ရန်ကုန်မြစ်နှင့်ခေါင်းလောင်းတော်
06-10-2009 တွင် တင်ထားသည်။
007usanshar
လေနုအေးလေတွေက ရေပြင်ကိုရှပ်ပြေးရ်ျမျက်နာသို.ရိုက်ခတ်ကာကျီဆယ်သလိုရှိ၏၊
ကမ်းနားသို.လှမ်းကြည့်လျှင်မဟာရန်ကုန်မြို.ကြီး၏တိုက်တာများနှင့်ထရေးတား ဟိုတယ်ကြီးကမြင့်မားစွာ ပဲ့တောင်နောက် လိုက်လာနေသယောင်၊ဟိုအဝေးမှ စက်လှေကြီးမှရိုက်ရ်ျထွက်ပေါ်လာသောလှိုင်းလေးများ
သည်ကျွနုပ်စီးနေသောပဲ့တောင်အားလာရိုက်ခတ်ရ်ျ ပဲ့တောင်မှာနိမ့်ချီတစ်ခါ၊မြင့်ချီတစ်လှဲ.နှင့်ငြိမ့်ညောင်း
လှပေသည်။ ဇင်ရော်လေးများကလည်း ပဲ့တောင်နားဝဲပြန်လိုက်ပါနေကြပုံမှာ ကျွန်ုပ် အား မင်းခမ်းမင်းနားနှင့်ဝန်းခင်းရ်ျ လိုက်ပါနေသရောင်တွေးရ်ျ စိတ်ကြီးဝင်ရမလိုလို၊
မြင်မြင်သမျှလှပနေသောမြို.ရန်ကုန်နှင့်ပနာတင့်နေသောရွှေတဂုံ ဘုရားကြီးကိုလည်းအဝေးမှခပ်ရေးရေးဖူးမျှော်ရလေသည်။ ကျွန်ုပ်၏ စိတ်အစဉ်သည်လည်း
ပဲ့တောင်၏ ရှပ်ပြေးနေသော အလျှင်နှင့်အတူ လွင့်ပါသွာခဲ့လေပြီ။*****************
“မင်းကြီးများ ၊ငါကိုတော် ကောက်ယူခိုင်းခဲ့သော အခွန်တော်များထဲမှာ မပါတဲ့ ကြေးခွန်တော်ကောက်ယူခဲ့တဲ့အမတ်အမည်ကို လျှောက်တင်စမ်း”
မင်းတို.စကားမိုးကြိုးသွားကဲ့သို့. ဓမ္မစေတီမင်းကြီး၏စကားသံသည် တိတ်ဆိတ်နေသောမင်းရင်ပြင်
ညီလာခံမှာတစ်လုံးခြင်းစီထွက်ပေါ်ရ်ျလာခဲ့လေသည်။
မည်သူမှခေါင်းပင်မဖေါ်ရဲ အမတ်များ၏မျက်လုံးအစုံက ထောင့်တွင်ဝတ်တွားခစားနေသော
ဗြတ်ဇ အမတ်ထံတွင်သွားစုံကြ၏။
“ဟယ် ဗြတ်ဇ အမတ် အသင်ကောက်တာလား”
ဗြတ်ဇ အမတ်နှုတ်မှ ဖွင့်ဟရ်ျပင်မဖြေရဲ
“မှန်ပါ့ အသင်မင်းကြီးဘုန်းတော်ကြောင့်ကောက်ယူခဲ့သောကြေးတန်ချိန်များစွာဟာ နန်းတွင်းသို.
ရောက်ရှိနေပြီးဖြစ်ကြောင်းပါ၊ ကျွန်တော်မျိုးတို့. မှာ အသင်မင်းကြီးအမိန်.မရှိသော ကြေးခွန်တော်ကို
ကောက်ယူခဲ့မိကြောင်း သိလျှင်သိခြင်း ပြည်သူများကိုပြန်လည်ပေးအပ်ခဲ့သော်လည်း ပြည်သူအများမှ
မင်းကြီးသင့်လျှော်သည့်နေရာတွင်သာသုံးစွဲရန်ပြောကြရ်ျ ပြန်လည်လက်ခံခဲ့ကြခြင်းမရှိကြောင်းပါ။”
အခြေအနေကိုထိမ်းသိမ်းရန် သက်တော်ရှည်အမတ်ကြီး အရဲစွန်.ရ်ျလျှောက်တင်လေသည်။
“ခက်ပါကောလား ပြည်သူအများဝန်ထုပ်ဝန်ပိုး ဖြစ်ကြရပြီကွဲ. ၊ ဒီကြေးတွေဘယ်လိုများ အများကောင်းအောင် သုံးကြမလဲဆိုတာကို တွေးကြစမ်းပါ ၀န်မင်းများ”
“မှန်လှပါ ဘုန်းတော်ကြီးမြတ်ပြည့်ရှင်မင်းဘုရား မင်းနှင့်ပြည်သူ လက်တွဲကူရ်ျ ပြည်သာယာအရေး
ညီညာကြဖို.တွေးရင်ဖြင့် ထိုကြေးများကို ရွှေတဂုံစေတိတော်ကြီးမှာထားရှိမဲ့ ခေါင်းလောင်းတော်ကြီးများသွန်းလုပ်သင့်ကြောင်းပါ ဘုရား”
သက်တော်ရှည်အမတ်ကြီး၏လျှောက်တင်ချက်သည် ဓမ္မစေတီမင်းကြီး၏ အပြုံးကိုဆောင်ကြည်းပေး
နိုင်ခဲ့လေပြီ နောင်တစ်ချိန် သာသနာနေရောင်ပမှာထွန်းလင်းမည့် နမိတ်ကောင်းများပြည့်စုံသည့်
နေ.ကောင်တစ်ရက်ပင်မဟုတ်ပါလား*************
“ဗျို. ဆရာ မြစ်ဝရောက် နေပြီလေ ပဲ့တောင်သမား၏ လှမ်းအော်ပြောလိုက်သောအသံသည်
ကျွန်ုပ်၏ အတွေးကို ရပ်တန်.စေခဲ့လေပြီ အော ရန်ကုန်မြစ်ဝရောက်ပါပြီကော-------
ဆက်လက်ရေးသားပါမည်
သင်တို.၏
ဂျိမ်းစ်ကြောင်