ငါတို့ အမေ

01-01-2010 တွင် တင်ထားသည်။ prettygloria
Tags:ငါတို့ အမေ

ငါတို့ အမေ
ကိုးလလွယ်၍ ဆယ်လဖွားထိ
သန္ဓေ လွယ်ထား ကြားကာလမှာ
ပူငန်စပ်ခါး အမြဲရှောင်ရှားပြီး
နားနေ ယုယ ပြုစုတာလည်း
“အမေ”ပါပဲ....။
နုနယ် စဉ်ခါ တွယ်တာမှုဖြင့်
နို့ချို တိုက်ကျွေး ပိုက်ထွေးယုယ
တု မရအောင် ချစ်ရတာလည်း
“အမေ”ပါပဲ....။
ငယ်ရွယ် စဉ်ခါ ပညာရှာဖို့
သားတို့ ကိစ္စ မနိမ့်ကျရအောင်
ဘဝ အခါးမှာ မမှားငဲ့ကွက်
မပျက်ဇွဲမာန် စိတ်အားသန်စွာ
ကြိုးစားတာလည်း
“အမေ”ပါပဲ...။
လူ့ဘုံအလယ် တင့်တယ်ချိန်မို့
အတောင်လက်စုံ သိုက်မြုံမှ
ထွက်ကြတဲ့အခါ အမှာစကားနဲ့
ကြည့်ကာ ငေးလျှက် မျက်ရည်စက်ရယ်
အကွယ်မှာလုပ် တဘက်စုတ်နဲ့
သုတ်ရတာလဲ
“အမေ”ပါပဲ...။
ဘဝမှာ အမေ
မြင့်မိုရ်တောင်မက
ရှိလှ ကျေးဇူး
အထူး ပြုတာ....အမေ
မေတ္တာ အနန္တ
ထာဝရ တည်နေတာ.....အမေ
ဘဝအသင်္ချေ
လောကမှာ....အမေ
လူသားအားလုံးရဲ့ အမေ
ကမ္ဘာတည်နေသရွေ့တော့....ထာဝရအမေပါ။ ။

ဆွေးနွေးခြင်း

on 01-01-0001 ပြောသည်။

ထင်မြင်ချက် ပေါင်းထည့်သည်။

ကျေးဇူးပြု၍login သို့မဟုတ်မှတ်ပုံတင်ခြင်း(register) ပြုလုပ်ပါ။
  • အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက် အပြည့်အစုံကို ကြည့်နိုင်ရန်
  • မိတ်ဆွေသူငယ်ချင်း အသစ်ရှာဖွေနိုင်ရန်
  • မှတ်ချက်ရေးသားနိုင်ရန်
  • ကိုယ်ရေးကိုယ်တာ Message ပေးပို့နိုင်ရန်
← ချော့တက်ဖို့လိုတယ်နော်   Blog သို့ပြန်သွားသည်။   ငယ်လေးဆန္ဒ →
© 2013-2025 အခမဲ့ Video Chat Conferendo! ရပိုင်ခွင့်၊ အခွင့်အရေးအားလုံးကို သီးသန့်ထားရှိပါသည်။
ဘာသာပြန်ဆိုရာတွင် အမှားတွေ့ရှိသည်။ အကြောင်းကြားရန် ၊၎င်းအား mouse ဖြင့် select လုပ်ကာ Ctrl+Enter နှိပ်ပါ။