အချစ်တွေအကြောင်းပြောကြရအောင်နော်
25-07-2009 တွင် တင်ထားသည်။
linyongshein
အချစ်လေးမျိုးရှိတယ်တဲ့....
1. Ego Love
2. One-sided Love
3. Blind Love
4. True Love
1. Ego Love
ဒီအမျိုးအစားကတော့ အတ္တဆန်တဲ့အချစ်မျိုးလို့ပြောလို့ရပါတယ်.... အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းလို့ သတ်မှတ်ထားတဲ့သူတွေပေါ့... ကိုယ်ချစ်တဲ့သူကို... ကိုယ့်ဘေးမှာပဲခေါ်ထားချင်တယ်... မျက်စိအောက်က အပျောက်မခံချင်ဘူး... သ၀န်တိုနေတယ်... ချစ်သူက ကိုယ့်ကိုပဲ ဂရုစိုက်စေချင်တယ်ဆိုရင်.... အဲဒါ ego love ဖြစ်နေပါပြီ... အဲဒီလိုလူတွေက... ချစ်သူကို စိတ်ဆိုးလွယ်တယ်... သူက ငါ့ကို ငါချစ်သလောက်မချစ်ဘူးဆိုတဲ့အတွေးမျိုး.. ခဏခဏ၀င်တတ်ပါတယ်... အမှားဆိုရင် သေးသေးလေးတောင် သည်းမခံတတ်ကြပါဘူး.... အချစ်ကြီးပြီး အမျက်ကြီးတယ်ဆိုတဲ့လူစားမျိုးတွေလည်းပါတယ်ပေါ့...
2. One-sided Love
ဒီအမျိုးအစားက...ကိုယ်ကပဲချစ်နေချင်တယ်...... အရာရာပေးဆပ်နေချင်တယ်...... အကောင်းဆုံးတွေလုပ်ပေးချင်နေတယ်...... ဒါပေမယ့် တစ်ဖက်လူက... ကိုယ်လုပ်ပေးနေတာတွေကို လိုချင်ရဲ့လားဆိုတာ... ဘယ်တော့မှမစဉ်းစားပါဘူး... အဲဒါကြောင့် တစ်ခါတစ်ခါ... တစ်ဖက်လူက စိတ်ကျဉ်းကျပ်တာတွေ... စိတ်ရှုပ်တာတွေခံစားရတတ်ပါတယ်... အတွဲတစ်တွဲမှာ တစ်ယောက်က အဲဒီလိုဖြစ်နေပြီဆိုရင်တော့....... မကြာခင်မှာ ဆက်ဆံရေးက အက်ကြောင်းထင်လာတတ်ပါတယ်...
3. Blind Love
ဒီလိုအချစ်အမျိုးအစားကို... စိတ်ကစားတာလို့လည်းခေါ်နိုင်ပါတယ်... အချစ်မှာမျက်စိမရှိဘူးလို့ပြောနေကြတဲ့သူတွေပေါ့... အရာရာကို ရင်ဆိုင်ရဲလာမယ်... သူ့အတွက်နဲ့ အရာရာကိုစွန့်လွှတ်ရဲတဲ့ စိတ်တွေဝင်လာမယ်... ဒါဆိုရင် blind love ဖြစ်နေပါပြီ... ဖြစ်သင့်မဖြစ်သင့်... လုပ်သင့်မသင့်တွေလည်း မစဉ်းစားမိတော့ဘူးလေ.... ဒါပေမယ့် ဒီလိုအချစ်မျိုးက ကြာကြာမခံပါဘူး.... အချစ်တွေပျောက်သွားတဲ့အချိန်မှ... ကိုယ်လုပ်မိတာတွေအတွက်...နောင်တရနေတတ်ပါတယ်...
4.True Love
နောက်ဆုံးအမျိုးအစားပါ.... မေတ္တာလို့လည်းခေါ်နိုင်တယ်ပေါ့..... အေးချမ်းတဲ့အချစ်လို့ပြောလို့ရပါတယ်... ပေးဆပ်ခြင်းနဲ့လည်း မကြေကွဲရဘူး.... ရယူလိုခြင်းအတွက်လည်း မပူလောင်ရတဲ့အချစ်မျိုးပါ.... ဒီလိုအချစ်မျိုးကတော့.... အင်မတန်ရှားပါတယ်... လူတစ်ယောက်ကို.... တစ်ခြားဘာကိုမှမကြည့်ဘဲ.... သူဖြစ်နေတဲ့အတွက် ချစ်နေတဲ့အချစ်မျိုးပါ.... အသဲကွဲတယ်ဆိုတာလည်းမရှိဘူး.... သူနဲ့မပေါင်းရလည်း... ဘာမှမဖြစ်ဘဲ... တစ်သက်လုံး... စိတ်ထဲမှာထားပြီး.... ချစ်သွားနိုင်တဲ့အချစ်မျိုးပါ.... အဲဒါကြောင့် တစ်ချို့က ၅၂၈ မေတ္တာနဲ့တောင် မှားတတ်ကြပါတယ်....
အပေါ်မှာရေးခဲ့တဲ့အချစ်လေးမျိုး မှာ Ego Love နဲ့ One-sided Love က နည်းနည်းဆင်ပါတယ်... တစ်ချို့က တစ်ခါတစ်လေ...Blind Love ကို True Love နဲ့လည်း မှားတတ်ကြပါတယ်... ဆင်တာကိုး... မတူကတော့... Blind Love က လွယ်လွယ်နဲ့ပျောက်သွားတတ်ပြီး... True Love ကတော့ နှစ်တွေဘယ်လောက်ကြာကြာ မပျောက်သွားတတ်ပါဘူး... အဲဒါကြောင့်...... ချစ်မိပြီဆိုရင်..... ကိုယ့်ကိုကိုယ်မှန်မှန်ကန်ကန် သုံးသပ်နိုင်ပြီး... ရင်ဆိုင်ရမယ့်ပြသနာတွေကိုဖြေရှင်းနိုင်ကြပါစေ... ....
စာကြွင်း - Forward Mail တစ်ခုမှရရှိပါသည်။
ချစ်သူရှိသူများအတွက်ပါ...
လင်းရောင်ရှိန်