နှလုံးသားရဲ့လျို့ဝှက်အပြုံး
Išsiųsta 2009-11-19 iki
prettygloria
Tags:နှလုံးသားရဲ့လျို့ဝှက်အပြုံး
"မျက်လုံး"လေးတွေက စပြောတယ်
အချစ်ရဲ့အလှကို
သူက စပြီး မြင်တာပါတဲ့
"နား"က လည်းအားကျမခံပြောတာပေါ့
အချစ်ရဲ့စကားကို
သူက စပြီးကြားရတာပါတဲ့
"နှာခေါင်း"ကလည်းဝင်ပြောတာပေါ့
အချစ်ရဲ့ရနံ့ကို
သူက စပြီးရူရိုက်ရတာပါတဲ့
"နူတ်ခမ်း"ကလည်းပြန်ချေပတာပေါ့
အချစ်ရဲ့အကြောင်းကို
သူက စ ပြီးတော့ပြော၇တာပါတဲ့
"ဦးနှောက်"ကလည်းပြောတာပေါ့
အချစ်ရဲ့ဖိတ်ခေါ်မူ့ကို
သူက စ ပြီိးတော့သိရတာပါတဲ့
အချင်းချင်းငြင်းခုန်နေလိုက်တာ ဆူညံလို့ပေါ့
ဒါပေမဲ့..........
တစုံတခုက တော့ တိတ်ဆိတ်ငြိမ်သက်လို့ပေါ့
သူလေးက တော့.............
"နှလုံးသား"လေးတခုပေါ့
စကားလည်းမပြော
အငြင်းလည်းမပွား
ယဲ့ယဲ့လေးသာပြုံးနေရှာတယ်လေ...........
အကြောင်းကတော့........
သြော်.........
တုံးလိုက်ကြတာနော်
အချစ်ဘယ်က စတယ်ဆိုတာကို
သူတို့တစ်တွေမသိကြဘူထင်ပါရဲ့နော်
မေ့ နေလိုက်ကြတာနော်..............