီတရောအချိန်.သင်္ချိုင်းနား

ကအဖြတ်သူက.မင်းနဲငါချမလားဆိုပြီး ဘာမပြောညာမပြောဝင်ချတော့တာပေါ့ ဘကြီးလည်းခံချတာပဲ

ဒါပေမယ့်ဖွဲအိတ်ကြီးကိုထိုးနေရသလိုပဲ၊နောက်တော့ခြေကုန်လက်ပန်းကျပြီး အမောဆို့ချင်လာရော..

အဲဒါနဲ့တွေ့ရာနဲ့ကောက်ရိုက်တာ ခုံဖိနပ်(သစ်သားဖိနပ်)ကိုထက်ပိုင်းကျိုးရော"..တဲ့..ခရီးသွားတဲ့လူတွေ

ရောက်လာမှသူလဲလွတ်တာတဲ့....

              အင်း...ဘာပဲပြောပြော ကိုယ့်ဒုက္ခကိုယ်ရှာတဲ့ ဟိုကောင်တော့ ဘကြီးဗျင်းတဲ့လက်ချက်နဲ့

အနည်းဆုံး ဘုတွေထွက်မှာပဲ...အရမ်းတော်တဲ့ဘကြီး မိုက်တီးသိန်းမောင်  ပါတကား။

အမှတ်တရ  အဖြစ်မှန်လေးပါပဲ......


</

ဆွေးနွေးခြင်း

on 01-01-0001 ပြောသည်။

ထင်မြင်ချက် ပေါင်းထည့်သည်။

ကျေးဇူးပြု၍login သို့မဟုတ်မှတ်ပုံတင်ခြင်း(register) ပြုလုပ်ပါ။
  • အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက် အပြည့်အစုံကို ကြည့်နိုင်ရန်
  • မိတ်ဆွေသူငယ်ချင်း အသစ်ရှာဖွေနိုင်ရန်
  • မှတ်ချက်ရေးသားနိုင်ရန်
  • ကိုယ်ရေးကိုယ်တာ Message ပေးပို့နိုင်ရန်
← ကျွန်တော် နှင့် ပြာလု   Blog သို့ပြန်သွားသည်။   မှန်တာပြောရင်သစ္စာ →
© 2013-2025 အခမဲ့ Video Chat Conferendo! ရပိုင်ခွင့်၊ အခွင့်အရေးအားလုံးကို သီးသန့်ထားရှိပါသည်။
ဘာသာပြန်ဆိုရာတွင် အမှားတွေ့ရှိသည်။ အကြောင်းကြားရန် ၊၎င်းအား mouse ဖြင့် select လုပ်ကာ Ctrl+Enter နှိပ်ပါ။