မေမေ ပြောတဲ့  ငြိမ်းမဟော်

31-10-2009 တွင် တင်ထားသည်။ nyeinmahaw08

 ငြိမ်းမဟော်ဆိုတာ .... 

ဖေဖေ နဲ့ မေမေ ရဲ့ အတ္တလွန်စစ်ပွဲကြီး အတွင်းက ....

ဖေဖေ ရဲ့ ဓားစာခံ  နဲ့ မေမေရဲ့  သုံ့ ပမ်းလေး...တစ်ယောက်ပေါ့။

ငြိမ်းမဟော်ဆိုတာ

မူလတန်း အဆင်မှာ တကတည်းက 

ဖေဖေ နဲ့မေမေရဲ့  နှလုံးသားကြီး နှစ်ခု ခတ်ကြတဲ့ မာနပြိုင်ပွဲကြီး

အတွင်း ဇွဲနဘဲကြီး စွာ ရှင်သန်လာရှာတဲ့ .....မြေဇာမြက်လေး

တပင်ပေါ့  ။ ။ 

ငြိမ်းမဟော်ဆိုတာ

နှလုံးသားဆုံးတဲ့  မေမေနဲ့ သိက္ခာရူံးရတဲ့ ဖေဖေတို့ ရဲ့ တခုကနှစ်ခု

ဖြစ်စေတဲ့ ..... မိသားစု  ဘာလင်တတိုင်းကြီးပေါ်နားနေရှာတဲ့ 

တောင်ပံကျိုးနေရှာ တဲ့ မငြိမ်းချမ်းတဲ့ ငြိမ်းချမ်းရေး ဂျိုးငှက်လေး

တစ်ကောင်ပေါ့........။။

ငြိမ်းမဟော်ဆိုတာ

ဖေဖေ နဲ့ မေမေ ကွာရှင်းပြတ်စဲကျတော့ 

မော့ကြည့်ရတဲ့ ချမ်းသာတဲ့ မေမေနောက်ကိုမလိုက်   ...

ငုံကြည့်ရတဲ့  ဆင်းရဲ တဲ့ ဖေဖေနောက် ကို  ကောက်ကောက်ပါအောင်

လိုက်သွားတဲ့  မတရားတဲ့  မိဘနှစ်ပါးရဲ့ ..တရားမျှတတဲ့ သမီးကလေး

တစ်ယောက်  .........။  ။

ငြိမ်းမဟော်ဆိုတာ 

ဖေဖေဆီပြေးလိုက်  မေမေဆီပြေးလိုက်

စိမ်ပြေးတမ်းကစားရင်း .........  အရွယ်မေ၇ာက်ခင်သောကတွေ

ကြီးရင့်  မိစုံ ဖစုံ သူငယ်ချင်းတွေကြည့်ယင်း

ဘုရားကျောင်းလဲမတက်ချင်  ဘုန်းကြီးကျောင်းလဲမသွားချင် 

ပျော်ပွဲ ရွင်ပွဲ လဲမနွဲချင်....... 

ကလေး ဘ၀မှာ မျက်ရည်နဲ့ ကစားရရှာတဲ့  ............

ဒဏ်ရာအနာတရနဲ့  အဖူးအငုံဘ၀မှာ  ........ 

မီးမြိုက်ခံနေရရှာတဲ့ ပန်းကလေးတပွင့်...........။  ။ 

ငြိမ်းမဟော် ဆိုတာ 

စင်ဒရဲလား လဲ ...မဟုတ် 

 စနိုးဝှိုက်ကလေးနဲ့ လဲမတူ  မိထွေးနဲ့ အတူနေဖူးပေမယ့် 

အနိုင်လို သူအရူံး ပေး  နှလုံးအေးတဲ့ ဆေး  ကို 

အပြုံးလေးနဲ့ တိုက်ခဲ့ သူ..................။  ။

ငြိမ်းမဟော်ဆိုတာ 

အရွယ်နဲ့ ဘ၀မမျှအောင် သည်းခံ စိတ်ရှည်  မေတ္တာဝေတတ်လို့ 

အဆိပ်ပန်းသီးလဲမကိုက် ရ  .... လူပုလေး  7ယောက်နဲ့ လဲ မတွေ့ ရ

ရွေဖိနပ်လဲ မစီးခဲ့ ရ  မင်းသားလေးရဲ့ ကြင်ယာရွေးပွဲလဲမနွဲ ခဲ့ ရ ...။

စိတ်ကူးနဲ့ တောင်မတက်လိုက်ရ    ...........

အိမ်မက်ထဲတောင် မရောက်လိုက်ရ ..........။  ။

ငြိမ်းမဟော်ဆိုတာ 

ဖေဖေ ဆုံးပါးကွယ်လွန်ချိန်   ............

မေမေတိုင်းတစ်ပါး ရောက်နေချိန်............

ညီမလေးနှစ်ယောက်နဲ့  အမကြီးအမိနေရာ အဖေနေရာပါယူပြီး..

လောကဓံရေဆန်လမ်းမှာ.........တက်အကျိုးကိုလက်ထိုးလှော်ရသူ။

  ငြိမ်းမဟော်ဆိုတာ

ဒသ၁နိကဗေဒ ဘွဲ့  ရ  ..........

ဘ၀တက္ကသိုလ် ရဲ့ ပါမောက္ခ ...........

မရှိလို ရှိသူ..........

ရှိ လို့ မရှိ သူ  ..............

ဒါကြောင့် အချစ် ကိုမချစ်တတ်မမုန်းတတ်သူ .........

ဒါကြောင့်အရုပ်လေးတွေ ကို ချစ်မြတ်နိုးနေတတ်သူ ...... 

ဒါကြောင့် အရုပ်လေးတွေ ကိုအဖော်ပြုနေတတ်သူ

ငြိမ်းမဟော်ဆိုတာ အမေ့သမီးပါ............

လဲနေရင် ကိုယ့်အားကိုယ်ယူ................

ကိုယ်တိုင်ထူ...............

ကိုယ်တိုင်ထ.............

ကိုယ်တိုင်မတ်.............

စမတ်ကျကျပြုံးပြတတ်သူ 

ချစ်သောမျက်စိဖြင့်   အမေ့သမီးလေးများကို ထာဝရကြည့်နေတဲ့ 

အမေ့ နှလုံးသားကိုပုံတူထုထားတဲ့ 

ချစ်သမီးကြီးရဲ့ ချစ်မေမေ...............။











ဆွေးနွေးခြင်း

on 01-01-0001 ပြောသည်။
nyeinmahaw08 on 11-11-2009 ပြောသည်။

ကျေးဇူးတင်ပါတယ် ရှင်  ဘ၀ဆို တာ ကျွန်မ တစ်ယောက်တည်း တင်ဆိုးဝါးနေသလို ခံစားဘူးပါတယ်

ခုတော့ သူငယ်ချင်း များ ကလဲခု လို ခံစားမျှဝေ ပေးတဲ့ အတွက်   phoaung  ကို လဲ ကျေးဇူးတင်ပါတယ် ရှင်........................

phoaung008 on 08-11-2009 ပြောသည်။

ဘဝမှာ လောကဒါဏ်ကို ဒီလေက်ခံစားရမယ်လို့ မထင်မိပါဘူး။ ကျွန်တော် အထက်တန်းမအောင်ခင်ကတည်းက ကျွန်တော်အဖေ ဆုံးသွားတာပါ။ ဒီတော့ ကျွန်တော်ဘဝ ပညာရေးတွေနဲ့ အလုပ်အကိုင်ရဘို့အတွက်ကို ကျွန်တော်ကိုယ်တိုင်ပဲ အပြင်းအထန် ကြိုးစားခဲ့ရတယ်။ ကျွန်တော်အမေက ပညာလည်းမတက်တော့ ဘာမှလဲနားမလည်တက်ပါဘူး။ အခုအချိန်အထိ ကလေးဆိုးကြီးတစ်ယောက်လို ကျွန်တော်ကို အမေစိတ်တိုင်းကျလုပ်တုန်းနေတုန်း ခြယ်လှယ်တုန်းပါပဲ။ ဘာပဲဖြစ်ဖြစ် အမေကို ကုသိုလ်တွေ အများကြီးရနေစေချင်တာ။ ဒါပေမဲ့ အမေက ကုသိုလ်တရားတွေနဲ့ တော်တော်ဝေးနေတယ်။

ကျွန်တောမရင့်ကျက်ခင် အိမ်ထောင်မကျခင်တုန်းက အမေရဲ့ ကျွန်တော်အပေါ်မှာ နားလည်မှုတွေ မေတ်တာတရားတွေ မရမှုအတွက် တော်တော်ကို မကျေမနပ် ဖြစ်မိတယ်။ အခုဆိုရင် ကျွန်တော်မှာ မေတ်တာတရးတွေ ထားရမဲ့လူ ရှိလာပြီလေ။ အရင်တုန်းက အမေဆီက မရခဲ့တာတွေထက် ကျွန်တော် သမီးလေးတွေအပေါ်မှာ ဘာတွေဖြည့်ဆည်းပေရမလဲဆိုတာကို အဓိက ထားနေရပြီလေ။

ဒီနေရာမှာ ကျွန်တော်သေသေချာချာပြောပြချင်တာက အမေဆိက ကျွန်တော်မရခဲ့တာတွေထက် ကျွန်တော် သာသမီးတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တာကို ပိုပြီးကျေနပ်နေမိပြီး ပိုပြီးကျေနပ်စရာကောင်းတယ်လို့လဲ ခံစာလာမိလို့ပါပဲ။

ဒါကြောင့် ရယူချင်ထက် ပေးဆပ်ချင်းက ပိုမိုမြင့်မြတ်တယ်လို့ ပြောကြတယ် ထင်ပါတယ်။

မြင့်မြတ်သော ပေးဆပ်ခြင်းအလုပ်ကိုသာ ဘဝသံသရာဆုံးသည်အထိ လုပ်နိုင်ကြပါစေ။

 

Ska8erb on 05-11-2009 ပြောသည်။

wow......what's wrong with u! Don't give up fri...like song that "Nothing gonna keep me dowm!Bounce...."

I think U should think "Positive"

u will b more Stronger...

 

nyeinmahaw08 on 02-11-2009 ပြောသည်။

မောင် လေး ရေ ကျေးဇူးတင်ပါတယ်  မမ ရဲ့ ဘလော့ခ်ကိုလာလည်ပြီး မျှဝေခံစားတဲ့ အတွက်ပေါ့ကွယ်

 အရာအရာက  တို့ တွေလို ချင်သလိုသာရမယ်ဆိုရင်  တို့ တွေဘ၀က  အစစ်ဖြစ်ချင်မှ ဖြစ်တော့မှာပေါ့နော်   ...............................................  မောင်လေးကို ကျေးဇူးတင်လျှက် ..............မောင်လေးပေးတဲ့ ဆု နဲ့   မောင်လေး က မမထက်ပိုပြည့်ပါစေကွယ်

loyalhero_dattha1500 on 02-11-2009 ပြောသည်။

မမကြီးရေ...

    မေလေးရဲ့ ကဗျာလေးကို ဖတ်ပြီးမှ မမကြီးရဲ့ ဘဝကို အနိုင်မခံအရှုံးမပေးရင်ဆိုင်ခဲ့ရတဲ့ အခြေအနေတွေကိုနားလည်ခဲ့ရတယ်...လေးစားမိတယ်...ပြီးတော့...ဂုဏ်ယူမိတယ်...
လူဆိုတာကဖြစ်ချင်တာတွေ ဖြစ်မလာရင်...ဖြစ်လာတာတွေကို အကောင်းဆုံးရင်ဆိုင်ရမယ်ဆိုတာက သဘာဝကပေးတဲ့ တာဝန်တစ်ခုပဲလေ...ကျွန်တော်နဲ့ မမကြီးက ဘဝတူတွေပါ...ဒါကြောင့်မိုလို့ မမကြီးရဲ့ ငယ်ဘဝကို ကျွန်တော့်ဘဝနဲ့ထပ်တူ မျှဝေခံစားမိပါတယ်...ကျွန်တော် ငယ်ငယ်က ဖြစ်ချင်တာတွေ တစ်ခုမှ ဖြစ်မလာခဲ့ဘူးလေ...ဖြစ်လာတာတွေကို လက်ခံပြီး အကောင်းဆုံးလုပ်ရင်း ခုလိုအခြေအနေထိရောက်အောင် ရင်ဆိုင်ဖြတ်သန်းခဲ့တာပါ...ဘယ်အရာမှမတည်မြဲတဲ့ လောကကြီးမှာ ဘယ်လိုအရာမျိုးတွေကို ဆုပ်ကိုင်ထားရမှာလည်း...ဖြစ်လာတာတွေနဲ့ လုပ်ချင်တာတွေရယ် လုပ်သင့်တာတွေကို မျှတစွာပေါင်းစပ်ပြီ ဘဝကို ပျော်ရွှင်စွာရင်ဆိုင်ဖြတ်သန်းသွားတာ ကောင်းမယ်ထင်ပါတယ် မမကြီးရယ်...
အခက်အခဲဆိုတာ လူတော်တွေရဲ့ လှေကားထစ်တွေတဲ့...မမကြီးရေ...ဘယ်တော့မှ အလျှော့မပေးလိုက်ပါနဲ့နော်...အားတင်းထား...ပြီးတော့ အားမာန်အပြည့်နဲ့ မနက်ဖြန်တိုင်းကို
စွမ်းအားရှိသမျှအကောင်းဆုံးရင်ဆိုင်ဖြတ်သန်းစေချင်တယ်...လောကကြီးမှာ တည်မြဲတဲ့ အရာတွေကို
တန်ဖိုးထားပြီး ရယူပိုင်ဆိုင်နိုင်အောင် ကြိုးစားစေချင်တယ်...မမကြီး ဘဝမှာအဆိုး
ဆုံးအချိန်တွေကိုရင်ဆိုင်ရတဲ့ အခါတွေကျရင် (လင်းအာရုံရောက်ခါနီးအချိန်ဟာအမှောင်ဆုံး)
ဆိုတဲ့စကားလေးက ပြန်သတိရပြီ ခွန်အားတွေအပြည့်နဲ့ရင်ဆိုင်ဖြတ်သန်းစေချင်တယ်...လောကကြီးမှာ ရပ်တည်ဖို့က အများကြီးသိနေဖို့ထက် သိနေတာကို လက်တွေ့အသုံးချဖို့ ပိုပြီးအရေးကြီးတယ်ဆိုတာကို
ကျွန်တော် လက်ခံယုံကြည့်ထားမိတယ်...ကျွန်တော် ဖတ်တဲ့ စာအုပ်နှစ်အုပ်ရှိတယ်...အဲ့ဒါက
မိမိနဲ့ မိမိပတ်ဝန်းကျင်ဆိုတဲ့ စာအုပ်နှစ်အုပ်ပဲလေ...မမကြီးရေ...ဘဝရဲ့ နောက်ဆုံးထွက်သက်ကို
အပြုံးလေးနဲ့ ရင်ဆိုင်နိုင်အောင် ခုတည်းက ကြိုပြီးပြင်ဆင်ထားကြရအောင်နော်...ပြီးဆုံးခဲ့တဲ့ အတိတ်တွေကို ပြန်ပြီး စိတ်ညစ်နေတာတွေ...ပြီးတော့ မသေချာတဲ့ မနက်ဖြန်တွေကို ကြိုပြီး စိတ်ပူနေတာတွေကို ခေါင်းထဲက ထုတ်ပစ်ပြီး...ခုလက်ရှိအချိန်တွေကို အကောင်းဆုံးအသုံးချကြရအောင်နော်...ဘယ်အရာမှမတည်မြဲတဲ့ လောကကြီးမှာ ကျွန်တော်တို့တွေ
ဘယ်လိုအရာတွေကို ဆုပ်ကိုင်ထားရမှာလည်း...မာနတွေ အတ္တတွေကို ခဝါချပြီ ဘဝမှာ လုပ်ချင်တာ
လေးတွေကို လုပ်ရင်း ပျော်ပျော်လေး နေသွားတာက အကောင်းဆုံးဖြစ်မှာပါ..မမကြီးရာ...
ကျွန်တော် ငယ်ငယ်က မှတ်ထားဘူးတဲ့ အကြောင်းအရာလေး တစ်ခုရှိတယ် မမကြီးရ...

အဖေတစ်ယောက်က အားကစားပွဲတစ်ခုမှ ရှုံးပြီး  စိတ်ညစ်နေတဲ့ သားကို
မြို့လယ်ခေါင်က မျှော်စင်ကြီးပေါ့ကို ခေါ်သွားတယ်လေ...
ပြီးတော့ မေးတယ်...
ငါ့သားတဲ့...ဒီမျှော်စင်ကြီးရောက်ဖို့ လမ်းဘယ်လောက်ရှိလည်းလို့လေ..
သားက ပြန်ဖြေတယ်...(အဖေရေ လမ်းတွေက အများကြီးပဲလေ) တဲ့
အဲ့တော့ အဖေက ပြောတယ်လေ...
ငါ့သား အလုပ်တစ်ခုလုပ်ရင် အောင်မြင်မှာနဲ့ ရှုံးနိမ့်မှာ နှစ်ခုပဲရှိတယ်...
ဘယ်တော့မှ စိတ်ဓာတ်မကျလိုက်နဲ့...
မင်း ဖြစ်ချင်တာကိုဖြစ်ဖို့ ခုလိုပဲ နည်းလမ်းတွေအများကြီးပဲလို့...

အဖေက သားကို ပြောပြလိုက်တယ်လေ...အဲ့လိုပြောပြလိုက်တော့မှ သားက
သဘောပေါက်သွားတယ်လေ...

ကျွန်တော်တော့ အဲ့ဒီအကြောင်းအရာလေးတွေကို ရင်ထဲအသဲထဲမှာ အမြဲတမ်းမှတ်ထားတယ်...
ကျွန်တော် ဘယ်တော့မှ လောကကြီးကို အရှုံးမပေးဘူး...တစ်နည်းနဲ့မရရင် နောက်တစ်နည်းနဲ့
ဖြစ်အောင်လုပ်တယ်လေ...ကောင်းသောနည်းလမ်းတော့ဖြစ်ဖို့လိုတာပေါ့ မမကြီးရာ...မမကြီး သိနေမယ်ဆိုရင်လည်း ပြန်ပြီး အမှတ်ရစေချင်ပါတယ်...ခုချိန်ထိလောကဓံကို အရှုံးမပေးရင်ဆိုင်ခဲ့တဲ့
မမကြီးကို ကျွန်တော် အမြဲ အသိအမှတ်ပြုပြီး ဂုဏ်ယူနေမယ်နော်..မမကြီးရဲ့ အောင်မြင်မှုတွေကို
ကျွန်တော် အမြဲနားစွင့်နေတယ်နော်...မနက်ဖြန်တိုင်းမှာ ပျော်ရွင်သာယာပါစေနော်...
                                
                                         အဝေးတစ်နေရာက  မမကြီးရဲ့ မောင်လေး
                                                     ဂျစ်ပစီမိုးတိမ်

 

nyeinmahaw08 on 31-10-2009 ပြောသည်။

ဒါမေမေ ပြောတဲ့ ကျွန်မ ဘ၀ အစစ်မှန် ပေါ့ ................. 

ကျေးဇူး တင်ပါတယ်မေမေ ရဲ့  မွေးနေ့ လက်ဆောင်ကဗျာလေးက သမီး တွက်

တခါမှ မရဘူးတဲ့  တန်းဘိုးရှိတဲ့ လက်ဆောင်ပေါ့

ထင်မြင်ချက် ပေါင်းထည့်သည်။

ကျေးဇူးပြု၍login သို့မဟုတ်မှတ်ပုံတင်ခြင်း(register) ပြုလုပ်ပါ။
  • အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက် အပြည့်အစုံကို ကြည့်နိုင်ရန်
  • မိတ်ဆွေသူငယ်ချင်း အသစ်ရှာဖွေနိုင်ရန်
  • မှတ်ချက်ရေးသားနိုင်ရန်
  • ကိုယ်ရေးကိုယ်တာ Message ပေးပို့နိုင်ရန်
← သိစေချင်တယ်   Blog သို့ပြန်သွားသည်။   မမြင် ရပေမယ့် ယုံကြည်ပါတယ် →
© 2013-2024 အခမဲ့ Video Chat Conferendo! ရပိုင်ခွင့်၊ အခွင့်အရေးအားလုံးကို သီးသန့်ထားရှိပါသည်။
ဘာသာပြန်ဆိုရာတွင် အမှားတွေ့ရှိသည်။ အကြောင်းကြားရန် ၊၎င်းအား mouse ဖြင့် select လုပ်ကာ Ctrl+Enter နှိပ်ပါ။