"မျက်ရည်"
29-12-2010 တွင် တင်ထားသည်။
aungphonemyat_
ဆုံးရှုံးမှု့မှာ
အခြေတည်
နှလုံးသားရပ်ဝန်းကို
ဗဟိုပြု
အားပြင်းပြင်းနဲ့
တိုက်ခတ်လာတဲ့
အလွမ်းတွေကြောင့်
နှလုံးသားဆည်တွေပြို
ရင်ခွင်နက်ပိုင်းတွင် ရေလျှံ
မျက်ဝန်းတမံတွေ ကျိုးပေါက်
ဘယ်လိုမှ ထိန်းမလောက်အောင်
ရွာတဲ့မိုး.......................။