ပြောစကားနားမထောင်ကြသူများ ၂
07-10-2009 တွင် တင်ထားသည်။
phoaung008
လေးအသင်္ချေနဲ့ ကမ္ဘာပေါင်းမြောက်များစွာကြာအောင် ပါရမီတွေ အပင်ပန်းခံဖြည့်ပြီး အကောင်းဆုံး အတွေ့အကြုံအဆီအနှစ်တွေကို ထားခဲ့တာဟာ ဘယ်လိုထူးကဲသောသူဖြစ်မလဲ။
ကိုယ်ပြောတဲ့ကောင်းတဲ့စကားတွေကို နားထောင်တဲ့လူ မရှိရင် ဘယ်လိုလုပ်ကြမလဲ?
ဘယ်လိုနေရမလဲ?
အကောင်းပြောရင် အကောင်းနားမလည်တက်တဲ့သူဟာ နှစ်သက်မြတ်နိုးအပ်သောသူ ဖြစ်နိုင်ပါ့မလား?
လောကမှာ နှစ်သက်မြတ်နိုးအပ်သူဆိုတာ မိသားစုအချင်းချင်း ညီအကိုမောင်နှမအချင်းချင်း မိတ်ဆွေအချင်းချင်း ဆရာဒကါအချင်းချင်း ၈ုံးသူ၈ုံးသားအချင်းချင်း များလေကောင်းလေပဲ မဟုက်ဘူးလား?
ပုထုဇဉ်လူသားဘဝဟာ မချစ်မခင်မနှစ်သက်သောသူနှင့်နေရခြင်း မနေရ၏ခြင်းတွေ ကြုံတွေ့နေရအုံးမှာပဲ။
ဒါပေမဲ့ဗျာ ကျွန်တော်က တခါတလေမှာ အဲဒီအတွက်နဲ့တော်တော်စိတ်ဓါတ်ကျတက်တယ်။