ဘဝကြင်ယာဖော် ရွေးချယ်နည်း...(ရယ်စရာလေးပါ နော်)
Išsiųsta 2010-01-25 iki
violent528
Nuotaika: .
Muzika: ကြင်ယာဖက်.
Tags:ဘဝကြင်ယာဖော် ရွေးချယ်နည်း(ရယ်စရာလေးပါ နော်)
- အနှစ်လို အချစ်ပိုရင် “စစ်ဗိုလ်” ကိုရွေးပါ ။
- ကညာမွန် အညာလွန်ချင်ရင် “ဆရာဝန်” ကိုရွေးပါ ။
- ရင်ခွင်လွှာမှာ အကြင်နာပါရင် “အင်ဂျင်နီယာ” ကိုထည့်တွက်ပါ ။
- အကြောင်းအရာပေါ် ကောင်းရာမျှော်ချင်ရင် “ကျောင်းဆရာ” ကတော် လုပ်ပါ ။
- ပြည်သူမဲ ငြူဆူအမြဲ ဖြစ်နေရင် “ပြည်သူရဲ” တောင်မစဉ်းစားနဲ့  ။
- အချစ်များပြီး ပြစ်ထားမယ်ဆိုရင် “စစ်သား” ကိုလည်းမယူနဲ့ ။
- အပြတ်ဖြေဖျော် လာဘ်လာဘ မျှော်ရင် “နတ်ကတော်” လည်းမရွေးနဲ့။
- အစဉ်အမြဲသိမ်း ရင်ထဲထိန်းချင်ရင် “ယာဉ်ထိန်းရဲ” ကိုလည်းမစဉ်းစားနဲ့ ။
- ကုန်တာမိုင် လိုရာမပိုင်ရရင် “COMPANY” ပိုင်ရှင်လည်း အလျှော့မပေးနဲ့ ။
- အဖြီးအပြတ်လှော် မီးသတ်မအော်ရင် “မီးသတ်” ကတော်လည်း မလုပ်နဲ့ ။
- ရမက်တပ်ရစ် အရက်မပြတ်ကစ်ရင် “လက်မှတ်စစ်” ကိုလည်း မစဉ်းစားနဲ့ ။
- ရတတ်ဖြစ်အရေး လက်ဖက်ရည်ကစ်ရေး ဆိုရင် “ဆက်သွယ်ရေး” ကောင်းလည်း မရွေးနဲ့ ။
- ယမင်းအပျော်ထား အတင်းပျော်အားနေရင် “သင်္ဘောသား” ကိုလည်း ရှောင်ပါ ။
- ရှာသမျှကုန်မယ်ဆိုရင် ကညာမကျတဲ့ ပါသမျှ “ကုန်သည်” ကိုလည်း မစဉ်းစားနဲ့ ။
- မယားမပြတ်မော့ အနားကပ်လျှော့ရင် “ကားဝပ်ရှော့” ဆရာလည်း မရွေးနဲ့ ။
- နောင်မပူ ပြီးစီးမယ်ဆိုရင် “တောင်သူဦးကြီး” များကို စဉ်းစားပေါ့ ။
အားလုံးကို ပျော်စေချင်လို့ ပါ..........နော် ။
ဖတ်ပြီးရင် ပြုံးပျော်စေချင်သော ဆန္ဒဖြင့်....
သူငယ်ချင်း အားလုံးကို ခင်မင်လျက်..............
VIOLENT (YUKI)