အဝေးကသင်္ကြန်မှာတမ်း
06-04-2010 တွင် တင်ထားသည်။
akyawmyint
စိတ်အခြေအနေ: 8).
Tags:သင်္ကြန် အဝေးက သင်္ကြန်
ကျောင်းပိတ်ရက်တွေရောက်ခဲ့တယ်
ဧပရယ်လ နွေလယ်
ငယ်ငယ်ကဆိုပျော်မဆုံး
သင်္ကြန်အပျော်ဆုံး။
ဒီလိုနဲ့ပဲကြီးပျင်းလာ
နွေရက်ရောက်တိုင်းမှာ
ပူပင်တာတွေခဏမေ့
သင်္ကြန်ကဲမယ်ဟေ့။
နိုင်ငံရပ်ခြားရောက်တဲ့ခါ
မျိုးချစ်တို့ဗမာ...
ရိုးရာစဉ်လာဘယ်မမေ့
သင်္ကြန်အတက်နေ့။
အကြောင်းမျိုးမျိုးရှိလည်းလေ
ငါတို့ဗမာတွေ
နားရက်ရအောင် အခါခါတောင်း
သင်္ကြန်ကဲလိုကြောင်း။
နှစ်ဟောင်းကုန်လို့နှစ်ကူးမှာ
ရွှင်မြူးကြစေရာ
ဆုတွေတောင်းကာရေစင်လောင်း
ထူးမြတ်ကြစေကြောင်း။
သင်္ကြန်လို့သာပြောရတာ ပိတောက်ပန်းမပါ
ရင်မှာဟာတယ် သင်္ကြန်ရက်
လွန်းတတ်သူတွေအတွက်။
အားလုံးအဆင်ပြေကြစေ....တောင်းဆုမေတ္တာဝေ...
နိင်ငံခြားက သင်္ကြန်ပွဲ ငါတို့ဆင်ရင်နွှဲ ။
ရွှေဝါရောင်ဝင်းတစ်ဝေဝေ..
မြင်ရောင်မှိတယ်လေ
သင်္ကြန်ဒိုးသံ ဗေ..တူးပို့..မမေ့နှိုင်ဘူးဗျို့။
ပိတောက်နံ့သင်း မနက်ခင်းတွေ
ပြန်တမ်းတမှိပေ..
ခုတော့လေကွယ် တစ်မြေခြား..
ဝေးမှ တန်ဘိုးထား...။
ငါတို့အကြောင်း ရင်ဖွင့်ရင် ..
မင်းတို့ ပိုတယ်ထင်။
ကိုယ်တွေ့ကြုံမှ သိမှာပ..
ပြည်ပဗမာဘဝ။
ရိုးရာဓလေ့ လွမ်းလည်းကွာ..
ကြိတ်မှိတ်နေရတာ..
သင်္ကြန်ချိန်ခါရှိချင်သားကိုယ့်ချစ်သူရဲ့အနား။
မိဝေးဖဝေး နေရပေ ငါတို့ဘဝတွေ …
ဖျားရင်နာရင် ဆေးသာသောက်
ကိုယ့်ခြေထောက်ကိုထောက်။
ပြည်တွင်းထဲကဗမာတွေ..
ပြောပြလိုက်ချင်ပေ..
တူးပို့ ဆိုင်းသံနားမှာကြား
သင်္ကြန်ကျပြီလား။
သင်္ကြန်အဓိပ္ပါယ် မမေ့စေချင်..
နှစ်ဟောင်းကုန်ရာတွင် ..
အကျင့်ဆိုးတွေ ဆေးကြောပြစ်
လူသစ် စိတ်ဓါတ်သစ်။
ညီ၊ညီမလေးတို့ သိဖို့ရာ ..အကိုပြောချင်တာ...
မူးတာရူးတာ ဂုဏ်မယူနဲ့
လူထိခိုက်မယ်ကွဲ့။
မူးယစ်ထုံထိုင်းရှောင်ကြဉ်ကာ ပျော်ရွှင်ကြစေရာ….
ခိုက်ရန်ရှောင်ကာ ဆင်ရင်နွှဲ ငါတို့ သင်္ကြန်ပွဲ။
သပြေခက်နဲ့ ရေပက်တာ ဗမာ့ဓလေ့ပါ…
သိမ်မွေ့ အေးကြည် ရေစင်လောင်း
သန့်စင်ကြစေကြောင်း။
အေးမြကြည်လင် ရေအသွင်
ကိုယ်ရောစိတ်ကြည်လင်..
မေတ္တာပြုကာ ရေကိုလောင်း…လန်းဆန်းကြစေကြောင်း…။
အပျော်လွန်တာရှောင်ကြဉ်ကွာ..မမေ့စေချင်တာ..
ခဏတာပျော်တာ ဘဝအတွက် စိုးရိမ်ရတယ်ကွဲ့ ။
အဝတ်အစား ဝတ်ရာတွင် ထိမ်းသိမ်းကြစေချင် …
ဗမာပီပီ ဣနြေ္ဒနဲ့ လုံခြုံကြစေကွဲ့ ။
ယဉ်ကျေးမှုကို ထိမ်းကြပါ သရုပ်ပျက်ရှောင်ကြဉ်ကာ
ရေကန်တော့တာ တို့ဓလေ့
မမေ့စေနဲ့ဟေ့။
ဘုရားကျောင်းကန်သန့်ရှင်းခါ
ကုသိုလ်ယူကြကွာ။
အိမ်တွင်းအိမ်ပြင်သန့်ရှင်းပေး
နှစ်သစ်မကူးခင်လေး။
ဘုရားဆင်းတု ရေသပ္ပါယ် ကုသိုလ်ယူကြကွယ်
ဘုရား တရား သံဃာများ
အလေးအနက်ထား။
လူကြီးသူမကန်တော့ကာ ညီညွတ်ကြစေရာ
ခေါင်းလျှော်သန့်စင် ရေကန်တော့
ငါတို့ ဓလေ့ပေါ့။
ခြေသည်းလက်သည်းညှပ်ပေးပါ..
မိဘ ဘိုးဘွားနှစ်ဖြာ..
အသက်ရှည်ကာ အနာကင်း တောင်းဆုဘယ်မရွင်း။
အိမ်နီးနားချင်း မောင်နှမတွေ
စတုဒီသာဝေ.. မုန့်လုံးရေပေါ်
ကြာဇံဟင်း..တို့တော့ ဘယ်မငြင်း။
ဒါတွေတွေးကာရေးမှိပေ လွမ်းမှိတစ်ဝေဝေ
အဝေးမြေက ခံစားချက် နားလည်စေချင်လျှက်။
တန်ဘိုးရှိတဲ့ အစဉ်အလာ မမေ့ကြစေရာ
ရှေ့ကိုဆက်ခါထိမ်းသိမ်းစို့ ဂုဏ်ယူကြစေဖို့။
သင်္ကြန်နဲ့ပိတောက်မခွဲပါ အစဉ်တွဲနေတာ
ထို့အတူပါ ငါတို့လည်း ဗမာ့သင်္ကြန်ပဲ။
ဗမာလူမျိုးရှိနေရင် သင်္ကြန်ရှိမှာပင်
သင်္ကြန်ကိုချစ်ရင် မမေ့နဲ့.အမျိုးစောင့်ပါကွဲ့ ။
ဝံသာနုသွေးနီစမ်းပါ မျိုးချစ်တို့ဗမာ
လူမျိုး ဘာသာ သာသနာ အတွက် သတိရှိစေကွဲ့ ။
ကိုယ့်လူမျိုးကို စောင့်ရှောက်ပါ
ဓလေ့ထိမ်းသိမ်းကာ..
ရိုးရာသင်္ကြန် ပျော်ရွှင်နွှဲ...မမေ့လျော့စေပဲ။
မူးယစ်ထုံထိုင်းဘေးကင်းစွာ…
ရွှုင်မြူးကြစေရာ
အပူကင်းကာပျော်စေကြောင်း….
တောင်းဆုမေတ္တာလောင်း ။
အေကျော်မြင့်ရဲ့မေတ္တာရေ..
လောင်းပက်လိုက်တယ်လေ..
ရေတွေ့ ပန်းလို လန်းစေသား..
စမ်းလိုအေးစေသား……………..။ ။