စပါးကြီးသည်းခြေ ဘယ်လိုအသုံးဝင်လဲ ဘယ်လိုတွေဖြစ်ရင်သုံးမလဲ

05-01-2012 တွင် တင်ထားသည်။ pothi

အလွန်ဆေးဖက်ဝင် ရှားပါပစ္စည်းတစ်ခုဖြစ်တဲံ့ စပါးကြီးသည်းခြေကို ဘယ်လိုအသုံးချမလဲ

စပါးကြီးသည်းခြေ အစစ်ရဖို ဆိုသည်မှာ လွယ်လှသည်တော့မဟုတ် နားလည်တက်ကျွမ်းတဲ့သူတို့နဲ့ သေသေချာချာ လေ့လာပြီးမှသာ) ၀ယ်ယူဖို့ကို သတိအရင်ဆုံးပေးချင်ပါတယ်။

ကဲ သယ်ချမ်း တို့ရေ အသုံးဝင်ပုံလေးကို ပြောပြမယ်နော်

စပါးကြီးသည်းခြေအား....

၁။ ကိုယ်ပူနေလျှင် ရေစိမ်ပြီး သောက်ပေးပါ ...ကောင်းပါသွာလိမ့်မယ်။

၂။မေးခိုင်နေပါက   လျှာကိုပွတ်ပေးပါ။

၃။ဗိုက်နာ၊ဗိုက်အောင့်ပါက ၀မ်းဗိုက်တစ်ဝိုက်လိမ်းကျံ ပေးပြီး ချက်အောက်ကိုဆွဲချပေးပါ။

၎။မေးရွဲ့နေပါက မေးတစ်ဝိုက်ကို လိမ်းကျံပြီး လက်နှင့်တည့်မတ်ပေးပါ။

၅။လေးဘက်နာဖြစ်ပါက ဆေးဒါန်း နှင့် ရောစပ်ပြီးလိမ်းပေးပါ။

၆။လေငန်းရောဂါဖြစ်ပါက တောရှောက်မြစ်နှင့် သွေးပြီး လိမ်းပေးလိုက်ပါ။

၇။သငယ်နာဖြစ်ပါက လျှာနှင့်လျက်ပေးပါ။

၈။ဆီး၌ကျောက်တည်ပါက ရေစိမ်ပြီးသောက်ပေးပါ။

၉။မျက်စိနာပါက ကွင်း၍လိမ်းပေးပါ

၁၀။ကိုယ်ဖော ကိုယ်ရောင်ရောဂါဝေဒနာခံစားနေရပါက ကသစ်ခေါက် နှင့်သွေးပြီး လိမ်းကျံပေးပါကပျောက်ကင်းပါလိမ်မည်။

၁၁။သားဖွားရာ၌ အခက်အခဲများဖြစ်ပါက စပါးကြီးသည်းခြေညှို့ ကွင်းကို ချက်ပေါ်၌ ကန့်လန့်ဖြတ်၍တင်ထားပေးပါ။

     မွေးရဖွားရလွယ်ကူသွားပါလိမ့်မည်။

၁၂။ခေါင်းအုံ၍ဇက်ကြောများထိုးနေပါက ကွမ်းရွက်ရည်နှင့် ရောကာလိမ်းကျံပေးပါ။

ကဲသယ်ချမ်းတို့ရေ စပါးကြီးသည်းခြေကိုဆောင်ထားဖို့  လြိုပီနော်....

 ကျွန်တော်သိတာလေးကို မျှဝေပေးလိုက်ရပါတယ်။

ဆွေးနွေးခြင်း

on 01-01-0001 ပြောသည်။

ထင်မြင်ချက် ပေါင်းထည့်သည်။

ကျေးဇူးပြု၍login သို့မဟုတ်မှတ်ပုံတင်ခြင်း(register) ပြုလုပ်ပါ။
  • အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက် အပြည့်အစုံကို ကြည့်နိုင်ရန်
  • မိတ်ဆွေသူငယ်ချင်း အသစ်ရှာဖွေနိုင်ရန်
  • မှတ်ချက်ရေးသားနိုင်ရန်
  • ကိုယ်ရေးကိုယ်တာ Message ပေးပို့နိုင်ရန်
← စိတ်ဆိုး စိတ်ကောက်တတ်တဲ့ မိန်း…   Blog သို့ပြန်သွားသည်။   G talk အတွက် virus အသစ် →
© 2013-2024 အခမဲ့ Video Chat Conferendo! ရပိုင်ခွင့်၊ အခွင့်အရေးအားလုံးကို သီးသန့်ထားရှိပါသည်။
ဘာသာပြန်ဆိုရာတွင် အမှားတွေ့ရှိသည်။ အကြောင်းကြားရန် ၊၎င်းအား mouse ဖြင့် select လုပ်ကာ Ctrl+Enter နှိပ်ပါ။