ကျက်သရေ မင်္ဂလာ

11-05-2010 တွင် တင်ထားသည်။ akyawmyint

“ စောစောစီးစီး ကျက်သရေမရှိ မင်္ဂလာမရှိတာတွေလာပြောမနေနဲ့.....” ဆိုတာက အစပြုတဲ့ ဆဲသံဆိုသံစကားလေးတွေ ကြားဖူးကြမှာပါ.......။

အဲဒီအပြင်......ဒီထက်ပိုဆိုးတာမျိုးတွေလည်းကြားဖူးကြမှာပါပဲ...။

ရုပ်ကိုက ကျက်သရေမ၇ှိဘူး..တို့။ ကျက်သရေ ယုတ်တယ်ဟာ...တို့။ မင်္ဂလာယူနေတာ လာနှောက်ယှက်တယ်တို့ပေါ့.....။ဒီတော့ ကျက်သရေနဲ့ မင်္ဂလာတွဲသုံးတော့ သဘောတူတူလိုရှိနေပေမဲ့ ကွဲသလိုဖြစ်ပြန်နေပါတယ်။ (အသုံးအနှုန်း)။         ရုပ်ကလေးက ကျက်သရေရှိလိုက်တာလို့ပဲ ပြောကြပါတယ်...ကျက်သရေမင်္ဂလာမရှိတဲ့ရုပ်လို့တော့ ပြောကြပြီး ။ ဘာကြောငိ့မို့ မင်္ဂလာရှိတဲ့ ရုပ်လို့ မပြောကြတာလည်းတော့မသိပါဘူး....။

လိုရင်းကို ဆက်ရရင်တော့ ကျက်သရေရှိတာနဲ့ မင်္ဂလာရှိတာချင်းသဘောတူတယ်လို့ လက်ခံရင် မင်္ဂလာဆိုတာဘာလည်.......

ဘာလုပ်ရင် မင်္ဂလာရှိမှာလည်း.......(စလာပါတယ်....)

အဲဒီတော့မှ စပါတယ်။ စပြီးပြောလာ ပြောလာရတာကနေေ၇ာက်လာတာက ဒီကိုပါ။

မင်္ဂလာတရား ၃၈-ပါး။ ။ ကမ္ဘာသူ ကမ္ဘာသား သတ္တ၀ါအားလုံးတို့အား ချမ်းသာကိုပေးတတ်သော တရား ၃၈-ပါး။

(၁) အသေ၀နာစ ဗာလာနံ- သူမိုက်ကို မဆည်းကပ်ရခြင်း၊
(၂) ပဏ္ဍိတာနဉ္စ သေ၀နာ-ဥာဏ်ပညာရှိသူတို့ကို ပေါင်းသင်းရခြင်း၊
(၃) ပူဇာစ ပူဇနေယျာနံ- ပူဇော်ထိုက်သူတို့ကိုပူဇော်ရခြင်း၊
(၄) ပဋိရူပ ဒေသာဝါသ-သင့်လျော်ကောင်းမြတ်ရာ၌ နေရခြင်း၊
(၅) ပုဗ္ဗေစ ကတ ပုညတာ- မဆွက ကောင်းမှုကုသိုလ်ကို ပြုခဲ့ဘူးခြင်း၊
(၆) အတ္တသမ္မာ ပဏီဓိ- ကိုယ်စိတ်နှစ်ဖြာကို ကောင်းစွာပြုပြင်ထားခြင်း၊
(၇) ဗာဟုသစ္စ- အကြားအမြင်ပညာများသူ ဖြစ်ခြင်း၊
(၈) သိပ္ပမင်္ဂလာ- အပြစ်ကင်းသည့်စက်မှုလက်မှု အတတ်မျိုးစုံ တတ်ထားရခြင်း၊
(၉) ၀ိနယ သုသိက္ခိတ- ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ကျင့်ဝိနည်းကို ကောင်းစွာသင်ယူခြင်း၊
(၁၀) သု ဘာသိတ၀ါစာ- အင်္ဂါလေးပါးရှိသော စကားကို ပြောဆိုတတ်ရခြင်း၊
(၁၁) မာတာပိတု ဥပဋ္ဌာနံ- မိဘ၂-ပါးအား စင်စစ် လုပ်ကျွေး မွေးမြူရခြင်း၊
(၁၂) ပုတ္တဒါရဿ သင်္ဂဟ- သားမယားတို့အား စွမ်းနိုင်သလောက် ကျွေးမွေးထောက်ပံ့ရခြင်း၊
(၁၃) အနာကုလ ကမ္မန္တ-ချို့ယွင်းမှုမရှိ မိမိတတ်သိလိမ်မာပြီးသော အလုပ်ကို ကာလ ဒေသအလိုက် ထိုက်သလို လုပ်ရခြင်း၊
(၁၄) ဒါန မင်္ဂလာ-ပေးကမ်းစွန့်ကြဲ လှူဒါန်းရခြင်း၊
(၁၅) ဓမ္မ စရိယ-ကုသလကမ္မပထ တရားဆယ်ပါးကို ပြုလုပ်ရခြင်း၊
(၁၆) ဥာတကာနဉ္စသင်္ဂဟ-ဆွေမျိုးတို့ကို တတ်နိုင်သလောက် ချီးမြှောက် ထောက်ပံ့ရခြင်း၊
(၁၇) အန၀ဇ္ဇကမ္မ-နောင်သံသရာရေး၌ အပြစ်ဘေးမကျ ပကတိသုခကို ရနိုင်သည့် ငါးပါး, ရှစ်ပါး စသော သီလများနှင့် အများကောင်းကျိုး စေတနာ့ဝန်ထမ်း အလုပ်များကို လုပ်ရခြင်း၊
(၁၈) အာရတီ- မကောင်းမှုကို စိတ်ဖြင့်ဝေးစွာ ရှောင်ကြဉ်ရခြင်း၊
(၁၉) ၀ိရတီ- မကောင်းမှုမှ ကိုယ်နှုတ် နှစ်ပါးဖြင့် ရှောင်ကြဉ်ရခြင်း၊
(၂၀) မဇ္ဇပါန သံယမ- သေရည်အရက် သောက်စားမှုမှ ရှောင်ကြဉ်ရခြင်း၊
(၂၁) အပ္ပမာဒ ဓမ္မ-ကောင်းမှုတို့၌ မမေ့မလျော့ခြင်း၊
(၂၂) ဂါရ၀- ရိုသေထိုက်သူကို ရိုသေခြင်း၊
(၂၃) နိဝါတ- မာနမထား နှိမ့်ချရိုသေသော စိတ်များရှိခြင်း၊
(၂၄) သန္တုဋ္ဌိ- ရသမျှနှင့် ရောင့်ရဲတင်းတိမ်ခြင်း၊
(၂၅) ကတညုတာ-သူပြုဘူးသော ကျေးဇူးကို ပြန်၍သိခြင်း၊
(၂၆) ကာလေန ဓမ္မဿဝန-သင့်လျော်ရာ အခါ၌ သူတော်ကောင်းတရားကို နာကြားရခြင်း၊
(၂၇) ခန္တီမင်္ဂလာ- နေရာတိုင်း၌ သည်းခံရခြင်း၊
(၂၈) သောဝစဿတာ-ဆိုဆုံးမလွယ်ကူသူဖြစ်ရခြင်း၊
(၂၉) သမဏဒဿန- အရိယာသံဃာတော်များကို ဖူးတွေ့ရခြင်း၊
(၃၀) ကာလေန ဓမ္မသာကစ္ဆ-လျောက်ပတ်သောအခါ၌ တရားစကား ဆွေးနွေးမေးမြန်းရခြင်း၊
(၃၁) တပ မင်္ဂလာ- မကောင်းကြံ မကောင်းပြု, မကောင်းဆို မဖြစ်နိုင်စေရန် သတိနှင့် ၀ီရိယ တရား အစဉ်ထားခြင်း၊
(၃၂) ဗြဟ္မစရိယ-မြတ်သော အကျင့်ရှိခြင်း၊
(၃၃) အရိယာ သစ္စာန ဒဿန- သစ္စာလေးပါးကို မဂ်တရားဖြင့်သိမြင်ရခြင်း၊
(၃၄) နိဗ္ဗာန သစ္ဆိကိရိယ- အရဟတ္တဖိုလ်ကို မျက်မှောက်ဉပရခြင်း၊
(၃၅) ဖုဋ္ဌဿ လောက ဓမ္မေဟိ စိတ္တံ ယဿ န ကမ္ပတိ- လောကဓံတရား ရှစ်ပါးတို့နှင့် တွေ့ရသော်လည်း စိတ်တုန်လှုပ်မှု မရှိခြင်း၊
(၃၆) အသောက- စိုးရိမ်ကြောင့်ကြမှု မရှိခြင်း၊
(၃၇) ၀ိရဇ- ရာဂစသော ကိလေသာမြူ မရှိခြင်း၊
(၃၈) ခေမ မင်္ဂလာ- ကြောက်ထိတ်လန့်မှု ဘေးမရှိခြင်း။

မင်္ဂလာရှိသော နေ့ရက်များပိုင်ဆိုင်နှိုင်ကြပါစေ.......။မောင်မန်းကျော်။ခ။အေကျော်မြင့်။

ဆွေးနွေးခြင်း

on 01-01-0001 ပြောသည်။

ထင်မြင်ချက် ပေါင်းထည့်သည်။

ကျေးဇူးပြု၍login သို့မဟုတ်မှတ်ပုံတင်ခြင်း(register) ပြုလုပ်ပါ။
  • အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက် အပြည့်အစုံကို ကြည့်နိုင်ရန်
  • မိတ်ဆွေသူငယ်ချင်း အသစ်ရှာဖွေနိုင်ရန်
  • မှတ်ချက်ရေးသားနိုင်ရန်
  • ကိုယ်ရေးကိုယ်တာ Message ပေးပို့နိုင်ရန်
← ဦးနာအောက် "အနဲာအံက်"    Blog သို့ပြန်သွားသည်။   ဒါတို့ပြည် ဒါတို့မြေ ဒါငါတို့ေ… →
© 2013-2024 အခမဲ့ Video Chat Conferendo! ရပိုင်ခွင့်၊ အခွင့်အရေးအားလုံးကို သီးသန့်ထားရှိပါသည်။
ဘာသာပြန်ဆိုရာတွင် အမှားတွေ့ရှိသည်။ အကြောင်းကြားရန် ၊၎င်းအား mouse ဖြင့် select လုပ်ကာ Ctrl+Enter နှိပ်ပါ။