နောက်မဆုတ်ကြေးနော်
13-12-2009 တွင် တင်ထားသည်။
83minlwin09
လှည့်မကြည့်ပါနဲ့
စုတ်ပြတ်သတ်အောင်
ခံစားနေရတဲ့.....ငါ့ကို
မသနားပါနဲ့
ရူးသွပ်နေအောင်
ချစ်မိတဲ့..... ငါ့ကို
ကျောခိုင်းလက်စနဲ့
ဆက်ကျောခိုင်းလိုက်ပါ
နင့်ကို တစ်ဘ၀လုံးစာအတွက်
စိတ်နာပါရစေ.......
မင်းအကြောင်းကို တွေးလိုက်တိုင်း
ခံစားရတဲ့ ငါ့ရင်ထဲကဝေဒနာတွေက
မင်းကို ပိုချစ်မိဖို့ပဲ ဖြစ်နေခဲ့တယ်
ဒါပေမယ့် ချစ်သူရယ်
မင်းကတော့ ဒဏ်ရာတွေပဲပေးခဲ့တယ်
မင်းပေးတဲ့ ဒဏ်ရာတွေက
နှလုံးသားမှာ
မကျက်နိုင်တဲ့ ဒဏ်ရာဖြစ်ခဲ့ပြီ......
မင်းထွက်သွားလိုက်ပါတော့.....။
Tags: