အပုဒ်ခွဲ 12

04-04-2010 တွင် တင်ထားသည်။ mylove001

ကောင်မလေးရေ.......

1500အပြည့်စီးတဲ့

ငါ့အချစ်ရဲ့ စီးဆင်းမှုတစ်ခုမှာ

ရင်ခုန်သံညီမျှ

အချစ်ရဲ့ Hz တွေကလည်း

အတိအကျပါပဲ........။


အချစ်တစ်ခုကို ယုံစားစွာချစ်မိတော့

ငါ့အချစ်ရဲ့ ပတ်လမ်းကြားမှာ

Over Load Protector

လည်း ခံမထားမိဘူးကွယ်။


ပြီးတော့ ငါ့နှလုံးသားမှာ

Fuse မပါတာကြောင့်

High Amp မှာတောင်

ငါတောင့်ခံပြီးနေနေတာ

Over Heat တွေတက်လာပြီး

ငါ့အသည်းတွေလည်း

အခုတော့အရေတွေပျော်နေရပြီ။


မင်းကိုချစ်ရတာမောတယ်ဆို

မင်းပြောသလိုနောက်တစ်ယောက်ကို

ပြောင်းချစ်ပါဆိုလို့

ငါ့အချစ်ကိုမင်းက

အချစ်လိုင်းအပိုထား

Change Over များတတ်ထား

တယ်ထင်လို့လားကွာ။


ဘာပဲဖြစ်ဖြစ်ပါ

မင်သိအောင်တစ်ခုတော့ပြောထားမယ်

ငါ့အချစ်ဆိုတာက လိုသလိုချိန်ညှိပေး

အချိန်မရွေးညီမျှအောင်ထားပေးတဲ့

Auto Voltage Change ထက်တောင်

သာပါသေးတယ်။

1500 မှ 1500အပြည့်ပဲ

အချိန်မရွေးစစ်ပါ တစ်မှတ်ကလေးတောင်မှ

မကျစေရဘူး။


အဲ့ဒီလို Quality နဲ့

Warranty တစ်သက်စာပေးပြီး

မင်းကိုချစ်ခဲ့တယ်ဆိုတာယုံပါ။


                            (လမင်းသစ်)Biggrin

ဆွေးနွေးခြင်း

on 01-01-0001 ပြောသည်။

ထင်မြင်ချက် ပေါင်းထည့်သည်။

ကျေးဇူးပြု၍login သို့မဟုတ်မှတ်ပုံတင်ခြင်း(register) ပြုလုပ်ပါ။
  • အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက် အပြည့်အစုံကို ကြည့်နိုင်ရန်
  • မိတ်ဆွေသူငယ်ချင်း အသစ်ရှာဖွေနိုင်ရန်
  • မှတ်ချက်ရေးသားနိုင်ရန်
  • ကိုယ်ရေးကိုယ်တာ Message ပေးပို့နိုင်ရန်
← ပြဇာတ်မဟုတ်တဲ့အိမ်မက်   Blog သို့ပြန်သွားသည်။   DREAM ANGLE →
© 2013-2025 အခမဲ့ Video Chat Conferendo! ရပိုင်ခွင့်၊ အခွင့်အရေးအားလုံးကို သီးသန့်ထားရှိပါသည်။
ဘာသာပြန်ဆိုရာတွင် အမှားတွေ့ရှိသည်။ အကြောင်းကြားရန် ၊၎င်းအား mouse ဖြင့် select လုပ်ကာ Ctrl+Enter နှိပ်ပါ။