ထိပ်တန်း ဆေးပညာရှင် ခြောက်ဦး၏ ကျန်းမာရေး အကြံပြုချက်များ

Išsiųsta 2012-01-05 iki pothi

www.lhj.com မှ တာဝန်ရှိသူတွေက ထိပ်တန်း ဆေးပညာရှင် အမျိုးသမီး ခြောက်ဦးကို သူတို့ ဘယ်လိုကျန်းမာအောင် နေခဲ့သလဲ၊ ဦးနှောက်၊ ရင်သား၊ အာဟာရ မှီဝဲမှု၊ နှလုံး၊ လိင်ကျန်းမာရေးနဲ့ စိတ်ခံစားမှု စတာတွေ ကျန်းမာနေအောင် ဘယ်လို နေထိုင် လိုက်နာခဲ့သလဲဆိုတဲ့ မေးခွန်းတွေ မေးမြန်းပြီး အောက်ပါအတိုင်း ဖော်ပြခဲ့ပါတယ်။



ဦးနှောက်ကျန်းမာရေး အကြံပြုသူ- Dr. Gail Rosseau (ချီကာဂို ဦးနှောက်နှင့် အရိုးဆေးရုံကြီး၏ ခွဲစိတ်မှု တာဝန်ခံ)
တစ်နေ့မှာ မိနစ် ၄၀ ကျော်ကို ကိုယ်ပိုင်အချိန်အဖြစ် အစီအစဉ် ရေးဆွဲထားပြီး ဦးနှောက် ကျန်းမာအောင်၊ အတွေးတွေ ထက်မြက်နေအောင် စာဖတ်လေ့ရှိသူပါ။

အကြံပြုချက်များ

၁)“ ဦးနှောက် ထက်မြက်အောင် ကြိုးစားပါ။ ချက်စ် ကစားတာ၊ စကားလုံး ဆက်တဲ့ ကစားနည်း ကစားတာ စတဲ့ ဦးနှောက် လေ့ကျင့်ခန်းတွေက အတွေးအခေါ်ကောင်းအောင် ကူညီနိုင်ပါတယ်”

၂)“ဦးနှောက် ကျန်းမာရေးအတွက် အစာစားပါ။ ဟင်းနုနယ်၊ မုန်ညင်း စတဲ့ အရောင်ရင့် ဟင်းသီးဟင်းရွက်တွေနဲ့ အနီရောင် စပျစ်သီး၊ ဆီးသီး စတဲ့ တောက်ပတဲ့ အရောင်ရှိတဲ့ သစ်သီးတွေကို စားပါ”

၃)“တာရှည် ခေါင်းကိုက်နေရင် လျစ်လျူ ရှုမထားပါနဲ့။ ခေါင်းကိုက်ဝေဒနာ အများစုက ပြင်းထန်တဲ့ ရောဂါနဲ့ မဆက်စပ်ပေမယ့် ဦးနှောက်အကျိတ် ဒါမှမဟုတ် သွေးကြောဖောင်းတာရဲ့ လက္ခဏာတစ်ရပ် ဖြစ်နေနိုင်ပါတယ်။ ခေါင်းကိုက်တာက နံနက်ခင်းမှာ ပိုဆိုးလာရင်၊ ခေါင်းကိုက်တာနဲ့အတူ ပျို့ချင်အန်ချင် ဖြစ်နေရင်နဲ့ ရုတ်တရက် ခေါင်းထိုးကိုက်ရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသင့်ပါတယ်”

၎)“ခေါင်းကိုက်ပျောက်ဆေးကို ချက်ချင်း မသောက်ပါနဲ့။ ဆေးတွေကို အလွန်အမင်း သောက်မိတာမျိုး မဖြစ်အောင် လေ့ကျင့်ခန်း၊ ယောဂ၊ တရားထိုင်တာ စတဲ့ နည်းလမ်းတွေနဲ့ ခေါင်းကိုက် သက်သာအောင် ကြိုးစားပါ။ ခေါင်းကိုက်တာ မသက်သာမှသာ အကိုက်အခဲ ပျောက်ဆေးကို သောက်သင့်ပါတယ်”

ရင်သားကျန်းမာရေး အကြံပြုသူ- Dr.Helena Chang (UCLA ရင်သားကင်ဆာ သုတေသန၏ ဒါရိုက်တာ)
အသက် ၆၀ ရှိပြီဖြစ်တဲ့ ဒေါက်တာချန်းဟာ ရင်သားမှာ အဖုအလုံးတစ်ခုကို တွေ့ခဲ့ရတာကြောင့် ၂၄ နာရီအတွင်း အသားစယူ စစ်ဆေးမှု လုပ်ခဲ့ပါတယ်။ ဒါက ကင်ဆာမဟုတ်တဲ့ အကျိတ်ဖြစ်နေတာကို တွေ့ရပါတယ်။

အကြံပြုချက်များ

၁)“ရင်သားကို တစ်လတစ်ကြိမ် မိမိဘာသာ စမ်းသပ်ပါ။ အထူးသဖြင့် လစဉ် ရာသီသွေးဆင်းပြီးချိန် သုံးရက်-ငါးရက်အတွင်း စမ်းသပ်သင့်ပါတယ်။ ရင်သားကို မိမိဘာသာ စမ်းသပ်တာကြောင့် အသက်ကယ်တင်နိုင်မှာ မဟုတ်ဘူးလို့ လေ့လာမှုတချို့က ဆိုထားပေမယ့် အမျိုးသမီးတွေက ကိုယ့်ရင်သား ပြောင်းလဲနေရင် ကိုယ်အသိဆုံး ဖြစ်နေလို့ပါ”

၂)“ပုံမှန် ရင်သားဓာတ်မှန် ရိုက်ကာ စစ်ဆေးပါ။ သင့်မှာ ရင်သားကင်ဆာ မျိုးရိုးရှိရင် အသက် ၄၀ အရွယ်ကစပြီး ရင်သားဓာတ်မှန် ရိုက်ပေးသင့်ပါတယ်”

၃)“ကိုယ်အလေးချိန် ထိန်းပါ။ အထူးသဖြင့် သွေးဆုံးပြီး အရွယ်ဆိုရင် ကိုယ်အလေးချိန်ကို ထိန်းပါ။ အသက်ကြီးလာချိန်မှာ အဝလွန်တာနဲ့ ကိုယ်အလေးချိန် များတာက ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို တိုးစေလို့ပါ။ တစ်နေ့မှာ အရက်နှစ်ခွက်ထက် ပိုသောက်ရင် ကင်ဆာဖြစ်နိုင်ခြေကို သိသိသာသာ တိုးစေပါတယ်”

၎)“လှုပ်လှုပ်ရှားရှား နေပါ။ ရင်သားကင်ဆာ ကုသမှု ခံယူပြီးချိန်မှာ ပုံမှန်လေ့ကျင့်ခန်း လုပ်ရင် ရောဂါကြောင့် သေဆုံးနိုင်ခြေကို လျော့ကျစေပါတယ်”

အာဟာရမှီဝဲမှု အကြံပြုသူ- Dr.Miriam Nelson (တပ်ဖ်တက္ကသိုလ်၏ အာဟာရဆိုင်ရာ တွဲဖက်ပါမောက္ခ)
အသက် ၄၉ နှစ်ရှိတဲ့ ဒေါက်တာနယ်လ်ဆင်ဟာ ဒေသထွက် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကိုပဲ ချက်ပြုတ်စားသောက်လေ့ ရှိပါတယ်။

အကြံပြုချက်များ

၁)“ဗီတာမင်နဲ့ ဖြည့်စွက်ဆေးတွေကို မေ့ထားပါ။ ကျန်းမာရေး ကောင်းမွန်နေတဲ့ အရွယ်ရောက်သူတွေမှာ မာလ်တီဗီတာမင် မှီဝဲလို့ ဘာအကျိုးကျေးဇူးမှ မရနိုင်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်နဲ့ မိခင်နို့ချို တိုက်ကျွေးချိန်တွေမှာပဲ မာလ်တီဗီတာမင် ဖြည့်စွက်ဆေးကို မှီဝဲသင့်ပြီး တခြားအချိန်တွေမှာ ဗီတာမင်ဒီနဲ့ ကယ်လ်စီယမ်ကိုပဲ မှီဝဲသင့်ပါတယ်”

၂)“ပြုပြင်ထားတဲ့၊ အခွံချွတ်ထားတဲ့ အစာ စားသုံးမှုကို စောင့်ကြည့်ပါ။ သကြားများများပါရင် ကယ်လိုရီ တက်လာစေတာကြောင့် လျှော့သင့်ပါတယ်”

၃)“ကိုယ်အလေးချိန် လျော့ကျဖို့ ကယ်လိုရီကို လျှော့ချပါ။ သင်စားတဲ့ အစာက ကာဗိုဟိုက်ဒရိတ် နည်းနည်း၊ အဆီ နည်းနည်း၊ အသားဓာတ် များများ၊ ဟင်းသီးဟင်းရွက် သစ်သီးဝလံများများ ဖြစ်သင့်ပါတယ်”

- Dr.Linda Bradley (Cleveland ဆေးခန်း၏ သားဖွားနှင့် မီးယပ်ကျန်းမာရေး ဒါရိုက်တာ)
အသက်ကြီးတာ၊ အာဟာရ၊ လေ့ကျင့်ခန်းနဲ့ စိတ်ကျန်းမာရေးတွေဟာ အမျိုးသမီးတွေရဲ့ လိင်မှုဘဝနဲ့ ဆက်စပ်မှုရှိပါတယ်လို့ အသက် ၅၄ နှစ်အရွယ် ဒေါက်တာ လင်ဒါက ဆိုပါတယ်။

အကြံပြုချက်များ

၁)“သင့်သမီးကို သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံခိုင်းပါ”

၂)“သန္ဓေတားနည်းအကြောင်း အသိရှိပါ။ ကိုယ်ဝန်ဆောင်တဲ့ အကြိမ်ရေ ၈၅ ရာခိုင်နှုန်းဟာ အစီအစဉ်မရှိဘဲ ဖြစ်တတ်လို့ပါ။ ဒီနေ့ခေတ်မှာ သန္ဓေတားနည်းတွေ အစုံပေါ်နေပါပြီ”



၃)“နေ့စဉ် သန္ဓေတားဆေးသောက်ဖို့ မေ့လျော့တတ်တဲ့ အမျိုးသမီးတွေအနေနဲ့ တခြားတားနည်းကို ရွေးပါ။ သားအိမ်တွင်း ထည့်ရတဲ့ သန္ဓေတားနည်း (IUCD) က သင့်တော်တဲ့ တားနည်းတစ်ခုပါ”

၎)“ပုံမှန် လေ့ကျင့်ခန်း လုပ်ပါ။ လေ့ကျင့်ခန်းကို မှန်မှန်လုပ်တာက နာတာရှည် ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်တာကြောင့် အိပ်ရေးဝဝ အိပ်တာ၊ စိတ်ဖိစီးမှု လျော့ပါးတာ၊ လိင်မှုဘဝ ကောင်းမွန်တာ စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်”

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အကြံပြုသူ- Dr.Margaret Spinelli (ကိုလံဘီယာ တက္ကသိုလ်၏ အမျိုးသမီးကျန်းမာရေး ဒါရိုက်တာ)
ဒေါက်တာမာဂရက်ဟာ အသက် ၃၆ နှစ်အရွယ်မှာ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းခဲ့ပြီး သားနှစ်ယောက်မိခင် ဖြစ်ပါတယ်။ သူရဲ့ အတွေ့အကြုံတွေ ပေါင်းစပ်ပြီး ကလေးမွေးပြီးချိန်မှာ ခံစားရတဲ့ စိတ်ဓာတ်ကျတာကို ကုသတဲ့ ကျွမ်းကျင်သူတစ်ဦး ဖြစ်လာပါတယ်။ အခု အသက် ၆၁ နှစ်အရွယ်မှာ နောက်ထပ် အိမ်ထောင်ပြုခဲ့ပြီး ညစဉ် နာရီဝက်ခန့် ယောဂကျင့်ကာ အသက်ရှူသွင်း ရှူထုတ်လုပ်ရင်း ပူပင်သောကတွေကို လျှော့ချခဲ့ပါတယ်။

အကြံပြုချက်များ

၁)“ဘဝရဲ့ ဖိစီးစရာတွေကို လျှော့ချနိုင်မယ့် နည်းလမ်းတွေကို ရှာပါ။ အသက်ရှူတာ၊ တရားထိုင်တာ၊ နှိပ်တာ စတဲ့ နည်းတွေကို ကျင့်သုံးပါ။ တာရှည်ဖိစီးမှုဟာ စိတ်ပူပင်သောက၊ စိတ်ဓာတ်ကျတာ၊ သွေးတိုးတာ၊ အမျိုးအစား(၂) ဆီးချိုသွေးချိုရောဂါနဲ့ ကင်ဆာတွေကို ဖြစ်စေနိုင်လို့ပါ”

၂)“စိတ်ဓာတ်ကျနေတဲ့ အတွေးတွေကို ဖယ်ရှားပါ။ စိတ်ဓာတ်ကျတာကြောင့် ဦးနှောက်ထဲက ဓာတ်တွေ အပြောင်းအလဲဖြစ်ပြီး ပြန်ကောင်းဖို့ ခက်ပါတယ်။ ဒီလို မဖြစ်အောင် ဆရာဝန်နဲ့ တိုင်ပင်ပါ”

၃)“တာရှည် စိတ်ဓာတ်ကျတာကို ကောင်းနိုး၊ ကောင်းနိုး စောင့်မနေပါနဲ့။ စိတ်ဓာတ်ကျတာကို ကုသနိုင်တဲ့ ကုထုံးတွေ ရှိနေပြီဖြစ်လို့ ဆေးကုသမှု ခံယူပါ”

၎)“အလင်းကုထုံး သုံးပါ။ မီးထွန်းထားတဲ့ သေတ္တာပေါ်မှာ ထိုင်ပြီး နေရောင်ခြည်အတုကို စုပ်ယူကာ ရာသီဥတုကြောင့်ဖြစ်တဲ့ စိတ်ဓာတ်ကျမှုကို လျှော့ချပါ”

နှလုံး ကျန်းမာရေး အကြံပြုသူ- Dr.C.Noel Bairey Merz (လော့စ်အိန်ဂျလိစ်ရှိ ဆေးစင်တာမှ အမျိုးသမီးကျန်းမာရေးစင်တာ ဒါရိုက်တာ)

အကြံပြုချက်များ

၁)“လေ့ကျင့်ခန်း လုပ်ပါ။ တစ်နေ့ နာရီဝက်နဲ့ တစ်ပတ်မှာ ငါးရက်လောက် လေ့ကျင့်ခန်း လုပ်တာက နှလုံးရောဂါကို ၃၀ ရာခိုင်နှုန်းလောက် လျော့ကျစေပါတယ်”

၂) “နေ့စဉ် စိတ်ဖိစီးမှု လျော့ကျရေး အစီအစဉ်ကို မပါမဖြစ် ထည့်သွင်းပါ။ စိတ်ဖိစီးမှုဟာ အမျိုးသားတွေမှာထက် အမျိုးသမီးတွေမှာ ပိုဆိုးပါတယ်။ စိတ်ဖိစီးမှုကို လျှော့ချနိုင်ရင် သွေးတိုးတာ၊ အဝလွန်တာ၊ သွေးတွင်း သကြားဓာတ်များတာနဲ့ သွေးတွင်း အဆီများတာတွေကိုပါ လျှော့ချနိုင်ပါတယ်”

၃)“သွားဆရာဝန်နဲ့ ပုံမှန်တွေ့ပါ။ သွားဖုံး ရောင်ရမ်းတာကြောင့် ခန္ဓာကိုယ်မှာ C- reactive protein အဆင့်မြင့်တက်ပြီး နှလုံးသွေးကြောနံရံတွေ ထူထဲနေတတ်ပါတယ်။ ဒါကြောင့် တစ်နှစ် နှစ်ကြိမ် သွားဆရာဝန်နဲ့ ပြပါ”

၎)“နှလုံးရောဂါ မျိုးရိုးရှိရင် တစ်နှစ်တစ်ကြိမ် ဆရာဝန်နဲ့ တွေ့ဆုံကာ ကျန်းမာရေး စစ်ဆေးမှု ခံယူပါ”


ဇွန်ခိုင်ဦး(ဆေးဝါးတက္ကသိုလ်)

Aptarimas

ant 0001-01-01 sako:

Pridėti komentarą

Prašome Login arba registras į:
  • View Full vartotojai profilį;
  • rasti naujų draugų;
  • rašyti pastabas;
  • Siųsti asmeninį pranešimą.
← Connection ကျနေတဲ့အချိန် Gtalk…   Grįžti į dienoraštį   Computer နဲ့ အမြဲ အလုပ်လုပ်မယ်… →
© 2013-2024 Free Video Chat Conferendo! Visos teisės saugomos.
Surasta klaidą ar klaidą vertime? Pasirinkite ją su pele ir paspauskite Ctrl Enter ataskaita.