Blog of ngweoo RSS Available

(ခေါင်းစဉ်မရှိပါ)

01-01-0001 တွင် တင်ထားသည်။

ဆောင်းပါးဖတ်သည်။   ထင်မြင်ချက် ပေါင်းထည့်သည်။

ဝေခွဲမရငါ့ဘဝ

05-01-2011 တွင် တင်ထားသည်။ ngweoo125

နှစ်ဦးနှစ်ဖက်....တစ်ဦးထက်ကို

ဘယ်သို့ တင်ရ......ခက်သည့်ခက်ချေ

ငါအခြေအနေဟာ.........

စုပ်ရင်လဲစူး......စားရင်လဲဆူး

မီးခဲကိုမှ.....ကိုင်မိသလား

အမြင်အားဖြင့်ထင်သာပေါ်လွင်

သူတို့လိုအင်ပြည့် နိုင်ချင်မို့ ....

ငါ့ မှာကြိုးစားမာယာမများခဲ့..........

ငါ၏စိတ်တွေ.....ပင်ပန်းနေသည်..

လှေနှစ်စင်းကိုမှလျှော်မိသူ........

တက်ကြိုးရွက်ပဲ.....အခြေအနေမဲ့လို့

ငါ့ရံ့ နှစ်ကောင်ကိုမှဖမ်းမိသူ........

ခေါင်းကွဲထိပ်ပေါက်.........အခြေရောက်လို့........

င့ါမှာကြိုမြင်...ငါ့ဖြစ်အင်ဟာ......

ဟိုလဲမျှော်တွေးအနေအေးဖို့.......

ဒီလဲမျှော်တွေးအနေအေးဖို့......

ဘယ်ကိုယိုင်လို့.......ဘယ်သို့ရွေးမလဲ......

မှုံဝါးတဲ့အသိတောင်....မရှိတော့ပြီ...........5.1.2011

ဆောင်းပါးဖတ်သည်။   ထင်မြင်ချက် ပေါင်းထည့်သည်။

ဖော်မဲ့အလွမ်း

31-12-2010 တွင် တင်ထားသည်။ ngweoo125

မိုးတွေရွာလည်း......ချစ်နေတယ်

နွေနေပူနေလည်း........ချစ်တယ်

နှင်းတွေကျဆင်းနေလည်း.....ချစ်နေပါတယ်

ဘယ်ဘ၀.....ဘယ်ရာသီ

ဘယ်နေရာတွေပဲရောက်ရောက်..........

ငါ့ရင်ထဲတိတ်တခိုးလွမ်းဆွေးနေတာ........

ဖော်ပြခဲ့ရသော်လည်းလွမ်းနေဆဲပါ

ခံစားချက်တွေကိုဖော်ပြခွင့်ရခဲ့လို့ပိုလွမ်းနေမိ..........

လွမ်းရင်းနဲ့ဝေးနေတဲ့ဘ၀တွေကို........

နာကျည်းချက်တွေအကြိမ်ကြိမ်ချပြီ.........

ငါလေ......ဆက်လွမ်းနေမိခဲ့တယ်..........


ဆောင်းပါးဖတ်သည်။   ထင်မြင်ချက် ပေါင်းထည့်သည်။

အလွမ်းကျိမ်စာ

31-12-2010 တွင် တင်ထားသည်။ ngweoo125

ကုန်ခဲလှတဲ့အချိန်တွေရယ်.......

နှောင်းတမြည့်မြည့်...အောက်မေ့ နေမိ......

ငါ......အဝေးတစ်နေရာက

ဖော်ပြလို့မရတဲ့အလွမ်းဝေဒနာတွေ

နှေးလွန်းလှတဲ့.....နေ့ ရက်တွေ..

အလှမ်းဝေးလို့အလွမ်းဘက်ကို...........

ကူးခတ်ရင်းမျောနေပါပြီ............

နစ်မွန်းရတော့မှာလား..........

ဝေးလွန်းလှတဲ့...နှစ်လတွေရယ်.......

ကဗျာတွေနဲ့ကာရန်တွေထက်.........

အလွမ်းဇာတ်ကို..မနိုင်ထမ်းပိုး

ဒီအဖြစ်မျိုးလောက်..........ခံခက်ခဲလှ....

ငါ့ဘ၀ဘယ်တော့များမှ

ပျော်စရာတွေရှိနိုင်မှာလဲလေ............


ဆောင်းပါးဖတ်သည်။   ထင်မြင်ချက် ပေါင်းထည့်သည်။

သမိုင်းဝင်သခင်မ

30-10-2010 တွင် တင်ထားသည်။ ngweoo125

........ကမ်းမမြင်လမ်းမမြင်

စခန်းတွင်သာနေတော့ရယ်လို့

ဘယ်သူတွေဘယ်လိုရိုင်းရိုင်း

တို့ တိုင်းသူဘယ်မမှု

ရာစုမှာတစ်ယောက်တိုးပြီကွဲံ့

အမျိုးသမီးတဲ့အာဇာနည်........။

သားတို့ရဲ့ အမေ

ဝတ္တရားမကျေဘူးမဆိုလေနဲ့

ငါးကုဋေပြည်သူတွေရဲ့ 

အမေလည်းတစ်ပြိုင်နက်ဖြစ်

ဖခင်အမွေအနှစ်မို့

စိတ်တန်ခိုးကတော့အပြည့် .....။

သည်ကမ္ဘာလောကထဲက

ထွက်ခွာလုဆဲချစ်သူရဲ့ ခေါင်းချရမယ်ရင်ခွင်

မှီတင်ရမယ့် ပခုံး

သိမ်းကျုံးဆုပ်ကိုင်ရမယ့် လက်

တစ်ချက်မှမဖြည့် ဆည်းနိုင်

သက်ဆုံးတိုင်သာတိုင်ရစ်

ချစ်သူတစ်ယောက်ထွက်သွား

ရှင်သူများနဲ့ လေမလဲခဲ........။

သူမရဲ့ ပြည်တော်ပြန်ဘဝ

တန်ဧ။်ဆိုပြီး

ဝေဖန်ညှိဖို့မလို

လိုတာရမှတန်တာမဟုတ်

ရာဇဝင်မှာစာမတင်ရလည်း

သမိုင်းခွင်မှာဖျက်လို့မရ.........။

ကေသရာဇာခြင်င်္သေ့စိတ်ဓါတ်

မြင့် မြတ်တဲ့ အင်္ဂါသမီး

ရှုမငြီးမြဆံကေ

ပန်းတွေဝေသူ့ အပြုံး

နှလုံးသားမှာနှင်းဆီဖူး

ဘာမထီဆူးတွေကြားက

အဟန့် အတားတွေကျော်ဖြတ်

သည်ဇာတ်မှာဘယ်လို့ကရလည်း

အဓိကဇာတ်ကောင်ပေမို့

ခေါင်းဆောင်မင်းသမီးကို

ဗီလိန်ကြီးဘယ်လိုကြမ်းကြမ်း

ဇာတ်လမ်းဘယ်လိုနာနာ

ဇာတ်သိမ်းမှာပြည်တောသာမှ

ပရိသတ်ဘဝင်ကျမယ်

အများရဲ့ ဆန္ဒ..................

 

 

 

လမ်းသစ်ဂျာနယ်မှတင်ပြချက်စုချစ်သူ

ဆောင်းပါးဖတ်သည်။   ထင်မြင်ချက် ပေါင်းထည့်သည်။

ပေးဆပ်သူ

17-09-2010 တွင် တင်ထားသည်။ ngweoo125

မရေရာတဲ့ လောကကြီးထဲ

အချစ်ဆိုတာကိုရှာဖွေမိတော့ 

မသေချာမှု့တွေ ရဲ့ကြားမှာ

ရင်မောနေရသူကငါပါ..........

နင်ကတော့အတိတ်ဟောင်ကရင်ခုန်သံတွေကို

တမ်းတနေတုန်းပဲလား.......

မြင်နိုင်မယ်ဆိုရင်

ငါ့ရဲ့ ရင်ထဲခဏလောက်ဝင်ကြည့် လှည့်ပါချစ်သူပေးတဲ့ ဒဏ်ရာဆိုတာ

နှလုံးသားရဲ့ အတွင်းဆုံးနေရာအထိ

အမြစ်တွယ်တက်ပါတယ်...........

နင်မသိခဲ့ဘူး

နင့်ကိုသတိယလို့မက်တဲ့အိမ်မက်

နိုးထချိန်အထိ

မျက်ရည်စက်လက်နဲ့ လေ

မျှောလင့် မိပါတယ်

နင့် ရဲ့ အချစ်တွေ

ငါ့အတွက်သီးသန့်ဖြစ်လာမယ်တနေ့ကိုပေါ့

အဆုံးမဲ့တဲ့ ငါ့ ရဲ့ အချစ်တွေက

ပေးဆက်ချင်းသက်သက်ဆိုလည်း

ဒဏ်ရာတွေကိုမမှုပါဘူး

နင်ပျော်ဖို့အတွက်

ထာဝစဉ်ပေးဆပ်နေပါမယ်ချစ်သူ.............

ဆောင်းပါးဖတ်သည်။   ထင်မြင်ချက် ပေါင်းထည့်သည်။

ပိုင်ဆိုင်ခွင့် 

17-09-2010 တွင် တင်ထားသည်။ ngweoo125

မင်းမချစ်နိုင်ရင်လဲအဝေးကကြည့် နေရုံပဲပေါ့ 

ငါကိုချစ်ပါလို့ပြောခွင့် မှမရှိတာ.........

မင်းမုန်းရင်လည်းအဝေးကချစ်နေရုံပဲပေါ့ 

ငါ့ ကိုမုန်းပါလို့တားခွင့် မှမရှိတာ..........

မင်းသတိယမရရင်လည်းအဝေးကတမ်းတနေရုံပဲပေါ့ 

ငါ့ ကိုသတိယပါလို့ပြောခွင့်မှမရှိတာ.........

ငါ့ ကိုဂရုမစိုက် လျှစ်လျူရှု့ ထားရင်လည်းအဝေးကတောင်းတနေရုံပဲပေါ့ 

ငါ့ကိုလျှစ်လျူရှု့ပါလို့တောင်းဆိုခွင့်မှမရှိတာ............

ချစ်ချင်းတခုမှာပိုင်ဆိုင်ချင်းတွေရှိနေမယ်ဆိုတာ

ငါယုံကြည်တယ်လေ .........

တရားဝင်ပိုင်ဆိုင်ခွင့် မရှိတောင်

ငါ့ ရဲ့စိတ်ကူးတခုမှာ

ငါဟာမင်းရဲ့ချစ်သူဖြစ်ခွင့် ရှိလေရဲ့ ..........

အဲ့ ဒိမှာအမုန်းမရှိဘူး

လွမ်းချင်းတော့ရှိမှာပေါ့

မင်းမှမရှိတာလေ................

ဆောင်းပါးဖတ်သည်။   ထင်မြင်ချက် ပေါင်းထည့်သည်။

လှည့် စားမှုမာယာ

09-09-2010 တွင် တင်ထားသည်။ ngweoo125

ချစ်သူ.....မင်း၇ဲ့ မာယာအောက်မှာ

            မလိုက်ဖက်တဲ့ အဟာရကို

            စားသုံးပြီး အားလုံးကို

            အရှုံးပေးခြင်တဲ့  ငါ့ စိတ်ကူး

            ငါကိုယ်တိုင်ဒီနွံထဲကို

            တိုးဝင်မိသူ..........

            ကံကောင်းစွာနဲ့  အသက်ရှူခွင့် ရပေမယ့် 

            ငါ့ နှလုံးသားကတော့ အောက်ဆီဂျင် ပျက်သုန်း

            ဘ၀ဆုံးရတော့ မယ်အဖြစ်ပါ .........

ချစ်သူ.....ပထမဆုံးပွဲမှာတော့ ရိုးသားစွာနဲ့ ရှုံးနိမ့် လိုက်တာ

           နောက်ပွဲမှာတော့  ကံမကောင်းနိုင်တော့ ပါဘူး

           ငါ လေ့ ကျင့် ရက်နည်းလို့ ထင်တယ်

ချစ်သူ.....အချစ်ဆိုတာ ဘာလဲလို့ မမေးလိုက်ခင်

            မင်းရဲ့ အဖြေကငါ့ အတွက် ကာရန်မညီခဲ့ တာတော့ သေချာတယ်

ချစ်သူ.....တကယ်တော့  ငါ့ အတွက်မင်းက လေးနက်သူ

            မင်းကငါ့ အတွက်နေိုးကြွစေသူ

            ဘ၀မှာခွင့် လွတ်ခြင်းဆိုတာ မရှိပေမယ့် 

            ချွင်းချက် အနေနဲ့ မင်းတယောက်ကို

            အနိုင်မယူအရှုံးပေးခြင်တာငါ့ ဆန္ဒပါ...........ချစ်သူ

ဆောင်းပါးဖတ်သည်။   ထင်မြင်ချက် ပေါင်းထည့်သည်။

အစွန်းရောက်ဝါဒီနှင့် အမျိုးပျောက်မည့် မြန်မာပြည်

27-08-2010 တွင် တင်ထားသည်။ ngweoo125

~  တို့ မျိုးအရေး   တို့အလေးမို့ 

ခေါင်းသည်ထောင်လဲ  ဘ၀မွဲမို့ .....

ငိုမိဆဲပါ..........

~      ဘုံပျက်စီးပွား  ငါ၏အားကို

ချိုးနှိမ်ကုန်ဈေး    တွက်နေပြန်လည်း

အပိုပဲမို့  အမောရင်သာရှိတော့ မည်.........

~     မရှောင်အလွတ်  ရှောင်လည်းမလွယ်

ခပ်သွယ်သွယ်နဲ့   အထက်တက်နေ

ပြည်သူပြည်သားရတက်မအေးနိုင်...............

~     မောလို့ငေးငိုင်  မျောပါးသေလု

လုပ်သက်ကူလည်း   မတန်တကြေး

ပေးကာပေးလည်း   ၀မ်းရေးအတွက်

ဖြည့် စည်းမနိုင်  မိသားစုရေး

ဆန်ပြုတ်ရေးအတွက်  ဆန်တပြည်ရ

ကျေနပ်ရသည်...........

~   ငတ်သည့် ခါခါ    ဘယ်မှာဝလင့် 

ရေသောက်ဗိုက်မှောက်  အောက်ကျို့ ဘဝ

ဘယ်နားမဆုံး  ပြည်သူများမှာ

တည်မြဲတည်နေ   အဖြစ်တွေနှင့် 

အရှင်လတ်လတ်  ငရဲပြည်သား

လူအများကို  ထပ်ပြန်နှိပ်စက်

ဂုဏ်ဇောတက်လို့   သာတနာမမြင်

သူတို့ ရင်မှာ  ဘာသာစော်ကား

သံဃာအများကိုသတ်လိုကသတ်

ဖမ်းလိုကဖမ်း  ညှင်းပန်းနှိပ်စက်

ခွေးဇာတ်တွေလည်း  ခင်းလိုက်ကြသေး..........

~   ပြည်သူ့ အရေး  သူမတွေးလို့ 

ကျွန်ပြုသဘော  သူ့ မနောကို

လူတိုင်းလေသိ  ငါတော့ ရှက်ဘိ

သူကမရှက်    နေအပ်ရက်တယ်

~    အာဏာဖီဆန်ရာဇဒဏ်ဟု

တစ်ဖက်သက်တွေး အယူမှားတွေ

ရှိနေသည်ဟု  ကိုယ်ကိုမတွေး

သေမည့် ဘေးကို  ကြောက်လှချီရဲ့ 

~  ငါတို့ အဖြစ်တွေ  တွေးတောဆန်းစစ်

ဒီအဖြစ်ကို  ငိုကြွေးကြိမ်ခါ

မနည်းပါဟု  ကြွေးကြော်နေလည်း

သူမကြား   ကြားလည်းမသိ

“ဘယ်သူသေသေ ငတေမာရင်ပြီးရော” ဟု

ဆောင်ပုဒ်ဆွဲကြိုင်  ဂုဏ်စည်းစိမ်ဘက်

ရမက်များနှင့် မြူးပျော်မဝ

ပုလင်ထက်ကဆင်း၇မှာလည်း

ကြောက်နေသေးလို့   ဟိုဖားဒီဖား

ဒီနယ်စားကို  မက်လုံးပုံပေခ

သူ့ အတွေးနှင့်   သူ့ အလေးသာ

အာဏာတည်တံ့   လက်အောက့် သူ့ လူ

ဖွဲ့ လိုက်ဖွဲ့ စည်း  စည်းကမ်းကြံ့ ခိုင်

ခွေးလှိုင်လှိုင်ကို  မွေးမြူကျွေးမွေး

ပြည်သူ့ အရေးကို  မတွေုးနိုင်အား

တဗို့ ထဲသမား  ဒီလူသားကို

ဘယ်လိုဘယ်ပုံ  ဝေဖန်ဆန်းစစ်

အသွင်မတင့်   အမြင်လည်းမတင့် 

သူရုပ်ခံန္ဒာအသားကမည်း

ဗိုက်ကရွှဲလို့  ဘီးလူးလေလား

သရဲလား..........

~   သူ့ သိုင်းဝန်းကျင်  သူလူသူခင်

သူ့ အမြင်မှာ  ငါတို့ မရှိ 

သူ့ ဆွေမျိုးသာ  ရှိလိမ့် မည် ၏

ယခုဒေါက်တာ  ဘယ်သူပါလဲ

ဗိုလ်မှူးသားသမီး

ယခုအင်ဂျင်နီယာ  ဘယ်သူပါလဲ

ဗိုလ်ကြီးသားသမီး.........

ငါ တို့ မှာတော့   ဘာမှမဖြစ်

ဘယ်မှာထောက်ပံ့ အားပေးအားမြောက်

နောက်ခံအကူ  ဖွေရှာမရ 

တပိုင်းတစ  သည်ပညာကို

ခဲရာခဲစစ်  အပင်ပန်းခံ

သင်ခဲ့ ပြန်လည်း   ငါ့ တော့ ဘွဲ့ ရ

ပညာမ၀ခဲ့    ဘယ်မှာအလုပ်ရှိလိမ့် မည်လဲ

ရှိတော့ ရှိတယ်  ဘိုးဘွားအမွေမို့ 

မရောင်းရက်  မပြုရက်  ငါဘွဲ့ ရကြီး

ငါကိုယ်တိုင်ပဲ  ၀င်လုပ်ခဲ့ ရ

လယ်သမားဘ၀............

~“ပညာလိုအိုသည်မရှိ”

ပညာရဲရင့် ပွဲလယ်တင့် တဲ့ 

ကြားဘူးခါခါ  ကြာခဲ့ ပြီပဲ

ဒါပေမယ်လေ  သူ့ ခံယူချက်

သူ့ အတွက်က   မဲများမဲနိုင် 

ကျေးတောတိုင်းကိုဂုတ်သွေးစုပ်ပြီး

သူ့ ပုံးထဲကိုမထည့် မနေ 

ချောက်လှန့် နေပြီး.........

~   စစ်မိန့် စစ်ပြန်  ရုန်းကန်မရ

ငါတို့ ဘ၀  ..........

ရိုင်းလှတဲ့ ရာဇ၀င်

သည်မင်းမျိုးမရှိ  

တို့ ပြည်တို့ ဘေး   အကူဝေးလို့ 

မညှာရက်စက် စိမ်းရက်လေချင်း

ငါးဖယ်ဘ၀  ရောက်ရောက်နေနေ

ငါ တို့ ပြည်သားလူအများကို 

အို.......လူအများ  မဆိုထားနှင့်

သာသနာနွယ်ဝင်  ဘုန်ကြီးကို ပင်

သတ်ပစ်နေကြ.....

ကိုယ့် ဘ၀ကို့ အသဲ   အမဲဆွဲလို့

နေ့ စားနေလုပ်  ငါ တို့ ဇာတ်ထုတ်

အခန်းဇာတ်ရှည်  ၀တ္ထုတွေလို

သူတို့အုပ်ချုပ်  မင်းလုပ်နေသမျှ 

ငါတို့အသက်   ကျွန်သက်ရှည်လို့ 

ဘယ်မှာဆုံးခန်ရှိတော့ မည်လဲ.....................................

ဆောင်းပါးဖတ်သည်။   ထင်မြင်ချက် ပေါင်းထည့်သည်။

စကားဝါ

23-08-2010 တွင် တင်ထားသည်။ ngweoo125

သူ့ ရဲ့ အမည်လိုက်ဖက်သည်...........

အ၀ါရောင်သွေးရဲရဲစွေးလို့ ..................

နေ့ ခင်းအလင်းထိန်ထိန်တောက်............

ပြန့် ခတ်ရယ်ရနံ့ ဆွတ်ပျံ့ ထုံအီ...........

မွှေးလွန်းပြီ မို့ ဂုဏ်ပြိုင်ရယ်ထူး.........

ဒီနှစ်ဦးမှာကေသာလွန့် လွန့် လူး..........

မယ်ရူးပေါ့ “စကားဝါ”................

ဆောင်းပါးဖတ်သည်။   ထင်မြင်ချက် ပေါင်းထည့်သည်။

ဓါတ်ပုံများ

ခေါင်းစဉ်မရှိ။
0
ခေါင်းစဉ်မရှိ။
0
ခေါင်းစဉ်မရှိ။
0
ခေါင်းစဉ်မရှိ။
0

အမှတ်အသားများ (Tags)

နောက်ဆုံး ထင်မြင်ချက်များ

© 2013-2025 အခမဲ့ Video Chat Conferendo! ရပိုင်ခွင့်၊ အခွင့်အရေးအားလုံးကို သီးသန့်ထားရှိပါသည်။
ဘာသာပြန်ဆိုရာတွင် အမှားတွေ့ရှိသည်။ အကြောင်းကြားရန် ၊၎င်းအား mouse ဖြင့် select လုပ်ကာ Ctrl+Enter နှိပ်ပါ။