MACH 30 W DAY*****အလွမ်းည၇ဲ့  ဒိုင်ယာရီ ******
16-10-2011 တွင် တင်ထားသည်။
skyblue200761
လွမ်းလိုက်တာမောင်ရယ်
ချစ်ပြောခဲ့ဖူးသလိုပဲ ချစ်ကိုနုတ်မဆက်ပဲ
တိတ်တိတ်လေး ချစ်၇ဲ့နှလုံးသားထဲက
မောင်ထွက်ထွက်ခွါဖို့ လမ်းစပြုနေပီးလားမောင်ရယ်...။
ရင်နင့်အောင်ချစ်ခဲ့ရလို့ လည်း
ရင်နင့်အောင်လွမ်းနေရပါတယ်မောင်ရယ်..။
နေနိုင်တော့လည်း နေလိုက်အုန်းပေါ့ချစ်သူရယ်..
ဒီမှာတော့ တစ်ယောက်ထဲ ရူးနေပီးမောင်
အချစ်၇ဲ့ ပူလောင်ခြင်းအရသာကို ခံစားနေရတယ်မောင်။
တစ်ချိန်ထဲမှာပဲ မောင်ဟာ
အချစ်သစ်၇ဲ့ ရင်ခွင်မှာ
ပျော်ရွှင်ခြင်းတွေနဲ့ အတူ
အေးမြတဲ့  အရသာကို
ပြုံးပျော်ရွှင်စွာကျေနပ်နေလိမ့်မယ်လို့ 
ချစ်ထင်ယောင်မြင်ယောင်နေပါတယ်မောင်ရယ်။
တစ်ပါသူရင်ခွင်မှာ
မောင်ပျော်နေရင်လည်း
ချစ် လွမ်းနေရကျိုးနပ်ပါတယ်။
သူ့ ရင်ခွင်မှာ မောင် မပျော်ရွင်တော့တဲ့ နေ
့ ချစ်စီမောင်ပြန်လာခဲ့ပါနော ချစ်နှလုံးသားလေး
မောင့်အတွက်ဆိုထာဝရတံခါးလေးဖွင့်ထားပေးပါတယ်မောင်
မောင်ပျော်နေချိန်မှာ
ပြန်လာပါတော့ လို့ 
လောကကြီး၁ခုလုံး
ဟိန်းသွားအောင်
အော်ပြောလိုက်ချင်ပေမဲ့ လည်း
မောင့်၇ဲ့  ပျော်ရွင်မှု့ တွေ ရပ်တန့် သွားမှာ
မလိုလား တဲ့ သူပါ..
ရင်မှာပဲမျိုသိပ် ရှိုက်ကာလွမ်းနေ
ခါးသီတဲ့ ည ခက်ခဲကုန်လွန်
ရင်နင့်ချစ်သူ တမ်းတရင်း လေ
လွမ်းတေးတွေနဲ့  လွမ်းမျက်ရည်လည်
အထီးကျန်ကမ္ဘာငယ် မျှော်လင့်စောင့်စား
ချစ်ရက် ရယ်တို လွမ်းရက်ရယ်ရှည်
သက်မဲ့ခန္တာ မကုန်ဆုံးအချစ်တွေနဲ့ 
အဓိပါယ်မဲ့  စွာ အသက်ရှင်နေထိုင်ရင်းလေ
ချစ်သူလာရာလမ်းမှာ မျှော်လင့်စောင့်စားနေပါရစေ....။
***ကြည်ပြာ***