ကြွက်မှာလည်းနှလုံးသားနဲ့
Išsiųsta 2012-05-31 iki
tuntunaye_tongkyo
Nuotaika: .
Muzika: rock.
Tags:ရယ်စရာပေါ့ပေါ့ပါးပါး
ခုတစ်လော အထူးအဆန်းတွေဖြစ်ဖြစ်နေတယ်မယုံနိုင်စရာ မြိုင်ရာဇာကြွက်ဖြူတစ်ယောက်..
ထားဝယ်မလေးတစ်ယောက်ကိုခိုက်နေပြီးလိုက်ဖေါ နေတဲ့သတင်းတွေကြားကြားနေရတယ်။
ဒါကြောင့် မလေးမှာခုတစ်လောတော်တော်အပူချိန်မြင့်နေတယ်အောက်မေ့နေတာ၊ဒင်း
နှာခေါင်း.ကထွက်လာတဲ့အပူတွေထင်ပါ့။
တစ်နေ့သူရောက်လာပြီး " ကျွန်တော့်ကို သီချင်းတစ်ပုဒ်လောက် လုပ်ပေးစမ်းပါဗျာ
ကျွန်တော့်ကောင်မလေးကခုတစ်လော စိမ်းကားနေတယ် အတွေ့ကိုမခံဘူးဖြစ်နေတယ်၊
ကြွေသွားလောက်တဲ့သီချင်းလေးနဲ့ပေါ့" တဲ့ ။သီချင်းလုပ်တယ်ဆိုတော့ အထင်ကြီးမသွား
နဲ့ဦး.ဟီးးးးး... movie maker နဲ့ သူများဆိုပြီးသား mp3 သီချင်းလေးတွေနဲ့
ဓါတ်ပုံလေးတွေရောပြီး..ရောသမမွှေလေးလုပ်တာကိုပြောတာပါ။ကိုယ် ကလည်းဒီလောက်
ပဲတတ်တာကိုး။
ဒါနဲ့ကျွန်တော်လဲ ရတယ်လုပ်ပေးမယ် coke ဗူးကြီးနှစ်ပုလင်းသာဝယ်လာခဲ့
၊ပြီးရင်ခင်ဗျားကောင်မလေးပုံလေးတွေ၊ဗီဒီယိုလေးတွေရသလောက်စုခဲ့ဆိုပြီးပြောထား
တာပေါ့။ဒါနဲ့ ဖုန်း မန်မိုရီ ကာဒ်လေးတစ်ခုနဲ့သူရောက်လာတယ်..သီချင်းကတော့
အဆိုတော်ဒီဖြိုး ရဲ့...ငါဝအောင်ငိုမယ်...ဆိုတဲ့သီချင်းနဲ့လုပ်မယ်တဲ့ ။ဒါနဲ့ကျွန်တော်လဲ
တီဗွီက စုံထောက်ကားကလည်းကောင်းနေတာဆိုတော့ စိတ်အေးလက်အေးနဲ့
ကြည့်နေတာပေါ့။ကော်ဖီလေးသောက်လိုက် ..စာကလေးခွေထုပ်လေးဖေါက်စားလိုက်နဲ့
ညဥ့်ကတော်တော်နက်သွားရော၊အဲဒီတော့မှ..ကြွက်ကြီးသီချင်းလုပ်ပေးဦးမှပဲဆိုပြီး
ထိုင်တော့၁၂နာရီလောက်ဖြစ်နေပြီ။
အဲဒါနဲ့ဘာနာမည်နဲ့လုပ်ရပါ့မလဲပေါ့...ဟယ်...မထူးပါဘူး..ကောင်မလေးတွေ
ကသူတို့ကိုနတ်သမီးလေးတွေဘာညာဆိုအရမ်းကြိုက်တတ်တော့..Dream angel ပေါ့။
ဟီးး..ဟုတ်တာမဟုတ်တာအသာထားလူကတော်တော်အိပ်ချင်နေပြီ..အဲဒါနဲ့ကောင်မလေး
ပုံတွေကိုmovie maker ထဲ import လုပ်..သီချင်းလေးထည့်ပေါ့။ ခေါင်းစဉ်စာသားကို
animation ပြောင်းတာလေးတွေလုပ် ကာလာတွေလိုချင်သလိုပြောင်းပြီးစိတ်တိုင်းကျပြီ
ဆိုတော့မှသီချင်းလေးနားထောင်လိုက်၊သူနဲ့လိုက်မယ့်ပုံလေးထည့်လိုက်..လွမ်းရမယ့်နေရာ
ဆိုကြွက်ကြီးအရက်မသောက်ရလို့မျောက်မှိုင်(အဲဟုတ်ပေါင်)ကြွက်မှိုင်..မှိုင်နေတဲ့ပုံတွေ
ထည့်လိုက်..ကောင်မလေးကြွေသွားအောင်သူများဖုန်းတွေထဲကရတဲ့ဟိုရေးဒီရေးစာသား
လေးတွေထည့်လိုက်..ပုံလေးတွေလဲထည့်လိုက်ပေါ့လေ..တော်တော်လဲကြာနေပြီ။
လူကလည်းမျက်စေ့ကမှေးနေပြီ.ဒါနဲ့သီချင်းက၂ပိုဒ်ပြီးသွားပြီဆိုတော့...ပြီးခါတော့
နီးပါပြီ..ဆိုပြီးပုံလေးလေးဆက်ထည့်နေတာပေါ့၊....တော်တော်လဲကြာရော.....၀ိုး....အိုး.
....အောင်မငီး...မပြီးသေးဘူးဟ..မှန်းဘယ်လောက်ရှည်သေးလဲ...အိုး...တော်တော်
ကိုရှည်တာဟ..တေဘာဘီ...မသာကောင်ကြွက်ကြီး...ဒီသီချင်းကိုမှရွေးလာရသလားဟ..
ဟင်းးးးးးးး#$$%%^^*&((^%$$....
ဒါနဲ့သီချင်းလဲပြီးရော.အင်းးးEnding title မှာတော့ ငါ့နာမည်လေးတော့ထည့်ဦး
မှ..created by tun tun kaythayarzarheart ပေါ့လေ..ဟဲဟဲ။ရပြီးသားဖိုင်က
WMV ဖိုင်ဆိုတော့ဒီဗီဒီနဲ့မဖတ်ဘူး..အဲဒီတော့onlineက ဖရီးဒေါင်းထားတဲ့converter
ဆော့ဝဲထဲထည့် video TS ဖိုင်ဖြစ်အောင်ပြောင်းပြီးမှ ခွေထဲကိုကူးထည့်ပြီးburnလိုက်
တာပေါ့..။နာရီလဲသေချာကြည့်တော့မနက်၎နာရီထိုးခါနီးပြီ..ခေါင်းတွေလဲနောက်နေတော့
တစ်ခါထဲအိပ်လိုက်တော့တယ်။နောက်နေ့ကျ...ခွေကိုဒီဗီဒီထဲကိုထည့်ပြီးဖွင့်ကြည့်တော့
စဖွင့်ဖွင့်ချင်း DVDဆိုတာပဲပေါ်တယ်..နောက်playလိုက်မှဖိုင်လေးတွေပေါ်လာတယ်
နောက်တစ်ခါထပ်ပြီးplay လုပ်တော့မှသီချင်းကပေါ်လာတော့.အင်းကြည့်တဲ့သူအဆင်ပြေ
ပါ့မလာတော့မသိဘူး...ကိုယ်ကလဲဒီလောက်ပဲလုပ်တတ်တာ.။...သီချင်းလေးပေါ်လာတော့
ဟ..နိတ်ဟ...ကြွက်ကြီးတော့စွံရချေသေးရဲ့(မျက်လုံး)..ကောင်မလေးတော့သီချင်း
လေးနားထောင်ပြီးမျက်ရည်တောက်တောက်ပဲကျမလား။သူ့ပုံတွေယူလုပ်လို့ကြွက်ကြီးပဲ
ပါးရိုက်ခံရမလား..ပေါ့..အတွေးလေးနဲ့စမ်းပြီးသားခွေ..သူ့ကို၂ခွေပေးလိုက်တော့တယ်။
ဒါနဲ့နောက်နေ့ကျကြွက်ကြီးကိုမေးကြည့်တော့ ကောင်မလေးအိမ်က၂ယောက်လာ
ရင်းနဲ့ကြည့်ပြီးကြွက်ကြီးဆီကခွေကိုတောင်းတယ်ပေါ့။သူတို့လိုချင်မှန်းသိတော့
ကြွက်ကြီးကလဲအထာကြီးနဲ့အိမ်ကလူတွေကိုမှာထားလိုက်တယ်..ဒီခွေ ဘယ်သူငှားငှား
မပေးရဘူးပေါ့..ပြီးတော့သူကပြောသေးတယ်..ကျွန်တော်မရှိခင်လာယူသွားမှာ
အသေအချာပဲ..ဟီးဟီး..တဲ့စပ်ဖြီးဖြီးနဲ့ရုပ်က။
ဒါနဲ့၂ရက်၃ရက်လောက်ကြာတော့ငါ့လူတော့အဆင်ပြေလောက်ပြီပေါ့
ကောင်မလေးကကြွေပြီးအဆင်ပြေသွားလောက်ပြီပေါ့လို့တွေးရင်း..
"ဘယ်လိုလဲ..ကြွက် ကောင်မလေးနဲ့အဆင်ပြေသွား...ပြီလား"ဆိုတော့ရုပ်ကြီးကရှုံ့
မဲ့မဲ့နဲ့..."ကျွန်တော်လဲလာယူသွားတော့ ကြည့်ပြီးရင်တော့အဆင်ပြေပြီအောက်မေ့
နေတာပေါ့..သူကလဲသူများတွေပြောတော့ကြည့်ချင်လို့ကြည့်လိုက်တာ..စ..စချင်း
ပေါ်တဲ့DVDဆိုတဲ့စာတန်းပဲပေါ်ပြီးဘာမှမရှိတဲ့ခွေကြီးလာပေးတယ်ဆိုပြီး..စိတ်
ဆိုးပြီး ထပ်ပိုင်းချိုးပစ်လိုက်တယ်တဲ့ဗျာ."
ဟားဟား......ဖြစ်မှဖြစ်ရလေကြွက်ရယ် ကံခေပါ့....
.........................အားလုံးပဲပျော်ရွှင်ကြပါစေဗျာ......