ငါ့မြင်းငါဆိုင်း စစ်ကိုင်းရောက်ရောက်

Išsiųsta 2010-06-19 iki tharhtootbr

                  လူတွေက ကိုထင်တာ လုပ်နေရရင်ကျေနပ်နေကြတယ်..။.ပျော်ရွှင်နေတတ်ကြတယ်..။မှားတယ်မှန်တယ်ဆိုတာ ပြန်မစဉ်းစားပဲ ကိုယ်လုပ်တာ ကိုယ်ထင်တာ မှန်တယ်ဆိုတဲ တယူသန် ဝါဒ လူတိုင်း များများမဟုတ်တောင် နည်းနည်းပါးပါးတောရှိကြတယ်..။ ကျွန်တော်လဲ" ဘယ်သူတွေ ဘာပြောပြောဘာ ဘဝသစ်ကိုရှာမယ်"ဆိုသလို ..။ ဘာပြောပြော ကိုယ်ထင်ရာကိုယ်လုပ်နေတယ်..။ လူယဉ်ကျေးမူ အရ မှားတာပါရင် ခွင့်လွှတ်ပါ..။ ဒါပေမဲ့ နောက်မဆုတ်ဘူးပေါ့..။                             ခုနစ်တန်းကျောင်းသားဘဝမှာ အစ်ကိုတစ်ယောက်ပြုစု ထားတဲ့ ကဗျာစပ်နည်း စာအုပ်လေးကို ကောက်ဖတ်မိတာက စပြီး စာပိုးကူးခံရတာလို ဆိုရမလား..။ ကျွန်တော် ကဗျာတွေရှောက်ရေး ကာရံတွေ ရှောက်စပ်နဲ့ ကိုယ်ထင်ရာ စပြီးဆိုင်းတောတာပါပဲ..။ ကိုသားစိုးလို ငါ့မြင်းငါစိုင်း စစ်ကိုင်ပဲရောက်ရောက် ငါလှေငါထိုး ပဲခူးပဲ ဆိုက်ဆိုက် ပေါ့..။ ကြီးပွားရေးတွေ စီပွားရေးတွေ လာမပြော ကိုယ်လုပ်ချင်ရာ လုပ်ရရင် ကျေနပ်တယ်..။ မှတ်မှတ်ရရ ငယ်ငယ်တုန်းက စွန်လွှတ်တာ ထမင်းမေ့ ဟင်းမေ့ပဲ ဗိုက်လဲမဆာဘူးဗျ တော်တော်လေးမှောင်လို အမေက ဒုတ်နဲ လိုက်လာမှာ အိမ်ပြန်ကြတာ..။ ဒီလိုပါပဲ ကိုယ်လုပ်ချင်တာလုပ်နေရရင် စီပွားရေးလဲမေ့တယ် သမီရည်းစားရေးလဲမေ့တယ်..။ကြီးပွါးရေးလဲမေ့တယ်..။ လင်းလင်း တစ်ယောက်ထဲ ဘာလုပ်နေလဲ ဘယ်သူမှာလဲ စကားမပြောပါ့လားဆိုရင် ပြန်မဖြေတော့ဘူး ကဗျာရေးနေတယ် စာရေးနေတယ် ကဗျာရေးဖို့ စဉ်းစားနေတာ လိုပဲ သူငယ်ချင်းများကို အပြီးဖြေထားလိုက်မယ်..။ အိမ်က အဖေနဲ့ အမေ အစ်ကိုတွေ အပါ အဝင်ပါပဲ..။ ကျောင်းသားဆိုကျောင်းစာပဲ ဖတ်ရမယ် အပြင်စာမဖတ်ရဘူးပေါ့ တွေ့ရင် ဆူတယ်ငေါက်တယ် လက်ဝါးထက် လက်သီးတွေက ဝေနေတာပဲလေ အကုန်လုံးအစ်ကိုတွေကြည်လေ..။အားပါးပါး..။ ဒါပေမဲ့ ကျောင်းသင်ခန်းစာ စာအုပ်ထဲမှာ ကိုယ်ထင်ရာကိုယ်ဆိုင်းပြီး ရေးခဲ့တဲ့ ကဗျာတွေက ကော်လန် ဒေါင့် တစ်နေရာမှ စာအုပ်မျက်နှာဖုန်းမှာ ဟိုတစ်စ ဒီတစ်စနဲ့ ပေါ့.။ စာမေးပွဲ ဖြေလို မဖြေနိုင်ဘူး..ဖြေစရာမရှိဘူးဆိုရင် စာစစ်သူ အတွက် မေတ္တာလက်ဆောင်း ကဗျာရေးထည့်ရေးတတ်တာ အကျင့်ဗျာ..။ တက္ကသိုလ်ကျောင်းတုန်းက အချိန်မစေ့ရင်မထွက်ရဘူးဆိုတဲ့ ဆရာတစ်ယောက်ရဲ့ အမိန့်ကြောင့် အခန်းထဲမှာ ဖင်ပူအောင် ထိုင်မဲ့ အစား ကဗျာ အလေးကွင့်လိုက်အုံးမှာဆိုပြီ အဖြေစာအုပ်ပေါ် ကဗျာကောက်စပ်တာ ဆရာက အပြင်စာမရေးရ လို ခေါင်းလာစားတာ လေ..။ဒီကလဲ စစ်ကိုင်းပဲရောက်ရောက် ဟဲ မြင်းဆိုမှာတော ပြေးပြီသား အဖြေလွှာပေါ်မရေးရဲ မေးခွန်းပေါ်ပေါ့..။ ဆက်ရေးတယ် ဆရာကဘေးနားကထိုင်ပြီး မင်းမေးခွန်းပေါ်လဲ မရေးနဲ တဲ့ ထပ်ရစ်တာလေ..။ ဒါဆိုလဲ စာရေးခုံ ပေါ်ပေါ့..။ ထပ်ရေးလိုက်တယ်..။ ဆရာစိတ်ကုန်သွားတယ် အပြင်ထွက်ပါတော မင့်ကိုတော အချိန်မပြည့်လဲ ထွက်ခွင့်ပြုပါတယ်တဲ့..။ ဒီကလဲ အာဇာနည် လို "ရပ်တန့်မရဘူး" ပေါ့..။ ပျော်ပျော်ကြီး အပြင်ထွက်ပြီေ၇းလက်စကဗျာကို ဆက်ရေးလိုက်တာပေါ့..။ ဘယ်လောက်ထိ ရူးလဲဆို ၁၀တန်းဖြေပြီးတာနဲ ဝတ္တု တစ်ပုဒ်စရေးတာပဲ ဝတ္တု နာမည်က "နေကိုခွင်းမဲ့ လ အလင်းတန်း" တဲ့။ ရေးတယ် ဆိုင်မှာဈေးရောင်းရင်း ပေါ့ ဘယ်သူမှာ စာရေးနေတယ်လိုမသိကြဘူး တစ်နေ့ ဦးလေးတစ်ယောက်က ဖမ်းလိုမိသွားတယ်..။မင်းကျောင်းပြီးပြီဆိုတော အပြင်စာဖတ်တာကို အားပေးပါတယ်..။ ဒါပေမဲ့ အစွန်းမရောက်စေနဲ့ စာရေးဆရာတိုင်းမချမ်းသာဘူးတဲ့ ။ မင့်အိမ်က ဈေးသည် အလုပ် ကိုယ့်အလုပ်ကို လုပ်တာ အကောင်းဆုံးတဲ့။ အားပါးပါး မလွှတ်လပ်ပါ့လား..။ ကမ္မ မှာနေရင် ကဗျာမရေးတော့ဘူး ကျောင်းသွားတတ်ရင်တော ဟဲဟဲ ရင်ဘတ်အငှါးလိုက်တယ်..။ လင်းလင်း ချင်းတိုင်းရင်းသားတွေ စုပြီး စာစောင်ထုပ်မှာ ကဗျာလေးရေးပေးပါအုံး ရတယ် tbr လင်း ကလောင် အစား ဘာတွေ အစားထိုးထိုး ရေးရရင်ကျေနပ်တယ်..။ လင်းလင်း ငါ့ကောင်မလေးကို ဖွင့်မပြောရဲလို ကဗျာလေ ဘာလေး နဲစပ်ပြီးပြောချင်လို ရတယ် မင့်ကောင်းမလေး ငါ့ကို မကြိုက်ချင်နေ ကဗျာရေးရင်ကျေနပ်တယ်..။ ကိုယ်လင်းလင်းထွန်း ကျွန်မခံစားချက်တွေရေးထားတာ..။ အေးဟုတ်လား..။ ယူဖတ်ပြီး မနက်ဖြန်ကျ ဒီစာပြန်ပေးမယ်နော် ..။ ဒီညတော ဒီစာကို ကဗျာဖြစ်အောင်ရေးပြီသာမှတ်..။ မနက်ဖြန် ပြန်ပေးလိုက်တယ် စာအစောင်အပိုတစ်ရွတ်ပါတယ်..။ အိုး! ဘေးနားကကောင်မလေး လှလှကြီလား အားပါးပါး ကိုယ်နံလေးကလဲ မွှေးနေတာပဲ..။ ကြုံတုန်းကဗျာရေးမှာ ကောက်ရေးလိုက်တယ်..။ပြီးရင်သူကိုပြလိုက်တယ်..။ပါးရိုက်ချင်ရိုက် ဘာမှာမဖြစ်ဘူး နင့်အလှကို ငါကဗျာေ၇းလိုက်တာ..။ ဟဲ ဟဲ "မိန်းကလေးဆိုတိုင်း အလှအပမတ်မောကြတာ ကိုယ်သိနားလည် ..........------ လှတယ်ပြောမှာ သဘောကြတယ် " ဆို သလို ပါးမရိုက်ဘဲ ကျေးဇူးဆိုပြီး ကျွန်တော်ကဗျာဖတ်သွားကြတယ်..။ ကျောင်းပေါ်မှာလဲ ချစ်သူများနေ့ဆို ကဗျာလိုက်ဝေတာ အလုပ်လေ အလကား အလကား ၁၂ပွဲ ဈေးရောင်းသလို ပဲ ရန်ကုန်မြို့ ကြော်ငြာ စာလိုက်ဝေသလို ပဲ..။ လင်းလင်းတို့ စည်းရုံးရေး ကောင်းတယ်ဆိုတာ အဲဒီ ဝါတွေ သဘာတွေ ပါလိုပါ..။အလှူခံလဲ တော်တယ်နော် လူတွေ့ရင် ရှောင်လေ ဝေးဝေး လင်းလင်းလေးဆောင်ပုဒ်ကို မှတ်ထား ။ အလှူခံတတ်တယ်..။ ဒီလိုပါပဲ ကိုယ်ထင်ရာ ကိုယ်ဆိုင်းရရင် ကျေနပ်ပါတယ်..။ ကျွန်တော် စာဖတ်ပရိတ်သတ်လဲ အရူးအားပေး comments ပေးကြတဲ့ အတွက်ကျေးဇူးတင်ပါတယ်..။ စာများရင် မဖတ်မှာကြောက်လို ဘုန်းကြီးတွေလို နာရီဝတ်တရားပွဲပါ လိုကြောငြာပြီးမှာ ဟောရသလို ပြောချင်တာများပေမဲ့ ဒီလောက်နဲ့ပဲ ကိုယ် စိတ်ကိုယ်ဖြေတော့မယ်နော် ! ကျေးဇူးပါပဲ ကိုယ်ထင်ရာကိုယ်ဆိုင်းခွင့်ရတဲ့ အတွက်..။ tbr(လင်း) ထုံးဆံ အတိုင်း ဖြတ်သန်းပုံ ဘဝချင်းမတူတော အတွေးအခေါ်ထူချင်မှ တူမယ်..။ အမှားပါရင်ခွင့်လွှတ်ပါ..။ လင်းလင်းထွန်း tharhtootbr @gmail.com

Aptarimas

ant 0001-01-01 sako:

Pridėti komentarą

Prašome Login arba registras į:
  • View Full vartotojai profilį;
  • rasti naujų draugų;
  • rašyti pastabas;
  • Siųsti asmeninį pranešimą.
← အဖေပေးတဲ့တောင်ပံများ   Grįžti į dienoraštį   လေဗွေမ သို့ စာတစ်ခွေ →
© 2013-2025 Free Video Chat Conferendo! Visos teisės saugomos.
Surasta klaidą ar klaidą vertime? Pasirinkite ją su pele ir paspauskite Ctrl Enter ataskaita.