Blog of yb RSS Available

nothing is nothing but it have something, this is nothing

(be pavadinimo)

Išsiųsta 0001-01-01 iki

Skaityti straipsnį   Pridėti komentarą

ညီအစ်ကိုမောင်နှမများ ဖတ်ဖြစ်အောင်ဖတ်စေလိုပါတယ်။

Išsiųsta 2010-01-27 iki yb


http://myochitmyanmar.org     မှကူးယူဖော်ပြလိုက်သည်..
 အဖြူရောင်ဆေး (၂) စာကို ဖြန့်ဝေသလိုမျိုး ဆက်လက်ဖြန့်ဝေပေးပါခင်ဗျား....

အောက်ပါစာများဟာ http://myochitmyanmar.org/ မှာ တင်ထားတဲ့ အဖြူရောင် ဆေး-၂ ရဲ့ မတရားဖြေရှင်းချက်ကို ပြန်လှန်ရေးသားခြင်း ဖြစ်ပါတယ်။ http://myochitmyanmar.org/ မှာ comment ပေးလို့မရတဲ့ အတွက် mail နဲ့ဖြန့်ရတာဖြစ်ပါတယ်။
အဖြူရောင် ဆေး-၂ ရဲ့မူရင်း အရေးအသား က အတော့် ကို ပြောင်မြောက်လှကြောင်း http://myochitmyanmar.org/ မှာ သွားဖတ်လို့ရပါတယ်။

အဖြူရောင် ဆေး-၂ သို့ အောက်ပါပြန်စာကို ဖြန့်ဝေပေးကြပါ။ ကျေးဇူးတင်ပါတယ်။
----------------------------------------------------------------------------------------------------------------------------------------------------------


စိတ်မရှိနဲ့ ဖြေရှင်းသူ (အဖြူရောင် ဆေး-၂) ရေ။ ပြောစရာတွေ့လို့ဝင်ပြောတော့မှာပါ။ ဦးကြည်စိုး ဟာ တော်တဲ့ခွဲစိတ်ဆရာဝန်ကြီးတစ်ဦးဖြစ်ကောင်းဖြစ်ခဲ့နိုင်ပါတယ်။ သို့သော် မြန်မာနိုင်ငံမှာ သူ့လိုတော်တာ ၊ စိတ်ဓာတ်ကောင်းတာ နှစ်ယောက်မရှိနိုင် တော့ ဘူး ဆိုတာကတော့ အလွန်အမင်း ပင့်ရာကျပြီး အခြား ဆရာဝန်ကြီးတွေကို စော်ကားရာလည်း ရောက်နေပါတယ်။ ဦးကြည်စိုး တော်တယ် ၊ စိတ်ဓာတ်ကောင်းတယ်ဆိုရင် တစ်ကယ်တော့ မြန်မာနိုင်ငံမှာ
ဦးကြည်စိုးထက် ကို ပိုတော်တဲ့ စိတ်ဓာတ်ကောင်းတဲ့ Surgeon ဆရာဝန်ကြီး တွေ တစ်ပုံတစ်ပင်ကြီးရှိသေးတယ် ဆိုတာစစ်တမ်းတောင်လိုက် ကောက်နေစရာမလိုပါဘူး ခင်ဗျား။ ဘာကြောင့်လဲဆိုတော့ မြန်မာလူမျိုးထဲမှာ တော်သထက်တော် ၊ ကောင်းသထက် ကောင်းတာတွေ ဟာ သူ့ထက်ငါ ကို ရှိနေတတ်လို့ပါဘဲ။ ဦးကြည်စိုးဟာ သူတာဝန်
ထမ်းဆောင်ခဲ့တဲ့ ဝန်ထမ်းဘဝ တစ်လျှောက်လုံး တော်ခဲ့ ကောင်းခဲ့တာ ဖြစ်နိုင်ပါတယ်။ သံသယလည်း မဝင်ပါဘူး။ ဖြစ်မှာပါ။ ဒါပေမဲ့ လူတစ်ယောက်ဟာ အရင်က တော်ခဲ့တတ်ခဲ့ လို့ အမြဲတမ်းတော်နေကောင်းနေမယ်လို့ ဘယ်က
များ အာမခံချက်ရထားပါလဲ လို့ဖြေရှင်းသူကို မေးချင်ပါတယ်။ ဦးကြည်စိုး လို တော်တဲ့ လူ သာ နှစ်ယောက်မရှိဘူး ဆိုရင် နိုင်ငံတော်က ဘာလို့များသူ့ကို retirement ပေးလိုက်တာပါလိမ့်? စဉ်းစားစရာပါ။ကျောသားရင်သား မခွဲခြား
တဲ့ တစ်ကယ့်ဆရာဝန် ကောင်းဆိုရင် free dispensary တွေမှာ free service မပေးဘဲ ဘာလို့များ SSC လို ပိုက်ဆံအများကြီးတတ်နိုင်မှ တက်ခွင့်ရတဲ့ ဆေးရုံ မျိုးမှာ အလုပ်လုပ်နေတာလဲခင်ဗျာ? ( free dispensary တွေမှာ free service ပေးမှ ဆရာဝန် ကောင်း ၊ စိတ်ဓာတ်ကောင်းတယ်လို့ ဆိုလိုခြင်းမဟုတ်ပါ။  ဖြေရှင်းသူ ၏ အလွတ်တည်
ပင့်ချက်များကို highlight လုပ်ပြခြင်းသာဖြစ်ပါသည်။) မစဉ်းမိဘူးလားခင်ဗျ? ဒါတွေမပြောချင်ပါဘူး။ ဒါပေမဲ့ ဖြေရှင်း
သူ ဘက်က လာပုံ လေးအတိုင်း တုန့်ပြန်နေရတာပါ။

GP မှာလည်းတာဝန်ရှိတယ်ဆိုတာ ဘယ်သူမှမငြင်းနိုင်ပါဘူး။ ဒါပေမဲ့ GP က Diagnosis မှားတိုင်း SSC လို ဆေးရုံ ကြီးမျိုး ၊ ဦးကြည်စိုးလို ကျောင်းပေါင်းစုံမှာ professor လုပ်ခဲ့တယ် ဆိုတဲ့ လူမျိုးကလိုက်မှားစရာလားခင်ဗျ။ GP မှားတဲ့အတိုင်း လိုက်နင်းသွားလို့ ဆေးလောကမှာ ရလားခင်ဗျ၊ SSC လို ဘာလူနာလာလာ အရင်ဆုံး ဆီး ဝမ်း သွေး လေ လိုတာရော မလိုတာရော လျှောက်စစ်ပြီး နင်းကန်ဘော်ချက် တတ်တဲ့ ဆေးရုံ မျိုးက GP မှားတာကို မှားတဲ့
အတိုင်း လိုက်ကမိတယ် ဆိုတာ တော်တော် တိကျတဲ့ reliable အထောက်အထားပဲနော်။ GP ညံ့တာ မညံ့တာ အသာထား ၊ ဦးကြည်စိုးက သာမန် GP ထက်တော်တဲ့ professor ကြီးလေဗျာ။ တော်တယ်ဆို? SSC မှာလည်း တော်တတ်တဲ့ specialist တွေ တစ်ပုံကြီး ရှိနေတယ်လေ။ Dengue fever ရဲ့ symptoms တွေ ၊ DHF ဟုတ်မဟုတ် verify လုပ်တာတွေဟာ ဒီခေတ်မှာ အရမ်းကို လွယ်လွန်းပါတယ်ဗျာ။ Qualified GP ဆိုရင်တောင် Dengue fever ဆိုတာချက်ချင်း predict လုပ်နိုင်တယ် ဆိုတာ ဖြေရှင်းသူ မသိတာ အံ့ဪမိပါရဲ့။ Dengue Shock (DSS) ရဲ့လက္ခဏာ
အချို့ က appendicitis နဲ့ တူပေမဲ့ DSS ရဲ့ လက္ခဏာ တွေမှာ appendicitis နဲ့မတူ ထူးခြားတာတွေအများကြီးဆိုတာ ဦးကြည်စိုး ရော ၊ SSC ကတာဝန်ရှိသူ ဆေးဝန်ထမ်းတွေရော ၊ ဖြေရှင်းသူရော မသိတာတော့ စိတ်ပျက်စရာပဲဗျ။
အဲဒါကို လူပြိန်းတွေမှသာ မသိကြတာ ၊ ဦးကြည်စိုးလို ကိုတော်ကြီး နဲ့ SSC က မယ်တတ်ပ တွေမသိဘူးဆိုတော့ သူတို့တစ်တွေ ရဲ့ ပညာအဆင့်အတန်းက လူပြိန်း စကွဲ (square) တွေများလား? ဒီလိုပြောရတာအားတော့နာပါတယ်။  ဦးကြည်စိုးမှားတဲ့ အမှားမျိုးကို အခြားဆရာဝန်ကြီးတွေ မပြောနဲ့ သာမန် Qualified GP တောင်မမှားသင့်ဘူး ဆိုတာ
အခိုင်အမာကို ပြောရဲပါတယ်ဗျာ။ ဦးကြည်စိုးကို ပင့်မြှောက်ပြီး ကာကွယ်ချင်ဇောနဲ့ အခြားဆရာဝန်ကြီးတွေ ဆရာဝန်လေးတွေကို ကျေးဇူးပြုပြီး မစော်ကားပါနဲ့ ၊ မမိုက်ရိုင်းပါနဲ့၊ Please

လူနာကစစ်ဆေးလာပြီးသားမို့လို့ ထပ်မစစ်ဆေးတော့ဘူး ဟုတ်လားခင်ဗျ? ဟားဟားဟားဟားလို့ ဦးနှောက်ကောင်းသူ ဉာဏ် ရှိသူတွေက ဟားတိုက် ရယ် ကြမှာမြင်ယောင်မိတယ်။ အဲလိုသာဆို အဲဒီ point တစ်ချက်တည်းနဲ့တင် ဦးကြည်စိုး နဲ့ SSC တို့ရဲ့ အသုံးမကျမှု က သက်သေပြပြီးသားဖြစ်နေပြီ။ SSC လို ဆေးရုံ မျိုးလားဗျာ အောင်ရတနာက စစ်ဆေးပြီးသားမို့ ထပ်မစစ် ဆေးတော့ဘူး ဆိုတာ။ ဒီစကားကို SSC မွေးခန်း အဝမှာရပ်ပြီး ခုမှမွေးလာတဲ့ အနှီးထုပ် ကလေးရှေ့မှာ သွားပြောရင်တောင် ပြောတဲ့ ပါးစပ်ကလေးကို ဟိုလူမမည် လေးက ရေသွန် ပူဇော်လိုက်လိမ့်ဦးမယ်။ အောင်ရတနာက မအူမလည်ဆရာဝန် တွေ ရဲ့ စစ်ချက်ကို SSC က rely လုပ်တယ်
ဆိုတော့ ကြည့်ရတာ အောင်ရတနာနဲ့ SSC က ဝမ်းတူးရိုက်ပြီးချက်တာများလားဗျာ။ လူနာရဲ့ အဖွားက ဘဲ ဦးကြည်စိုး နဲ့ခွဲမယ်ပြောပြော ၊ လူနာရဲ့ အဘိုးကဘဲ ကိုတော်ကြီး နဲ့ခွဲမယ်ပြောပြောလေ။ ခွဲသင့်မခွဲသင့် ၊ viable ဟုတ်မဟုတ် ဆုံးဖြတ်ရမှာက ၊ ခွဲမယ်လို့ ဆုံးဖြတ်ခဲ့တာ က ဦးကြည်စိုးလေဗျာ။ လူနာရဲ့ အဖွားမှ မဟုတ်တာခင်ဗျ။ တစ်ချို့ လူနာရှင်ဆိုတာ တော့ ဒီလိုဘဲလေ ၊ ခွဲရမှာကို မခွဲနဲ့လို့ ပြောချင်ပြောမယ် ၊ မခွဲရမှာကို ခွဲလို့ပြောချင်ပြောမှာပေါ့။ သူတို့က ဆေးပညာရှင် မှမဟုတ်ကြတာဘဲနော်။ ဟုတ်ပြီ ဦးကြည်စိုးက ECG ရိုက်ခိုင်းပြီး ကောင်းရင်ခွဲမယ် ဆိုတော့ ခုဟာက
ECG
ကောင်းတယ်လို့ ဆုံးဖြတ်ပြီးခွဲလိုက်တာပေါ့နော်။ လူနာက ဦးကြည်စိုး ဆီရောက်လာ တော့ သေကို သေတော့မယ့် အခြေအနေဆို? သေကိုသေတော့မယ့် အခြေအနေ ရှိနေတဲ့ လူနာရဲ့ ECG က ကောင်းတယ်တဲ့လားဗျာ။ ECG မရိုက်ပါနဲ့။ BP ဘဲ တိုင်းကြည့်လိုက်ပါဦး။ သေခါနီး လူနာဟုတ်လားမဟုတ်လား သိနိုင်တယ်ဗျ။ အဖြူရောင် ဆေး-၂
ကလည်း အင်တာနက်ပေါ်အထိ တက် နောက်နေသလိုဘဲဗျာ။ ရှင်းရှင်းလေးပါဗျာ။ စစ်ဆေးကြည့် severe Dengue မှန်းသိတယ် ဆိုရင် ၊ ခွဲလည်း မရတော့ဘူး ဆိုတာသိရင် လူနာရှင်ကို ပြောလိုက်ပေါ့ဗျာ ၊ Sorry မရတော့ဘူးလို့။ Even ultrasound ရဲ့ result က Appendicitis ပြနေ တယ်ပဲထား။ သေတော့မယ့် လူနာကို ခွဲရင်လည်း မရနိုင်တော့ ဘူး ဆိုတာတော့ ပြောရမှာပေါ့ဗျ။ ပြောလို့မှ ခွဲပါဗျာ ကံတရားပေါ့ လို့ လူနာရှင်က အားကိုးတစ်ကြီး ပြောလာခဲ့မှ သေမင်းနဲ့ စစ်ခင်းပေါ့ဗျ။ အမှန်ကတော့ SSC ရော ဦးကြည်စိုး ရော Dengue မှန်းကို မသိကြတာဗျ။ DSS မှန်းကိုမသိကြတာဗျ။ သူတို့သိတာ တစ်ခုပဲ ၊ ခွဲမယ် စိတ်မယ် ပါးပါးလည်း လှီးမယ် ၊ အတုံးလိုက်လည်း ခုတ်မယ် ဆိုတာလေ။ ကဲ ဘယ်သူ့အမှားလဲ ဆိုတာ စာဖတ်သူတွေ တွေးပါလိမ့်မယ်။

ဦးကြည်စိုးက တရုတ်ပြည်ကို သွားဖို့ well planned လုပ်ထားပြီးသားဆိုရင် လူနာကို ဘာလို့များတာဝန်ယူ ခွဲစိတ်ခဲ့သေးလဲ? ဘာလို့များ SSC မှာ sign on လုပ်ထားဆဲလဲ? ခွဲပြီးရင် visit မလုပ်ပေးနိုင်ဘူး ဆိုရင် ဘာလို့ ခွဲခဲ့သေးလဲ? ဪ သိပြီ ၊ လူနာရှင်က အတင်းအကြပ်ခွဲခိုင်းလို့ အားနာပါးနာနဲ့ ခွဲပေးလိုက်တာ။ အဲလိုဟုတ်လား? တာဝန်ယူ ခွဲစိတ်ပြီ ဆိုမှတော့ တရုတ်ပြည်သွားတာ ၊ ကုလားပြည် သွားတာ postpone လုပ်ရမှာပေါ့ဗျာ။ postpone မလုပ်နိုင်ရင် တာဝန်
မယူနဲ့ပေါ့။ လူနာက ခွဲခန်းက ထွက်လာတော့ ကောင်းတယ်တဲ့လားဗျ။ ခုနပြောတော့ သေခါနီးလူနာဆို ? ကိုတော်ကြီး ခွဲလိုက်တာ Dengue ပါတစ်ခါတည်း ပျောက်သွားတယ်လား။ ဪ ဪ ဟိုလိုပြောလိုက် ဒီလိုဆိုလိုက်နဲ့၊ ဘယ်ဟာ အမှန်လဲ အဖြူရောင်ရှင်းပြသူရေ။

သေမယ့် လူနာကို ဦးကြည်စိုးက ခွဲမိသွားတယ်ထား၊ သေမယ့် လူနာ မှန်းတော့ ဦးကြည်စိုး ရော SSC ရော မသိခဲ့ဘူးမလား? အဲဒါပဲလေ မတော်တရော ပြစ်ချက်က။ မှန်တယ် မဟာဇီဝက ကြီးတောင် ကုရင်း သေတဲ့လူနာရှိချင်ရှိခဲ့မှာပဲ။
သမားပဲဗျာ ဘုရားမှ မဟုတ်တာကို။ အဲဒီ လူနာကောင်မလေးက ဦးကြည်စိုး ခွဲလိုက်လို့ကောင်းသွားတာဆို? ဘာလို့များ ကုရင်းသေတဲ့လူနာ ရှိချင်ရှိမှာပဲ ဆိုတဲ့ excuse လာပေးနေရတာလဲဗျ။ မမှားသောရှေ့နေ မသေသောဆေးသမားစကားပုံကလည်း အမှန်ပါဘဲ ။ အဲဒီစကားပုံ ရဲ့ ခံစားခွင့်ကို ရှင်းပြသူ အဖြူရောင် ဆေး-၂ က လိုချင်နေတယ်ဆိုကတည်း
က ဦးကြည်စိုးကြောင့်လူနာသေတာ လို့ ဝန်ခံနေသလို ဖြစ်နေပြန်ပြီလေ။ ဘယ်ဘက်ကမှ မလွတ်ဘူး တွေ့လား? သေရမယ်လို့ ရှိပြီးသားလူတစ်ယောက်က သေမင်းလက်က ပြေးမလွတ်ပါဘူး ဆိုတာကိုအဖြူရောင်သိတာလေ။ SSC နဲ့
ဦးကြည်စိုး တို့ကနားမလည်လို့ ခွဲလိုက်တာလို့ ဆိုလိုတာလားဗျ? ဦးကြည်စိုးတို့အုပ်စု က ဓားခုတ်ရာလက်ဝင်လျှိုတာ မဟုတ်ဘူးဗျ။ လက်ကသူ့ဟာသူ ရှိနေတာကို အကြင်နာမဲ့စွာဓားနဲ့ဝင်ခုတ်တာ။ ကိုယ်ကုပေးနေတဲ့ လူနာ တိမ်းပါးသွားရင် စိတ်မကောင်းဖြစ် ဝမ်းနည်းတတ်ကြတာ အလုပ်သင် ဆရာဝန် ၊ ဆရာဝန် ပေါက်စလေးတွေ နဲ့ အချို့ဆရာဝန်ကြီး
တွေ ပါဗျာ။ ဦးကြည်စိုးလို ဆရာဝန်မျိုးက တော့ တရုတ်ပြည်တောင်သွားပြီး ခေါင်းရှောင်နေနိုင်တယ်လေ။ ဟိုးလေးတစ်ကျော်ဖြစ်တော့မှသာ ပြာပြာသလဲဖြစ်သွားကြတာ ။ မဟုတ်လို့ကတော့ မေ့နေကြတာလေ။ အမှန်ကတော့ ဗျာ ဘော်ချက်ပြီး ခွဲလိုက်တယ် ၊ ၁၁ သိန်းစားပစ်လိုက်တယ် ၊ မြေကြီးဖုံးသွားမှာပဲ ဆိုပြီး လူနာရှင်မိသားစုကို အေးအေးလူလူလေး လိမ်နေခဲ့ကြတာ။ လိမ်စားမှန်း လူနာရှင်က သိသွား တော့မှ လူနာအိမ်ကို SSC က တစ်ယောက်ကသွားပြီး ဦးကြည်စိုးနဲ့ SSC မှားမိကြောင်း တောင်းပန်ခဲ့တာ။

ဆေးရုံစရိတ် ၁၁ သိန်း မကဘူး ၊ သိန်း ၁၁၀ လည်းယူပါ ၊ ယူလို့ရပါတယ်။ ဒါပေမဲ့ ပိုက်ဆံ ယူသလောက်ကို တန်အောင်service ပေးပါ။ လိမ်ကောက်ပြီး မတရား မစားကြပါနဲ့။ ဆေးရုံ အကောင်းစားကြီး ၊ facilities အပျံစား ကြီးတွေပေးလို့
နင်းကန်ပိုက်ဆံ ယူတာပါ ဆိုတဲ့ အချိုးမျိုးမချိုးကြပါနဲ့။ ယုံကြည်မှု နဲ့ ကျန်းမာရေးလုံခြုံ မှုကိုပေးနိုင်လို့ ကုန်ကျစရိတ်များတာပါဆို လက်ခံဖွယ်ရာပါ။ Weekly Eleven ဂျာနယ်က ဒေါက်တာသန်းထွန်းအောင် ဘယ်လိုလူမျိုးလဲ တော့ အဖြူရောင်ပြောလို့သိရတာပါ။ အဖြူရောင်ပြောသလို ဟုတ်ချင်လည်းဟုတ်မယ် ၊ မဟုတ်ချင်လည်း မဟုတ်ပါ။ အခု မြင်တာက
တော့ အဖြူရောင် က Weekly Eleven ဂျာနယ် ဒေါက်တာသန်းထွန်းအောင် ကို ပက်ပက်စက်စက်ကို အပုပ်ချ စော်ကားနေတာကိုပါ။ ဒေါက်တာသန်းထွန်းအောင် က အဖြူရောင်ရဲ့အပြောအရ လူယုတ်မာကြီး ဖြစ်တယ်ထား၊ ဒေါက်တာသန်းထွန်း
အောင် ကြောင့် လူနာ မိန်းကလေးသေခဲ့တာ မဟုတ်ပါဘူး။ ဒေါက်တာသန်းထွန်းအောင်ကို နိုင်ငံတော်က အရေးယူခဲ့တာ မရှိပါဘူး။ အဖြူရောင်ရဲ့အပြောအရ ဆို SSC နဲ့ အာရှတော်ဝင်တို့ဟာ service ပေးတာချင်းပြိုင်နေတာမဟုတ်ဘဲ ၊ ဝင်ငွေကောင်းတာချင်း ပြိုင်နေတာလို့သိရပါတယ်။   မြန်မာပြည်က private ဆေးရုံ ကြီးတွေရဲ့ အဓိက ပြဿနာက အဲဒါပါဘဲလေ။
အောက်တန်းစားဆန်လွန်းစွာ စီးပွါးရှာနေတာ အော့နှလုံးနာ စရာပါဗျာ။

ဦးကြည်စိုး ရဲ့ နာမည်နဲ့ ဂုဏ်သိက္ခာ ထိခိုက်တာတွေ ၊ ဒေါက်တာသန်းထွန်းအောင် ကို အဖြူရောင်က အခုလိုအပုပ်ချ နှိပ်ကွပ် နေလို့ ဒေါက်တာသန်းထွန်းအောင်ရဲ့ နာမည်နဲ့ ဂုဏ်သိက္ခာ ထိခိုက်တာတွေထက် ပိုပြီး ထိခိုက်စရာက သေသွားရှာတဲ့ လူနာလေးနဲ့ သူ့ရဲ့ ကျန်ရစ်သူမိသားစုပါ။ ဦးကြည်စိုး ရဲ့ နာမည်နဲ့ ဂုဏ်သိက္ခာ ထိခိုက်တာလောက်ကို စာဖွဲ့မနေပါ
နဲ့ဗျာ။ ဦးကြည်စိုး မှာအပြစ်ရှိလို့လဲ နိုင်ငံတော်က ပြစ်ဒဏ်ချမှတ်လိုက်တာပါ။ ဦးကြည်စိုး နဲ့ SSC က ဘဲ မတော်တရောလုပ်မှာပါ။ နိုင်ငံတော်က တော့ မတော်မတရားပြစ်ဒဏ်ချမှာမဟုတ်ပါဘူး။

ဦးကြည်စိုးက အေးအေးဆေးဆေးဂေါက်ရိုက် ကျင်းစိမ် အနားယူပြီး ကမ္ဘာပတ်နေနိုင် သည့်အထိ ချမ်းသာချင် ချမ်းသာမှာပေါ့ဗျာ။ သူ့သမီးသေတာမှ မဟုတ်တာလေ။ သေသူရဲ့ ဖခင် မိခင် ဘက်ကကိုယ်ချင်းစာကြည့်ပါလား? မစားမဖြစ်စားရတဲ့
ထမင်းတစ်လုပ် တောင် အေးအေးဆေးဆေး မျိုကျကြရဲ့လားလို့။ ဦးကြည်စိုးက SSC လို ဆေးရုံ မျိုးတွေမှာ လုပ်ခဲ့လို့ ချမ်းသာတာ ဖြစ်မှာပေါ့ဗျာ။ free ဆေးရုံ တွေမှာသာ ဝန်ထမ်းခဲ့ရင် အခုလို ချမ်းသာနေမယ်လို့ ထင်လို့လားဗျ။ ဒေါက်တာ သန်းထွန်းအောင် က သူများကို ပုတ်ခပ်ပြီးမှ စားရသောက်ရတဲ့ လူမျိုးဆိုရင် ဦးကြည်စိုးဟာ သူတစ်ပါးကို လိမ်လည်လှည့်ဖြား
အသက်သတ်ပြီးမှ စားရသောက်ရ ရှာတဲ့ လူမျိုးလို့သာသတ်မှတ်ရမှာပါ။ ဒေါက်တာ သန်းထွန်းအောင် သူများကို ပုတ်ခပ်တာ မထင်ရှားပေမဲ့ ဦးကြည်စိုး လိမ်လည်တာ ၊ အရည်အချင်း မဲ့တာ ၊ လူသတ်တာ ကို နိုင်ငံတော်ကတောင် အသိအမှတ်ပြုပြီးသားပါ။

ဒေါက်တာသန်းထွန်းအောင် စီးပွါးရှာရာမှာ ဘယ်လိုအောက်တန်းကျတာတွေ ၊ ညစ်ပတ်တာတွေ ဟာ လူနာသေဆုံးရမှုနဲ့ ဘယ်လိုမှမပတ်သတ်လို့ သိပ်စိတ်မဝင်စားပါဘူး။ စိတ်ဝင်စားသွားတာက  အဖြူရောင်ပြောတဲ့ Rule (Oak) of Geneva
ဆိုတာကိုပါ။ Oath (ကတိသစ္စာ) ကို Oak (ဝက်သစ်ချပင်) လို့ မှားပြီးရေးကတည်းကို က အဖြူရောင်ရဲ့ ပညာ အဆင့်အတန်းဘယ်လောက်ရှိလဲ ဆိုတာကို သိလိုက်ရပါတယ်။ အဖြူရောင် လို အရည်အချင်းမရှိသူတွေဟာ တိုင်းပြည် ရဲ့ ဆေးဝန်ထမ်းတွေ
အဖြစ်ရှိနေတာဟာ တိုင်းပြည် အတော်ကိုနစ်နာလှပါတယ်။ အဖြူရောင်ဟာဆေးပညာ တစ်ကယ် တတ်ကျွမ်းသလား တော့ သံသယဝင်စရာပါ။ ဘာကြောင့်လဲဆို ဆေးပညာရှင်တွေ ရဲ့ ခံဝန်ကတိကို တောင် အင်္ဂလိပ် လို မှန်အောင် မပေါင်းတတ်လို့ပါ။
ဦးကြည်စိုးလို လူစားမျိုးကို ကြည်ညို ကိုးကွယ်သူ ဆိုတော့ ဒီလောက်ပဲလာမှာပါဘဲလေ။ ရှေ့လျှောက် အဖြူရောင်လို မတောက်တခေါက် ယောင်ဝါးလေးတွေနဲ့တိုင်းပြည် အနာဂတ်တော့ စိုးရိမ်စရာပါဘဲ ။

ဦးကြည်စိုးလို ပညာ ၊ အရည်အချင်းလောက်နဲ့ နိုင်ငံခြားမှာ ဝင်ငွေဘယ်လောက်များရှာနိုင်မှာမို့လို့လဲခင်ဗျာ။ ဦးကြည်စိုးလို
လူတွေဟာ US နဲ့ EUROPE မှာထက်ကို မြန်မာပြည် မှာ ပိုပြီးဝင်ငွေ ကောင်းတာ အဖြူရောင်မသိတာလား ၊ တမင်တကာ ဦးကြည်စိုး ကို မြှောက်ပင့်ပြီး လူအထင်ကြီးအောင်လျှောက်ပြောနေတာလားနိုင်ငံရပ်ခြားတွေ က မြန်မာ ခွဲစိတ်ဆရာဝန်တွေ ရဲ့ ဝင်ငွေ ထွက်ငွေ ကို သိသူတိုင်းက ကောင်းကောင်းဆုံးဖြတ်ပါလိမ့်မယ်။ ဦးကြည်စိုးလို SSC လို အချိုးမျိုးနဲ့ US EUROPE
မှာသာသွားချိုးရင် ဦးကြည်စိုး တစ်သက်မပြောနဲ့ ဆယ်သက်ရှာ တဲ့ ချမ်းသာမှု တောင် အလျော်ပေးလို့ လောက်မှာမဟုတ်ပါဘူးခင်ဗျား။ သူ့အတွက် နိုင်ငံခြားဟာ ချောင်မှာမဟုတ်ဘဲ မြန်မာပြည်လို သည်းခံနိုင်စွမ်းလွန်ကဲ တဲ့ လူမျိုးတွေရှိတဲ့နေရာက
သာလျှင်ဟန်ကျလွန်းလို့ လုပ်စားနေတာ ဦးကြည်စိုး တိုင်းပြည် ကို စေတနာထားနေတာမဟုတ်ပါဘူး။ သူ့ကိုယ်သူ စေတနာထားနေခြင်းသာဖြစ်ပါတယ်။ မဟုတ်က မဟတ်က information တွေကို ပြည်သူ ကို ပေးဖို့ blog မှာ ရေးတဲ့ အဖြူရောင်ရဲ့
အောက်တန်းကျလှတဲ့ စိတ်ဓာတ်မျိုးဟာ အလွန်ကိုကြောက်စရာကောင်းပါတယ်။ ဒါပေမဲ့ အဖြူရောင်သတိမပြုမိတာက ဆေးလောက ကမဟုတ်တဲ့ ပြည်သူတွေထဲမှာ အဖြူရောင်လိုအရည်အချင်းမဲ့ စိတ်ဓာတ် စုတ်ပြတ် ပုဂ္ဂိုလ်ကိုးကွယ်တဲ့
အောက်တန်းစား ထက်ပိုပြီး ပညာတတ်တဲ့ ၊ အမှန်တရားကို ကိုးကွယ်တဲ့ လူတွေ အပုံကြီးရှိနေတယ် ဆိုတာကိုပါ။

ဒေါက်တာသန်းထွန်းအောင် ကိုတိုက်ခိုက်ချင်ဇောနဲ့ မြန်မာ journalist တွေရဲ့ 98% ကို ဆဲဆိုစော်ကားပြီးရေးရဲတဲ့ သတ္တိ ၊
အခြားဆရာဝန်ကြီးတွေကို စော်ကားထိပါးရေးရဲ တဲ့ အဖြူရောင်ရဲ့ သတ္တိ တွေဟာ ဝမ်းတွင်းပါတော့ ဟုတ်ဟန်မတူပါဘူး။ ဦးကြည်စိုးလို လူစားမျိုးတွေရဲ့ သင်ကြားပဲ့ပြင် ဆုံးမသွန်သင်မှုတွေကြောင့်သာဖြစ်ပါလိမ့်မယ်။ ဦးကြည်စိုးလို ၊ SSC ဝန်ထမ်း
အချို့လို ၊ အဖြူရောင်လို ဆေးလောကရဲ့ အမည်းစက်တွေကြောင့်ကျွန်တော် ကိုယ်တိုင်ဟာ ဆေးလောကသား တစ်ယောက်လို့ဝန်ခံ ရမှာကိုတောင် ရှက်ရွံ့ နေမိပါတယ်။ ဒါပေမဲ့ ဦးကြည်စိုးလို ၊ SSC ဝန်ထမ်း အချို့လို ၊ အဖြူရောင်လို ပြည်သူလူထုကို
လိမ်လည်လှည့်ဖြား ဒုက္ခပေးနေသူလူစားတွေ အတွက် ကျွန်တော့် လို ဆေးလောက သားတွေလည်း ပြည်သူလူထုဘက်က တံတိုင်းကြီးတစ်ခုလို မားမားမတ်မတ်ရှိနေမယ် ဆိုတာမှတ်ထား လိုက်ပါခင်ဗျား။

----------------------------------------------

ဒုတိယပိုင်း

အဖြူရောင်ကို ပြန်ရေးစရာလေးတွေ ကျန်သွားလို့ပါ။
ဦးကြည်စိုးလို ပြည်သူ့ ရန်သူ လူလိမ် လူသတ်သမား ၊ SSC လို အောက်တန်းစားစီးပွါးရေး နဲ့
အဖြူရောင်လို အယုတ်စား လေးတွေကို ချေမဲ့ချေ မွနေအောင် ချေပစ်လိုက်ချင်လို့ပါဗျာ။
ဒါမှသာ ကျန်နေသေးတဲ့ medical စုန်းပြူး တစ်ချို့ နောင်ကျဉ် မှာမဟုတ်လားဗျ။ ကျန်သွားတာ
လေးတွေဆက်ပြောပါ့မယ် ခင်ဗျ။

ဦးကြည်စိုး လို လူသတ်ကောင် ကလိမ်ကကျစ် ကို အသာထားဘိဦး။ ပြည်သူအတွက် အသက်ပေး
ခန္ဓာစတေး ၊ ကိုယ်လက် အင်္ဂါ အဆုံး ခံပြီး ကျေးဇူးဆပ်နေပါတယ် ဆိုတဲ့ တပ်မတော်သား တွေ
တောင် သူတို့အပေါ် တင်ရှိနေ တဲ့ နိုင်ငံ့ကျေးဇူး ကို ဘယ်တော့မှ ဆပ်နိုင်မှာ မဟုတ်ပါဘူး။
ကျွန်တော်တို့အားလုံးအပေါ်မှာ နိုင်ငံ့ကျေးဇူး က ပြောပြလို့မရလောက်အောင်ကို တင်ရှိနေပါတယ်။
အဲဒါကြောင့် လူတစ်ယောက်ဟာ ပြည်သူကို အလုပ်အကျွေး ပြုနေတာဘဲ လို့လက်ခံလိုက်ရင်တောင်မှ
ဒီလို အလုပ်အကျွေး ပြုနေခြင်းဟာ သူအနစ်နာခံနေတာလို့ ထင်မြင်လိုက်ရင် တက်တက်စင်အောင်ကို
လွဲမှားသွားမှာပါ။ အထူးသဖြင့် ဦးကြည်စိုး နဲ့ ပတ်သတ်ပြီး ဒီလို ယုံကြည် ယူဆ တာဟာ အရမ်းကို
ရွံရှာဖို့ကောင်းပါတယ်။ ဦးကြည်စိုး ရဲ့ ဘဝ တစ်လျှောက်လုံးမှာ တိုင်းပြည် အတွက်ကိုယ်ကျိုးစွန့်ပြီး
ဆောင်ရွက် ခဲ့တဲ့ နမူနာ လေး တစ်ခုပြနိုင်ရင် ပြကြည့်လိုက်ပါဗျာ ။ ဦးကြည်စိုး ဟာတိုင်းပြည်နဲ့လူမျိုး
တွေ ဆီက စားခဲ့တာပဲရှိပါတယ် ၊ ယူခဲ့တာပဲရှိပါတယ်။ ဘာများ ကျွေးခဲ့ ပေးခဲ့တာ ရှိလို့လဲခင်ဗျ။
ဒီလို လူဆိုးမျိုး ကို အခုလို တရားနည်းလမ်းကျကျ အရေးယူထုတ်ပယ်လိုက်တော့ တိုင်းပြည်အတွက်
ပြည်သူအတွက်အကျိုးကျေးဇူး အများကြီးရှိတာပေါ့ဗျာ။ အဖြူရောင်ကဘာထင်နေလို့လဲဗျ? ခွဲစိတ်ဆရာဝန်ကြီးတစ်ယောက်ဆေးလောက ထုတ်ခံ ရတာ ပြည်သူတွေ ဘာမှဖြစ်သွားစရာ မရှိပါဘူးခင်ဗျာ ။ ဦးကြည်စိုး ထက် အပုံကြီးသာတဲ့ သားကောင်းရတနာတွေ ကို ကျွန်တော်တို့ မိခင်ကြီးက မွေးထုတ်ထားပါတယ်။

ဦးကြည်စိုး မရှိတော့ရင် ဦးကြည်စိုး မထမ်းခဲ့တဲ့ ဝန်ကို ပုခုံးထိုးပေးမယ့် ဆရာဝန်ကြီး တွေ ဒုနဲ့ဒေးပါ။
တစ်ကယ်လို့သာ ဦးကြည်စိုး ရဲ့ ဆရာဝန်သက် ဘဝ တစ်လျှောက်လုံး မှာ ပြည်သူလူထုကသာ သူ့ကို
ကျောခိုင်းခဲ့ရင် ဒီနေ့ အဖြူရောင်ပြောသလို ဦးကြည်စိုးဟာ အေးအေးဆေးဆေးဂေါက်ရိုက် အနားယူပြီး
ကမ္ဘာပတ်နေနိုင် သည့်အထိ ချမ်းသာနေမှာမဟုတ်ပါဘူး။ ဘယ်သူကဘယ်သူ့ကျေးဇူးကို သိနားလည်
ရမလဲဆိုတာ အဖြူရောင်မစဉ်းစားပါနဲ့။ အမှန်တရားကို မျက်ကွယ်ပြု လူဆိုးလက်ကိုင်တုတ် ဘဝမှာ
ပျော်ပျော်ကြီး ကျေနပ် နေတဲ့ အဖြူရောင် ရဲ့ ဦးနှောက် အသိဉာဏ် မှာ အဖြေမှန်ထုတ်နိုင်တဲ့ စွမ်းပကား
ရှိမနေလို့ပါ။

အဖြူရောင်က မီဒီယာ သမားဂျာနယ်လစ် တွေကို အဆုံးစွန် သိမ်းကျုံး မိုက်ရိုင်း ထားပါတယ်။
ဂျာနယ်လစ်တွေထဲမှာ လူဆိုး တွေရှိနေတာ ကို ကျွန်တော်လည်း လက်ခံပါတယ်။ ဒါပေမဲ့
ဂျာနယ်လစ် အားလုံး လူဆိုး လို့ ပြောရင်တော့ အလွန်ကို မိုက်ရိုင်းသွားမှာပါ။ တစ်ကယ်တမ်း
ဆန်းစစ်ကြည့်ရင် ဂျာနယ်လစ် အချို့ အရက်သောက်ချင်သောက်မှာပါ ၊ ဆရာဝန်ကြီးတွေ
ထဲမှာရော အရက်သောက်သူတွေမရှိလို့လားခင်ဗျ ၊ ဂျာနယ်လစ် အချို့ အပျော်ကြူးချင်
ကြူးမှာပါ။ ဆရာဝန်ကြီးတွေ ထဲမှာရော အပျော်ကြူး တဲ့ လူတွေမရှိလို့လားခင်ဗျ။ ရပ်ကွက်တွေ
မှာ အသုံးမကျတဲ့ လူတွေ ဟာ ဂျာနယ်လစ် တွေ ဖြစ်ချင်လဲဖြစ်မှာပါ။ ထားပါ။ ဒါပေမဲ့ ရပ်ကွက်
တွေမှာ အသုံးမကျတဲ့ လူ အချို့ ရှိနေလို့ ရပ်ကွက်ကြီး ပျက်စီးမသွားပါဘူး။ အဲဒီ အသုံးမကျတဲ့
လူတွေ က လောဘဇော တိုက်ပြီး လူတော့ မသတ်ပါဘူးဗျာ။ ဆေးရုံ တစ်ခုမှာ ဦးကြည်စိုးလို
အသုံးမကျတဲ့ လူတစ်ယောက် ရှိနေရုံ နဲ့တင် တန်ဖိုးရှိတဲ့ အသက်တွေဆုံးရှုံးပြီး နိုင်ငံ့အရင်းအမြစ်
တွေ ပျက်စီးသွားတတ်ပါတယ်။ ဆေးလောက ရဲ့ စုန်းပြူးတွေ ကို ကျွန်တော်တို့လို ဇီဝပါလ တွေက
ဟားတိုက်ရယ်ပြီး မသနားပါဘူး။ အခုလို ပြတ်ပြတ်သားသားကို နှိပ်ကွပ်ဆုံးမတတ်ပါတယ်။
ဆုံးမတာ နာသွားရင် နာခံလိုက်ပါတော့။ သူတစ်ပါး ကို ပုတ်ခပ်တတ်တဲ့ ဂျာနယ်လစ်ဆိုးတွေ ကြောင့်
အပြစ်မဲ့ ၁၅ နှစ် သမီးလေး မချိမဆန့်ဝေဒနာ နဲ့အသက်ဆုံးဖူး တာ မရှိပါဘူးဗျာ။ တာဝန်သိ ဂျာနယ်
လစ်တွေကြောင့်သာ အမှုမှန်ပေါ်ပြီး တရားမျှတမှုထွက်လာတာပါ။

ဦးကြည်စိုးက ခေါင်းခံလိုက်တာတော့ အမှန်ပါဘဲ ။ ဒါပေမဲ့ အောင်ရတနာဆေးခန်းက မအူမလည် ဆရာဝန်
အတွက်တော့ လုံးဝမဟုတ်ပါဘူး။ ဦးကြည်စိုးဟာ သူကိုယ်တိုင်နဲ့ သူ့အပေါင်းအပါ SSC တို့ ပူးပေါင်းကျူးလွန်ခဲ့တဲ့ အပြစ်အတွက် သူ ခေါင်းခံလိုက်တာပါ။ ဒါကလဲ SSC က သူ့ကို တစ်စုံတစ်ရာမက်လုံးပေးလိုက် တာ ဖြစ်နိုင်
ပါတယ်။ ဟုတ်မဟုတ်တော့ နောက်ပေါ်လာပါလိမ့်မယ်။ စောင့်သာကြည့်နေကြပါ။ တစ်ကယ်လို့ ဦးကြည်စိုးဟာအောင်ရတနာဆေးခန်းက မအူမလည် ဆရာဝန် နစ်နာမှာစိုးလို့SSC နဲ့တိုင်ပင်ပြီး သူခေါင်းခံလိုက်တယ်ပဲထား။
အဲဒါမှပိုဆိုး တာပါ။ ဘာလို့လဲ ဆိုရင် တိုင်းပြည် နဲ့ ပြည်သူ အတွက် အန္တရာယ် ရှိတဲ့ လူတစ်ယောက်ကို ထိမ်ချန်တာ တစ်မှု ၊ မဖော်ထုတ်တာ တစ်မှု ၊ လိမ်လည်လှည့်ဖြားတာက တစ်မှု စတဲ့ ပြစ်မှုတွေ သီသွားလို့ပါ။သူခေါင်းခံ လိုက်လို့ ဟိုမအူမလည် ဆရာဝန် သက်သာသွားပေမဲ့ နောက်ထပ် အဲဒီမအူမလည်က လူနာဘယ်နှစ်ယောက် ကို တလွဲလုပ်ဦးမလဲ ဆိုတာ တစ်ကယ့်ကို စိုးရိမ်စရာပါ ဘဲ။ အဲဒီ မအူမလည် နောက်ထပ် မှားတိုင်း မှားတိုင်းဖြစ်ပေါ်လာတဲ့ အသက်ဆုံးရှုံး မှူတွေအတွက် ဦးကြည်စိုး နဲ့ SSC မှာလည်း အပြစ်ရှိနေဦးမှာပါ။

ဒီလို လူစားမျိုးကို အဖြူရောင် လိုလူစားတွေက ဆရာဝန်ကြီး ၊ ဆရာကြီး ဆိုပြီး လေးစားချင်လေးစားနေပါ။
အဖြူရောင်တို့ကို medical ethic သင်ပေးခဲ့တဲ့ ဆရာကြီး ဖြစ်ချင်ဖြစ်နေမှာကိုး။ ကျွန်တော် ကတော့ သူ့ကို
သက်ကြီးရွယ်အို တစ်ဦးကို လေးစားတဲ့ လေးစားမှုမျိုးကလွဲလို့ သမားကောင်း တစ်ဦးကို အလေးအမြတ်
ပြုပုံ မျိုးနဲ့ ဘယ်တော့ မှ ပြုမှာမဟုတ်ပါဘူး။

SSC က အပြုံးပျက်မပျက် တော့ မသိပါဘူး။ မြန်မာတိုင်းမ် (စ်) ဂျာနယ်က သတင်းထောက်တွေ SSC ကို
သတင်းသွားယူကြတော့ SSC က လုံးဝ မတုန့်ပြန်ခဲ့တဲ့ အကြောင်း  နိုဝင်ဘာ ၂၇-ဒီဇင်ဘာ ၃ ထုတ်
မြန်မာတိုင်းမ် (စ်) ဂျာနယ် အတွဲ ၂၃ ၊ အမှတ် ၄၄၂ စာမျက်နှာ ၃ မှာပါပါတယ်။ အဲဒါဟုတ်မဟုတ်သေချာ
ချင်ရင် မြန်မာတိုင်းမ် (စ်) ဂျာနယ် ကို သွားစုံစမ်းမေးမြန်းကြည့်နိုင်
ပါတယ်။ ဟိုးလေတစ်ကျော်ဖြစ်တော့SSC က အတော်ပြာသွားတယ် ဆိုပဲ။ အရေးပေါ် အစည်းအဝေး လည်း နှစ်ကြိမ် ခေါ်တယ်ဆိုပဲ ။
(
ဘယ်လို ထပ်လိမ်ရမလဲလို့ တိုင်ပင်စည်းဝေးကြတာ များလားလို့ ကျွန်တော်မမြင်ပါဘူး။)
မြန်မာနိုင်ငံ ဆေးကောင်စီ က SSC ဆေးရုံ ကို ပြင်းထန်စွာသတိပေးတာတောင် SSC က အပြုံးမပျက်
ဘူး ဆိုတော့ ၊ ဘယ်လိုကြီးပါလဲခင်ဗျာ။

ဦးကြည်စိုးက ဆရာဝန်ဖြစ်စကနေ ပြစ်မှုကြောင့် အရေးယူမခံရခင်အထိ ခွဲရစိတ်ရ နဲ့ ၊ အနားမယူနိုင်ပဲ
အခုမှ သာ လွတ်လပ် စိတ်ချမ်းသားစွာ အနားယူသွားပြီ လို့ ဆိုတော့ အရင်က မလွတ်လပ် စိတ်မချမ်းသာ
လို့လားခင်ဗျား။ ဦးကြည်စိုးမလုပ်ချင်တဲ့ GI ခွဲစိတ်ဆရာဝန် အလုပ်ကို နိုင်ငံတော်က အတင်းအကျပ် လုပ်
ခိုင်း နေခဲ့လို့လားခင်ဗျား။ GI ခွဲစိတ်ဆရာဝန်ဘဝ ဆိုတာ သူ့သဘောနဲ့သူ လွတ်လပ်စိတ်ချမ်းသာစွာ
ရွေးချယ် ခဲ့တဲ့ ဘဝ မဟုတ်လို့လားခင်ဗျ။ ဦးကြည်စိုး တော်မတော် ငြင်းဖို့ဝေးပါတယ်ဗျာ။ ဦးကြည်စိုး
ကျွမ်းကျွမ်းကျင်ကျင် တတ်မတတ်ဘဲ အရင်ဆွေးနွေးကြည့်မလားခင်ဗျာ။ ဦးကြည်စိုး အကြောင်းကို သူနဲ့
ပတ်သတ်သူတွေကိုပဲမေးနိုင်ပါတယ် လို့အပိုင်ပြောပေါ့ဗျာ။ ကိုယ့်မစင်ကို ကိုယ်မခံနိုင်အောင်နံတယ်လို့
မှတ်တဲ့ လူမျိုး ရှိရောရှိလို့လားခင်ဗျား။

နောက်နောင် ကလောင်မီဒီယာ ကို သုံးပြီးမတရားမှုမပြုခင် ဇီဝပါလ ရဲ့ ပြန်စာတွေကို တစ်ခေါက်အနည်းဆုံးဖတ်ပါ။မနေနိုင်မထိုင်နိုင်လောက်အောင်ကို လက်ဆော့ ချင်ရင် ဇီဝပါလတွေကို သတိရလိုက်ပါခင်ဗျား။

ဇီဝပါလ

ziwapala@gmail.com

Skaityti straipsnį   Pridėti komentarą

ပြုံးတော်မူ

Išsiųsta 2009-12-12 iki yb
Tags:ပြုံးတော်မူ

နေရာ။           ။ တစ်ခုသော တက္ကသိုလ်ကျောင်းဝင်း။

ပထမလူ။        ။ များပြားသော ကံ့ကော်ပင်ရိပ်ရှိရာ နေရာရှိ တစ်ခုသော ခုံတွင်ထိုင်နေ။

ဒုတိယလူ။       ။ ပထမလူရှိရာ ခုံတန်းနေရာသို့ အမှတ်တမဲ့ ရောက်ရှိလာ။

ပထမလူ၏တစ်စုံတစ်ရာညီးတွားသံ။        ။ လေပြေလေညှင်းလေးတွေရယ် ကျေးဇူးပြုပြီး

                                              မာန်မတင်းပါနဲ့လားကွယ်၊ သစ်ရွက်ကလေးတွေရယ်  

                                              လေအသင့်မှာ မကြွေလင့်ပါနဲ့လားကွယ်။

ဒုတိယလူ၏ အာမေဋိတ်ဖြင့် ချီးကျူးသံ။     ။ ကြားရတာ ခံစားရတယ်ကဗျာဆရာရယ်။

ပထမလူ။       ။ ဘာတွေလာပြောနေတာလဲဗျ၊ ဒီမှာ လေတိုက်တိုင်းသစ်ရွက်တွေကြွေကြွေကျနေတာ

                  အမှိုက်သိမ်းရ ပင်ပန်းလွန်းလို့ စိတ်ညစ်နေရတဲ့အထဲဗျာ

Skaityti straipsnį   Diskutuoti [3]

အကယ်၍ သင်သာဆိုလျှင်

Išsiųsta 2009-11-27 iki yb

လူတစ်ယောက်က အကူအညီတစ်ခုလိုလာတဲ့အခါ၊ ဒါမှမဟုတ် အခက်အခဲကြုံလာတဲ့အခါ၊ တစ်ချို့ ကိစ္စတွေမှာ တစ်ယောက်တည်း ဖြေရှင်းလို့ရပါတယ်။ တစ်ချို့ ကိစ္စတွေမှာ တစ်ဘက်သူရဲ့ အကူအညီ ကို ရယူမှ ပြီးမြောက်မယ့် ကိစ္စမျိုးတွေ ရှိပါတယ်။ အဲဒီမှာ ကျွန်တော်နဲ့ သူငယ်ချင်းတစ်ချို့ ဆွေးနွေးဖြစ်ကြ တာလေးက တာဝန်သိမှု နဲ့ တာဝန်ပိမှု နဲ့ တာဝန်ရှိမှု ဆိုတဲ့ စကားလုံးလေးတွေအကြောင်းပါ။ မိသားစု တစ်စုမှာ ဆိုရင် တာဝန်ရှိသူက တစ်မျိုးသတ်သတ်ပါ။ တာဝန် သိတတ်တာကတော့ မိသားစုဝင် အားလုံးနဲ့ သက်ဆိုင်လိမ့်မယ်ထင်ပါတယ်။ ဒီလိုပါပဲ တာဝန်သိလာရင်တော့ သိတတ်သလောက် တာဝန်ပိလာပါလိမ့်မယ်။ တာဝန်မသိရင်တော့ မသိသလောက် ပေါ့ပေါ့ပါးပါး နေနိုင်ကြပါတယ်။ သို့သော်လည်း တာဝန်သိတတ်သော သူနဲ့ တာဝန်မသိတတ်သောသူ အဘယ်သူသည် လောကကြီးအတွက် ပိုအသုံးဝင်သလည်းဆိုတာ လေး စဉ်းစားကြည့်ကြစေချင်ပါတယ်။ ဒီလိုပါပဲ မိသားစုဝင်တင်မဟုတ်ပါဘူး ပြင်ပလောကမှာလည်း ထပ်တူပါပဲ။ လူအားလုံး၊ ကိစ္စအားလုံးအတွက် လူတစ်ယောက်ထဲက ဘယ်လိုမှ တာဝန်ယူနိုင်မယ်မထင်ပါဘူး။ ဒါပေမယ့်က မ္ဘာကြီးအတွက်မိမိကျရာ နေရာကနေ ရှင်သန်လှုပ်ရှားနေတာကတော့ တာဝန်ရှိမှုလို့ ဆိုချင်ပါတယ်။ အဲဒီကြား ထဲကမှ မိမိတတ်နိုင်သလောက် လောကကြီးအတွက် ပံ့ပိုးပေးရင်း ရှင်သန်နေထိုင်တာက တာဝန်သိမှု လို့ အမည်တပ်ချင်ပါတယ်။ အဲ...အဲဒီလိုပါပဲ တာဝန်သိမှုတွေ များလာတာနဲ့အမျှ တာဝန်တွေ ယူမိပြီဖြစ်လို့ တာဝန်တွေပိလာမှာတော့ အသေအချာပါပဲ၊ ခင်မင်လို့ဖြစ်ဖြစ်၊ သနားလို့ဖြစ်ဖြစ်၊ အားနာလို့ဖြစ်ဖြစ်၊ လုပ်သင့်တယ်ထင်လို့ဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် တာဝန်ယူလိုက်ပြီးရင်တော့ တာဝန်သိတဲ့ သူအတွက် အလုပ် တစ်ခုပိုလာမှာပါ။ အဲဒါဆိုရင် နောက်တစ်ခုနောက်တစ်ခုနဲ့ ယူထားတဲ့ တာဝန်တွေများလာမှာပါ။ ဥပမာ တစ်ခုအနေနဲ့ ပြောပြပါမယ်။ လူတစ်ယောက်က အခက်အခဲတစ်ခုကို လူနှစ်ယောက်ကို ကြေငြာတယ် ဆိုပါဆို့။ တစ်ယောက်သောသူက အဲဒီပြောသူရဲ့ အခက်အခဲအတွက် ကိုယ်ထိလက်ရောက် ဘာမှ လုပ်မပေးနိုင်ရင်တောင် အနည်းဆုံး ခေါင်းထဲ ထည့် စဉ်းစားပြီး အကြံဥာဏ်လေး တစ်ခုနှစ်ခုလောက်တော့ ပေးလိုက်ပါမယ်။ နောက်တစ်ယောက်သော သူကတော့ နားထောင်ပြီး ဒီလိုပါပဲဗျာ စသဖြင့် တစ်ဘက်သူအတွက် အသုံးမ၀င်သော စကားလေး တစ်ခွန်းနှစ်ခွန်း လောက်ပြောပြီးထွက်သွားမယ်။ အဲဒီလို အဖြစ်အပျက်ကလေးမှာတောင် မိတ်ဆွေတို့ စဉ်းစားကြည့်ရင် အဖြေပေါ်လောက်ပါတယ်။ အကယ်၍ သင်တတ်နိုင်သော ကူညီမှု တစ်ခု ပုံပိုးမှုတစ်ခု တာဝန် ယူဆောင်ရွက်လာဖို့ရှိခဲ့ရင် ဘယ်လိုစဉ်းစားမလဲ၊ နောက်တစ်ခု နောက်တစ်ခု ထပ်လာတဲ့အခါ ဘယ်လိုစဉ်းစားမလဲ၊ တစ်ခုချင်းစီကို တာဝန်ယူဖို့ လွယ်တဲ့ အကူအညီပေးမှု ပံ့ပိုးမှုများ များပြားလာတဲ့ အခါ ဘယ်လိုစဉ်းစားမလဲ ဘယ်လို ဖြေရှင်းမလဲ သိပါရစေ။ vzo ညီအစ်ကို မောင်နှစ်မများ အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်။

“ဒီနေရာကလေးမှာ” လည်း ၀င်ရောက် ဆွေးနွေးနိုင်ကြပါတယ်။

Skaityti straipsnį   Pridėti komentarą

ကျွန်တော်နှင့် ပျော်စရာများ

Išsiųsta 2009-11-12 iki yb

သူငယ်ချင်းနမ်းမ၀ တိုက်တွန်း၍ ငြိမ်းမဟော်ဖိတ်ခေါ်ခဲ့ခြင်း ပင် ဖြစ်သော်လည်း ကျွန်တော်ကိုယ်တိုင် ခံစားမိခဲ့ရသော ပျော်စရာများ ကို ဖော်ပြချင်လာပါသည်။ သူငယ်ချင်းများ မျှဝေခံစားနိုင်အောင်လည်း သည်စာကို ရေးမိပါသည်ခင်ဗျာ။

1။    ကျွန်တော်ငယ်ငယ် ကလေးဘ၀က ဆိုလျှင် မနက်မိုးလင်းအိပ်ရာနိုးသည်နှင့် ကျွန်တော့ဘွားဘွား ၀ယ်ထားသော မုန့်စိမ်းပေါင်း အထုပ်ကလေး မြင်လျှင် အုန်းသီးနံ့ မွှေးမွှေးကလေး၊ မုန့်ကိုထုပ်ထားသော အင်ဖက်ရွက် အနံ့ သင်းသင်းကလေး ရမိသည်နှင့် အရမ်းပျော်ပါသည်။

2။    ငယ်စဉ် မူလတန်းကျောင်း တက်စဉ်က ကျောင်းများဖွင့်ခါစ ဆရာဆရာမများက ကျွန်တော်တို့နှင့် သက်ဆိုင်သော ဘာသာရပ်စာအုပ်များ ထုတ်ပေးစဉ်က ဆိုလျှင် ဖတ်စာအုပ်အသစ်များမှ ရရှိသော မိမိ နားမလည်သေးသော်လည်း အိမ်မှ ယူလာသည့် လွယ်အိတ်အသစ်ထဲ ၎င်းဖတ်စာအုပ်များ ထည့်ထားပြီး ဆရာဆရာမများ မအား၍ စာမသင်နိုင်သေးသောအချိန် လွယ်အိတ်အသစ်ကို စာသင်ခုံပေါ် တင်ထားရင်း လွယ်အိတ်ပေါ် ခေါင်း တင်၍ စာအုပ်ရနံ့ကလေးအား ခံစားရင်း ပျော်မိပါသည်။

3။     ဒဿမတန်း စာမေးပွဲအောင်တုန်းက စိတ်ထဲတွင် ဘာမှ မထူးခြားသော်လည်း တက္ကသိုလ် မေဂျာများ လျှောက်လွှာတင်ချိန်တွင် ကျွန်တော်သင်ယူလိုသော ဘာသာရပ်သည် မေဂျာ ကျသဖြင့် အဲဒီတစ်ကြိမ်တွင်လည်း ပျော်ပါသည်။

4။     ကျွန်တော် အိမ်မှထွက်၍ ပြင်ပလောကတွင် ကျင်လည်လှုပ်ရှားရင်း တစ်ရံတစ်ခါ အိမ်သို့ ပြန်သည့် အချိန်များအတွက် ခရီးသွား ဘတ်စ်ကားများ စီး၍ ပြန်လာရာ လမ်းတစ်လျှောက် လယ်ကွင်းပြင်များ ကြည့်ရင်း မွေးရပ်ဒေသ အရသာကို ခံစားရလျှင် ပျော်မိပါသည်။

5။     ပြင်ပတွင် လူချင်းမဆုံမိသော်လည်း အွန်လိုင်းပေါ်မှတဆင့် အရောင်မဆိုးသော ခင်မင်မှုဖြင့် ဖြူစင်စွာခင်မင်ခွင့်ရှိသော သူငယ်ချင်းများနှင့် သိကျွမ်းရသည့် အခါ ကျွန်တော်ပျော်မိပါသည်။

6။     တစ်ခါတစ်ရံ အယူအဆတစ်ခုအတွက် စိတ်ဓါတ်တိုက်ပွဲလေးများ ရင်ဆိုင်ရသည့်အခါ ကျွန်တော် တင်ပြလိုသည့်အကြောင်းအရာကို တစ်ဖက်သူ နားလည်သဘောပေါက်သွားသည့် အချိန်မျိုးတွင် ကျွန်တော် ပျော်ပါသည်။

7။     တစ်ခါတစ်ရံ လမ်းဘေးတွင် အစားအသောက်တစ်ခုတည်းအတွက်သာ အလုပ်လုပ်သော သူများအား ကျွန်တာ်၏ ချွေးနှီးစာ လေးများထဲမှ တစ်ချို့တစ်လေ စွန့်ကြဲပေးကမ်းလှူဒါန်းလိုက် သောအခါတွင်လည်း ထိုသူအတွက် ကျွန်တော် ပျော်မိပါသည်။

8။     လောကအကြောင်း ဘာဆိုဘာမျှ မသိသေးသော ချစ်စဖွယ် ကလေးငယ် တစ်ဦးဦး၏ ပါးပြင်ကို သဘောကျနှစ်ခြိုက်စွာ နမ်းမိသော အခါတွင်လည်း ကျွန်တော်ပျော်ပါသည်။

9။    တစ်ခါတစ်ရံ ညီလေးနှင့် ရန်ဖြစ်ခဲ့ပြီး တစ်ယောက်နှင့်တစ်ယောက် ကျေလည်အောင် အပြန်အလှန် ချော့ကြသောအခါတွင်လည်း ကျွန်တော်ပျော်ပါသည်။

10။   အဝေးမှ ပြန်လာတိုင်း မိသားစုအတွက် လက်ဆောင်ပစ္စည်းကလေးများ တနင့်တပိုး သယ်လာတတ်ပြီး ၎င်းပစ္စည်းများကို မိသားစုဝင်များ စိတ်ဝင်တစား ကြည့်ရှု ယူငင်ကြသည်ကို တွေ့မြင်ရသော အချိန်တွင်လည်း ကျွန်တော် ပျော်တတ်ပါသည်။

11။    လိုအပ်နေသောသူအား တတ်နိုင်သမျှ ပေးစွမ်းဖြည့်ဆည်း ပေး၍ ထိုသူ ကျေနပ်သည်ကို တွေ့ရလျှင်လည်း ကျွန်တော် ပျော်ပါသည်။

12။    ငယ်ငယ်ကဆိုလျှင် ဥပုသ်နေ့တိုင်း ဘိုးဘိုးနှင့် ဘုန်းကြီးကျောင်းအတူသွား၍ ဖိုးဖိုးက တရားနာ၊ ကျွန်တော်က ဘုန်းကြီးကျောင်းမှ ပေးသောလဘက်ရည် သောက်ရလျှင် ကျွန်တော်ပျော်ပါသည်။

13။   ရပ်ကွက်စေတီဖြစ်သော ရန်ကင်းစေတီ၊ ချမ်းသာကြီးစေတီ စသဖြင့် ဂေါပကသာရှိ၍ ဘုန်းကြီးမရှိသော စေတီများအား ပြုပြင်၊ ပြင်ဆင် မွမ်းမံရာတွင် ကုသိုလ်ပါဝင် တစ်တပ်တစ်အား လုပ်အားပေးရသောအခါများတွင် ကျွန်တော် ပျော်ပါသည်။

14။    ရံဖန်ရံခါ မိုးများအုံ့ဆိုင်း၍ ပတ်ဝန်းကျင်တစ်ခွင်လုံး မည်းမှောင်နေကာ အေးစိမ့်သော ရာသီဥတုမျိုးနှင့် ကြုံတွေ့ရလျှင် နေ့ခင်းဖက်ပင်ဖြစ်ပါစေ နှစ်ခြိုက်စွာ အိပ်ရတော့မည်မို့ ကျွန်တော် ပျော်ပါသည်။

15။    ကျွန်တော့ဘ၀တွင် ပထမဦးဆုံး အကြိမ် လေယာဉ်ပျံကြီး စီးပြီး ခရီးသွားရသော အခါ ကျွန်တော် ပျော်ပါသည်။

16။    တစ်ခါတစ်ရံ ကျွန်တော်မသိသေးသောအကြောင်းအရာတစ်ခုကို သိထားနှင့်ပြီးသော သူတစ်ယောက်ထံ မေးမြန်း၍ တဆင့်သိလာရသောအခါ ကျွန်တော်ပျော်ပါသည်။ ကျွန်တော် သိထားပြီးသော အကြောင်းအရာတစ်ခုအား မသိသေးသောသူမှ မေးမြန်းလာ၍ ပြန်လည် ဖြေကြား ပေးရသော အခါမျိုးများတွင် ကျွန်တော် ပျော်ပါသည်။

17။    ဘ၀တွင် နှစ်သက်သော ပျော်စရာများစွာ ဖြတ်သန်းခဲ့ပြီး ထိုပျော်စရာများအား အကုန်မမှတ်မိ တော့သော်လည်း အကြောင်း တိုက်ဆိုင်၍ ပြန်လည် စဉ်းစားမိသော အခါတိုင်း အခါတိုင်းတွင်လည်း ကျွန်တော် ပြန်လည် ပျော်မိပါသည်။

18။    တစ်ရံတစ်ခါ ကျွန်တော့မေမေအတွက် အင်္ကျီ၊ ထဘီ အစရှိသည့် ပစ္စည်းလေးများဖြင့် ကန်တော့ ရသော အချိန်များ၊ ခရီးထွက်ခါနီးတိုင်း ကျွန်တော့မေမေကို ကန်တော့သည့်အချိန် မေမေ ဆုပေးနေသောအချိန်များ တွင် ကျွန်တော်ပျော်ပါသည်။

19။    သိတတ်သည့် အချိန်မှ စ၍ ယနေ့အချိန်အထိတိုင်အောင် ကျွန်တော့ဘ၀တွင် တတ်နိုင်သလောက် မိဘစိတ်ချမ်းသာအောင် ဆင်ခြင် နေထိုင်ခြင်းအားဖြင့် မိဘကျေးဇူးဆပ် နေခြင်းအပေါ် ကျွန်တော် ပျော်မိပါသည်။

18။    သည်စာဖတ်၍ သူငယ်ချင်းနမ်းမ၀နှင့်တကွ အခြားသော သူငယ်ချင်းများလည်း ကျွန်တော်၏ ခံစားမိသော ပျော်ရွှင်မှုများ ကူးစက်ပါစေသတည်း................။

Skaityti straipsnį   Pridėti komentarą

မြိုသိပ်ခြင်း

Išsiųsta 2009-08-29 iki yb

အရှေ့မှာချောက်ကြီးပဲရှိတယ်

ငါခုန်ဆင်းရမှာလေ

မေ့ကိုလည်းခေါ်ပါတဲ့

မင်းမုန်းချင်မုန်းပါစေ

အဲဒါတော့ငါမလုပ်နိုင်ဘူး

Skaityti straipsnį   Pridėti komentarą

ပြောမထွက်ဘူး

Išsiųsta 2009-08-21 iki yb

ငါဘယ်လိုပြောရမလဲကွာ၊

အသားစားဘီလူးမှန်းမသိတော့

မင်းချစ်နိုင်မှာပေါ့

တစ်ကယ်လို့သာ ငါဟာ

မင်းကို မချစ်ခဲ့မိရင်လည်း

ဘီလူးလက်ချက်နဲ့ မင်း အသက်ထွက်နေလောက်ပြီ

ဆန်းကြယ်တဲ့ အချစ်တရားက

ဘ၀နှစ်ခုကို ပေါင်းစပ်မရအောင် တွဲဖက်ပေးထားတာ

ဒီအကြောင်း သိနေတဲ့ ငါတစ်ကောင်ပဲ

မင်း စိတ်ချမ်းသာဖို့ လျှို့ ၀ှက် ထားပါရစေတော့...............။

 

Skaityti straipsnį   Pridėti komentarą

Nuotraukos

Vartotojas dar nėra nuotraukų.

Naujausi komentarai

မြိုသိပ်ခြင်း
nyeinmahaw08: အော် သူ ကလဲ ခေါ်ပါလို့ ပြောနေချိန်ရှိနေသေးတယ်  ရှေ့ က တစ်ယောက်ခုန်ဆင်းနောက်ကလိုက်ခုန်ဆင်းယုံပဲ ဟာ.......…
ပြုံးတော်မူ
nan_ma_wa: ပြုံးသွားပါတယ် သူငယ်ချင်းရေ... စာလာဖတ်တာ ၀မ်းသာပါတယ်၊ ကျေးဇူးလည်းတင်တယ်သူုငယ်ချင်းရေ
ပြုံးတော်မူ
ပြုံးသွားပါတယ် သူငယ်ချင်းရေ...
© 2013-2025 Free Video Chat Conferendo! Visos teisės saugomos.
Surasta klaidą ar klaidą vertime? Pasirinkite ją su pele ir paspauskite Ctrl Enter ataskaita.