လ္ဘက်ရည်သောက်သူများ
15-12-2009 တွင် တင်ထားသည်။
prettygloria
Tags:လ္ဘက်ရည်သောက်သူများ
ရိုးရိုးလား ရှယ်လား
ကျကျလား ချိုချိုလား
လ္ဘက်ရည်ဆိုင်မှာထိုင်စရာမရှိ
စားပွဲတိုင်းအပြည့်
မနက်...နေ့...ည..ကာလသုံးသွယ်
ဘယ်အချိန်ရောက်ေ၇ာက်သောက်သူများပါလေရဲ့
ကဗျာရေးသမားလည်းသောက် စာရေးသမားလည်းသောက်
တေးရေးသမားလည်းသောက် အဆွေးသမားလည်းသောက်
ဖလင်သမားလည်းသောက် သဘင်သမားလည်းသောက်
ဖဲသမားလည်းသောက် ပွဲစားလည်းသောက်
လ္ဘက်ရည်ဆိုင်ထိုင်သူလူချင်းတူပေမဲ့
လူအစားစားမထူခြားနား
အားနေလို့သောက်တဲ့သူ စကားရှည်ဖို့သောက်တဲ့သူ
ကြံဖန်ရလို့သောက်တဲ့သူ ဟန်ပန်ကျဖို့သောက်တဲ့သူ
အလုပ်အခြေလှဖို့သောက်တဲ့သူ အထုပ်ဖြေပြဖို့သောက်တဲ့သူ
ဖန်...ဆိပ့်....ချို....ခါး လျာဖျားအရသာချင်းတူပေမဲ
ခံ့စားရတဲ့အရသာချင်းကတော့
ဘယ်တူနိုင်ပါ့မလဲလေ....................