အဖေပေးတဲ့တောင်ပံများ

Išsiųsta 2010-06-19 iki tharhtootbr

အဖေ ကျွန်တော်တို့ မိသာစုရဲ့ သူရဲကောင်းကြီး အဖေ...! စစ်သူကြီးအဖေ......! ကျွန်တော်တို့ မိသားစုက အဖေရယ် အမေရယ် ပြီး ညီအစ်ကို ရှစ်ယောက်နဲ ညီမလေး တစ်ယောက်ဗျ! ။ မိသားစု ၁၁ ယောက်ရဲ့ စားဝတ်နေရေး၊ စီးပွားရေး၊ လူမူရေး နဲ အိမ်ထောင်ရေး ကို အိမ်ဦးစီး ပီပီ စံပြ ဦးဆောင် နိုင်ခဲ့ တာ ကျွန်တော် အဖေလို ကျွန်တော် လက်ခမောင်းခတ်ပြောရဲခဲ့တယ်။ 

အဖေ့ သား ဆိုတာနဲ ကမ္မတနယ်လုံးရဲ့ နေရာပေးခြင်း ခံရတာ ကျွန်တော် အနေနဲ ဂုဏ်ယူမိပါတယ်။ အဖေကိုလည်းလေးစားမိတယ်။ ကျွန်တော် ဘဝကို အဖေ ပေးတဲ့ တောင်ပံတွေနဲ ယုံကြည်မူ အပြည့်ရှိခဲ့တယ်။ အဖေနဲ မှတ်မိ ဖွယ်ရာတွေကတောအများကြီးရှိခဲ့ပါတယ်။ ကျွန်တော် ရှစ်တန်းကျောင်းသား တုန်းက - အဖေက ကျွန်တော်ကို တွန်းလှည်း တွန်းခိုင်းခဲ့တယ်။ ( ငါသား ဒီ ဝါးလုံးတွေ ကို ကိုသာခွေးတို့ အိမ်ကို တွန်းလှည်းပေါ်တင် ပြီးပို့လိုက်။ သူက သားကို ပိုက်ဆံ ၃၀၀ ပေးလိမ့်မယ်။ အဲဒီပိုက်ဆံ ငါသားပိုက်ဆံ) လိုပြော ပြီး ပို့ခိုင်းခဲ့တယ်။ ကျွန်တော် အရမ်းဝမ်းသာခဲ့တယ်။ ကျွန်တော်ကို အမေ က မုန်းဖိုးပိုက်ဆံ ကို တစ်လ ရှိလို ၁၀ ပြည့်အောင်းမရတဲ့ ကျွန်တော်အတွက် အတွက် ၃၀၀ ဆိုတာ အရမ်းများတယ်ဗျ။ ကျွန်တော် ၃၀၀ ရခဲ့တယ်ပေါ့ဗျာ။ ကျွန်တော်လက်ထဲက ငွေကို ကိုင်ရင်း ကျွန်တော် ရေသည်ယောကျာင်္း ငွေလေးရွေး ပိုင်သလို မသုံးရက်ခဲ့ဘူးဗျ။ ကျွန်တော်အတွေးမှာလဲ ငါငွေရှာနိုင်ပြီလို ကိုယ်ကို ကို ယုံကြည်မူတွေရလာခဲ့တယ်။ အဲဒီငွေကို နောက်ဆုံ ကျွန်တော် အမေ ကိုပဲအပ်ခဲ့တယ်။ အပ်ပုံက ဒီလိုဗျ။( အမေ ဒါ ကျွန်တော်ပိုက်ဆံနော် ကျွန်တော် တွန်းလှည်တွန်းလို ရတာ ကျွန်တော်သိမ်းထားရင် ပျောက်မှာကြောက်လို့ အမေ ကို အပ်ထားတာ ပြီးရင်ပြန်ယူမှာ ) လို ပြောအပ်တာဗျ။ ဘယ်လိုပဲ ဖြစ်နေပါစေ ကျွန်တော် ငွေရှာနိုင်ပြီးလို အတွေးဝင်လာတာ အဖေ ပေးတဲ တောင်ပံ တစ်ခုပါပဲ။ အဲလိုနဲ သူများတွေ မိဘပိုက်ဆံနဲ မုန်းဖိုးပိုတ်ဆံသုံးနေချိန်မှာကျွန်တော်ကတော ကိုယ်လုပ်အားနဲ့ ငွေရမဲ့ နည်းလမ်းကို ရှာနေမိတယ်။ ကျွန်တော် ညရောက်တိုင်း အဖေကို နိပ်ပေး နင်းပေးရတယ်။ အဖေနဲ စကားတွေ အများကြီးပြောဖြစ်ခဲ့တယ်။ ကျွန်တော် ရှစ်တန်းနှစ် အလယ်လောက်မှာ အဖက ကျွန်တော်ကို (သား ရေစုန် ရေဆန် တွက်နည်းတွေ သင်ပြီးသွားပြီလား) ကျွန်တော်က (ဟုတ် အဖေ သင်ပြီးသွားပြီ ) လိုပြန်ဖြေတယ်။ အဲဒီနောက် အဖေက ကျွန်တော်ကို ရေစုန် ရေဆန် မေခွန်းတွေ မေးခဲ့တယ်။ ကျွန်တော်က တွက်ပြီးဖြေရတယ်။ နောက်နေရက်တွေ ကျ အဖေက ငွေတိုးတွက်နည်း ရွှေချိန်နည်း ကတ္တားချိန်နည်း ရိုက်နည်းတွေကို ပြောပြတယ်။ အဲဒီတုန်းက အဖေ ပြောတဲ အရာတွေက ကျောင်းသားတစ်ယောက်ဖြစ်တဲ့ ကျွန်တော် အတွက် ဘာမှာအရေးပါတာမဟုတ်ခဲ့ပါဘူး။ ဒါပေမဲ အဖေက ပြောပြခဲ့လို ကျွန်တော်သူများစာရင် စောစီးစွာ သိခဲ့ရတယ်။ အဲဒီရက်မှာ အိမ်က ဆန်ရောင်းတယ်။ ဝါးရောင်တယ်။ တခြား အလုပ်တွေကောလုပ်တယ်။ အဖေ က ကျွန်တော်ကို အဟောင် ဆန်ဆို တစ်အိပ်မှာ ဘယ်နှစ် ပိဿာ ရှိကြောင်း၊ အသစ်ဆို ဘယ်နှစ်ပိဿာ ရှိကြောင်း ယေပူယျ ပြောပြခဲ့တယ်။ လက်တွေ့ လဲ ကတ္တာပေါ်တင်ပြီးပြခဲ့တယ်။ တစ်ချိန်တဲ ကတ္တာရိုက်နည်းကို သင်ပြပေးခဲ့တယ်။ ဝါးရွေးနည်း၊ ဝါးဝယ်နည်းနဲ ဝါးကားကို ကြည်ပြီး ဝါးကောင်း ဘယ်နှစ်လုံးပါနိုင်ကြောင်း ခတ်မှန်းနည်း ကိုသင်ပေးခဲ့တယ်။ ဝါးတစ်လုံးရဲ့ အရည်သွေးကို ကြည်ပြီး ဈေးဖြတ်နည်း စတာတွေကို သင်ပေးခဲ့တယ်။ ဒါတွေဟာ အဖေကပေးတဲ ကျွန်တော်ဘဝရဲ့တောင်ပန် လေးတွေပါပဲ။ ကျွန်တော် ကိုးတန်းလောက်မှာ အိမ်က ကြက်မွှေးမြူးရေးလုပ်ခဲ့တယ်။ အဲဒီ ညရက်တွေမှာလဲ အဖေနဲ စကားတွေ ပြောဖြစ်ခဲ့တယ်။ ကြက် ကလေးပေါက်စကနေ ဥစမ်း အရွယ်ထိ ပြုစု စောင့်ရှောက်ပုံ နဲ ကြက်အကောင် အသေ နဲ့ ဥစမ်းကြက်တစ်ကောင်ရဲ ငွေရင်းကို အဖေနဲ တွက်ခဲ့ရတယ်။ ကျေုာင်းသားတစ်ယောက် အနေနဲ ကြက်သေတာ ကြက်တစ်ကောင်းရဲ့ တန်ဖိုးဆိုတာမဆိုင် ခဲ့ပေမဲ့ အဖေက သိအောင်လုပ်ပေးခဲ့ပါတယ်။ ကျွန်တော်ဘဝရဲ့ တောင်ပံတွေကို အဖေ ပေးနေတာလို့ ကျွန်တော် အဲဒီတုန်းက မရိပ်မိခဲ့ဘူး။ ဒီလိုနဲ အိမ်အလုပ်ကူရင်း အဖေနဲ ညအခါ စကားပြောရင်း နဲ ကျွန်တော် ၁၀ တန်းပြီးခဲ့တယ် ဆိုပါစို့။ စကားမဆပ် အဖေကတစ်ခါတစ်ခါ လူငယ်စကားလဲပြောတတ်တယ်ဗျ။ ကျွန်တော် ကြိုက်နေတဲ့ ကောင်မလေး အကြောင်းမေးတတ်တယ်။ကောင်မလေးရဲ့စရိုက်နဲ့ ကျွန်တော်ရဲ စရိုက်ကို ဝေဖန်ပေးတတ်တယ်ဗျ။ ပြီးမိန်ကလေးတွေရဲ စိတ်နေ စိတ်ထား ကိုလဲ ပြောတတ်တယ်။ ရိုးရိုးပြောရရင် အဖေက ကျွန်တော်ရဲ့ ရင်ဖွင့်ရာ သူငယ်ချင်းလဲ ဟုတ်ခဲ့တယ်။ ကျွန်တော် ၁၀တန်းကျောင်းပြီးသည် ထိ ရင်ဖွင့်ဖိုသူငယ်ချင်းရယ်လို မရှာခဲ့ဘူး ဘယ်သူကိုမှာလဲ ၇င်ဖွင့်တဲ့ အဆင့်ထိ မခင်ခဲ့ဘူး။ အဖေရှိနေလိုလဲ နေမှာပေါ့ဗျာ။ ၁၀တန်းပြီးလို တက္ကသိုလ်ရောက်မှာ သူငယ်ချင်း ဆိုတာ ထားမိတာ။ ၁ဝ တန်းကျောင်းသားဘဝမှာတော စာတစ်ခုတည်း လုံးပန်းခဲ့ရတယ် အဖေနဲ စကားသိပ်မပြောဖြစ်ဘူး။ အဖေကိုလည်း ညတိုင်မနင်းရ မနိပ်ရဘူး။ တစ်ခါတစ်ခါ အဖေနဲ ညအချိန် လမ်းလျောက်ထွက်တယ်။ အဖေက သူယုံကြည်တဲ့ ဘာသာရေးခံယူချက်တွေ ပြောပြတယ်။ ပြီး ကျွန်တော်ကို သင်တဲ့ ကျောင်းဆရာတွေရဲ စာသင်ပုံတွေ အကြောင်းပြောကြတယ်။ ကျွန်တော် ၁ဝတန်းမှာပဲ အဖေ ထော်လာဂျီ ဝယ်ခဲ့တယ်။ အဲဒီကားကို ညီငယ် အောင်ကိုထွန်း၊ ကိုထွန်းနိုင်နဲ့ အိမ်က နေ့စား အလုပ်သမား တို့ မောင်းခဲ့တယ်။ စကာဆက်လို ညီငယ်အောင်ကိုထွန်းက ၈တန်း ကျောင်းသားကတည်းက တည်းက ကားမောင်းတတ်တာဗျ။ အဖေက သူကိုပေးတဲ တောင်ပံ လိုပဲ ပြောရမှာပဲ။

ကျွန်တော် ၁၀တန်းဖြေပြီးတော့ ကို၇င် ဝတ်တယ် ဘုန်းကြီးကျောင်မှာနေတယ်ပေါ့ဗျာ အဖေက မကြာ မကြာဦးဇင်းဆီ လာတတ်တယ်။ ဦးဇင်းကို သူသားအား ဟိုဟာ မခိုင်းနဲ ဒီဟာ မခိုင်းနဲ စတာတွေပြောသွားတတ်တယ်။ မှတ်မိသလောက် အဖေက ဦးဇင်းကို ( တပည်တော်သားကို နေပူမှာလုပ်ရတဲ အလုပ်တွေ မခိုင်းပါနဲ ) လျှောက်လို ဦးဇင်းက သူသားကို ငါကပဲ သားသမီးချင်း ကိုယ်ချင်းမစာ နေပူ မှာလုပ်ရတဲ့ အလုပ်တွေ ခိုင်းတယ် ထင်နေလား ဆိုပြီး အဖေကို စိတ်ကွက်ခဲ့တယ်။ ကျွန်တော်လည်း သုံးလလောက် ကိုရင်ဝတ်နဲနေခဲ့တယ်။ ကျွန်တော် ဆိုချင်တာက အဖေရဲ့ သားသမီး အပေါ်ထားတဲ မေတ္တာလေးပါ။ မိမိ ကိုးကွယ်တဲ့ ဘုန်းကြီးကို မကြောက်မရွံ ရှောက်တင်တာလေးပေါ့..။

ကျွန်တော် ကိုရင်လူထွက်လာတော ကျွန်တော် လက်ပံတိုကို ကိုထွန်းနိုင်နဲ ကျောက်စလင်းဝယ်လိုက်ရတယ်။ နောက်တစ်ခေါက်ကျ ကျွန်တော် နဲ အလုပ်သမား ကားမောင်းတတ်သူနဲ အိမ်က ကားနဲ အဝယ် လွှတ်တယ်။  အလုပ်သမားက ကားမောင်းပေါ့ဗျာ။ ကျွန်တော်က အဝယ်တော်ပေါ့။ ကျွန်တော် ကျောက်စလင်းနဲ အပေါ်ကုန် ဝါးကပ်တွေဝယ်ခဲ့တယ်။ ပြီရင် အဖေကို စရင်းပြရတယ်။ အဖေနဲ ကျွန်တော် စရင်းးတွက်ကြတယ် အဖေက ကျွန်တော်ကို ( သားဝယ်လာတဲ့ ဝါးကပ်တွေ ကောင်းတယ်။ ဒီမှာ ၄၅ ကျပ်နဲ ဖောက်သည်တောင်ရောင်းလိုရတယ်။ လက်လီဆို ၇၀ နဲ ကြိုက်ရောင်း ကြိုက်ဝယ်လုပ်လိုရတယ်။ ငါသား အခုဆို ကုန်သွယ်တတ်ပြီ ငါသားထမင်းမငတ်တောဘူး။) လို ထမင်းစား ဝိုင်းမှာပြောခဲ့တယ်။ ကျွန်တော်အရမ်း ဝမ်းသာခဲ့တယ်။ ကိုယ်ခြေထောက်ပေါ် ကိုယ် ရပ်နိုင်ပြီး ဆိုတဲ့ အတွေးတွေ ဝင်ခဲ့တယ်။ အဲဒီ စကားတစ်ခွန်းဟာ ကျွန်တော်ရဲ အကြီးမားဆုံး တောင်ပံ တစ်ခုလို ဆိုချင်တယ်။ အဲဒီနောက် ကျွန်တော် ဝါ ဝယ် ထွက်တယ်။ ပွေးကိုင်းတွေ လိုက်ဝယ်တယ်။ အမေက ငွေထုပ်ပေးတယ်။ ပြီး ပဲဖတ်တွေလိုက်ဝယ်တယ်။ အဖေနဲ ကျွန်တော် အတိုးအမြတ်နဲ ငွေလည်ပတ်ပုံတွေကို လက်တွေ့ ကျကျ လုပ်ခဲ့တယ်။ အရင်ကလို အဖေ ပြောတဲ့ စကားတွေကို နင်းပေး၊ နိုပ်ပေးရင်း နားထောင်တဲ့ အလုပ်အပြင် အဖေ၊ ကိုထွန်းနိုင် နဲ ကျွန်တော် လက်တွဲ လုပ်ခဲ့တယ်။ မိမိ ကိုယ်ကိုယ် ယုံကြည်မူတွေ အရင် ကထက် ပိုရှိလာခဲ့တယ်။ ကျွန်တော် ဝန်ခံစရာတစ်ခုရှိတယ်။ အဖေ ပေးတဲ တောင်ပံ တွေကို ကျွန်တော် က အရနည်းခဲ့တယ် ။ နည်ခဲ့တယ် ဆိုတာက အဖေက အပေးနည်းလို မဟုတ်ပါဘူး။ အဖေရဲ့ အသက်အရွယ် အရ၊ ပြီး ကျွန်တော်က မိသားစုရဲ့ ငါးယောက်မြောက်ဖြစ်တော အဖေနဲ အလုပ်တူလုပ်ရတဲ အချိန်၊အဖေ ဆီက ပညာသင်ရတဲ အချိန်က အစ်ကိုကြီးတွေလောက် အရခဲ့ဘူး။ ကိုထွန်းနိုင်ကတော အဖေ ဆီက ပညာကုန်ရခဲ့တယ် လိုဆိုရမလားမသိ။ သူကမိသားစုကို အဖေလို ဦးဆောင် နိုင်ခဲ့တယ်။ သူဆီက ကျွန်တော် လက်ဆင့်ကမ်းအဖေရဲ့ တောင်ပံတွေလဲ ရခဲ့ပါတယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ။ ကျွန်တော် အဖေ ဆီကရတဲ့ တောင်ပံ တွေနဲ ကျွန်တော် ကိုယ်ခြေတောက်ပေါ် ရပ်နိုင်ခဲ့တယ်။ ကိုယ် ကို ကို ယုံကြည်မူတွေရခဲ့တယ်။

    မှတ်မှတ်ရရ အဖေက ကျွန်တော်ကို နွေညနေခင်းတစ်ခုမှာ ထောက်လာဂျီ ကောက်ကို ကိုင်ပြီး ပေးခဲ့တယ်။ (ငါသား ကားနိုးစမ်းကွာ အဖေတို့ ကားမောင်းရအောင် လိုပြောခဲ့တယ်) ကျွန်တော် ကောက် ကို ယူပြီးကားနိုးခဲ့တယ်။ အဖေနဲ ထော်လာဂျီမောင်းပြီး ထွက်လာခဲ့တယ်။ အဖေက လမ်းရှင်းတဲ နေရာ အရောက်မှာ ( ငါ့သား မင်းမောင်းစမ်းကွာ) ဆိုပြီး ကားမောင်းတဲ နေရာကို ပေးခဲ့တယ်။ ကျွန်တော်လည်း မောင်းခဲ့တာပေါ့။ အဲဒီအချိန်မှာ (ငါသားကားမောင်းတတ်ပါပဲ) လို အဖေရဲ့ အံသြတဲံ့ အသံကို ကြားရတယ်။ ကျွန်တော်က ကားနောက်တာ လိုက်တာ ကားကို မမောင်းဘူး။ အဲဒါကို အဖေ စိတ်ထဲ ကားမမောင်းတတ်ဘူးလို သံသယရှိလို ကျွန်တော်ကို ခိုင်းတာနေလိမ့်မယ်။ အဖေက ဆက်ပြီးကျွန်တော်ကို ပြောတယ်။ ( ကားပိုင် ကိုဖိုးစစ်သမီး အင်းကြင်းပင်သားကို ယူတာ ကားမောင်းတတ်လိုကွ သိလား? မင်းကားမောင်တတ်ရင် ထမင်းမငတ်ဘူး။ အဲဒါလဲ တတ်အပ်တဲ ပညာပဲ) လိုပြောခဲ့တယ်။ ကျွန်တော် တတိယနစ် ကျောင်းတတ်ချိန်နောင်းပိုင်းမှာ အဖေ အိမ်က ထော်လာဂျီကို ရောင်းခဲ့တယ်။ ကျွန်တော်က အဖေကို ( ကျွန်တော်တို ဒီကားနဲ အလုပ် လုပ်နေတာ အဆင်ပြေရဲ့သားနဲ အဖေကားကို ဘာလို ရောင်းတာလဲ) လိုမေးခဲ့တယ်။ အဖေက ( မင်းမသိပါဘူးကွာ ငါက ထွန်းဦးထောင်ကျ ခတည်းက ငါ ကားအလုပ်ကို စိတ်ကုန်တာကွ။ အခုထော်လာဂျီတောင် ငါသားတွေ ကားမောင်းတတ်စေချင်လို ဝယ်ထားတာ။ အခုသားတွေအားလုံး ကားမောင်းတတ်ပြီ အရွယ်မရောက်သေးတဲ အမွှားလေးက လွှဲလိုပေါ့ကွာ အဲဒါကြောင့် ငါရောင်းတာ) လို ဖြေတယ်ဗျာ။ အဲဒါဆို အဖေရဲ့ သားတွေ အပေါ်ထားတဲ မျှော်လင့်ချက်တစ်ခုကို စာဖတ်သူ သိရောပေါ့။ စာဖတ်သူအမြင်လွဲမှာစိုးသောကြောင့် ကိုထွန်းဦးဘယ်လိုထောင်ကျ သည်ကို မဆိုင်သော်လည်းရေးခွင့်ပြုပါ။ ကျွန်တော် ငယ်ငယ်က!...... အဖေ ခ/၂၄၆၄ ဆိုတဲ ကုန်ကားတစ်စီး ဝယ်ခဲ့တယ်။ အဖေက ယောနယ်ဘက်ကို အဲဒီကားနဲ ကုန်ကူးခဲ့တယ်။ ကိုထွန်းဦး က အိမ်မှာ အကြီးဆုံးဆိုတော အဖေရဲ့ကားအလုပ်ကို ကူရတယ်။ ကားပေါ်လိုက်ရတယ်ပေါ့ဗျာ။ တစ်နေမှာ ကားထိုးတဲ အိမ်မှာ ညအိပ်ကျတယ်ပေါဗျာ ။ အစ်ကိုကတော ပင်ပန်းလို အိပ်ပျော်သွားခဲ့တယ်။ ဒါပေမဲ သူအိပ်ယာနံဘေးမှာ ဖဲဝိုင်းဖြစ်နေတာ ကိုသူမသိခဲ့ဘူး။ ရဲက နိုးမှာ ကရောင်အတမ်း နိုးလာခဲ့တယ်။ ရဲက ဖဲဝိုင်းတွင်းပါဝင်မူနဲ ထောင်ချ ငွေညစ်ခဲ့တယ်။ အဲဒီတုန်းက ကိုထွန်းဦးအသက် ၁၆နစ် မပြည့်သေးဘူး ။ ဒါပေမဲ့ ရဲက ကားပိုင်သားဆိုတဲ့ ခွင်တစ်ခုကြောင်း ဖမ်းဆီးထောင်ကျခဲ့တယ်။ ဒီအကြောင်းကို စာဖတ်သူ အမြင်မလွှဲစေရန် ရည်ရွယ်ပြီးသာရေး အပ်ပါသည်။ တခြားရည်ရွယ်ချက်မပါ ပါ။

   အဖေပေးတဲ တောင်ပံတွေကြောင့် ကျွန်တော် ကို ကျွန်တော် ယုံကြည်မူတွေ ရှိနေဆဲပါ။ ကျွန်တော် ဟာ သူများတွေလောက်တော်သူ တတ်သူမဟုတ်ပေမဲ အဖေပေးတဲ့ တောင်ပံတွေကြောင့် လေဟုန်စီးနိုင်တဲ ငုက်တစ်ကောင်းဖြစ်ဆဲပါ။ ကျွန်တော်ဘဝ ကို အဖေပေးတဲ့ တောင်ပံတွေနဲ ခရီးနှင်ဆဲပါ။ အဖေဟာ ကျွန်တော်ဘ​ဝ အတွက် စံပြဖြစ်သလို မိသားစုရဲ့ စစ်သူကြီးလဲ ဖြစ်ခဲ့တယ်။ အဖေဟာ အရွယ်ရလို မစွမ်းခဲ့ပေမဲ့ အဖေပေးတဲ တောင်ပံတွေက ပြင်းထန်တဲ့ မုန်းတိုင်းတွေကို အံတုဆဲပါပဲ။ အဖေဟာ ကျွန်တော် ရင်တဲက ထာဝရ ခွန်အားတွေပါ။ အဖေ နေကောင်းလို ပျော်ရွင်ပါစေ..။ သားသမီးတွေရဲ အောင်မြင်မူတွေကို လက်ခုပ်တီး ဂုဏ်ယူနိုင်ပါစေ...။ အဖေဟာ သားသမီးတွေရဲ့ ထာဝရ တောင်ပံ ပိုင်ရှင်ပါ...။ သား သမီးတို့ အနာဂတ် အတွက် လက်မထောင် အလံမလဲတဲ့ စံပြ ထာဝရ စစ်သူကြီးပါ...။

                                                           TBRလင်း

ဖြတ်သန်းပုံ ဘဝချင်းမတူတော့ အတွေးအခေါ်ချင်း တူချင်မှာတူမည်..။ အလွှဲ အမှားရှိသော် တောင်းပန်ပါသည်..။

Aptarimas

ant 0001-01-01 sako:

Pridėti komentarą

Prašome Login arba registras į:
  • View Full vartotojai profilį;
  • rasti naujų draugų;
  • rašyti pastabas;
  • Siųsti asmeninį pranešimą.
← ညှို့ အား   Grįžti į dienoraštį   ငါ့မြင်းငါဆိုင်း စစ်ကိုင်းရောက… →
© 2013-2025 Free Video Chat Conferendo! Visos teisės saugomos.
Surasta klaidą ar klaidą vertime? Pasirinkite ją su pele ir paspauskite Ctrl Enter ataskaita.