ပါမေက္ခကတော်နှင့်သူ၏ကြောင်ကလေး

09-08-2009 တွင် တင်ထားသည်။ 007usanshar

    

       ကျွန်နုပ် ယမန်နေ့ကရေးခဲ့သော ဂျိမ်းစ်ကြောင် ပညာတော်သင်သွာခဲ့ရသော စပ်စု စုံစမ်း

အရမ်းလန်း ဘာသာရပ်အတွက် စာတန်းတင်ရာတွင် ပါမောက္ခ၏ပျောက်သွားသော ကြောင်လေး

အကြောင်းပါသည်ကို အသင်တို့ဖတ်ရှုပြီး ဖြစ်လိမ့်မည်ကို ကျွန်နုပ် ယုံကြည်ပါသည်။

ထိုအကြောင်းအပြည့်အစုံကား က်ျသို့ဖြစ်လေတော့သည်။

 

                         တနေ.သနိုက် အကျွန်နုပ် သည် ၊ အထာရသအတက် (၁၈) ရပ်အားသင်ကြားရန်

တက္ကသီလာ ဗွက်တောမှာ စိုးစောဒရီး(မြကျွန်းသာ  ) သာသို့ နောက်ကျနေသဖြင့် အသော့နှင်ခဲ့လေ

သည်။  အဆောင်အရောက် သင်္ချာအထူးပြု များ၏ လက်တွေ့ဆင်းနေသော ရှမ်းကိုးမီးဝိုင်းသို့

ဝင်ရောက်ရ်ျ စပ်စု စုံစမ်း အရမ်းလန်း ဘာသာရပ်အတွက်စာတန်းပြုစုတောမိတော့သည်။

က်ျသည်ကား ကျွန်ုပ်တို့တက္ကသိုလ်ကျောင်းသားများ၏ပညာသင်ကြားရေး၏တစ်စိတ်တစ်ပိုင်းပင်ဖြစ်တော့သည်။

(စကားချက်)

    ထိုဝိုင်းတွင်ဘေးထိုင်ဘိုင်ကြနေသော ကျွန်ုပ်၏အတန်းဖော်မင်းလွင်ဦးပါတွေ့ရလေ၏။

အိုင်ဆေး မင်းလွင်ဦးမင်းအတန်းမတက်ဘူးလား။ မင်းမသိသေးဘူးလား class မှာဖြစ်နေတာတွေ

တို့ပါမောက္ခ ကကြောင်ပျောက်လို့ဆောင်ကကောင်တွေချက်စားသလားကွိုင်ရှာနေတယ်။

က်ျသည်ကားကျွန်နုပ်အတွက်အကွက်ကောင်းပင်ဖြစ်တော့သည်။

 

   ကျွနုပ်သိနှင့်ပြီးဖြစ်သောကြောင့်တည်း---------------

     ကြောင် ၏ အမည်ကား (ကဒါးဖီး) အဖရိကကြောင်မျိုးနှင့် သြစတေးသျှကြောင်မျိုးတို့စပ်ထားသော

ကမ္ဘာတွင်ရှာပါးမျိုးနွယ်စိတ်တစ်ခုဖြစ်သောကြောင်ပင်တည်း။

      ပညာတော်သင်သွားလိုသောကျောင်းသားတစ်ဦး မှ ဂါ  ရ်ျ ပါမောက္ခအိမ်သို့ရောက်ခဲ့သည်မှာ

တစ်ပတ်ပင်ပြည့်သေး။ (မှတ်ချက် ဂါ=ဖားယား=ဂါဝရပြု=အလိုက်သိလိမ္မာ) ထိုကြောင်အားတစ်အိမ်လုံးက

သဲသဲလှုပ်ချစ်ကြသည်။ထိုထဲတွင်အဆိုးဆုံးကား ပါမောက္ခ၏တစ်ဦးတည်းသောသမီးလေး ရွှေရုပ်ပင်တည်း

     “ မေမေရေကြောင်လေးက ကြေးအိုးသောက်ချင်လို့တဲ့ အဲဒါသမီးသွားဝယ်သောက် အဲ တိုက်

 လိုက်မယ်နော်။”

 “အေးအေးသမီး” “ကြောင်လေးကခရီးပန်းလာတာသေချာဂရစိုက်နော်”

  ပေါ်လောက်ပြီ ကြောင်ချစ်ပုံ ဆက်ရေးပါမယ်

 ဒီလိုနှင့်တစမနက်မှာတော့

ကျွန်နုပ် စောစောထအပြေးလေ့ကျင့်ရာ  ပါမောက္ခအိမ်ရှေ့အရောက်တွင်တော့

“အီးဟီးဟီး-မရှိတော့ဘူးအမေရဲ့--xxxအီးဟီးဟီး” ပါမောက္ခသမီး ရွှေရုပ်၏ အာပြဲနှင့်ငိုသံကြီးပေ မနက်ခင်းမှာမင်္ဂလာရှိစွာပေါ်ထွက်လာပါသည်”

ကျွန်နုပ် ၏ပြေးနေသောခြေလှမ်းများတုံ့ခနဲဖြစ်ရ်ျသေခြာနားစွင့်မိတော့သည်။

“မရှိတော့ဘူးအမေရဲ့မရှိတော့ဘူး။”

သေခြာပါသည် ဘိုးတော်ကြီးမနေ့ညက တာမွေက  ဘီယာကွင်းမှာအပြတ်ကဲနေတာကိုကျွန်တော်တွေ့ခဲ့

ရပါသည်။သေခြာပြီ ပာ ပါမောက္ခကြီးလျှောပြီ အဟေ့ မေးခွန်းတွေကိုခက်အောင်ထုတ်တဲ့သူကြီး

ဂါ တဲ့သူတွေမှ ပညာတော်သင်လွှတ်တဲ့သူကြီး ၊၀မ်းသာ အာဟာဟာ ဆုံးအောင်ပင်ဝမ်းမသာလိုက်ရ

  “ဟဲ့ မိရွှေရုပ် ဘာဖြစ်နေတာလဲ စောစောစီးစီး”

 ဟာ ပါမောက္ခကြီးအသံပါလား ဒင်းမသေသေးမှကိုး

   “အဖေ ရဲ့ ကြောင်မရှိတော့ဘူး”

   အော ကြောင်ကိုး

“နင်တို့ညကသေသေခြာခြာ မသိမ်းကြဘူးလား”

 “သိမ်းပါတယ် အဖေရဲ့ ထွက်သွားမှာစိုးလို့ခြင်းထဲမှာတောင်ညကသေခြာထဲ့ပိတ်ပြီးမှသိပ်တာ”

 ကျွန်ုနုပ် ပြူးရပြန်ပါပြီ (မျက်လုံး)

  မနေ့ညက ကျွန်နုပ်တို့  တာမွေ  လမ်းဆုံက ဘီယာကွင်းသို့ ကျွန်နုပ်တို့ ဖြိုးအောင်တို့အုပ်စုဖြင့်

ရောက်ခဲ့ကြ၏။ သေခြာပင်မကဲလိုက်ရ 

“ရင်မှာခံစား သူမမြင်နိုင်ပေ အသည်းထဲကအတွင်းကြေ”

သီချင်းသံနှင့်အတူ အလန်းလေးများရှိရာစီ ကိုစီးချက်

ညီညီကရင်းတက်လာသောဘိုးတော်ကြီးတစ်ပါး လက်တွင်ဆွတ်ရန်ပန်းကုံးလဲ မဟုတ် ပန်းကုန်းများပတ်

ထားသောခြင်းလေးတစ်ခြင်း သေချာစွကြည့်လိုက်တော့ “ဟာပါမောက္ခကြီးပါလား”

အသံထွက်လာသည်က

ကျွန်ုနုပ် မဟုတ် ဖြိုးအောင် ပင်ဖြစ်သည်။ “ ဟာ ခြင်းထဲကငါ့ကြောင်ကြီး”

ထိုအချိန်မှာ ဘဲ ဘိုးတော်ကြီး  သီချင်းဆိုသောအလန်းလေး လက်ထဲသို့ ခြင်းတောင်းလေးအား

ထဲ့ပေးလိုက်တော့သည်။

“ဟာ သွားပါပြီကွာ”

ဖြိုးအောင်၏မချိမဆန့် ညီးညူသံ ပေါ်ထွက်လာပါသည်။

“အဲဒါ ငါသူ့ကိုပေးပေမယ့် ငါ့အသည်းလေး ရွှေရုပ်ဆီရောက်မှာကိုသိလို့ပေးထားတာ”

ကျွန်နုပ် သိလိုက်ရလေပြီ။

ဖြိုးအောင်ကိုနှစ်သိမ့်ရင်းအဆောင်ပြန် ပို့ပေးခဲ့သည်။

နောက်တော့ဘီယာကွင်းသို့တစ်ခေါက်ပြန်သွားခဲ့သည်။ သီချင်းဆိုသောအလန်းလေးထံမှ ထိုကြောင်အား

ငွေတစ်သောင်းပေးရ်ျ ပြန်ဝယ်ခဲ့ သည် ၊။

  ထိုကြောင်သည် ကျွန်ုပ်ထံရောက်နေကြောင်းကို စာရှုသူများသိလောက်ပေပြီ။ သင်တို့ဆိုလျှင်မည်သို့

ဆက်လုပ်မည်နည်း။။။။။။။။

 ဆက်ေ၇းပါမည်

        အဖိုးကြီးခပ်တည်တည်နှင့် အဆောင်ကကျောင်းသာတွေကျောင်ချက်စားကျောင်းပြောရ်ျ သူ့

အကြောင်းကိုဖုံးကွယ်ရန်ကြိုးစားနေလေသည်။

        အမှန်တ၇ားဘက်တွင်အမြဲရပ်တည်သောကျွန်ုပ် မနေနိုင်တော့။

ကြောင်ခြင်းကိုယူရ်ျ ပါမောက္ခအိမ်သို့ အပြေးသွားခဲ့သည်

“အိမ်ရှင်တို့ အိမ်ရှင်တို့ အစ်မရေ အစ်မရေ ”

“ဟဲ့ဘယ်သူတုန်း”

ကတော်ကြီးထွက်လာလေသည်။

“ကြောင်လာပြန်ပို့တာပါ”

“ဟယ်သမီးရေ ကြောင်လေးပြန်တွေ့ပြီဟေ့”

“ဟယ်သမီးကျောင်ကလေး ”

ပြောပြောဆိုဆို ကြောင်ပါသောခင်းတောင်ကိုဆွဲရ်ျ ပါမောက္ခသမီး ရွှေရုပ် ပြေးဝင်သွားတော့သည်”

“ကျေးဇူးတင်ပါတယ်အမောင်ကျောင်းသားရယ်”

“ရပါတယ် အစ်မ ကျွန်တော်ကတာဝန်အ၇လာပို့တာပါ”

 “ဒါနဲ့ကြောင်ကဘယ်ကပြန်တွေ့တာတုန်း အမောင့်နာမည်က ဘယ်လိုခေါ်တုန်း ကျေးဇူးတင်လွန်းလို့ပါ”

 “ဂျိမ်းစ်...... ဂျိမ်းစ်ဘွန်း စောဒီး ဂျိမ်းစ်ကြောင်ပါ”

“ဘာဘာ ဂျိမ်းစ်ကြောင် ” နာမည်ကအဆန်းဘဲ အေးကျေးဇူးပါပဲသားရယ်”

“ကြောင်တွေ့တဲ့နေရာကိုတော့ ညနေပါမောက္ခကြီးနဲ့ပြောပြလိုက်ပါံမယ်”

ကတော်ကြီးမျက်မှောင်ကုတ်သွားသည်

အေးအေးသား အခန်းထဲဝင်သွားတော့သည်။

သည်လိုနှင့်အခန်းပြန်ရောက်တော့ ကျွန်တော်ပြုစုနေသော စပ်စုစုံစမ်းအရန်းလန်း စာတန်းတွင်

ပါမောက္ခနှင့်ကြောင်ကလေးအကြောင်း ထပ်မံထည့်သွင်းရေးသားပါသည်။ ကြောင်ပျောက်သည်ကို

စာတန်းရေးသည်ဟုဆိုလျှင်အသင်တို့ ကျွန်ုပ် ကိုအထင်သေးဖွယ်ရာရှိလေသည်။ ကျွန်တော်အထူးပြု

သောဘာသာရပ်တွင် ဘ ခြောက်လုံးပြည့်စုံမှ မှန်ကန်သော သတင်းတစ်ပုဒ် ဖြစ်သည်ဟုပါရှိပါသည်။

သို့ဇြစ်ရ်ျစာတန်း အတွက်ကုန်ကြမ်း ဖြစ်သော ပါမောက္ခနှင့်ကြောင်လေးအကြောင်းကို အဆိုပါ (ဘ)

(၆) လုံးနှင့်ကိုက်ညီအောင်ရေးသားခဲ့သောကြာင့်ပင်တည်း။

ထို (ဘ)ခြောက်လုံးကား ဘယ်နေရာ

                            ဘယ်အချိန်

                            ဘယ်အကြောင်းအရာကြောင့်

                            ဘယ်သူနဲ့

                            ဘာတွေ

                            ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာပါပဲ။

 

အဲဒီအကြောင်းအရာကို စာတန်းရေးပြီးတင်ခဲ့တော့ ပါမောက္ခနဲ့ ကထိကတော်တော်များများက

ကျွန်ုပ်ကို စကားအခေါ်အပြောသိပ်မလုပ်ကြတော့ဘူး။ ဒါနဲ့ နောက်တစ်ပတ်လောက်ကြာတော့ ပါမောက္ခ

နဲ့ ပါမောက္ခကတော်နဲ့ကွဲ တယ်ဆိုလား။ရွာပြန်သွားတယ်ဆိုလားပြောသံထွက်လာခဲ့ပါတယ်။

ဒီကိစ္စ ဟာကျွန်တော်နဲ့သက်ဆိုင်သလား မသက်ဆိုင်သလားတော့မသိပါ ။ အကြောင်းမှာကား ရုံးက

အလုပ်ကို အိမ်သယ်လုပ်တက်သောပါမောက္ခအကျင့်ကြောင့်ဖြစ်နိုင်ပေသည်။ ဖြိုးအောင် ပြောခဲ့သည်က

ဂျိမ်းစ်ကြောင်၏ စပ်စုစုံစမ်းအရမ်းလန်း စာတန်းကို ရွှေရုပ်နှင့်သူ့အမေ အိမ်တွင်ဖက်ခဲ့ရကြောင်းကို

ရွှေရုပ်ကပြန်ပြောခဲ့သည်ဟူသတက်။

     ပါမောက္ခကြီးသည် မိမိ၏ အမှားအကြောင်းပါသော က်ျ စာတန်းအားအဘယ်ကြောင့်အီမ်ကိုယူသွား

ခဲ့ရသနည်း။အဘယ့်ကြောင်ံရောက်သွားခဲ့ရသနည်းကို စာရှုသူများဆက်လက်တွေးတောကြပါကုန်။

 

                                                  သင်တို့၏

                                                          ဂျိမ်းစ်ကြောင်

 

 

 

 

 

 

 

 

 

 

 

 

ဆွေးနွေးခြင်း

on 01-01-0001 ပြောသည်။
ponemalar on 10-08-2009 ပြောသည်။

ဟေး ဂျိမ်းစ် ကိုယ်ဝင်ဖတ်သွားတယ် မင်းဒီနေ့ ဘာမှမရေးဘူးလား။

ဆက်ရေးဦးလေ။

007usanshar on 09-08-2009 ပြောသည်။

  အိုး မိုင် ဗုဒ္ဓ ယူး အာ ဘထီး အဖရိတ်

shweyoat on 09-08-2009 ပြောသည်။

အဲ့ဒီကြောင်က ကြောင်နံ့သာလိုမျိုးလား ချက်စားရင်တော်တော်ကောင်းမှာနော်

ကြေးအိုးကိုကြက်နဲ့မဟုတ်ဘဲ ကြောက်ကြေးအိုးလုပ်စားလိုက်ရ ဟင်းနော် ဟင်း

ဂလုဂလု ဂုဂု  (တံတွေးမြိုချတာ)အဟွတ်ဟွတ် (ဟောတော့ တံတွေးပါသီးတယ်)

သေချာနေပြီ ဟီးဟီး............

                                        ရွှေရုပ်

ထင်မြင်ချက် ပေါင်းထည့်သည်။

ကျေးဇူးပြု၍login သို့မဟုတ်မှတ်ပုံတင်ခြင်း(register) ပြုလုပ်ပါ။
  • အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက် အပြည့်အစုံကို ကြည့်နိုင်ရန်
  • မိတ်ဆွေသူငယ်ချင်း အသစ်ရှာဖွေနိုင်ရန်
  • မှတ်ချက်ရေးသားနိုင်ရန်
  • ကိုယ်ရေးကိုယ်တာ Message ပေးပို့နိုင်ရန်
← စပ်စု စုံစမ်း အရမ်းလန်း နှင့် …   Blog သို့ပြန်သွားသည်။    လောကအစ အံ့ ဖွယ်ရာ →
© 2013-2025 အခမဲ့ Video Chat Conferendo! ရပိုင်ခွင့်၊ အခွင့်အရေးအားလုံးကို သီးသန့်ထားရှိပါသည်။
ဘာသာပြန်ဆိုရာတွင် အမှားတွေ့ရှိသည်။ အကြောင်းကြားရန် ၊၎င်းအား mouse ဖြင့် select လုပ်ကာ Ctrl+Enter နှိပ်ပါ။