လေပြေလေးသို စာတစ်စောင်
Išsiųsta 2010-07-21 iki
tharhtootbr
လေပြေလေးသို့ စာတစ်စောင်
လေပြေလေးနဲ့
ဝေးရဒီခဏဝယ်
ညှီးစို့ညစ်ညင်း ကျင်းထမှိုက်တွယ်
ချိတ်စွဲသလို နေရခတ်တယ်
လေပြေရယ်..။
လေပြေသယ်ဆောင်၊ မွှေးနံသာတို့
မရှူမ၇ှိုတ် မနစ်ခြိုက်ရ
ကြာလှပြီမို့
လွမ်းရပါတယ်
လေပြေရယ်..။
ရွှေစိတ်တော် ပြန်ထောက်လို့
ကိုယ့်မနက်တွေကို
လေပြေနုမ မွှေးနံသာတို့နဲ့
လှုပ်ခါနိုးလှဲ့ပါလားကွယ်..။
ရွှေစိတ်တော်ပြန်ထောက်လို့
ကိုယ့်ညတွေကို
လေပြေနုမ မွှေးနံသာတို့နဲ
တေးသီချောလို သိပ်လှဲ့ပါ့လားကွယ်..။
ရွှေစိတ်တော်ပြန်ထောက်လို
လေပြေနုမ ကိုယ့်အိပ်မက်တွေမှာ
ကခုန်လှဲပါလားကွယ်...။
TBR (လင်း)