How to love oneself

09-07-2011 တွင် တင်ထားသည်။ pothi

 

1 Votes

Quantcast


လူတိုင်းကိုယ့်ကိုကို အချစ်ဆုံးပါပဲ ကိုယ်လုပ်ချင်တာပဲလုပ်ကြတာမလား

လို့ ကျွန်တော်ချစ်တဲ့ သူကပြောတယ်။ အဲဒီမှာ ကျွန်တော် ဒီစာလေးကို ရေးဖြစ်သွားတယ်။

လူတွေဟာ ကိုယ့်ကိုယ်ကို အချစ်ဆုံးတဲ့။ ဒီစကားကို အမှန်လို့ ယူဆရမလား။

လူတွေက ကိုယ်လုပ်ချင်တာကို ကိုယ်လုပ်ကြတယ်တဲ့။ အဲဒီလို ကိုယ်လုပ်ချင်တာကို ကိုယ်လုပ်တာ ကိုယ့်ကိုယ်ကို ချစ်လို့လား။ အဲဒါကိုတော့ လက်မခံဘူး။

ကိုယ်လုပ်ချင်တာလုပ်နေတဲ့သူတွေက ကိုယ့်ကိုယ်ကို ချစ်တာလား။ ကိုယ်လုပ်ချင်တာလုပ်တိုင်း ကိုယ့်ကိုယ်ကို ချစ်တာ မဖြစ်နိုင်ပါဘူး။ ကိုယ့်ကိုယ်ကို ချစ်တဲ့သူတိုင်းလည်း ကိုယ်လုပ်ချင်တာကို လုပ်ချင်မှ လုပ်မယ်။ ကိုယ်လုပ်ချင်တာလုပ်နေတဲ့ သူတိုင်းလည်း ကိုယ့်ကိုယ်ကို ချစ်ချင်မှ ချစ်မယ်။ အဲဒါက ပိုပြီး မှန်မယ်လို့ထင်တယ်။

ကိုယ်လုပ်ချင်တာလုပ်ခြင်းဟာ ကိုယ့်ကိုယ်ကို ချစ်ခြင်းလား။ NO! မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ချစ်တဲ့သူက ကိုယ်လုပ်ချင်တဲ့ အတိုင်း လုပ်ချင်မှ လုပ်မယ်။ လုပ်ချင်လုပ်မယ်။

ကိုယ့်ကိုယ်ကို မချစ်တဲ့သူ မရှိဘူးလို့ ထင်ပေမယ့် ထားပါတော့ ကိုယ့်ကိုယ်ကို မချစ်တဲ့သူတစ်ယောက် ရှိတယ်ဆိုပါစို့။ အဲဒီလို လူမျိုးက ကိုယ့်ကိုယ်ကို မချစ်တော့ ကိုယ်လုပ်ချင်တဲ့ အတိုင်းမလုပ်တော့ဘူးတဲ့လား။ ကိုယ်မလုပ်ချင်တာတွေပဲ လုပ်နေမယ်တဲ့လား။

ကဲ….ထားပါတော့ ကိုယ့်ကိုယ်ကို ချစ်တဲ့သူ ဆိုပါစို့။ အဲဒီလူကရော ကိုယ့်ကိုယ်ကို ချစ်လို့ ကိုယ်လုပ်ချင်တာပဲ လုပ်နေမယ်တဲ့လား။ NO! ကိုယ့်ကိုယ်ကို ချစ်လေလေ ကိုယ်လုပ်ချင်တဲ့ အတိုင်း မလုပ်လေ လို့ထင်တာပဲ။

ဒါပေမယ့် ကိုယ့်ကိုယ်ကို ချစ်ပါတယ်ဆိုတဲ့ သူတွေ ကိုယ့်ကို်ယ်ကို ချစ်တယ်ဆိုတာ ဘာကိုချစ်တာလဲ။ ဘယ်လို ချစ်တာမျိုးလည်း အချစ်မှာ အမျိုးမျိုး ရှိတယ်လို့ ထင်ပေမယ့် အချစ်ကို အမျိုး အစားခွဲကြည့်ရင် အပိုင်း နှစ်ပိုင်း ရှိတယ်ထင်ပါတယ်။ လောဘအချစ်နဲ့ မေတ္တာအချစ်ဆိုပြီးတော့ပါ။ ကဲ ကိုယ့်ကိုယ်ကိုရော ဘယ်လို ချစ်တာလဲ။ လောဘနဲ့လား မေတ္တာနဲ့လား။

လောဘနဲ့ ချစ်ပါတယ် ဆိုပါစို့ ကိုယ့်အလို လောဘကို ပြည့်နိုင်ဖို့ ကိုယ့်ကိုယ်ကို ချစ်နို်င်ဖို့ လောဘတွေကို ဖြည့်စီးနိုင်ဖို့ ချစ်ပါတော့တယ်။ အဲဒီလို လောဘတွေနဲ့ ကိုယ့်အတွက် လောဘစိတ်သာ ပြည့်မယ်ဆိုရင် လုပ်ချင်တာကိုလည်း လုပ်မယ်။ မလုပ်ချင်တာကိုလည်း ကိုယ့်ကိုယ်ကို ချစ်တော့ လုပ်မှာပါပဲ။ မလုပ်ချင်တဲ့ အလုပ်လုပ်နေရတာပါလားလို့တွေးပြီးတော့လည်း လောဘပြည့်အောင် လုပ်မှာပါပဲ။

မေတ္တာနဲ့ ချစ်တာကိုတော့ လေးစားတယ်။ ကိုယ့်ကိုယ်ကို မေတ္တာထားနိုင်တဲ့ သူရှားမယ်ထင်ပါတယ်။ တစ်ချို့ က အခြားသူကိုပဲ မေတ္တာထားရမယ် ထင်ကြတယ်။ တကယ်က ကိုယ့်ကိုယ်ကိုက အရင် ကိုယ့်ကိုယ်ကို မေတ္တာထားနိုင်ပါမှ တခြားသူတွေကို မေတ္တာထားနိုင်မှာပါ။ ကိုယ့်ကိုယ်ကိုယ် မေတ္တာထားတတ်တဲ့သူမှာ ကိုယ်လုပ်ချင်တာ လုပ်တယ်ဆိုတာမျိုး လုံးဝမရှိတော့ပါဘူး။ ကိုယ်လုပ်နေတဲ့ အလုပ်ပေါ်မှာပါ မေတ္တာ ထားနိုင်သွားလို့ပါ။ ဘာလို့လဲဆိုရင် အဲဒီအလုပ်က ကိုယ်ကိုယ်တိုင် လုပ်နေတာဆိုတော့ အဲဒီလုပ်နေတဲ့ ကိုယ့်ကိုယ်ကို မေတ္တာထားလို်က် တာပါပဲ။ ကိုယ်လုပ်နေတဲ့ အလုပ်ကို ဘယ်လို အလုပ်မျိုး မဆို မေတ္တာထားပြီး ကိုယ့်ကိုယ်ကို မေတ္တာထားပြီး လုပ်နေမှတော့ အဲဒီကိုယ်လုပ်တဲ့ အလုပ်ပေါ်မှာ မလုပ်ချင်တဲ့ အလုပ်ကို လုပ်နေရတာပါလားဆိုတဲ့ အတွေးမျိုး မ၀င်တော့ပါဘူး။

သူငယ်ချင်းတို့ ကိုယ့်ကိုယ်ကို ချစ်တတ်ကြပါစေ။

ရေးသားသူ။ ။ကောင်းမြတ်ထွန်း

                 Forword Mail မှကူးယူတင်ပြသည်....

                                             (No One)

ဆွေးနွေးခြင်း

on 01-01-0001 ပြောသည်။

ထင်မြင်ချက် ပေါင်းထည့်သည်။

ကျေးဇူးပြု၍login သို့မဟုတ်မှတ်ပုံတင်ခြင်း(register) ပြုလုပ်ပါ။
  • အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက် အပြည့်အစုံကို ကြည့်နိုင်ရန်
  • မိတ်ဆွေသူငယ်ချင်း အသစ်ရှာဖွေနိုင်ရန်
  • မှတ်ချက်ရေးသားနိုင်ရန်
  • ကိုယ်ရေးကိုယ်တာ Message ပေးပို့နိုင်ရန်
← စိတ်၏ အကွာအဝေး....   Blog သို့ပြန်သွားသည်။   ကျေးဇူးပါဖေဖေ........... Thank… →
© 2013-2025 အခမဲ့ Video Chat Conferendo! ရပိုင်ခွင့်၊ အခွင့်အရေးအားလုံးကို သီးသန့်ထားရှိပါသည်။
ဘာသာပြန်ဆိုရာတွင် အမှားတွေ့ရှိသည်။ အကြောင်းကြားရန် ၊၎င်းအား mouse ဖြင့် select လုပ်ကာ Ctrl+Enter နှိပ်ပါ။