ဟိုကိစ္စကြား ပြီးပြီလား...???

23-08-2011 တွင် တင်ထားသည်။ pothi

 ကျွန်တော်တို့ တက္ကသိုလ်တက်စဉ်က အချင်းချင်းစတာလေး တစ်ခုရှိတယ်.. လူတွေ့ရင် "ဟိုကိစ္စကြားပြီးပြီလား.." ဆို ကိုယ်ကဘာလဲကွမေးရင်သူ့ဖာသာသူ "လာမပြောနဲ့  ကုမဒ္နြဖတ်ပြီးသား..."
 နဲ့ ဖြစ်သွားရော။
 
အခုလည်း.....
 
(၁)ဟိုကိစ္စကြားပြီးပြီလား...
မြန်မာပြည်က ဝန်ကြီးတွေ အိမ်ဌါးရှာနေရတယ်ဆိုပဲ....
 
(၂)ဟိုကိစ္စကြားပြီးပြီလား...
တရုတ်က 17နှစ်ကျောင်းသားလေးလေ.. အိုင်ပတ်2 လိုချင်လို့  ကျောက်ကပ်တစ်ခြမ်း ဒေါ်လာ 2900 နဲ့  ထုတ်ရောင်းတာ ဆေးရုံတက်ခွဲပြီးပြန်လာတော့ အိုင်ပတ်2 နဲ့  အိုင်ဖုန်း4 လေးပါလာတယ်ဆိုပဲ။ ဒါပေမယ့်
နောက်ဆက်တွဲ ကျန်းမာရေးကတော့....
 
(၃)ဟိုကိစ္စကြားပြီးပြီလား...
စင်ကာပူက အိမ်သူကြီးမ တစ်ယောက်ကလေ... အိမ်ဌါးတစ်ယောက် အပြင်ထွက်ရင် ကျန်တဲ့လူကို သူ့ အတင်းတုတ်ပြီး အဲဒိလူပြန်ရောက်လာရင် သူ့ ကို တစ်ခြား တစ်ယောက် အတင်းတုတ်ပြန်တယ်ဆိုပဲ...
သူနဲ့ အဆင်မပြေတော့ရင်လား... မိန်ကလေးလည်း ညတွင်းချင်း ဆင်းပေးရတယ်တဲ့နော်...။ အနီလိုင်းမှာရှိတယ်တဲ့....
 
(၄)ဟိုကိစ္စကြားပြီးပြီလား...
ပင်နီစူလားကအေးဂျင့်တဲ့လေ...ပတ်စ်ပို့ သက်တမ်းတိုးဖို့ အပ်တာ ငွေထပ်တောင်းပြီး ရိုင်းရိုင်းစိုင်းစိုင်း ပြောလွှတ်ဆိုလား.... (၅) လွှာမှာရှိတယ်တဲ့....
 
(၅)ဟိုကိစ္စကြားပြီးပြီလား...
ဖားကန့် မှာ ကျောက်စိမ်းကုဋေကျောက်ကြောတစ်ခုထပ်တွေ့ တယ်တဲ့... အင်း ဒေါ်လာဈေးတွေတော့.....
ဒီရာသီက ဘိန်းထွက်တယ်ဆိုပဲ... အင်း ဒေါ်လာဈေးတွေတော့....
 
(၆)ဟိုကိစ္စကြားပြီးပြီလား...
စစ်တွေ-ရန်ကုန် လေယဉ်တစ်စီး စစ်တွေလေဆိပ်မှာလေယဉ်ဘီးတွေကို လေထိုးတဲ့ စက်မရှိလို့ ညအိပ်လိုက်ရဆိုပဲ... ရန်ကုန်ကနေ ဘီးသစ်ရောက်မှ လဲပြီးပြန်ထွက်ရတယ်တဲ့...
 
(၇)ဟိုကိစ္စကြားပြီးပြီလား...
ရန်ကုန်ပြည်သူ့ ယျဉ်ပြင်က ရေလွှာလျှောက သံပြားတွေနဲ့ လုပ်ထားဆိုပဲ... လျှောစီးရင်းသံပြားအဟထဲ လက်ထိုးမိလို့  လက်သုံးချောင်းတောင် ပြတ်သွားတယ်တဲ့ ။ ကျိုက်ဝိုင်းမှာနေတဲ့ ဖိုးခွားခွားလေးကတော့  ရေလွှာလျှောစီးရင်းရေနစ်သေသွားရှာတယ်....
 
(၈)ဟိုကိစ္စကြားပြီးပြီလား...
စင်ကာပူက Woodland မှာလေ... အင်ဒိုအိမ်ဖော်တစ်ယောက်အလောင်းကို တိုက်ခေါင်မိုးပေါ်က ရေလှောင်ကန်မှာတွေ့ ဆိုပဲ...။  ဘင်္ဂလားကုလားရဲ့ လက်ချက်ဆိုလား...
 
(၉)ဟိုကိစ္စကြားပြီးပြီလား...
အီရန်က အမျိုးသမီးဘောလုံးအသင်းလေ... ခေါင်စည်းခြုံကန်လို့  2012အိုလန်ပစ်ဝင်ခွင့်ပိတ်ထားဆိုပဲ...
 
(၁၀)ဟိုကိစ္စကြားပြီးပြီလား...
မလေးရှားမှာ အိုတွေအားလုံးကို တရားဝင်လုပ်ပေးမယ်ဆိုပဲ... စင်ကာပူမှာရှိတဲ့အအိုတွေလည်း အခုနေ
မလေးပြေးသင့်တယ်နော်....
                                               ကြားပြီးပြီလား............ ပျော်ရွှင်ပါစေ...

ဆွေးနွေးခြင်း

on 01-01-0001 ပြောသည်။

ထင်မြင်ချက် ပေါင်းထည့်သည်။

ကျေးဇူးပြု၍login သို့မဟုတ်မှတ်ပုံတင်ခြင်း(register) ပြုလုပ်ပါ။
  • အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက် အပြည့်အစုံကို ကြည့်နိုင်ရန်
  • မိတ်ဆွေသူငယ်ချင်း အသစ်ရှာဖွေနိုင်ရန်
  • မှတ်ချက်ရေးသားနိုင်ရန်
  • ကိုယ်ရေးကိုယ်တာ Message ပေးပို့နိုင်ရန်
← SOMETHING FOR YOU TO KNOW   Blog သို့ပြန်သွားသည်။   ရန်ကုန်ကို မသွားတော့ဘူး......… →
© 2013-2025 အခမဲ့ Video Chat Conferendo! ရပိုင်ခွင့်၊ အခွင့်အရေးအားလုံးကို သီးသန့်ထားရှိပါသည်။
ဘာသာပြန်ဆိုရာတွင် အမှားတွေ့ရှိသည်။ အကြောင်းကြားရန် ၊၎င်းအား mouse ဖြင့် select လုပ်ကာ Ctrl+Enter နှိပ်ပါ။