Blog of seagull17 RSS Available

(ခေါင်းစဉ်မရှိပါ)

01-01-0001 တွင် တင်ထားသည်။

ဆောင်းပါးဖတ်သည်။   ထင်မြင်ချက် ပေါင်းထည့်သည်။

ဘယ်သူ.ကိုေ၇ွးမှာလဲ..........?????

14-08-2010 တွင် တင်ထားသည်။ seagull17

        ''နိုင်ငံရေးသမားဆိုတာ လူထုကို စိတ်ဝင်စားတယ်။ ဒါဟာ အမြဲတမ်း ကောင်းမွန်မြင့်မြတ်တဲ့ အရာတော့ မဟုတ်ဘူး။ ခွေးလှေးခွေးသန်းတွေက ခွေးကို စိတ်ဝင်စားသလိုမျိုးလေ''လို့ ဗြိတိသျှစစ်သမိုင်းနဲ့ ၀တ္ထုရေးဆရာ လန်ဒေတန်က ပြောဖူးပါတယ်။ သူမြင်ရတဲ့ လူထုကို သွေးစုပ်ဖို့ ကြိုးစားတဲ့ နိုင်ငံရေးသမားတချို့ကို ရွဲ့ပြောတာပဲနေမှာပါ။ မြင့်မြတ်တဲ့ ကိုယ်ကျိုးစွန့်တဲ့ နိုင်ငံရေးသမားတွေ အများကြီး အထင်အရှား ရှိနေတာပဲ။ ဒါပေမဲ့ လန်ဒေတန် ပြောသလို ခွေးသန်းလို နိုင်ငံရေးသမားတွေလည်း ခေတ်တိုင်းမှာ ပေါ်ခဲ့ကြတာကိုး။

        ဂရိစကား Polis ကလာတဲ့  နိုင်ငံရေးသမား Politician ဆိုတာ ပြည်သူနဲ့ဆိုင်တဲ့ မူဝါဒချမှတ်ရေးမှာ လွှမ်းမိုး ပါဝင်ပတ်သက်တဲ့သူလို့ အဓိပ္ပာယ် ဖွင့်ကြပါတယ်။ အစိုးရအဖွဲ့တွင်းက မူဝါဒချမှတ်တဲ့ နေရာတွေကို ရယူထားကြသူတွေအပြင် ဒီနေရာတွေ ကိုရယူဖို့ ကြိုးပမ်းကြသူတွေကိုပါ နိုင်ငံရေးသမားလို့ ခေါ်လေ့ရှိပါတယ်။ ရွေးကောက်ပွဲအရ ဖြစ်စေ၊ အာဏာလွှဲယူခြင်းကနေ ဖြစ်စေ၊ ခန့်ထားမှုကနေ ဖြစ်စေ၊ မဲလိမ်ပြီးပဲ ဖြစ်စေ၊ စစ်အောင်နိုင်လို့ပဲ ဖြစ်စေ ဒီနေရာတွေကို ရယူကြသူတွေ၊ ရယူဖို့ ကြိုး စားကြသူတွေကို နိုင်ငံရေးသမား စာရင်းထဲ ထည့်ပါတယ်။

        ရွေးကောက်ပွဲတွေ လုပ်မယ်ဆိုတော့ ဘယ်သူ့ကို ရွေးကြမှာတုန်း၊ ဘယ်နိုင်ငံရေးသမားကို ရွေးကြမှာတုန်းဆိုတဲ့ မေးခွန်းက ခေါင်းထဲပေါ်လာမိတယ်။ လူက နဂိုကတည်းက ပြောင်းပြန်စောက်ထိုး စဉ်းစားချင်တဲ့ အကျင့်ကလေးကရှိတော့ ဘယ်လို လူမျိုးကို ရွေးမလဲဆိုတာထက် ဘယ်လိုလူမျိုးကို မရွေးသင့်ဘူးလဲဆိုတာကို စဉ်းစားကြည့်မိတယ်။

        မရွေးသင့်တဲ့ နိုင်ငံရေးသမား အမျိုးအစားတွေကို အမျိုးအစားခွဲကြည့်ရင် အဲဒီအထဲ မပါတဲ့ သူမျိုးဆို ရွေးသင့်တယ်လို့ အဖြေထွက်လာမယ် ထင်လို့ပါ။ ဘယ်ကျမ်းထဲကမှ မဟုတ်၊ကိုယ့်စိတ်ကူးထဲက ပေါ်သလို သရုပ်ခွဲကြည့်တာမို့ စံပေတံတစ်ခု လို့ မပြောနိုင်ပေမဲ့ အတွေးနယ်ချဲ့ ကြည့်စရာ ကောင်းမယ်ထင်လို့ တွေးမိတာလေးတွေအတိုင်း မျှဝေကြည့်ပါမယ်။


လက်ဝေခံ၊ လက်အောက်ခံ အဖြစ်နဲ့ နိုင်ငံရေးလုပ်ကြရင် ဒီလို နိုင်ငံရေးသမားမျိုးဟာ သူပေးတဲ့ ကတိက၀တ်တွေအတိုင်း ပြည်သူကို အလုပ်အကြွေး ပြုနိုင် မပြုနိုင်ဆိုတာ အရမ်းကို သံသယဖြစ်စရာ ကောင်းတာ . . 

ဒေါင်းယောင်ဆောင်သောကျီး (Wolf in Sheep Clothing)
        မြန်မာလို ဒေါင်းယောင်ဆောင်သောကျီး ဆိုတော့ ဘိုလိုက သိုးရေခြုံတဲ့ ၀ံပုလွေပေါ့။ (ဘိုလိုပြန်တာ ဟုတ်မယ်တော့ထင်တာပဲ) လူထုနှစ်သက်တဲ့ အသွင်ကို ယူတတ်ကြတဲ့ အရေခြုံ နိုင်ငံရေးသမားမျိုးပေါ့။ လူထုရဲ့ အာရုံခြောက်ပါး (မျက်စိ၊နား၊နှာခေါင်း၊ လျာ၊ကိုယ်၊ စိတ်) ထဲ စွဲလမ်းနေတာတွေကို အတု လိုက်လုပ်ကြသူတွေပေါ့။ လူထုမြင်ချင်တဲ့ အသွင်၊ ကြားချင်တဲ့ စကား၊ ရှူသွင်းချင်တဲ့ လွတ်လပ်မှုဆိုတဲ့ လေ၊ ခံစားချင်တဲ့ အရသာ၊ ထိတွေ့ချင်တာတွေ၊ စိတ်ခံစားမှုတွေကို ပေးစွမ်းနိုင်တဲ့ သူတွေဟာ သူတို့ဖြစ်တယ်လို့ အသွင်အမျိုးမျိုး၊ အပြောအမျိုးမျိုးနဲ့ လိမ်မဲ့သူတွေပေါ့။ အမြင်မကျယ်သူတွေကို စိတ်ကတိမ်းကပါး ဖြစ်အောင်လုပ်ဖို့ အလွန်ကောင်းတဲ့ နည်းတစ်နည်းပေါ့။ ဒါပေမဲ့ လူထုက မတုံးပါဘူး။ စင်ဒရဲလားလေးနဲ့မှ တော်တဲ့ ဖိနပ်ဟာ မိထွေးသမီးနှစ်ယောက် (အနက်စ်တေရှာနဲ့ ဒရစ်ဇယ်လာ)တို့ ဘယ်လိုစွပ်စွပ် မတော်ပါဘူး။

သစ္စာဖောက် (Traitor)
        ဒီလိုလူမျိုးကတော့ လူ့အဖွဲ့အစည်းမှာ ရှိကိုမရှိသင့်တာ မေးနေစရာကို မလိုပါဘူး။ ကိုယ်ယုံကြည်ရာ၊ ကိုယ်မြတ်နိုးရာကို သစ္စာဖောက်တဲ့သူ၊ ကိုယ်ကိုယ်တိုင်တောင် မယုံကြည်တဲ့အရာကို လုပ်ရဲတဲ့သူ၊ ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်ပတ်ဝန်းကျင်ကို သစ္စာဖောက်တဲ့ သူတွေ။ ဒီလိုလူမျိုးတွေဟာ ခေတ်အဆက်ဆက် ရှိခဲ့တာပဲ။ ကြောက်စရာ ကောင်းလောက်အောင်ကို ကိုယ့်အနီးအပါးမှာကို ရှိနေကြတာပဲ။ ခရစ်တော်ရဲ့ တပည့်ကြီး  ၁၂ ယောက်ထဲက ယုဒရှကာရုတ်(Judas Iscariot) ဟာ ငွေဒင်္ဂါး ၃၀ ပဲပါတဲ့ ငွေအိတ်ကလေးအတွက်နဲ့ ခရစ်တော်ကို သစ္စာဖောက်ခဲ့တယ်။ လာဖမ်းတဲ့သူတွေ ခရစ်တော် ဘယ်သူလည်းဆိုတာ သိအောင် ခရစ်တော်ပါးကို တစ်ချက်နမ်းပြီး ''ဒါသခင် ယေရှု''လို့ မပြောဘဲနဲ့ သိအောင်လုပ်ခဲ့တယ်။ ရောမအင်ပါယာကို တည်ထောင်ခဲ့တဲ့ စစ်ဘုရင် ဂျူးလီယက်ဆီဇာဟာ ဘရုတပ်စ်ဆိုတဲ့ မိတ်ဆွေရင်းက ပူးပေါင်းလုပ်ကြံလို့ သေခဲ့ရတာ။ ရှိတ်စပီးယားရဲ့ ဂျူးလီးယက်ဆီဇာ ပြဇာတ်ထဲမှာ ဆီဇာနောက်ဆုံး ရေရွတ်မြည်တမ်းခဲ့တဲ့'' ဘရုတပ်စ် မင်းလည်းပါသကိုး''(Et tu, Brute?) ဆိုတဲ့စကားဟာ ကမ္ဘာကျော်ပါတယ်။ ဒီလိုမျိုး သစ္စာဖောက်မျိုးကတော့ ရှောင်ကို ရှောင်သင့်တယ် ထင်တာပဲ။

အခွင့်အရေးသမား၊ သာကူး (Opportunist)
        ငါတော့ ရွေးကောက်ပွဲ ၀င်လိုက်ရင်၊ အမတ်များ ဖြစ်လိုက်ရင် ဘာအခွင့်အရေးများ ရမလဲဟဲ့။ ဟိုလူသာရင် ဟိုလူနဲ့ပေါင်း၊ ဒီလူသာရင် ဒီလူနဲ့ပေါင်း သာကူးသမားတွေကိုလည်း opportunist ပဲ ခေါ်ကြပါတယ်။ ကိုလိုနီခေတ်နှောင်းနဲ့ လွတ် လပ်ရေး ခေတ်ဦးမှာ ကတည်းက ၅၀၀၀ စား အမတ်ဖြစ်ရင် ဟန်ပြီဆိုပြီး လုပ်ကြသူတွေ၊ ခေါင်းပေါင်း ''ညာ'' ချကြသူတွေ ရှိခဲ့ကြတယ်ဆိုတာ သမိုင်းသက်သေရှိပါတယ်။ ဒီလိုလူမျိုးတွေဟာ သူ့အကျိုးစီးပွားပဲ ကြည့်ကြသူတွေ။ ဟိုကဒီက ပိုက်ဆံ တွေ တောင်းမဲ့သူတွေ၊ ရန်ပုံငွေလေး ပေးဖို့ ခွေးကသူ့သခင်ဆီက အမဲရိုးတောင်းသလို တောင်းကြမဲ့သူတွေ၊ ဒီမိုကရေစီကို ဗန်းပြပြီး ယမမင်းနဲ့တောင် တစ်လှေတည်းစီးပြီး စီးပွားရှာမဲ့သူတွေ၊ အခွင့်အရေးအတွက် ဖောက်ပြန်ဖို့ဆိုတာ လက်မနှေးမဲ့သူ တွေပါ။ ရန်ပုံငွေမရှိဘဲ ဘယ်လိုမဲ ဆွယ်မလဲလို့ ပြောလို့မရပါဘူး။ အိုဘားမားက အမေရိကန်မှာမို့ ရန်ပုံငွေ သန်းချီသုံးရတာ။ ဒီမှာက ကိုယ့်အပေါ်သာ တကယ်ယုံကြည် မေတ္တာရှိကြလို့ရှိရင် ဘယ်နေရာသွားသွား အဆင်ပြေတယ်ဆိုတာ သာဓကတွေ ပေါမှပေါ။

လက်ဝေခံ၊ လက်ကိုင်တုတ် (Proxy)
        ဒါကတော့ အိမ်နီးချင်း ထိုင်းသတင်းတွေမှာ ပါနေကြ။ သက်ဆင်ထောက်ခံသူတွေ တည်ထောင်တဲ့ ပါတီကို သက်ဆင်ရဲ့ Proxy လို့ တစ်ဖက်က ဝေဖန်ကြသလို ထိုင်းဒီမိုကရက်တွေကိုလည်း တပ်နဲ့ဘုရင်ရဲ့ Proxy လို့ တစ်ဖက်က ဝေဖန်ကြမြဲ။ တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်း တစ်ခုရဲ့ လက်ဝေခံ၊ လက်အောက်ခံ အဖြစ်နဲ့ နိုင်ငံရေးလုပ်ကြရင် ဒီလို နိုင်ငံရေးသမားမျိုးဟာ သူပေးတဲ့ ကတိက၀တ်တွေအတိုင်း ပြည်သူကို အလုပ်အကြွေး ပြုနိုင်၊မပြုနိုင် ဆိုတာ အရမ်းကို သံသယဖြစ်စရာ ကောင်းတာ။ပြည်တွင်းပြည်ပက အကူအညီတွေနဲ့ လက်ဝေခံ လုပ်ကြသူတွေဟာလည်း ဘယ်လိုမျိုးလဲဆိုတာ ရှင်းနေတာပဲ။ ပြည်တွင်းဖြစ်ပဲဖြစ်ဖြစ်၊ ပြည်ပလုပ်ပဲဖြစ်ဖြစ် လက်ဝေခံက လက်ဝေခံပဲ။

ဆိုင်းသံဗုံသံကြားရင် ကချင်ကြသူတွေ (ဘိုလို ဘယ့်နှယ်ပြောရမှန်းတောင် မသိတော့ဘူး။ busybody in politics နိုင်ငံရေး ပါလေရာလို့ ခေါ်ရင် ကောင်းမယ်ထင်တယ်)
        အရပ်ထဲမှာရှိပါတယ်။ ဘာဖြစ်ဖြစ် ပွဲလမ်းသဘင်ဆို ဆိုင်းသံဗုံသံကြားရင် ကချင် ခုန်ချင်၊ ပါချင်ကြသူတွေပါ။ မြန်မာတို့ရဲ့ ရိုးရာဓလေ့အရ ဒီလိုလူမျိုးတွေက ချစ်ဖို့ကောင်းပါတယ်။ နောက်စရာ ပြောင်စရာမျိုး ဖြစ်တတ်သလို၊ သူတို့ပါလို့ ပွဲစည်တာ လည်း ရှိပါတယ်။ နိုင်ငံရေးမှာတော့ ဒီလို ဆိုင်းသံဗုံသံကြားတိုင်း 'က'ချင် ကြတာ တယ်မကောင်းလှပါဘူး။ အပျော်အပါးမှ မဟုတ်တာ။ ဒီလိုလူမျိုးတွေဟာ အန္တရာယ်မရှိပေမဲ့ အလုပ်ဖြစ်ဖို့လည်း ခဲယဉ်းတယ်။ ဒီလို လူမျိုးတွေဟာ လုပ်ချင်စိတ်ပဲရှိပြီး လုပ်နိုင်တဲ့အစွမ်း နည်းတတ်ကြပါတယ်။ ''ပါတော့ပါလိုက်တယ်။ ဘာပဲဖြစ်ဖြစ်ရတယ်။ ပါချင်လို့ကိုပါတာ'' ဆိုတာမျိုးကတော့ အရပ်ထဲက ပွဲလမ်းသဘင်မှာပဲ ကောင်းတယ်။ ရွေးကောက်ပွဲဆိုတာ အလှူအိမ်မှ မဟုတ်တာဗျာ။

နေ့ခင်းကြောင်တောင် အိပ်မက်မက်သူ (daydreamer)
        ပစ္စုပ္ပန်ကို မေ့ပစ်ပြီး သာယာဖွယ်ကောင်းတဲ့ စိတ်ကူးယဉ်ကမ္ဘာထဲမှာ ပျော်မွေ့နေသူတွေကို ဘိုလို Daydreamer နေ့ခင်းကြောင်တောင် အိပ်မက်မက်သူလို့ ခေါ်ကြပါတယ်။ဒီလူတွေက သနားဖို့ ကောင်းပါတယ်။ ဒါပေမဲ့ ဒီလိုလူမျိုးတွေက အပြော ကောင်းရင် နည်းနည်းတော့ ကြောက်ဖို့ကောင်းတယ်။ မစားရ၀ခမန်းတွေ လျှောက်ပြောပြီး စိတ်ကူးယဉ်ပြနေရင် ''ကြွေ'' သွားနိုင်တယ်။ သူကိုယ်တိုင် တစ်ကယ်ယုံကြည်လို့လည်း ဖြစ်ချင်ဖြစ်မှာပေါ့။ အဲဒါက ပိုကြောက်ရတာ။ ယုံယုံကြည်ကြည်နဲ့ကို ပြောနေတော့လည်း အခက်သားလား။ ဒါကြောင့် ဒီလူစိတ်ကူးယဉ်ပြီး လျှောက်ပြောနေတာလားဆိုတာ သေချာစဉ်းစားဖို့ လိုတယ်။မြန်မာပြည်သိန်းတန်ရဲ့ ''ငါသာ စော်ဘွားဖြစ်ချင်တယ်'' ဆိုတဲ့ သီချင်းထဲကလို ငါသာ အမတ် ဖြစ်ရင် လူတိုင်းတိုက်တစ်လုံး၊ ကားတစ်စီး၊ ရေမီးအစုံအလင်နဲ့ထားမယ် ဆိုလို့ကတော့ တရုတ်သိုင်းကားထဲက မင်းသားနာမည်ပဲ ပြောရလိမ့် မယ်။ ''ချင့်ယုံ''လို့။

        ကိုယ် စဉ်းစားမိသလောက် သရုပ်ခွဲကြည့်တာမို့ မစဉ်းစားမိတဲ့ မရွေးသင့်တဲ့ အမျိုးအစားတွေ ကျန်ကောင်းကျန်ဦးမယ်။ ဒါပေမဲ့ ဒီလောက်ဖယ်လိုက်ရင် ရွေးသင့်တဲ့ သူဆိုတာ ဘယ်လိုလူမျိုးဆိုတာ ရှင်းလာပါလိမ့်မယ် ထင်ပါတယ်။

ကတိက၀တ်
        အရေးကြီးတဲ့တစ်ချက်က နိုင်ငံရေးသမားတွေရဲ့ ကတိကို အရမ်းကာရော မယုံမိဖို့ပါပဲ။ နိုင်ငံကို အုပ်ချုပ်လိုသူတို့ရဲ့ လက်စွဲကျမ်းလို့ ခေါ်ရမဲ့ အဝေဖန်ခံရဆုံး အီတလီနိုင်ငံရေး သုခမိန် Niccoló Machiavelli  ရဲ့ The Prince ကျမ်းထဲမှာ ခေါင်း ဆောင်အုပ်ချုပ် မင်းလုပ်လိုသူ (Prince)ရဲ့ ကတိက၀တ်ထားရပုံကို ဟောဒီလို ဖွင့်ဆိုဖူးတယ်။ ဒီလိုလူဟာ ကိုယ့်စကားကိုယ်တည်ရတယ်တဲ့။ဒါပေမဲ့ ပိုအရေးကြီးတာက ကိုယ့်စကားတည်တယ်လို့ အများထင်ကြဖို့ပဲတဲ့။ သူ့ရည်ရွယ်ချက်နဲ့ သင့်တော် ရင် စကားတည်ပေါ့၊ မသင့်တော်ရင်တော့ စကားတည်တယ်လို့ အများထင်ဖို့ပဲ လုပ်ရမယ်တဲ့။ ဒီလိုမျိုး ကတိက၀တ်မျိုးနဲ့ နိုင်ငံရေးသမားမျိုးကတော့ တော်တော်ကြီးကို သတိထားရမှာ။ အထက်က မရွေးသင့်တဲ့ ခြောက်မျိုးနဲ့ သတိထားရမဲ့ ကတိက၀တ်တွေကို ဆင်ခြင်ကြည့်ရင် လာမဲ့ ရွေးကောက်ပွဲမှာ သင့်တော်လျော်ကန်တဲ့သူကို ရွေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

 ရည်ညွှန်း။ ။ Bible: The New Testament, Niccoló Machiavelli's The Prince, William Shakespeare's   Julius Caesar,  Wikipedia,   News Agencies.

 

( ဖတ်မိတဲ.သတင်းဆောင်းပါးလေးတပုဒ်မှကူးယူဖော်ပြခြင်းပါ၊။)

 

ဆောင်းပါးဖတ်သည်။   ထင်မြင်ချက် ပေါင်းထည့်သည်။

သူရဲကောင်းသုံးယောက်နင်.ခရီးသည်

07-08-2010 တွင် တင်ထားသည်။ seagull17

 



ကျွန်မတို.ငယ်စဉ်က ဆယ်တန်းမြန်မာစာကဗျာဖတ်စာအုပ်တွင်ပါသော
စာရေးဆရာမ ’’ ငွေတာ၇ီ” ရေးသားခဲ.သော
သူရဲကောင်းသုံးယောက်နှင်.ခရီးသည် ဟူသော
လင်္ကာကဗျာအမျိုးစားမှာကျွန်မတို. လူလောကတွင်လျှောက်လှမ်းနေခိုက်တွင်
အလွန်အသုံးဝင်အမှတ်ရဖွယ်ရာကဗျာကောင်း
လေးတပုဒ်ပင်ဖြစ်သည်.။။
ဘ၀ဆိုသည်ပန်းခင်းသောလမ်းပေါ်တွင်မကြောင်.
မကြလျှောက်လှမ်းရနေရသောလူများရှိသလို
ကိုယ်တိုင်ကြိုးစားစွာလျှောက်လှမ်းနေရသောဘဝ
ပေါင်းများစွာလဲရှိသည်.။။ကုသိုလ်ကံအကျိုးပေးအခြေအနေပေါ်မူတည်ရှ်

ကျွန်မတို.ပိုင်ဆိုင်ရသောဘဘ၀မှာတဦးနှင်
.တဦးမတူနိင်ပေ..။။မည်သို.ပင်ဖြစ်စေကာမှူကျွန်မတို.သည်မိမိပိုင်ဆိုင်ထားသော

ဘ၀အခြေအနေပေါ်တွင်
အားမလျှော.တမ်းအောင်မြင်အောင်လျှောက်လှမ်းရပေလိမ်.မည်.။ ဆင်းရဲစွာမွေးဖွားလာခြင်းသည်အပြစ်မဟုတ်။
ဆင်းရဲစွာမသေသွားရန်သာကြိုးပမ်းရပေမည်။ကောင်းမွန်သောလုပ်ငန်းဆောင်တာများဖြင်
.မိမိတို.ဘ၀ကိုတိုးတက်အောင်ကြိုးစားလုပ်ကိုင်သင်.ပေသည်..။။ မိမိတို.ဘ၀အတွက်လျှောက်လှမ်းရာတွင်
မိမိနှင်.အတူ မဖြစ်မနေ အတူတကွရှိနေရမည်.အရာသုံးပါးမှာ
သတ္တိ၊ ဇွဲ၊ လုံလ တည်း ဟူသော အဖော်သုံးပါးပင်ဖြစ်သည်.။။ ကျွန်မတို.သည်
ရင်ဆိုင်ကြုံတွေလာသောအခက်အခဲမျိုးစုံမှန်သမျှကို ထိုအဖော်သုံးပါး ကိုလက်ကိုင်ထားကာ
ရင်ဆိုင်ကျော်လွားနိင်ရမည်.။။။
ဘယ်အရာမဆိုအောင်မြင်မှူကိုအလွယ်တကူမရနိင်ပေ..။

အောင်မြင်မှူရရှိရန်.ရဲရင်.ပြတ်သားနိင်ရမည်။။
မည်.သည်.အ၇ာတွင်မဆိုသတ္တိရှိရှိရင်ဆိုင်ကျော်လွှားနိင်ရမည်။။ ကြောက်ရွံသောသူသည်အောင်မြင်မှူကိုမရ၇ှိနိင်ပေ။
ထိုသို.ကြောက်ရွံနေသောကြောင်.မိမိရသင်.ရထိုက်သည်.

လာဘ်လာဘအခွင်.အေ၇းများကိုဆုံးရှုံးနိင်ပေသည်..။
’’’ကြောက်လျှင်လာဘ်လွဲ…………ရဲလျှင်မင်းဖြစ်’’’ ဟူသည်.အတိုင်းသတ္တိရှိစွာ၇င်ဆိုင်နိင်ရမည်.။။
သတ္တိရှိခြင်းနှင်.မိုက်ရှူးရဲဆန်ခြင်းသည်တခြားစီပင်
ဖြစ်သည်.။။
ထို.ပြင် ကျွန်မတို.သည်ဆောင်ရွက်နေသောလုပ်ငန်းတွင်လည်း ဇွဲရှိရှိဖြင်.လုပ်ကိုင်သင်.ပေသည်.။။ သတ္တိတော.ရှိပါသော်လည်းဇွဲမရှိလျှင် အသုံးမ၀င်ပေ.။။ လောကတွင်လုပ်ငန်းတိုင်းသည်တခါတည်းလုပ်ရှုံမျှဖြင်.အောင်မြင်နိင်သည်မှာရှားပါးလွန်းလှသည်..။
ထိုသို.သောအချိန်အခါများတွင်ငါလုပ်ငန်းမှတခါတည်းမအောင်မြင်သာ

လက်လျှော.တာပဲကောင်းပါတယ်ဟူသော အတွေးမျိုးဝင်လိုက်သည်နှင်.တပြိုင်နက် ထိုလူသည်ဘယ်အလုပ်ကိုမဆိုမအောင်မြင်နိင်ပေ. ။ဟိုလုပ်ငန်းလုပ်သလိုလို ဒီလုပ်ငန်းလုပ်သလိုလိုနှင်.မယောင်ယာဆီလူး ဆိုသလိုပင်ဖြစ်နေလိမ်.မည်.။တခါမအောင်မြင်လျှင်နောက်တကြိမ်ကြိုးစားမည်

။နောက်တကြိမ်မအောင်မြင်လျှင
်နောက်တကြိမ်ထပ်ကြိုးစားမည်။။
အခါတစ်ရာလဲလျှင်အခါတစ်၇ာပြန်ထရန်’’’ ဇွဲ’’ ရှိနိင်ရပေမည်.။။ မိမိလုပ်ကိုင်သည်.လုပ်ငန်း မဖြစ်မနေအောင်မြင်သည်.အထိ ’’ဇွဲ’’´ကောင်းကောင်းဖြင်.ကြိုးစားသင်.ပေသည်.။။
ထို.ပြင် ’’လုံလ’’တည်းဟူသောမလျော.မနစ်ဖြင်.အားထုတ်ကြိုးပမ်းရမည်.

အချက်မှာလည်အလွန်အရေးပါလှပါသည်..။ လုံလရှိရှိဖြင်. မိမိလုပ်ကိုင်မည်.လုပ်ငန်းကိုအောင်မြင်စွာလုပ်ကိုင်နိင်ပေရမည်.။။ သူတစ်ထူးထက်သာချင်လျှင်သူတစ်ထူးထက်ကြိုးစားအားထုတ်နိင်ရမည်။။.။။ကျွန်မ အလယ်တန်းကျောင်းသူဘ၀တွင် ကျွန်မဧ။် ဆရာမသည်ကျွန်မတို. ကို professor တွေဆိုသည်မှာသူများအိပ်ကောင်းသောအချိန်တွင်စာဖတ်နေသောလူမျိုးများဖြစ်သည် ဟုဆုံးမသွန်သင်ဖူးသည်…။
အောင်မြင်နေသောလူများကိုလေ.လာကြည်.လျှင်လည်း ထိုသူတို.သည်.’သတ္တိ၊ဇွဲ၊လုံလ ’ ကိုအရင်းခံကာအောင်မြင်မှုများကိုဆင်.ပွားဆင်.ပွားရရှိပိုင်နိင်ခြင်းပင်ဖြစ်သည်..။။
တချို.သောလူငယ်ကျောင်းသားကျောင်းသူ.များသည်မိမိတို.စာမေးပွဲတွင်ကျရှုံးသည်ကို ကံမကောင်းရှ်ဟူသောအကြောင်းပြချက်ပေးတတ်
ကြသည်.။တချို.သောလုများသည်လည်းမိမိလုပ်ငန်းမအောင်မြင်လျှင် ကံမကောင်းရှ်ဟူသော
အကြောင်းပြချက်ပေးတတ်ကြည်.။
ထိုသူတို.သည် အမှန်တကယ်မအောင်မြင်သည်မှာ
’’ ကံ’’ ကြောင်.မဟုတ်ပေ.။။ တကယ်တမ်းကံမကောင်းခဲ.လျှင်ထိုလူတို.သည်..
ကျောင်းတတ်နိင်မည်.အခြေအနေ၊ကောင်းမွန်စွာကိုယ်အဂါင်္ပြည်.စုံစွာကျန်းမာသည်.အခြေအနေ. .သို.ပင်ေ၇ာက်၇ှိလာမည်မဟုတ်ပေ.။။
’’ကံ’´ကောင်းရှ် ကိုယ်အဂါင်္လက်အဂါင်္ပြည်.စုံစွာဖြင်.
ရှင်သန်လာသောလူတို.သည်မိမိတို.ဆောင်ရွက်သည်.အရာများမအောင်မြင်တိုင်းကံကိုမပုံချသင်.ပေ..။
ကံမကောင်းရှ်မဟုတ် လူမကောင်းရှ်ပင်ဖြစ်သည်.။
ကံအကြောင်းမလှရှ် ကိုယ်အဂါင်္မပြည်.မစုံချို.တဲ.
သူများပင် မိမိတို.ဘ၀ ကိုအားမလျှော.ဘဲ
ကြိုးစားလျှောက်လှမ်းနေကြသည်မှာ
တကယ်ပင်လေးစားအတုခိုးဖွယ်ရာစိတ်ဓာတ်ကောင်းပင်ဖြစ်သည်။။
ဆရာမကြီးငွေတာရီသည် လူသားကိုခရီးသည်..၊လောကခရီးလမ်းကို ကန္တာရ ခရီးလမ်းနှင်.နိုင်းယှဉ်လမ်းပြထားသည်.။။
အမှန်ပင်ကျွန်မတို.သည်လောကခရီးလမ်းတွင်
လျှောက်လှမ်းနေရသောထာဝရခရီးသည်များပင်ဖြစ်သည်။။

ထို.ကြောင်.လောကခရီးလမ်းလျှောက်လှမ်းရတွင် မိမိဧ။်အဖော်သုံးပါးဖြစ်သည်.
’’သတ္တိ၊ဇွဲ၊လုံလ’’´တို.ကိုပိုင်ဆိုင်အသုံးချကာလျှောက်လှမ်းရပေမည်.။

ထိုမှသာလူလောကတွင်
အောင်မြင်သောလူသားတဦးဖြစ်ရပ်တည်နိင်ပေ
လိမ်.မည်..။

ဆောင်းပါးဖတ်သည်။   ထင်မြင်ချက် ပေါင်းထည့်သည်။

အများကခေါ်လေ.ရှိသောဒေါင်းကလေး(Down Syndrome)

09-05-2010 တွင် တင်ထားသည်။ seagull17

Down Syndrome ရောဂါကို ကျွန်မတို.ပတ်ဝန်းကျင်မှာ သတိထားမိမှာပါ။။။ ဖြစ်ပွားနှုန်းမှာ အယောက် ၇၀၀တွင် ၁ယောက် ဖြစ်သည်.။ထို.ကြောင်.အတွေ.များသည်။။ တချို. လူတွေကဒေါင်းလေး လို.လဲခေါ်လေ.ရှိကြတယ်.။ အသက်လေးဆယ်ကျော်မှ ကလေးယူရင် မွေးလာတဲ.ကလေးမှာ
Down Syndrome ဖြစ်ပွားဖို.အခွင်.အလမ်းအရမ်းများပါတယ်.။။။
Down Syndrome ကို chromosome ချို.ယွင်းမှူပေါ်မှာ မူတည်ပြီး
Trisomy21 type..............95%

Translocation type..... 4%

Mosiac type !% ဆိုပြီး ၃မျိုးခွဲခြားထားပါသည်.။။

ထို ၃မျိုးတွင် မိခင်၏ကိုယ်ဝန်ဆောင်မှူနဲ.ပတ်သက်ဆက်နွယ်နေသည်မှာ Trisomy 21 type ဖြစ်သည်.။။။
Trisomy 21 type (Classic Down) မျိုးဖြစ်ပွားတာ များပါတယ်..။ ။Trisomy 21 ဆိုတာ chromosome no 21 မှာ chromosome 2 ချောင်းပဲရှိရမယ်.အစား 3ချောင်း ဖြစ်ပွားခြင်းကြောင်.ဖြစ်သည်.။။
ဖခင်နဲ.မိခင် ဆီက ဆဲလ်ကွဲပွားနေစဉ်အတွင်းမိခင်သို.ဖခင်ဆီက chromosome 1 ချောင်းပိုလိုက်ရခြင်းဖြစ်သည်.။။။
Down Syndrome ကလေးဟုတ်မ ဟုတ် ထိုကလေးကိုမွေးဖွားလာကတည်းကပင်ထင်၇ှားစွာသိမြင်နိင်သည်.။။ထိုကလေးများသည် မျက်နှာပြားလေ.၇ှိခြင်း.မျက်နှာတွင် အေ၇းအကြောင်းထင်၇ှားစွာ၇ှိခြင်း
တို.ကြောင်.မွန်ဂို(mongolism)ရုပ်လေးနဲ.တူသည်ဟုတင်စားခေါ်ဝေါ်ကြသည်.။။။ ထိုကလေး၏ လက်ဝါးပြင်တွင် simian crease လို.ခေါ်တဲ. အကြောင်းတကြောင်းအလျားလိုက် တကြောင်းတည်းထင်၇ှားစွာပါလေ.ရှိသည် (လက်ဝါးပုံတွင်တွေ.နိင်သည်) သူတို.သည်များသောအားဖြင်.ပုံမှန်ထက်ရှက်လွယ်ကြသည်.။သိမ်မွေ.ကြသည်.။။ ထိုကလေးများသည် ဦးနှောက်အသိဥာဏ် ချို.တဲ.ကြသည်.။။ထိုကလေးမျိုးကိုစာသင်ကြားပေးလို.မရပေ။။သူ.တွင်မှတ်သားနိင်စွမ်း အလွန်ကိုနည်းပါးလှသည်.။။။ Average IQ score မှာ ၉၀-၁၀၉ ကြားတွင်ရှိသောလည်း ထိုကလေးများ၏ ၈၀% မှာ IQ score ၂၅-၅၀ အတွင်းသာရှိသည်.။။ ထိုသို.သောကလေးများ၏် ၄၀% မှာ မွေးရာပါနှလုံးရောဂါဖြစ်ပွားနိင်သည်.။။
သွေးကင်ဆာဖြစ်ပွားမှူမှာလည်း ပုံမှန်လူထက် ၁၀ဆမှအဆ ၂၀အ ထိဖြစ်ပွားနိင်သည်.။။ အူကျွံခြင်း .၊ကြွက်သားများအားနည်းခြင် အူကျဉ်းခြင်းအစရှိသည်တို.ဖြစ်ပွားတတ်သည်.။။
များသောအားဖြင်. Down Syndrome များတွင် ၈၀% သည် အသက် ၃၀ နှင်.အသက် ၃၀အောက်အထိသာရှင်သန်နိင်ကြသည်.။။ အသက် ၄၀ ကျော်အထိနေနိင်သော Down Syndrome များတွင်လည်း
Alzheimer's disease(မှတ်ဥာဏ်ချို.ယွင်းခြင်း၊ဆုံးဖြတ်နိင်စွမ်းမရှိတော.ခြင်.၊မိမိနင်.သက်ဆိုင်သောပတ်ဝန်းကျင်

်များကိုမှတ်မိနိင်စွမ်းမရှိခြင်း) ကိုအရွယ်မတိုင်မီကြိုတင်ဖြစ်ပွားလေ.ရှိတတ်သည်.။။ ထို.ပြင် Down Syndrome
များတွင် infection ဖြစ်လွယ်တတ်သည်။။

ထို.သို.သော Down Syndrome ဖြစ်ပွားသောကလေးငယ်များကိုမွေးဖွားနှန်းမှာ
အသက် ၂၅နစ်အောက် တွင် ကလေးမွေးဖွားပါက အယောက် ၂၀၀၀ တွင် ၁ယောက်နှူန်း
အသက် ၃၅နစ် တွင် ကလေးမွေးဖွားပါက အယောက် ၃၀၀ တွင် ၁ယောက်နှူန်း
အသက် ၄၀နင်.အထက်တွင်ကလေးမွေးဖွားပါက အယောက် ၁၀၀တွင် ၁ယောက်နှန်း ဖြစ်သည်.။။

အကယ်ရှ် Down Syndrome ကလေးငယ်များမွေးဖွားလာပါက လည်း ထိုကလေးကိုသေချာစွာပြုစုစောင်.ေ၇ှာက်သင်.သည်.။။ အသိဥာဏ်ချို.ယွင်းသောကလေးဖြစ်သောကြောင်.မိမိ ကိုယ်ကို မထိန်းချူပ်နိင်ပေ။။။ ထိုကလေးမျိုးကိုလည်းအိမ်တွင်တယောက်တည်းမထားခဲ.သင်ပေ.။။ ထိုကြောင်.မိခင်များအသက် ၄၀ကျော်မှ ကိုယ်ဝန်ဆောင်ခြင်းမျိုးကိုသတိထားေ၇ှာင်၇ှားသင်.ပါသည်။။။

ဆောင်းပါးဖတ်သည်။   ထင်မြင်ချက် ပေါင်းထည့်သည်။

အသည်းရောင်အသားဝါ B ပိုး (Hepatitis B virus)

09-05-2010 တွင် တင်ထားသည်။ seagull17

ကျန်းမားခြင်းသည်လူတိုင်းတောင်.တလိုအပ်သောအရာတခုပင်ဖြစ်သည်။

 

ယခုနောက်ပိုင်းတွင်ရောဂါများမှာများပြားစုံလင်လာသည်.။အဖြစ်များသည်.ရောဂါကော

အဖြစ်နည်းသည်.ရောဂါပါဖြစ်ပွားလာသည်.။။

 

ထို.ကြောင်.မိမိကိုယ်ကိုကျန်းမာအောင်နေထိုင်ကာကွယ်သင်.သည်.။။

 

ထိုအဖြစ်များသောရောဂါထဲမှ အသည်းရောင်အသားဝါBပိုး

 

မည်သို.မည်ပုံကူးစက်ပုံနှင်.မည်သည်.နည်းလမ်းဖြင်.ကာကွယ်နိင်သည်ကို

 

ယခုဘလော.လ်တွင်ေ၇းသားထားသည်.

 

Hepatitis B virus (HBV) ခေါ်အသည်းရောင်အသားဝါ B ပိုးကိုနိင်ငံခြား

 

းသို.သွားမည်.သူများ .တွင်

 

မဖြစ်မနေလိုလိုစစ်ဆေးရသည်.။ထိုရောဂါပိုးတွေ.လျှင်လက်မခံပေ.။။ယခုအခါအချို.လုပ်ငန်းများ

 

တွင်လည်းထိုရောဂါပိုးရှိသူများကိုလက်မခံပေ။။

 

အဘယ်ကြောင်.ဆိုသော် Hepatitis B virus သည်

 

တစ်ဦးမှတစ်ဦးသို.အလွယ်တကူကူးစက်နိင်သည်.virus တမျိုးပင်ဖြစ်သည်.

 

ထို.ကြောင်.ကျွန်မတို.သည် ထိုရောဂါဘယ်လိုနည်းနှင်.မိမိထံသို.ကူးစက်နိင်သည်ကို

 

သိမှသာ ဘယ်လိုနည်းဖြင်.ပြန်လည်ကာကွယ်

 

ထိန်းချုပ်နိင်မည်ကို သိပေလိမ်.မည်။။


Hepatitis B virus သည် ထိုေ၇ာဂါကိုဖြစ်ပွားစေသော virus

 

မှတဆင်.ကူးစက်ခြင်းဖြစ်သည်.။။

 

အောက်ပါနည်းလမ်းများဖြင်. hepatitis B virus ကူးစက်နိင်ပါသည်.


၁။။ သွေးဖြင်.ကူးစက်ခြင်း


HBV ၇ှိသောလူထံမှသွေးကိုမိမိထံသို.သွေးသွင်းမိခြင်း။


၂။ သေချာစွာပိုးမသတ်ထားသောဆေးထိုးအပ်၊အပ်၊ဆေးရုံဆေးခန်းသုံးကရိယာ

 

၊သွားဆေးခန်းဆိုင်ရာသုံး သွားနှင်.ပတ်သက်သောကရိယာများ


ယခုအခါမြန်မာနိင်ငံတွင်မြို.ကြီးပြကြီးများတွင်တော.တခါသုံးဆေးထိုးအပ်များကိုအသုံးပြုလာကြသည်။

 

သို.သော်အချို.နယ်များရှိရွာငယ်လေးများတွင်တခါသုံးဆေးထိုးအပ်မသုံးနိင်သည်.အခါ

 

ထိုအသုံးပြီသောအပ်များကိုရေနွေးဖြင်.ပြုတ်ပြီင်္းထပ်ခါထပ်ခါအသုံးပြုကြသည်.။ထိုသို.အသုံးပြုခြင်းသည်

 

အလွန် အန္တရာယ်များလှသည်.

 

မိမိအေ၇ှ.တွင်ဆေးထိုးသွားသောလူနာသည် Hepatitis B virus ၇ှိသောလူနာဖြစ်ပါက

 

ထိုလူနာအသုံးပြူပြီးသောအပ်ဖြင်.မိမိကို ဆေးထိုးလျှင် ထိုလူထံမှ HBV

 

ကူးစက်နိင်သည်။။။

 

ထို.အတူသွားဆေးခန်းများတွင်အသုံးပြူသောက၇ိယာများမှာလည်းစနစ်တကျအပူချိန်ဖြင်.

 

ချိန်ညှိကာပိုးသတ်ထားခြင်းမရှိလျှင်ကူးစက်

 

နိင်သည်.

 

ထို.အပြင် ဆေးမင်ကြောင်ထိုးခြင်း(tattooing ) နင်.နားဖောက်ခြင်းမှလည်း

 

မသန်.သည်.အပ်ဖြင်.ကူးစက်နိင်သည်.။။


၃။။ သင်ပုန်းဓား.မုတ်ဆိတ်ရိတ်ဓား သွားတိုက်တံ

 

တို.ကိုအတူမျှဝေသူံးစွဲခြင်းမှကူးစက်နိင်ခြင်း။


မိမိအပေါင်းအသင်းသို.အိမ်သူအိမ်သားများတွင် Hepatitis B virus

 

ရှိနေသည်ကိုမသိသောကြောင်.ထိုသူ.အသုံးဆောင်ပစ္စည်းများကို

 

မျှဝေကာအတူတကွသုံးစွဲခြင်းမှလဲ ကူးစက်နိင်သည်.။။


၎။ Hepatitis B virus ရှိသောလူနာထံမှ ထွက်ပေါ်လာသောတံတွေး၊ချွေး. သွေး။

 

သုတ်ရည်၊ ဆီး၊မိန်းကလေးများရာသီလာစဉ်သွေးဆင်ခြင်းမှသွေးရည်များးအစရှိသည်တို.ကို

 

ကိုင်တွယ်ထိတွေ.မိခြင်းဖြင်.လည်းကုးစက်နိင်သည်.


၅။ မိခင်မှကလေးထံသို.ကူးစက်နိင်ခြင်း


အသည်းေ၇ာင်အသားဝါ B ပိုးရှိသော် အမျိုးသမီးသည် ကိုယ်ဝန်ဆောင်ချိန်တွင် သူမထံမှ

 

သူမဧ။် သန္ဓေသားလောင်ထံသိုးကူးစက်နိင်သည်. HBV ၇ှိသောမိခင်မှ

 

ကလေးသို.နိ.ရည်တိုက်ကျွေးခြင်းလဲကူးစက်နိင်သည်.


၆။ HBV ရှိသောလူထံမှ ရရှိသောခန္ဓာကိုယ်အတွင်းအဂါင်္ ကို

 

အစားထို.ကူသခြင်းမှကူးစက်နိင်ခြင်း


၇။ လိင်ပိုင်းဆိုင် ရာ

 

ဆက်ဆံခြင်းမှကူးစက်ခြင်းအစရှိသည်နည်းလမ်းများဖြင်.အသည်းရောင်အသားဝါ B ပိုးကူးစက်နိင်သည်။



ထို Hepatitis B virus သည် အောက်ပါလူများတွင်ပိုမိုကူးစက်ဖြစ်ပွားလွယ်သည်။

 

---- အကြိမ်ဖန်ပေါင်းများစွာသွေးသွင်းမှုခံယူရသူ

 

-----ကျောက်ကပ်ခဏခဏဆေးနေရသူ

 

-----ကိုယ်တွင်းအင်္ဂါအစားထိုးကုသမှူခံယုနေရသူ

 

------မူးယစ်ဆေးဝါးကိုသွေးကြောသွင်းသို.ထိုးသွင်းသုံးစွဲနေသူ

 

------HBV ၇ှိသောကိုယ်ဝန်ဆောင်မိခင်မှမွေးဖွားလာသောကလေးငယ်

 

-------ဆေးရုံဆေးခန်းမှ ၀န်ထမ်းများ

 

အစရှိသူတို.တွင်အခြားသူများထက်ပိုမိုဖြစ်ပွားလွယ်သည်။။


Hepatitis B virus (အသည်းရောင်အသားဝါ B ပိုး) ကိုဘယ်လိုကာကွယ်မလဲ?????????


ကာကွယ်ခြင်းသည်ကုသခြင်းထက်ပိုကောင်းဧ။်ဆိုသည်အတိုင်း ကျွန်မတို.သည်

 

အသည်းရောင်အသားဝါ B ပိုးမိမိနှင်.အခြားသူများထံသို.

 

ကူးစက်ဖြစ်ပွားမှူမရှိအောင်ကာကွယ်ရပေမည်.. ကာကွယ်

 

ကုသခြင်းနည်းများမှာ---------------------

 

........ သွေးလှူဒါန်းခြင်းမပြုမီဆေးရုံဆေးခန်းများမှ

 

ထိုလှူဒါန်းမည်.သွေးကိုကူးစက်နိင်သည်.ရောဂါများရှိမရှိုသေချာစစ်ဆေးခြင်.

 

........။လိုအပ်မှသွေးသွင်းကုသမှူခံယူခြင်း။

 

........။ဆေးထိုးအပ် ၊အပ်များကို သေချာစွာပိုးသတ်မှူခံယူပြီးမှ

 

သုံးခြင်း(တခါသုံးဆေးထိုးအပ်များသုံးကစိတ်ချရဆူံးဖြစ်သည်.)

 

ဆေးရူံဆေးခန်းသွားလျှင်မိမိကိုထိုးပေးမည်.ဆေးထိုးအပ်.

 

သွေးဖောက်မည်.အပ်မှာ သေချာပိုးသတ်ထားခြင်း၇ှိမ၇ှိ (သို.)

 

တခါသုံးဆေးထိုးအပ်ဟုတ်မဟုတ် ဆရာဝန်ထံ.သူနာပြုထံသို.

 

သေချာစွာမေးမြန်းသင်.သည်.။။ မိမိကျန်းမာရေးအတွက်ဆရာဝန်နှင်.

 

ဆွေးနွေ.းတိုင်ပင်သင်.သည်။။


........ မိမိနေထိုင်သည်.life style မမှန်ပါက ပြောင်းလဲယူခြင်း

 

(ဥပမာ......... လိင်ဆက်ဆံမှူအရေအတွက်ကို လျော.ချခြင်းးးး။လိင်ဆက်ဆံရာတွင်

 

ကွန်ဒုံးအသုံးပြုခြင်း)

 

၅……မူးယစ်ဆေးဝါးကိုအကြောအတွင်းသို.ထိုးသွင်းသုံးစွဲသူများကိုေ၇ှာင်၇ှားခြင်.။သုံးစွဲမိလျှင်လည်းတစ်ဦးနှင်.တစ်ဦးအပ်ဝေမျှကာသုံးစွဲခြင်းကိုေ၇ှာင်ရှားခြင်း

 

....... organ အစားထိုးကုသခြင်. အခြားသူထံမှ သုတ်ရည် ( sperm) နဲ. သားဥများ

 

(egg) ကို ယူရှ်သန္ဒေသားလောင်းအဖြစ်

 

မွေးရာတွင်လည်းသေချာစစ်ဆေးပြီး မှ ယူခြင်း။

 

.......... အသည်းရောင်အသားဝါ B ပိုး မဖြစ်ပွားခင် ကာကွယ်ဆေးထိုးထားခြင်း။

 

အသည်းရောင်အသားဝါ B ပိုးရှိသောမိခင်မှ ကလေးမွေးဖွားလာပါက

 

လဲမိမိကလေးငယ်ကို စတင်မွေးဖွားပြီးချင်း(၇ရက်အတွင်း) အသည်းေ၇ာင်အသားဝါ B ပိုး

 

ကာကွယ်ဆေးနှင်. Hepatitis B Immune Globin

 

ကိုဆရာဝန်ညွှန်ကြားသည်.အတိုင်းမပျက်မကွက်ဆေးကုသမှူခံယူရမည်.


အကယ်ရှ် မိမိသည် အသည်းေ၇ာင်အသားဝါB

 

ရှိနေလျှင်ဆရာဝန်နှင်.သေချာဆွေးနွေးကာဆေးကုသမှူကို ခံယူ၇ပေမည်..

 

သေချာဆေးကုသမှူမခံယူလျှင်

 

အသည်းခြောက် ရောဂါ (cirrhosis of liver) ရကာသေဆုံးသွားနိင်သည်.အတွက်.

 

အတွက်မပေါ.ဆသင်.ပေ။။


လူတိုင်းအသည်းရောင်အသားဝါ B ပိုးကိုကာကွယ်ကုသနိင်ပါစေ။

 




 

 

( ဆေးစာအုပ်မှ ကောက်နတ်ဖော်ပြသည်။။)

ဆောင်းပါးဖတ်သည်။   ထင်မြင်ချက် ပေါင်းထည့်သည်။

IF ................အကယ်ရှ်

07-05-2010 တွင် တင်ထားသည်။ seagull17

အင်္ဂလိပ်ကဗျာမူရင်း

IF.....

IF you can keep your head when all about you
Are losing theirs and blaming it on you,
If you can trust yourself when all men doubt you,
But make allowance for their doubting too;
If you can wait and not be tired by waiting,
Or being lied about, don't deal in lies,
Or being hated, don't give way to hating,
And yet don't look too good, nor talk too wise:

If you can dream - and not make dreams your master;
If you can think - and not make thoughts your aim;
If you can meet with Triumph and Disaster
And treat those two impostors just the same;
If you can bear to hear the truth you've spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to, broken,
And stoop and build 'em up with worn-out tools:

If you can make one heap of all your winnings
And risk it on one turn of pitch-and-toss,
And lose, and start again at your beginnings
And never breathe a word about your loss;
If you can force your heart and nerve and sinew
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: 'Hold on!'

If you can talk with crowds and keep your virtue,
' Or walk with Kings - nor lose the common touch,
if neither foes nor loving friends can hurt you,
If all men count with you, but none too much;
If you can fill the unforgiving minute
With sixty seconds' worth of distance run,
Yours is the Earth and everything that's in it,
And - which is more - you'll be a Man, my son!

(by Rudyard Kipling)

အကယ်၍
မင်းအသိုင်းအ၀ိုင်း တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ မင်းကြောင့်လို့ ၀ိုင်းဝန်းအပြစ်တင်ကြတဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင် . . .

အကယ်၍
အားလုံးက မင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာ ခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှု အပြည့်ရှိမယ်ဆိုရင် . . .

အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်း နေနိုင်မယ်ဆိုရင် . . .

ဒါမှမဟုတ်
မင်းရဲ့အကြောင်း မဟုတ်မတရား မုသားစကားကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင် . . .

ဒါမှမဟုတ်
မင်းကို လူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းကလည်း အမုန်းတွေ ပြန်မပွားဘူးဆိုရင် . . .

အကယ်၍
စိတ်ကူးယဉ်အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ
စိတ်ကူးနိုင်မယ်ဆိုရင် . . .

ပြီးတော့
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ
တွေးခေါ်နိုင်မယ်ဆိုရင် . . .

အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါလားရယ်လို့
ခံယူထားနိုင်မယ်ဆိုရင် . . .

အကယ်၍
မင်းရဲ့ အမှန်စကားတွေကို
လူလိမ်လူညာတွေက လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင် . . .

အကယ်၍
မင်းဘ၀တစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့်နဲ့ ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်
အင်မတန်မှသေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင် . . .

အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံး
ကြွေတလှည့်ကြက်တခုန်ပမာ
တလှည့်တခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင် . . .

ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင် . . .

ပြီးတော့တခါ
ဆိုးလှတဲ့ကံကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူမနေဘူးဆိုရင် . . .

အကယ်၍
သူများတကာတွေ လုပ်ပြီးသွားကြလို့
အချိန်အတော်ကြာမှ မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားနိုင်မယ်ဆိုရင် . . .

အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့ ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်အင်အားကို ခိုင်မာစွာနဲ့ပဲ
လက်ဆုပ်လက်ကိုင် ထားနိုင်မယ်ဆိုရင် . . .

အကယ်၍
လူတွေနဲ့ ထိတွေ့ဆက်ဆံ ပြောဆိုတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင် . . .

ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့အတူ လမ်းလျှောက်နေရပေမယ့်
မာန်၊ မာန သွေး မကြွဘူးဆိုရင် . . .

အကယ်၍
ရန်သူကဖြစ်စေ၊ မိတ်ဆွေကဖြစ်စေ
မင်းကို နာကျည်းအောင် မလုပ်နိုင်စေရင် . . .

အကယ်၍
လူတိုင်းကို တန်ဖိုးထားလေးစားပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင် . . .

အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ
အဓိပ္ပာယ်ရှိတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ် အသုံးချနိုင်မယ်ဆိုရင် . . .

ငါ့သားရေ
မင်းဟာ အရာရာရှိတဲ့ အရာရာဖြစ်တဲ့ ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့
အဲဒီတော့ မင်းဟာလည်း ယောက်ျားကောင်းတယောက်ပဲပေါ့။ ။

(ဖတ်မိတဲ.ကဗျာကောင်းလေးတပုဒ်ပါ၊)

ဆောင်းပါးဖတ်သည်။   ထင်မြင်ချက် ပေါင်းထည့်သည်။

မျှော်လင်.ခြင်းကောင်းကင်

01-04-2010 တွင် တင်ထားသည်။ seagull17

 

မိုးမရွာတဲ.အရပ်ဒေသမှာ

မိုးရွာပါစေလို.ဆုတောင်းပြီး

မိုးကိုမျှော်ကြတယ်

 

နေမထွက်တဲ.အရပ်မှာ

နေထွက်ပါစေလို.ဆုတောင်းပြီး

နေအလင်းရောင်ကိုတောင်းတကြတယ်

 

မိမိကိုးကွယ်တဲ.ဘာသာတရားအဆုံးအမကို

နားမလည်တဲ.အရပ်မှာ

ဘာသာတရားအတိုင်းအညီကျင်.ကြံမှု ကိုမျော်လင်.ကြရတယ်…………………………..

 

ဖခင် မေတ္တာကိုငတ်နေတဲ.

သားသမီးတွေအတွက်

ဖခင်မေတ္တာကိုတောင်းတကြတယ်

 

 မိခင်မေတ္တာကိုငတ်နေတဲ.

သားသမီးတွေအတွက်

မိခင်မေတ္တာကိုတောင်းတကြတယ်……

 

မိဘနဲ.တိုင်းပြည်ကိုခွဲခွာပြီး

ထွက်သွားကြတဲ.လူတွေက

မိဘနဲ.တိုင်းပြည်အရိပ်ကိုခိုလှိုခွင်.ပြန်ရမယ်.အရပ်ကိုမျော်လင်.တမ်းတနေကြတယ်………….

 

အလင်းမရှိ အမှောင်တွေနဲ.ဖုံးလွမ်းနေတဲ.

အရပ်မှာ အလင်းရောင် အလင်တန်းလေးကို တမ်းတနေကြတယ်

 

အမှန်တရားဆိုတာရှားပါးနေတဲ.အရပ်မှာ

အမှန်တရား ပေါ်ပေါက်ဖို.တမ်းတနေကြရတယ်။။။။။။။။။။။။။။

 

စာနာထောက်ထားခြင်းတွေကင်းမဲ.နေတဲ.အရပ်မှာ

ကမ်းလှမ်းကြိုမယ်.လက်တစုံကိုမျှော်လင်.တမ်းတနေကြရတယ်……………………….။

 

ကြောက်စိတ်တွေနဲ.ရှင်သန်နေရတဲ.အရပ်မှာ

ရဲရင်.ခြင်းဆိုတဲ.ရှင်သန်မှူမျိုးကိုတမ်းတနေကြရတယ်…………………..။။။။။။။။

 

မျှော်လင်.ခြင်းအဆုံးအစမရှိတဲ.ကောင်းကင်ကြီးမှာ သင်တို.ကျွန်ပ်တို.ရော

မျှော်လင်.ချက်တွေပြည်.၀အကောင်ထည်ဖော်နိင်အောင်ကြိုးစားကြရဲ.လားးးးးးးးးးးးး?????????

 

ဆောင်းပါးဖတ်သည်။   ထင်မြင်ချက် ပေါင်းထည့်သည်။

ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားများ၊ အင်းလျားကန်ပေါင်နှင့် လူအများနှင့် သက်ဆိုင်သောနေရာများတွင် အမြင်မသင့်လျော်စွာ နေထိုင်သည့်စုံတွဲများအား အရေးယူသွားမည်

06-03-2010 တွင် တင်ထားသည်။ seagull17

ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားများ၊ အင်းလျားကန်ပေါင်နှင့် လူအများနှင့် သက်ဆိုင်သောနေရာများတွင် အမြင်မသင့်လျော်စွာ နေထိုင်သည့်စုံတွဲများအား အရေးယူသွားမည်      
addthis_language = "en"; addthis_options = "facebook, twitter"; addthis_header_color = "#FFFFFF"; addthis_header_background = "#000000";
ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားများ၊ အင်းလျားကန်ပေါင်နှင့် လူအများနှင့်သက်ဆိုင်သောနေရာများတို့တွင် မြန်မာယဉ်ကျေးမှုနှင့်ကိုက်ညီမှုမရှိသော အမြင်မသင့်လျော်စွာ နေထိုင်သည့်စုံတွဲများအား ယခုလဆန်း ပိုင်းမှစတင်၍အရေးယူသွားရန် စီစဉ်လျက် ရှိကြောင်းသတင်းရရှိသည်။   ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရား များနှင့် ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းတို့ရှိ အင်လျားကန်ပေါင်တို့တွင် အမြင်မသင့်လျော်စွာ နေထိုင်သည့် စုံတွဲများအား ပထမအကြိမ် ဓာတ်ပုံရိုက်ခေါ်ယူမေးမြန်း၍ သက်ဆိုင်ရာမိဘများထံသို့ ဓာတ်ပုံများ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။ နောက်တစ်ကြိမ်ထပ်မံတွေ့ရှိပါက ဓာတ်ပုံများအား ဂျာနယ်နှင့်သတင်းစာများတွင် ရေးသားဖော်ပြသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။
    ယင်းကဲ့သို့ ပြုလုပ်ရခြင်းမှာ လူအများမြင်တွေ့နေရသည့် မြင်ကွင်းများတွင် မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော သရုပ်ပျက်နေထိုင်မှု များမရှိစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
    ''အခုရန်ကုန်မြို့ကို ပြည်ပခရီး သွားဧည့်သည်တွေ အ၀င်များလာတော့ အများပြည်သူတွေ့မြင်နေရတဲ့ မြင်ကွင်းတွေမှာ စုံတွဲတွေ မြန်မာ့ယဉ်ကျေးမှုနဲ့ မလျော်ညီတဲ့နေထိုင်မှုတွေမရှိအောင်၊ ပြည်ပဧည့်သည်တွေ မြန်မာ့ယဉ်ကျေးမှုကို အထင်မသေးအောင် ဒီလိုအရေးယူမှုတွေ ပြုလုပ်ရခြင်းဖြစ်ပါတယ်။တန်ခိုးကြီးဘုရားတွေမှာလည်း ပြည်ပဧည့်သည်တွေ ၀င်နေတော့ အဲဒီလိုနေထိုင်မှုတွေ မရှိသင့်ဘူး။ သာမန်စကားပြောတာ ကတော့ရပါတယ်''ဟု ရန်ကုန်တိုင်း အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေး ကောင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
    အမြင်မသင့်လျော်စွာနေထိုင်သည့် စုံတွဲများကို အရေးယူနိုင်ရန် အတွက် တန်ခိုးကြီးဘုရားများတွင် ဂေါပကအဖွဲ့ဝင်များနှင့် အင်းလျားကန်ပေါင်တို့တွင် စည်ပင်သာယာ တာဝန်ရှိသူများက လိုက်လံစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
    ယင်းနှင့်ပတ်သက်၍ ''အင်းလျားကန်ပေါင်လို နေရာမျိုးမှာ တစ်ခါတလေအမြင်မသင့်အောင် နေထိုင်တဲ့စုံတွဲတွေကို တွေ့နေရပါတယ်။ တစ်ခါတစ်လေ နှစ်ယောက်လုံးသရုပ်ပျက်တဲ့ အမူအရာတွေအထိ လုပ်တာတွေလည်းရှိပါတယ်။ ဒါဟာအများ အမြင်မှာလုံးဝမသင့်ပါဘူး''ဟု ကိုယ်တိုင်တွေ့ကြုံရခဲ့သူတစ်ဦးက ဆိုပါ သည်။
    ''ပိတ်ရက်တွေဆိုရင် ကလေး တွေကို ပန်းခြံတွေမှာ လွတ်လွတ်လပ်လပ် ကစားနိုင်ဖို့ လိုက်ပို့ပေးတဲ့အခါ တချို့စုံတွဲတွေရဲ့အမြင်မတော်တဲ့ အပြုအမူအနေအထိုင်တွေကြောင့် ပန်းခြံသွားဖြစ်တဲ့အခါမှာ အဲဒီလို အတွဲတွေနဲ့ မဆုံရအောင်ရှောင်ပြီး ကလေးတွေကို ကစားခိုင်းရတာမျိုး တွေရှိပါတယ်။ အများပြည်သူအပန်းဖြေတဲ့ ပန်းခြံလိုနေရာမျိုးမှာ အဲဒီလိုပုံစံမျိုးတွေတော့ မရှိသင့်ပါဘူး''ဟု မိခင်တစ်ဦးကပြောကြားခဲ့ပါသည်။

 အထက်ပါအကြောင်းအရာကိုELven media group မှကူးယူထားခြင်းဖြစ်သည်.။။။

ချစ်သူရည်းစားတိုင်းသည်တွေ.ဆူံလျှင်နမ်းကြဖက်ကြသည်မှာ သဘာဝတရားပင်ဖြစ်သည်.။ေ၇ှာင်လွဲ၇န်ခက်ခဲလှသည်.။။သို.သော်ကျွန်မတို.သည်ထုတ်ပြန်ထားသော

အကြောင်းအ၇ာစည်းကမ်းချက်ကိုကောင်းသည်မကောင်းသည်လုပ်သင်.သည်မလုပ်သင်.သည်ဟု

ဝေဖန်နေရုံမျှနှုင်.မပြီးသေ..။။မလိုက်နာရှ်လုပ်ဆောင်ခဲ.လျှင်နောက်ဆက်တွဲဆိုးကျိုးကိုလုပ်ဆောင်သူသာ

လျှင်ခံယူရမည်သာဖြစ်သည်။။။ ထိုသို.မီဒီယာထဲသာတင်ခံလိုက်ရလျှင်မိမိတို.အသိုင်းအ၀ိုင်းထဲတွင်

အရှက်ကွဲအကျိုးနည်းမည်သာဖြစ်သည်.။။ မီဒီယာထဲတွင် တင်ခံလိုက်ရလျှင်မတတ်သာသည်.အဆုံးတွင်မိမိချစ်သူနဲ.လက်ထပ်လိုက်ရပေတော.မည်.။။

ကျွန်မတို.သတိမူသည်.သင်.မည်မှာချစ်သူရည်းစားဟူသည်ဇနီးနောင်နှံမဟုတ်သေးပေ.။

ချစ်သူရည်းစားဘ၀တွင်တဦးကိုတဦးလေ.လာအကဲခတ်နေဆဲအဆင်.ပင်၇ှိသေးသည်.။။ထိုသို.သော

အကြောင်းအ၇ာများကြောင်.မဖြစ်မနေလက်ထပ်လိုက်ရသောအခါမိမိချစ်သူသည်.အကျင်.စာရိတ္တ

ကောင်းမွန်သောကြိုးစားရိုးသားသောချစ်သူဆိုလျှင်တော်သေးသည်.။။မိမိချစ်သူသည်လူရှူပ်လူပွေမျိုး

သာဆိုလျှင် မိမိတဘ၀လုံးစာအတွက် ဆုံးရှုံးပေတော.မည်။။ထိုသူနဲ.လက်မထပ်ပဲနေလင်.ကစား

တချိန်ချိန်တွင်မိမိရွေးချယ်ထားသောလူနဲ.လက်ထပ်ရမည်ဆိုလျှင် မိမိ၏အတိတ်ကအ၇ိပ်ဆိုံးးက

အမြဲဖုံးလွမ်းနေမည်သာဖြစ်သည်... ။မိမိတို.ကိုယ်တိုင်မနေ.ကပြုလုပ်ခဲ.သောအကြောင်းအရာများသည်.

ယနေ.နှင်.အနာဂတ်အတွက် မှတ်တမ်းတခုပင်ဖြစ်သည်.။။ ထို.ကြောင်.ပျော်ရွင်သောဘ၀ပန်းတိုင်

ကိုလျှောက်လှမ်းနိင်ရန်သတိထားသင်.သည်.။။ အမှတ်တမဲ.နေမိခဲ.လျှင်အမှတ်တရ ဖြစ်ပွားနိင်စရာများဖြစ်လာနိင်သည်..။။

ထို.ကြောင်.မိမိသူငယ်ချင်းအပေါင်းအသင်းများကိုမျှဝေစေလိုသောကြောင်.ေ၇းသားလိုက်ခြင်းဖြစ်ပါ

သည်.။။။

 

ဆောင်းပါးဖတ်သည်။   ထင်မြင်ချက် ပေါင်းထည့်သည်။

ချစ်သူပေးသောလက်ဆောင်

11-02-2010 တွင် တင်ထားသည်။ seagull17

ချစ်သူ
      သစ်ရွက်တွေပေါ်မှာကခုန်နေတဲ့
      ရွှေအလင်းရောင်လေးရယ်
      ငါ့ပါးပြင်ကိုပွတ်တိုက်ရှိုက်နမ်းသွားတဲ.

လေညှင်းကလေးရယ်သာ မင်းအနမ်းတွေဖြစ်မယ်ဆိုရင်၊


     
ချစ်သူ
     ကြည်တဲ့မျက်လုံးတွေရယ်
     ညှို့ငင်အားပြင်းတဲ့ မျက်လုံးတွေထဲက
    ဖြာထွက်လာတဲ့ ကျင်နာတတ်တဲ့
    မင်းရဲ့အကြည့်တစုံကို ငါ့ရင်မှာသော့ခတ်ထားပြီ၊
ချစ်သူ
    ချစ်တယ်သိပ်ချစ်
    ချစ်တယ်ဆိုတဲ့စကားလုံးနဲ့
   မလုံလောက်နိုင်တဲ့အနက်ရှိုင်းဆုံး
  နှစ်လုံးသားတနေရာကနေ မင်းကိုချစ်မိခဲ့ပြီ

ိ်ချစ်သောကို .ကိုပေးတဲ.ကဗျာလက်ဆောင်လေးကို
အမှတ်တရဘလော.လ်မှာတင်လိုက်ပါတယ်.။။
ကျွန်မ ကို.အချစ်တွေကိုလဲအမြဲတမ်း ကျွန်မရင်ထဲမှာ
သိမ်းထားနေမှာပါ..။

  ချစ်သောချစ်သူတိုင်းပျော်ရွင်စွာဘ၀ခရီးလမ်းကို
   အတူ  လျှောက်လှမ်းနိင်ကြပါစေ................

ဆောင်းပါးဖတ်သည်။   ထင်မြင်ချက် ပေါင်းထည့်သည်။

အသုံးဝင်သောဆိုက်ဒ်ကောင်းကောင်းလေးများမည်သူမဆိုဝေငှနိင်ပါသည်.

31-12-2009 တွင် တင်ထားသည်။ seagull17

သိပြီးသောလူများအတွက်မရည်၇ွယ်ပါ..မသိရသေးသောလူများ ဗဟုသုတများရှာဖွေခြင်းဖြင်.အင်တာနက်ကိုကောင်းမွန်စွာအသုံးချတတ်နိင်စေရန်ရည်၇ွယ်ခြင်းဖြစ်သည်.။
မေးလ်မှစုဆောင်းရရှိသောဆိုက်ဒ်များ တဆင်.ဖြန်.လိုက်ခြင်းဖြစ်သည်.။။။



>> > www.planet.com.mm (သတင်းလေးတွေစုံတယ်နော်)
>> > www.people.com.mm (မဂ္ဂဇင်း စာအုပ်လေးနော်)
>> > www.khitluneg.org.mm (ရွှေဈေး၊ဒေါ်လာဈေးတွေနဲ့ သတင်းစုံတွေ)
>> > www.alpha.com.mm (ZawGyi Font လေးတွေယူရအောင်)
>> > www.flashband.net (သီချင်းနဲ့ MTV လေးတွေနားထောင်မယ်)
>> > www.myanmarmp3.net (သီချင်းတွေ ဒေါင်းမယ်၊နားထောင်မယ်)
>> >www.myanmar-music.com(သီချင်းလေးတွေပါပဲ)
>> > www.freemyanmarvcd.com(vcd လေးတွေကြည့်မယ်)
>> > www.khayanpyareinmat.com(vcd လေးတွေကြည့်မယ်)
>> >
>> > www.shwedream.com(vcd လေးတွေကြည့်မယ်)
>> > www.burmeseclassic.com(ဓမ္မသီချင်းများ)
>> >
>> >www.shweclassic.com (ဓမ္မသီချင်းများ)
>> >
>> > www.royal-myanmar.com (ဒါလည်းစုံတယ်နော်)
>> > www.yinkhonthanfm.com
>> > www.popularmyanmar.com (ပေါ်ပြူလာဂျာနယ်လေးနော်)
>> > www.myanmarpyithar.com
>> > www.first-11.com
>> > www.weeklyeleven.com (eleven ဂျာနယ်စုံ)
>> > www.snapshop.com(လျှပ်တစ်ပြက်ဂျာနယ်)
>> >www.myanmar.com(ကြေးမုံ၊မြန်မာ့အလင်းသတင်းစာဖတ်ရအောင်)
>> > www.mrtv3.net.mm(ဒါလည်း သတင်းစာရောဖတ်လို့ရပါတယ်)
>> >www.myanmarinternetjournal.com(အင်တာနက်ဂျာနယ်ဖတ်ရအောင်)
>> >www.soccermyanmar.com(ဘောလုံးသတင်း တွေအစုံပါတယ်)
>> > www.livescore.com(ဘောလုံးပွဲစဉ်တွေကြည့်မယ်)
>> > www.asianbookie.com(ဘောလုံးပွဲပေါက်ကြေးတွေ ကြည့်မယ်)
>> > www.perfectmagazineonline.com(အောင်မြင်မဂ္ဂဇင်းလေးနော်)
>> >www.studying-singapore.com(ကျောင်းလျှောက်တာ တွေ ကြည့်ချင်ရင်)
>> > www.csstb.gov.mm(၀န်ထမ်း ရွေးချယ်လေ့ကျင့်ရေး က ခေါ်တဲ့ အလုပ်တွေနော်)
>> > csstb.imis.com.mm(နေပြည်တော် ရုံးအမှတ် (၁၇) ရဲ့
>> ကြေငြာချက်တွေကြည့်မယ်)
>> > www.unjobs.org(NGO ကခေါ်တဲ့ အလုပ်တွေရှာ မယ်)
>> > www.thanzinhlaing.com
>> >
>> > www.naykabyar.com
>> >
>> > www.journalopportunity.com ( အလုပ်တွေ ရှာ မယ်နော်)
>> >
>> > www.iburmese.com
>> >
>> > www.mymyanmar.net
>> >
>> > www.myanmar.mmtimes.com (မြန်မာတိုင်းစ်
>> ဂျာနယ်ကိုမြန်မာလိုဖတ်မယ်နော်)
>> >
>> > www.etrademyanmar.com
>> >
>> > www.myanmarelibrary.com(အင်္ဂလိပ်-မြန်မာအဘိဓာန်)
>> >
>> > www.mandalaygazette.com
>> > www.shopping.com.mm
>> > www.healthymyanmar.com
>> > www.jivitahospital.org(ဇီဝိတဒါန ဆေးရုံ အကြောင်း သိချင်ရင်)
>> > www.myanmarbible.net
>> > www.myanmargoal.com
>> > www.myanmarhotjob.com(ဒီမှာလည်း အလုပ်အကြောင်းသိချင်ရင်)
>> > www.myanmarscholarship.com
>> > www.myanmarmyanmar.com
>> >www.bobo.6te.net (ကလေးများ အတွက် ဘိုဘိုရဲ့ လောကနက်ဂိမ်းနဲ့ ကာတွန်း)
>> > www.myanmarmedicine.com(ဆေးပညာ အကြောင်းဖတ်ချင်ရင်)
>> >www.hird.hypermart.net
>> www.serenapowers.com
>> > www.most.gov.mm(နည်းပညာတက္ကသိုလ်အကြောင်းတွေ သိချင်ရင်)
>> > www.ucsy.edu.mm (ကွန်ပျူတာတက္ကသိုလ်အကြောင်း တွေ ဖတ်ချင်ရင်)
>> > www.bagan.net.mm(မြန်မာတယ်လီပို့စ်အကြောင်းသိချင်ရင်)
>> > www.foreverspace.com.mm
>> >www.redmyanmar.net
>> > www.thanlwin.com
>> > www.myanmartraining.com(နိုင်ငံတကာကျောင်းတွေအကြောင်းသိချင်ရင်)
>> >  www.mysuboo.com(ဒါကတော့ စုဗူးလေးနော်)
>> > www.mmthingyan.com(မြန်မာသင်္ကြန်အကြောင်းဖတ်ချင်ရင်)
>> > www.ainmat.com(ဘယ်လိုအိမ်မက်တွေမက်ထားလဲ ကြည့်ချင်ရင်)
>> > www.yinkhonthanfm.com(FM သီချင်းလေးတွေနားထောင်ရအောင်နော်)
>> >www.myanmarelottery.com(အွန်လိုင်းကနေထီ တိုက်ရအောင်နော်)
>> > www.myanmarspace.com(ဆောင်ပါးတွေနဲ့ဗွီဒီယိုတွေကြည့်မယ်နော်)
>> > www.mysteryzillion.com(နည်းပညာတွေနှီးနှော် ဖလှယ်ရအောင်)
>>  www.myanmaritpros.com (နည်းပညာအကြောင်းလေးတွေ ဖတ်ရအောင်)
>> >  www.dhamadarna.net ( ဓမ္မဒါန )
>> >www.myanmarengineer.org ( မြန်မာ အင်ဂျင်နီယာများအသင်း )
>> > www.phatpa.com (ဖတ်ပါ့ သတင်းဂျာနယ် )
>> > www.ourmandalay.net (ကျွန်ုတို့ ရဲ့ မန္တလေး )
>> >  www.myanmarchatonline.org (online သတင်းလေးတွေ )
>> > www.problemclean.ning.com( နည်းပညာလေးတွေဆွေးနွေးရအောင် )
>> > www.wikimyanmar.org ( မြန်မာ အွန်လိုင်း စွယ်စုံကျမ်း )
>> >www.minnkyansis.com ( မင်းကျန်စစ်ရဲ့ ရသကမ္ဘာ )
>> >
>> >
>> > www.nyakabyar.com ဒါလဲသီးချင်းဆိုက်ပါပဲ။
>> > www.khayanpyareinmet.com
>> > www.myanmarmp3.net ဒါလေးကလည်းအတူတူပါပဲနော်။ သီးချင်းပါပဲ။
>> > www.myanmar-music.com ဒါကတော့မြန်မာသီးချင်းဆိုက်လေး
>> > ပါပဲ။
>> > www.shwedream.com
>> > www.freemyanmarvcd.com
>> > http://myanmarbloggers.co.nr
>> > www.technical-seven.com/forum
>> > http://forums.nativemyanmar.net
>> > www.myitzuri.com
>> > www.lotaya.com
>> > www.ayinepan.com/music/mp3.php
>> > http://english4success.blogspot.com
>> > www.mysuboo.com
>> > www.myanmarelibrary.com
>> > http://livescore.com ဒါလေးကလည်းဘောလုံးဆိုက်တွေပါပဲ။
>> > http://mmopenlibrary.com
>> > http://en.wikipedia.org/wiki/main_Page
>> > www.moemaka.com
>> > http://shwesagar.com
>> > http://www.mutdfan.com ဒါကတော့ဘောလ်လုံးဆိုက်လေ။
>> > http://kopyaesone.co.cc
>> >သူလည်းသီချင်းဆိုက်ပါပဲ။
>> > www.searchmyanmar.com ဒီဆိုက်ကလဲကောင်းတယ်နော်။ အသုံးများကတော့ link
>> > ပုံစံလုပ်ပေးထားတယ်နော်။
>> > http://en.wordpress.com
>> > www.aungsan.com ဒါကတော့ဗိုလ်ချုပ်ဆိုက်လေ။
>> > www.friendsdaygroup.ning.com
>> > www.friendsdaygroup.multiply.com
>> > http://www.coolmp.com ဒီဆိုက်များကတော့ gmail.
>> > မှာဖတ်လို့မရရင်ဖတ်လို့ရတယ်နော်။
>> > www.photayokeking.org
>> > www.cmsmdy.blogspot.com ဒီဆိုက်လဲကောင်းတာပဲနော်။
>> > အကောင်းတွေပဲဆိုတော့ဘယ်ဆိုက်ကြည့်ရမှန်းမ သိဖြစ်နေအုံးမယ်နော်။
>> > www.mizzimaburmese.com
>> > http://komoethee.blogspot.com
>> > ဒါကတော့ ကိုရီးယာမင်းသားမင်းသမီးများရဲ့ဆိုက်တွေပါ။
>> > www.hancinema.com (or) net
>> > www.hanfever.con
>> > http://lee-junki.com ဒါကတော့ကိုရီးယားစတားလီဂျွန်ကီလေဆိုက်လေ။
>> > http://yeinjee.com ဒါလဲကောင်းတာပဲနော်။
>> > ဒါကတော့ www.thefreesite.com ဆိုက်ပေါ့နော်။ အကုန်လုံး free
>> ရတယ်ပြောတာပဲနော်။
>> > ဒီ www.bazanlin-wordpress.com ဆိုက်ကတော့ဗိုလ်ချုပ်နဲ့ပါတ်သက်တယ်ဗျ။
>> > သူ့အကြောင်းလေးပါပဲနော်။
>> >
>> > ဒီ http://www.ramonnya.co.cc ဆိုက်ကတော့မွန်အကြောင်းထင်တာပဲနော်။
>> ယူထားလိုက်။
>> > အောက်ကဆိုက်တွေကတော့ကောင်းတယ်ဗျ။
>> > www.wiki-mysteryzillion.org
>> > www.edu-mysteryzillion.org ဒီဆိုက်ကတော့နည်းပညာအခမဲ့သင်တယ်ပြောတာပဲနော်။
>> > www.mmopenxteam.com ဒီဆိုက်ကတော့ဘာသာပြန်တွေများပါတယ်နော်။
>> > www.mmenglish.net ဒီဆိုက်ကတော့အင်္ဂလိပ်စာသင်ကြားရေးပါ။
>> >
>> > www.ornagai.com ဒါကတော့အဘိဓာန်တွေဝေငှပေးတယ်နော်။ အကုန်လုံးပေါ့။
>> > www.dems.net.mm
>> > ဒီဆိုက်ကတော့ကိုယ့်စာရောက်မရောက်ကြည့်လို့ရတယ်ပြောတယ်နော်။ code
>> > နံပါတ်နဲ့ကြည့်လေ။ အမြန်ချောစာမှကြည့်လို့ရတာနော်။
>> > www.myanmartraining.com ဒါလဲကောင်းတာပဲ။
>> >
>> > ဒီ www.myanmaritpros.comဆိုက်ကတော့ကွန်ပျူတာအကြောင်းဆွေးနွေးချက်တွေပါနော်။
>> > သူများကိုဒုက္ခပေးချင်သူများကြည့်လို့ရတယ်နော်။
>> > ဒီ www.en.worpress.com ဆိုက်လည်းကောင်းပါတယ်။
>> > ဒီ www.photoro.com ဆိုက်လည်းဓာတ်ပုံကောင်းတယ်ပြောတယ်နော်။
>> > ဟိုကိုရီးယားကား ဒိုးဒိုးဒေါက်2ဘုနှင့်ဘောက်
>> > ဆိုလားဇာတ်ကားကမင်းသမီးကိုအဲဒီကရတာ။
>> > ဒီ www.hankyung.com ဒါလဲကောင်းပါတယ်။
>> >
>> >
>> >
>> > မြန်မာအိုင်တီနှင့်ပါတ်သက်မယ်ထင်တဲ့ဆိုက်လေးတွေပါ။
>> > Myanmar IT Blogs
>> > http://kyawnux.blogspot.com
>> > ttp://linsanle.blogspot.com
>> > http://azure-phoeniz.blogspot.com
>> > http://tahkharka.blogspot.com
>> > http://platonicloveaugust4.blogspot.com
>> > http://soehtet.blogspot.com
>> > http://khaingzaw.blogspot.com
>> > http://natshinnaung.blogspot.com
>> > http://www.rhythmless.isgreat.org
>> > http://www.peacefulforever.co.cc
>> > http://nyameeeain.blogspot.com
>> > http://kyawthetlatt.blogspot.com
>> > http://shwepyithu.blogspot.com
>> > http://www.winzaw-mdy.blogspot.com
>> > http://phoelapyae.isgreat.org
>> > http://www.mgtaryar.iblogger.org
>> > http://www.koyinnyein.blogspot.com
>> > http://aungmyohan.myanmarbloggers.org
>> > http://thuratun.22web.net
>> > http://noway.mmeyes.net
>> > http://zawlay.mmeyes.net
>> > http://kokyawmyintoo.blogspot.com/
>> > http://zawthureintun.googlepages.com ဆိုက်လည်းကောင်းတာပဲနော်။
>> > အိုင်တ်ီမန်းကိုတည်ထောင်သူလေ။
>> > http://nnyioo.googlepages.com ဆိုက်လည်းကောင်းတာပဲနော်။
>> >
>> > ဒေါက်တာခိုင်မျိုးဆိုက်ထဲကရထားတဲ့ဆိုက်လေးတွေပါ။
>> > မြန်မာဘလော့ဒ်တွေကိုဝင်ရေးနေတဲ့အစ်ကိုကြီးတွေ/ဆရာတွေပါ။ ယူထားလိုက်။
>> > http://www.yanaung.blogspot.com/
>> > http://www.soehtet.blogspot.com
>> > http://www.drlunswe.blogspot.com
>> > http://dhammaratha.blogspot.com
>> > http://http/titsartayar.0fees.net
>> > http://www.dhammaweb.net
>> > http://wesheme.blogspot.com
>> > http://nnyilynnseck.blogspot.com
>> > http://emotionalcorner.lanolay.com
>> > http://drkyaingmyo.myanmarbloggers.org
>> > http:///www.mybloglog.com
>> > http://www.funcygens.com
>> > http://samerss.myanmarcalender.com

ဖြည့်စွက်လိပ်စာများ

www.thungechinmyar.co.cc (အင်တာနက်မှ ပိုက်ဆံရှာဖွေနည်း အပါအ၀င် အခြားအကြောင်းအရာများ)



        ဒါကတော.ဘလော.လ်လေးတွေဖတ်ချင်ရင်.ပျော်စရာကောင်းတဲ.ဆိုက်တွေပါပဲ
         
http:// www.chocolatemyotaw.ning.com
 http://www.foreverfriend.ning.com
  

   မည်သူမဆိုနောက်ထပ်ကောင်းမွန်တဲ.နည်းပညာဗဟုသုတ အစစ်အမှန်ပေးနိင်တဲ.

 ဆိုက်ကောင်းကောင်းလေးများ လူတိုင်းသိနိင်အောင် ဆက်ရေးနိင်ပါသည်.။။။

စစ်မှန်သော    ပညာဝေငှခြင်းသည်အကောင်းဆုံးသော မွန်မြတ်ခြင်းပင်ဖြစ်သည်.။

ဆောင်းပါးဖတ်သည်။   ထင်မြင်ချက် ပေါင်းထည့်သည်။

ဓါတ်ပုံများ

ခေါင်းစဉ်မရှိ။
0
Lock and k…
0
my love
0
လွမ်းတယ်
0

အမှတ်အသားများ (Tags)

နောက်ဆုံး ထင်မြင်ချက်များ

IF ................အကယ်ရှ်
بسم الله الرحمن الرحيم Allah, CREATED THE UNIVERSE FROM NOTHING ___________________________________________ …
IF ................အကယ်ရှ်
THE COLLAPSE OF THE THEORY OF EVOLUTION IN 20 QUESTIONS http://newaninvitationtothetruth.blogspot.com/ ((( Acquainted With I…
အများကခေါ်လေ.ရှိသောဒေါင်းကလေး(Down Syndrome)
THE COLLAPSE OF THE THEORY OF EVOLUTION IN 20 QUESTIONS http://newaninvitationtothetruth.blogspot.com/ ((( Acquainted With I…
IF ................အကယ်ရှ်
အရမ်းကောင်းတယ်ဗျို့....အားအင်တစ်ခုရလိုက်သလိုပဲ
IF ................အကယ်ရှ်
ဒီကဗျာလေးက မမသိပ်ကြိုက်တဲ့  ကဗျာလေးပါ   ဒေါ်အောင်ဆန်းစုကြည့်  ဘာသာပြန်ထားတာလဲ အရမ်းကိုကောင်းတယ် ချစ်ညီမလေး ကိုကေ…
© 2013-2025 အခမဲ့ Video Chat Conferendo! ရပိုင်ခွင့်၊ အခွင့်အရေးအားလုံးကို သီးသန့်ထားရှိပါသည်။
ဘာသာပြန်ဆိုရာတွင် အမှားတွေ့ရှိသည်။ အကြောင်းကြားရန် ၊၎င်းအား mouse ဖြင့် select လုပ်ကာ Ctrl+Enter နှိပ်ပါ။