ရန်ကုန်မှာတစ်လ ပြစ်ဒါဏ်ကျ။

17-10-2009 တွင် တင်ထားသည်။ phoaung008

ခက်တယ်ဗျာ ကံမကောင်းတော့ ဒီလိုပါပဲ။ ဘယ်သူမပြု မိမိမှုတဲ့ ။ ဘယ်သူလိုအပ်ချက်ပါ အပြစ်ပါလို့လဲ မပြောချင်တော့ပါဘူး။ အလုပ်ရဲ့ မတော်တဆ  လိုအပ်ချက်ကြောင့် အပြစ်ကတော့ ကျွန်တော်အပေါ်မှာ ကျရောက်ပြီလေ။ ဒါကြောင့် ရန်ကုန်ကို လာရမယ်ပေါ့။ 10လပိုင်း 20ရက်နေ့လောက်တော့ ရန်ကုန်ကို ရောက်မယ်ထင်တာပဲ။  စိတ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ် ဘာသာရေးပဲဖြစ်ဖြစ် လ္ဘက်ရည်သာက်မိတ်ဆွေဖွဲ့ဘို့ပဲဖြစ်ဖြစ် လမ်း၄၀ စာတိုက်ကြီး ဘေးက စတိုက်မှာ ရှိပါတယ်။ရွှေတိဂုန်နဲ့ ဆူလေဘုရားကိုတော့ မရောက်မဖြစ် ရောက်အုံးမှာပါ။ ဆူလေဘုရားက ပိုပြီးနီးတော့ ခဏခဏရောက်ဖြစ်မယ် ထင်တာပဲ။ဘုရားကိုသွာဘို့ထက် ဘုရားမှန်မှန်ရှီခိုးဘို့က ပိုပြီး အဓိက ကျပါတယ်လေ။ ကိုယ်ရဲ့ VZO blogger သမားတွေနဲ့တော့ ခလုက်မတိုက်မိလောက်ဘူး ထင်တာပဲ။စာတိုက်ကြီး၈ုံးနဲ့ ဆက်သွယ်ရး၈ုံး ဂျက်ကာတွေကတော့ ကျွန်တော်နေရာတွေပါပဲ။VZO သမားတွေရဲ့ မတော်တရော်တွေ မြင်ရရင်တော့ လိုင်းပေါ်မှာ ကြော်ငြာပေး သတင်းဖြန့်ပေးလိုက်မယ်ဗျာ။ကျန်တော်ကတော့ ကုက်ကုက် ကုက်ကုက်နဲ့ဆိုတော့ ခင်ဗျာတို့ တွေ့ချင်မှ တွေ့မှာပါလေ။ တကယ်ခင်မင်တက်လို့ တွေ့ချင်တယ်ဆိုရင် မြစ်ကြီးနားကလာတဲ့ အိုက်ဟိုင်းဆိုပြီး ဆက်သွယ်ရေးစာရင်း၈ုံး စာတိုက်ကြီးဘေးက ပါဝါ၈ုံးချုပ်နဲ့ မိုလ်ဘိုင်းဆဲလ်လူလာ၈ုံးက ကိုမင်းယဉ်ကို မေးရင် သိနိုင်ပါတယ်။  ကြိုပြီးတော့ ပြောပြထားရအုံးမယ် ကျွန်တော်ကလ္ဘက်ရည်သောက်ရင်း စကားပြောတာ ၀ါသနာ ပါတယ်။ ရန်ကုန်က တစ်နာရီ သုံးရာဆိုတဲ့ အင်တာနက်ကို တ၀ကြီးဝင်ဘို့လဲ ပြင်ဆင်ထားတယ်။ မြစ်ကြီးနားမှာက တစ်နာရီ ငါးရာလေ။ ဟားခါးကတော ပိုဆိုးတယ် တစ်နာရီ တစ်တောင်တဲ့ဗျာ။ ခင်ဗျားတို့ကိုကြွားရအုံးမယ်  ဆက်သွယ်ရေးအင်ယာချုပ်ရဲ့ အဆူခံဘို့ ကျွန်တ်ေရန်ကုန်ကို လာရတာဗျ။   မိုလ်ဘိုင်းဖုန်းနဲ့ပက်သက်တဲ့ အဝေးဆက်သွယ်မှုနဲ့ပက်သက်တဲ့ အကူအညီကိုတော့ ပေးနိုင်မယ် ထင်ပါတယ်။ 

၈ုံးကတော့ Goverment telegraph ပါပဲ။

ဆွေးနွေးခြင်း

on 01-01-0001 ပြောသည်။

ထင်မြင်ချက် ပေါင်းထည့်သည်။

ကျေးဇူးပြု၍login သို့မဟုတ်မှတ်ပုံတင်ခြင်း(register) ပြုလုပ်ပါ။
  • အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက် အပြည့်အစုံကို ကြည့်နိုင်ရန်
  • မိတ်ဆွေသူငယ်ချင်း အသစ်ရှာဖွေနိုင်ရန်
  • မှတ်ချက်ရေးသားနိုင်ရန်
  • ကိုယ်ရေးကိုယ်တာ Message ပေးပို့နိုင်ရန်
← ကျွန်တော်သိသမျှသော လူတွေအကြောင…   Blog သို့ပြန်သွားသည်။   ရန်ကုန်ရောက်တဲ့ကျွန်တော် →
© 2013-2024 အခမဲ့ Video Chat Conferendo! ရပိုင်ခွင့်၊ အခွင့်အရေးအားလုံးကို သီးသန့်ထားရှိပါသည်။
ဘာသာပြန်ဆိုရာတွင် အမှားတွေ့ရှိသည်။ အကြောင်းကြားရန် ၊၎င်းအား mouse ဖြင့် select လုပ်ကာ Ctrl+Enter နှိပ်ပါ။