co2zenith RSS Available

လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေသော စစ်မှန်သော ဒီမိုကရေစီ ရရှိရေးအတွက် ကြိုးပမ်းနေကြသော မည်သည့်အဖွဲ့အစည်းမဆို မည်သည် လူပုဂ္ဂိုလ်မဆို အားလုံးဘက်မှ ကျွန်တော် အမြဲတမ်း ရပ်တည်ပါသည်။ ကျွန်တော် အကြောင်းက ရင်းနှီးနှီး ပေါင်းကြည့်ရင် သိလာမှာပါ။ ကျွန်တော်လက်ရှိပြောပြနိုင်တဲ့ ခံယူနားလည် ထားတာက ဒုက္ခဆိုတာ spring နဲ့ တူတယ်။ ကိုယ်က ပိုပြီးမာရင် သူကပျော့ သွားလိမ့်။ ကိုယ့်မှာ လုံလောက် တဲ့ အင်အားရှိမနေရင် သူကပိုပြီးမာလိမ့် မယ်လို့ လေ။

(ခေါင်းစဉ်မရှိပါ)

01-01-0001 တွင် တင်ထားသည်။

ဆောင်းပါးဖတ်သည်။   ထင်မြင်ချက် ပေါင်းထည့်သည်။

ကျနော်တို့အဖွဲ့ဝင်တချို့အား ထောင်ကျအောင် နှောင့်ယှက် သူတဦး ပေါ်ပေါက်လာပါသည်

20-02-2009 တွင် တင်ထားသည်။ co2zenith

ရဲဘော်/ရဲမေများနှင့်အမိမြန်မာပြည်ကို ချစ်မြတ်နိုးပြီး လူထုကို တကယ်ကယ်တင်ချင်ကြတဲ့ သူအားလုံးကို အကြောင်းကြားပါသည်။

ကျနော်တို့ လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာ အဖွဲ့သည် မည်သည့်နေရာ/ငွေ/အာဏာ/ ဘာတခုကိုမှ မမျှော်ကိုးပဲ လူထုတရပ်လုံး ရင်ဆိုင်နေရသော ဒုက္ခအ၀၀ / လူ့အခွင့်အရေးချိုးဖေါက်ခံနေရမှု့များအား နအဖ စစ်အာဏာရှင်တစု သိအောင် တခုခု လုပ်ပေးနိုင်အောင်ဆောင်ရွက်နေသည့်အဖွဲ့ဖြစ်သည့်အပြင် နအဖ စစ်အာဏာရှင်ရဲ့ မတရား အနိုင်ကျင့် ဗိုလ်ကျနေမှု့များအား ကျန် ပြည်နယ်နှင့်တိုင်း မှ လူထုသိရှိအောင် လှုတ်ရှားမှု့မျိုးစုံဖြင့် လူထုကို တင်ပြပေးနေသော အဖွဲ့ဖြစ်ပါသည်။

ကျနော်တို့အဖွဲ့တွင် သံဃာတော်များ ၊ ကျောင်းသား/သူများ၊အလုပ်သမားများနှင့်တောင်သူလယ်သမား အနည်းငယ် ပါဝင်ဖွဲ့စည်းထားပြီး ပြည်တွင်းရှိ အန်အယ်ဒီပါတီ/
၈၈ မျိုးဆက်၊ တခြား နိုင်ငံရေးတက်ကြွလှုတ်ရှားသူများ၏ လှုတ်ရှားမှု့မျိုးစုံကို ၀န်းရံပေးခြင်း၊ ပူးပေါင်းပါဝင် ဆောင်ရွက်ဖြင်းများ ပြုလုပ်နေသည့် အဖွဲ့ဖြစ်ပါသည်။

ယခုအခါ ကျနော်တို့အဖွဲ့ဝင်တချို့အား ထောင်ကျအောင် နှောင့်ယှက် သူတဦး ပေါ်ပေါက်လာပါသည်။ ထိုသူမှာ နအဖ အာဏာပိုင်မှ လက်သက်မွေးထားပြီး ဆိုက်ကားနင်းစားနေသော ကိုဖိုးတုတ် (ည ရပ်ကွက်ထိပ်/ မြောက်ဥက္ကလာနေသူ)ဖြစ်ပါသည်။
အထက်ပါ စွမ်းအားရှင် ကိုဖိုးတုတ်ကဲ့သို့ နအဖ သစ္စာခံ လုပ်နေသော သူများမှာ လူထုထဲတွင် စွမ်းအားရှင် အမည်နှင့်လှုတ်ရှားစောင့်ကြည့်နေကြပါသည်။

အားလုံး သတိထားလှုတ်ရှားကြရန်နှင့် ထိုသူတို့အား
ဒါဏ်ခတ် အရေးယူမှု့များ ပြုလုပ်ရန်လိုအပ်နေပါသည်။

ထို့ကြောင့် ပြတ်ပြတ်သားသား ဆန့်ကျင် ဒါဏ်ခတ်မှု့များပြုလုပ်ကြပါရန် တိုက်တွန်း နိုးဆော်လိုက်ပါသည်။
ကျော်ကျော်(တာဝန်ခံ)
လူထုတရပ်လုံးအတွက် စတေးခံ
အကောင်းဆုံး မြေသြဇာ

ယခု ပေးပို့သည့်စာအား ပြည်တွင်းပြည်ပ သို့ အမြန်ဆုံး ဖြန့်ဝေပေးကြပါခင်ဗျာ ဟုဆိုပြီး In Box ထဲသို့ Mail တစ်စောင်ရောက်လာ သောကြောင့်ကျွန်တော့် ဘလောက် တွင်ဖေါ်ပြပါသည်။

ဆောင်းပါးဖတ်သည်။   ထင်မြင်ချက် ပေါင်းထည့်သည်။

တော်လှန်ရေးမောင်နှမများခင်ဗျား

20-02-2009 တွင် တင်ထားသည်။ co2zenith

တော်လှန်ရေးမောင်နှမများခင်ဗျား အောက်ပါသတင်းကို ကျေးဇူးပြုပြီးလက်ဆင့်ကမ်းဖြန့်ဝေပေးစေချင်ပါတယ်။

●2009 ခုနှစ် ဇန်န၀ါရီ ၊ ဖေဖော်ဝါရီလများအတွင်း Campaign များပြုလုပ်ခြင်း၊ ပိုစတာများချိတ်ဆွဲခြင်း၊

မှူုတ်ဆေးများဖြင့်ရေးဆွဲခြင်း၊

စာဖြန့် ခြင်း၊

စာကပ်ခြင်းများ၊

ပြုလုပ်ခဲ့ခြင်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်း အတွင်းရှိ မြို့ နယ် မယက၊ရယကများ၊

အရံမီးသတ်များ၊ကြံ့ ခိုင်ရေးနှင့် စွမ်းအားရှင်များထံသို့  ၁၃၊ ၂၊ ၂၀၀၉ နေ့ တွင်

ညွန်ကြားချက်ပေးပို့ မူ့ များရှိကြောင်း၊

ညွှန်ကြားချက်တွင်

၁၊ မိမိတို့ မြို့ နယ်၊ ရပ်ကွက်၊လမ်းများတွင် စာဖြန့် ၊စာဝေ၊ စာကပ်ခြင်း၊မှုတ်ဆေးမှုတ်ခြင်း၊ ပိုစတာချိတ်ဆွဲခြင်း တို့ ဖြင့် အစိုးရဆန့်  ကျင်ရေးများမဖြစ်ပေါ်စေရန် နေ့ ညစောင့်ကြည့်ရန်၊

၂၊ ၄င်းဆန့် ကျင်ရေးပြုလုပ်သူကိုဖမ်းမိပါက တယောက်ဖမ်းမိပါက ၅၀၀၀၀ ပေးမည်။

၃၊ ဆိုက်ကားဂိတ်များ၊ ဈေးသည်များအနီးတွင် ဆန့် ကျင်စာဖြန့် ဝေကပ်ခြင်း၊ မမိပါက ဆိုက်ကားဂိတ်သိမ်းမည်၊၊ ဈေးမရောင်းရသတ်မှတ်မည်၊ ဆိုက်ကားသမားများ၊ ဈေးသည်များမှ ဖမ်းပေးရမည်၊

၎၊ အသစ်ဖွဲ့ စည်းထားသော အရံရဲအဖွဲ့ ဝင်များကို ပိုမိုတာဝန်ချထားရမည်၊

၅၊ မြို့ နယ်ရဲစခန်းများမှလည်း လှည့်ကင်း၊၀ပ်ကင်း၊ ရပ်ကင်းများ၊ နေ့ ညပိုမိုချထားရမည်၊

၆၊ အဓိကအားဖြင့် ကြံ့ ခိုင်ရေး၊ စွမ်းအားရှင်၊ အရံရဲတို့ ကို ပိုမိုတာဝန်ပေးချထားရမည်ဖြစ်ကြောင်း ညွန်ကြားထားသည်ဟုသိရှိရပြီး ၂၀၀၉ ခုနှစ်အတွင်း ဆန့် ကျင်လှုပ်ရှားမူ့ များမဖြစ်ပေါ်စေရေးကို မြို နယ်အလိုက် တာဝန်ယူရမည်ဖြစ်ပြီး ဖြစ်ပွားပါက အရေးယူခံရမည်ဖြစ်ကြောင်းသိရှိရပါသည်၊

မိမိတို့ ၏ရဲဘော် ရဲဘက်များအနေဖြင့် အစိုးရဆန့် ကျင်ရေးလှုပ်ရှားမူ များကို သတိထားလုပ်ဆောင်ရန် လိုပြီး၊ နည်းလမ်းအသစ်များသုံးပြီး၊

ဝါဒဖြန့် ဆန့် ကျင်မူ့ များပြုလုပ်ရန်လိုအပ်ပါသည်၊

မြို့ နယ် တခုချင်းအလိုက် အရံရဲ ထောင်ဂဏန်းရှိပြီး ၄င်းတို့ အား သတိထားရန် လိုအပ်ပါသည်၊

Generation Wave

www.co2zenith.co.cc မှာ ဖြန့် ဝေပါသည်။

တရားသော ငါတို့ တော်လှန်ရေးကြီး အောင်ရမည်။

ဆောင်းပါးဖတ်သည်။   ထင်မြင်ချက် ပေါင်းထည့်သည်။

ကနေဒါက ကိုထွန်းကြိုင်ရေ

20-02-2009 တွင် တင်ထားသည်။ co2zenith
စိတ်အခြေအနေ: :arrow:.

အ ခု ရက် ပိုင်း ကျွန် တော် နေသိပ်မကောင်းလို့  Online သိပ်တတ်ဖြစ်ဘူး။
မေးတွေစစ်ကြည့်လိုက်တော့ အစ်ကိုကြီး အဓိပတိဖွား ဆီက စိတ်မကောင်း စရာ သတင်း တခုကြားလို့ စိတ်
မကောင်းစွာနဲ့ ဒီသတင်းကို ဖြန့်ဝေပေး လိုက်ပါတယ်။
စာဖတ်သူတို့ အနေ နဲ့လည်း ဒီသတင်း ကိုဖတ်ပြီး ဖြန့် ဝေပေး ပါ လို့
မေတ္တာရပ်ခံပါတယ်။
စာရောက်ရှိလာပုံမှလွဲပြီး ကျန်တာတွေအားလုံးကို ကျွန်တော် မူရင်းအ တိုင်းဖေါ်ပြပေးထားပါတရ်။

အဖြစ် က ဒီ လို ပါ ခင် ဗျ...
ရခိုင် ပြည်နယ် ကျောက် ဖြူ မြို့ နယ်၊ အ လယ် ဒွိန် အုပ် စု၊ အ လယ် ဒွိန် ရွာနေ
ဦး အောင် ကျန် ဖြူ + ဒေါ် မ ချွန်း) တို့ မှာ သားသ္မီး ၉ ယောက် ရှိတယ် ခင် ဗျ။
သူ တို့ တွေ က တော့
(၁) အောင်ဖေသန်း
(၂) ထွန်းတင်
(၃) သန်းသန်းမြင့်
(၄) ထွန်းကြိုင်
(၅) မောင်သန်းဝင်း
(၆) သန်းကြည်
(၇) လှမောင်သန်း
(၈) လှလှသန်း
(၉) မောင်လှသန်း တို့ ဖြစ် ကြ ပါ တယ်။
အဲဒီ ထဲမှာနံ ပါတ် (၄) သား (ထွန်း ကြိုင်) ဟာ ကနေဒါ(canada)ကို ရောက် နေ
ပါ တယ်။
သူ ဟာ သူ တို့ မိသား စု နဲ့ အ ဆက် အ သွယ် ပြတ် နေ တာ တော် တော် လေး ကို
ကြာ နေ ပါ ပြီ။ နှစ် တွေ နဲ့ ရေ တွက် ရင် တောင် မ မှတ် မိ နိုင် လောက် အောင် ပါ
ဘဲ လို့ နံ ပါတ် (၇) သား ဖြစ် တဲ့ လှ မောင် သန်း က ပြော ပါ တယ်။ ဒါ ပေ မယ့် သူ
တို့ ထဲ မှာ တော့ အောင် ဖေ သန်း ဆို တဲ့ အ ကို အ ကြီး ဆုံး က တော့ သူ့ ညီ ထွန်း
ကြိုင် နဲ့ အ ဆက် အ သွယ် ရှိ နေ တာ ထွန်း ကြိုင် ကနေဒါ ကို ထွက် သွား တုန်း က
တည်း က ပါ ခင် ဗျ။ ကို ထွန်း ကြိုင် ဟာ သူ့ မိ ဘ တွေ ဆီ ကို ငွေ မ ကြာ မကြာ လွှဲ
တယ် လို့ လှမောင်သန်း က ပြော ပါ တယ်။ ဒါ ပေ မယ့် အဲဒီ ငွေ တွေ ဟာ အောင် ဖေ သန်း
လက် ထဲ ကို ဒါ ရိုက် ရောက် တယ် လို့ ကြား သိ ရပါ တယ်။ အောင် ဖေ သန်း ဟာ ရလာ
တဲ့ ငွေ တွေ ကို မိဘ တွေ ကို မ ပေး ဘဲ သူ့ တစ် ကိုယ် တည်း အ တွက် သုံး တယ်
လို့ လဲ သိ ရ ပါ တယ်။
လှမောင်သန်းဟာထွန်း ကြိုင်နဲ့ဆက်သွယ်ဖို့အတွက် အောင်ဖေသန်း ဆီကထွန်း ကြိုင် ရဲ့ ကနေဒါကဖုန်း နံပါတ်ကို တောင်းပါတယ်။
အောင်ဖေသန်းဟာယုတ်မာစွာနဲ့သူသိတာတွေကိုတခုမှပြောပြခြင်းမရှိပါဘူးခင်ဗျ။
အခုဆိုရင် ထွန်းကြိုင်ရဲ့ မိခင်ဟာအသက် အရွယ် ရနေလို့ တော်တော် ကိုအိုစာနေပါပြီ။
သူမဟာ ဘာကိုမှမမျှော်လင့်ပါဘူးတဲ့။
သားဖြစ်တဲ့ထွန်းကြိုင် နဲ့ ဖုန်းပြောခွင့်ရရင် ဖြင့်၊
အသံလေး ကြားခွင့်ရရင်ဖြင့် သေပျော်ပါ ပြီလို့လှမောင်သန်းကပြောပါတယ်။
ဒ့ါ ကြောင့်ကျေးဇူး ပြု ပြီး ဒီစာကို ကနေ ဒါကထွန်း ကြိုင်ကိုလက်
ဆင့်ကမ်းပို့ပေးပါဗျာ။ ပြီး တော့ ဒီလိုအင်တာနက် ကနေတဆင့်ပြော
ပြတာလေးကထွန်းကြိုင်ဆီကို ဒီသတင်းရောက် နိုင်တယ်လို့လှမောင်သန်း
နဲ့ သူ့ ရဲ့ အမေက ယုံကြည် နေကြပါတယ်။
သူတို့ ရဲ့ယုံကြည်ချက်လေးတွေ
ကို ကျွန်တော်တို့ မပျက် ပြယ်စေဘဲ လက်ဆင့်ကမ်းအကောင်အထည်ဖော်ပေး
စေလိုပါတယ် ခင်ဗျာ။
ထွန်း ကြိုင် ရေဒီစာကို ဖတ်မိရင် ကျွန် တော်
ဆီကိုဆက်သွယ်ပါ။
ကျွန်တော့်အီးမေးလ်ကတော့
mibamyittar79@gmail.com ပါ။
ကျွန်တော့် ဆီမှာအစ် ကိုအမေနဲ့ လှမောင်သန်း ရဲ့ လိပ်စာရှိပါ တယ်။
"ကျွန်တော်ဆီ ကိုလှမောင်သန်းရေးလာတဲ့စာကတော့ဒီလိုပါ။
(အကို ကျ နော် လေး စားစွာဖြင့် စာ ရေး လိုက် ပါ တယ်။ ကျနော် အန် တီ နှင့် အ တူ
အ လုပ်လုပ် တဲ့ ပန်း တိမ် ဆရာပါ။ အ မေ အ သက် ကြီး ပြီ ဆို တော့ စကား ပြော ချင်
လို့ ကျနော်အကိုထွန်းကြိုင်ကို အပန်မကြီးဘူးဆိုရင် ကျေး ဇူး ပြုပြီး
ဆက် သွယ် ပေး လို့ ရ ရင် ဆက် သွယ် ပေး ပါ။
အား ကိုး စွာ ဖြင့်
လှ မောင် သန်း

Co2zenith မှ ထပ်မံ၍ ဖြန့်ဝေပါသည်။
ကျွန်တော်ရဲ့ စေတနာ မှန်ကန်ပါက အခုလို ကွဲကွာနေတဲ့
မိဘဆွေမျိုး သူငယ်ချင်း မိတ်ဆွေများအားလုံး
သူတို့ ရဲ့ လွတ်လပ်ပျှော်ရွှင်စရာကောင်းတဲ့ ဘ၀လေးတွေ အမြန်ဆုံး ပြန်လည် ဆုံဆည်း ရကြပါလို၏။

ဆောင်းပါးဖတ်သည်။   ထင်မြင်ချက် ပေါင်းထည့်သည်။

လိပ်စာမှားသွာတဲ့ ဖိတ်စာလေးပဲလား

04-02-2009 တွင် တင်ထားသည်။ co2zenith

 

အတ္တတွေ စီးမျော အတ္တဘော လူ့တစ္တေတွေ
ကံတွေလွှတ်ကောင်း ဒီသူတောင်းစားတွေ ဘယ်နေ့များ သေကြမလဲ…?
အတူသာလိုက်မယ်ဆို ငါပါသေပေးလိုက်ချင်ရဲ့
အပြစ်မဲ့ပြည်သူ တန်းတူညီမျှ ဘယ်တော့မှ လှပကြမလည်း…?
ရိုးသားတဲ့ပြည်သူတွေ ဒီမတရားကောင်တွေ နှိပ်စက် သက်သက်မဲ့ခံနေရတာ
ဒင်းတို့က အားမရဘုးထင်
နားတင်မက မျက်စိဆုံပိတ် စိတ်ရိုက်ချိုးခံရတာ
ဒီသတ္တ၀ါဆိုးတွေကြောင့် ငါတို့ပဲ မွဲပြီးရင်းမွဲ
ဘယ်အခါကမှန်းမသိ အမှန်တရားလဲ မရှိခဲ့တာ
အလဲကွဲ ရုန်းကန် ကောင်းစားဖို့ဆိုတာ မလုံလောက်သေးဘူး
လမ်းဘေးရောက်ခွေးလောက်တောင် ဇိမ်ကျအောင် မနေကြရတာ န.အ.ဖ သတ္တ၀ါတွေကြောင့်
ကိုယ့် ရိုးသားမှု့နဲ့ကိုယ် ဘယ်လို အသက်ရှင်ကြမလည်း…?
အမှောင်ထဲ မီးပျက် စမ်းတ၀ါးဝါးရက်စက် ၀မ်းနည်းပက်လက် အသည်းဆက်ဆက်ခါနာကျင်ရတာ အခါခါပဲ
တစ်ကြိမ်မက ကြားဘူးရတဲ့စကား
အချိန်က စကားပြောမတဲ့
နားခါး ဖို့သက်သက် လွဲတက်တက်စင် န.အ.ဖ ဖုတ်ဝင်တာ နှစ် (၂၀) မကတော့ဘူး ………. ဗျ
ကဲ………
ဘယ်လိုလုပ်ကြမလဲ အမှန်တရားကလွဲ
ကံတရားကလဲ မွဲတဲ့ပြည်သူ ငတ်သေတဲ့သူသေ
ဘယ်သူတွေ ပြောခဲ့လဲ မြန်မာပြည်ထဲ ဒါမျိုး မရှိခဲ့ဘူးဆို…?
လိုနေပြီ ညီညွတ်ခြင်း ခိုင်မြဲခြင်း အပြည့်နဲ့ အလင်းထဲ တိုးထွက်စို့
တို့ပေးဆပ်ခဲ့ရတာ များလွန်းတာ မမေ့ကြပါနဲ့
ဒေါင်းတောင် တလူလူ ခေါင်းဆောင်သူအားလုံးလဲ
သိမ်းကြုံးဆွဲညှစ် အထဲထည့်ပစ်တာ ဒီ မသာတွေပဲ
ဘယ်မလည်းနောက် ရဲရဲတောက်လူ
တာစူလည်းမရဲ နောက်လဲပဲ မဆုတ်သာ မျှော်လင့်တာဝေးသတဲ့ ဝေးပြီ
သတ္တိသွေးမွေး ရှေဆက်ရေးက ပေါက်ပြားကိုယူ
ကိုယ့်တွင်းကိုယ်တူးပြီး၊
ငါတို့ သေမထူးနေမထူးဖြစ်မှ
န.အ.ဖအစုတ် အယုတ်ကောင်တွေ ကိုပြုတ်အောင် မွှေနိုင်မှာ
ငါလည်းမပြောရက်တော့ပါဘူး
ရွံ့နေကြတာလား ရွံမုန်းသွားကြပြီလား
သူရဲကောင်းများ ဘယ်နားရောက်ကုန် ကြပြီလည်း ဗျာ
လိပ်စာပဲ မသိလို့လား
ဖိတ်စာပဲ မရောက်လို့လား
အိပ်ယာထဲ မှောက်နေကြလား…?

သြော် . . .
အတွေးတစ်စက မျှောသွားတော့ ကျွန်တော် သတိရတဲ့အချိန်
အိမ်သားတွေ အဆာ လွန်နေကြပေါ့။
အတွေးကို ခဏရပ် ဆန်တစ်ခွက်ဝယ်ကာ ပြန်အလှည့်လာ
လမ်းတစ်ဝက်မှာပဲ
ခွေးရိုင်းတသိုက် ၀ိုင်းလိုက်ခါ ဆွဲတော့
ကျွန်တော် အထဲနောက်တစ်ခေါက် ၀င်ရပြန်ပေါ့…

အမှန်တရားအတွက် အသက်မစွန့် ရဲရင်တောင်
အမှားတွေကို မထောက်ခံမိ ဖို့ ကအရေးကြီးပါတယ်။
မသိတာကို သိအောင် လုပ်ရမှာကိုတာဝန်ဖြစ်နေပါပြီ။
ဟိုမျှော်၊ဒီမျှော်ထက် ကိုယ်တိုင် ထလုပ်ရမဲ့ အချိန်ဖြစ်နေပါပြီ။
နှမ်းတလုံးနဲ့ ဆီမဖြစ်ပေမဲ့  နှမ်းလုံးတွေများလာရင်တော့ ဆီဖြစ်မှာသေချာပါတယ်။
မိမိ ကနှမ်းတလုံးအဆင့်  ဆိုရင်တောင် နှမ်းဖျင်း၊နှမ်းအ မဖြစ်ဖို့ ပိုအရေးကြီးပါတယ်။
လူတိုင်းမသိတာ မဟုတ်ပါဘူး မသိချင်ယောင်ဆောင်နေကြတာပါ။
ကိုယ်တိုင်ထလုပ်ကြည့် ပါ။
လူတိုင်းလုပ်ရင် လူတိုင်းမဆင်းရဲပါဘူး။
လုပ်တဲ့ သူနဲ့ မလုပ်ပဲနေတဲ့ သူမမျှတဲ့ အတွက် ကြာနေကြတာပါ။
အားလုံး ကိုယ်အသိရှိသလောက်
လေ ထလုပ်ကြည့် ကြပါ။
သူများ အားမကိုးကြပါနဲ့ ။

 

Co2zenith

ဆောင်းပါးဖတ်သည်။   ထင်မြင်ချက် ပေါင်းထည့်သည်။

ကျွန်တော်အခု ဘာလုပ်နေလည်းဆိုတော့ 

06-12-2008 တွင် တင်ထားသည်။ co2zenith

စိတ်ဝင်စားရင် D နေရာလေးကို CLICK လိုက်လေ...

ဆောင်းပါးဖတ်သည်။   ထင်မြင်ချက် ပေါင်းထည့်သည်။

© 2013-2024 အခမဲ့ Video Chat Conferendo! ရပိုင်ခွင့်၊ အခွင့်အရေးအားလုံးကို သီးသန့်ထားရှိပါသည်။
ဘာသာပြန်ဆိုရာတွင် အမှားတွေ့ရှိသည်။ အကြောင်းကြားရန် ၊၎င်းအား mouse ဖြင့် select လုပ်ကာ Ctrl+Enter နှိပ်ပါ။