ဆုတောင်းပေးလိုက်ပါတယ်
21-12-2009 တွင် တင်ထားသည်။
83minlwin09
အညာမိသွားတာကငါပါ
ဒါပေမယ့် ခံစားလိုက်ရတာက ငါ့နှလုံးသားလေးပါလား
ချစ်တတ်တဲ့နှလုံးသားကို လှည့်စားရက်သူရေ
မင်းလဲ ၀ဋ်မလည်ပါစေနဲ့ကွာ...
ငါစိတ်မကောင်းတာက
ချစ်တတ်တဲ့ ငါ့နှလုံးသားရဲ့ ချစ်ခြင်းတွေ
မင်းကြောင့်..
အလကားဖြစ်သွားရတာကိုပါပဲ..
လိမ်ညာရက်သူရေ
မင်းအတွက်တော့ဆုတောင်းပေးလိုက်ပါရဲ့
ချစ်ခြင်းကပေးတဲ့ ပစ်ဒဏ်တွေကို
မင်းမခံစားရပါစေနဲ့ကွာ...။ ။
ငါ့မေတ္တာကို စော်ကားတဲ့မင်း
ငါ့မေတ္တာ မစူးပါစေနဲ့ကွာ ...။ ။