လမ်းခွဲ............

Išsiųsta 2011-08-14 iki pothi

ပြန်ဆုံမယ့် ......... လမ်းခွဲ အရင်ကလို..... နိုက်တင်ဂေးရဲ့ ဂရုဏာတေးသွားနဲ့ မင်းနှုတ်ဖျားက နှစ်သိမ့်စကားသံလေးတွေကို ငါ ပြန်ကြားချင်နေမိတယ်. ခံယူချက်ကိုယ်စီနဲ့ ငါတို့ ရဲ့ လမ်းတစ်ဖက်စီ ဖြတ်အကူးမှာ နားလည်မှုတံတားလေး ကျိုးပြတ်သွားခဲ့ပေါ့. ဆောင်းလက်ချောင်းတွေလို မြူတွေဝန်းခိုနေတဲ့ ကြင်နာသူရဲ့ လက်ဖျားကလေး ဒီအချစ်ကို သွေးအေးအေးနဲ့ လက်ပြနှုတ်ဆက်တယ်. ငါ ပြန်ပြုံးပြခဲ့သလား ခြားထားတဲ့စည်းက ဖျက်မရတော့ဘူးလားကွယ်. မင်းသိပ်မက်မောတဲ့ ငွေကြေး ငါဝေးဝေးနေချင်မိတာ အပြစ်တဲ့လား ကွယ်. ငွေဂုဏ်ရှိတဲ့ ဘ၀နဲ့ ဟန်ဆောင်နေရမယ့် ဘ၀ကို နင့်ထက်ပိုပြီး ငါမခင်တွယ်ခဲ့တာ အပြစ်တဲ့လား ရိုးရိုးသားသား ဝေးနေကြတော့မယ်. ချစ်သူ ပေးတဲ့ သောကတနင့်တပိုးကို မြတ်မြတ်နိုးနိုး ထုပ်ပိုး ဘ၀ရဲ့ တောအုပ်ထဲကို ငါတစ်ယောက်တည်း ထိုးဖောက်ရတော့မယ်. ပြန်မသိမ်းဆည်းချင်တော့တဲ့ ချစ်ခြင်းတွေ ပန်းအဖြစ်နဲ့ ဝေချင်လဲဝေ အလွမ်းအဖြစ်နဲ့ ကြွေချင်လဲ ကြွေပါစေတော့ကွယ်. ချစ်သူရေ.... ရင်နင့်အောင် မြတ်နိုးလို့ လွမ်းမိုးတွေ ဆွေခဲ့တဲ့...... ဆောင်း မင်း ကံကောင်းနေပါစေ ချစ်သူ ရယ်. ငါ............. မင်းနဲ့ ဝေးကွာခြင်းခရီးဆုံးဘူတာမှာ အကြင်နာတွေနဲ့ စောင့်လို့ နေရစ်ပါ့မယ်. မင်းရင်ခွင်နောက်ဆုံး ရထားတဲ့ အမှာစကားပါးလာမယ့် တစ်နေ့ ငါတို့ ပြန်တွေ့ ကြတာပေါ့. အခုထိတော့......... သံယောဇဉ်ဖြူဖြူတွေက ဆောင်းညဆန်နေတုန်းပဲကွယ်. လွမ်းတယ်......... ချစ်သူ. အပြင်မှာ မြူနှင်းတွေ အထပ်ထပ်နဲ့ နှင်းစက်တို့ တဖြုတ်ဖြုတ်ကြွေ မာကျူရီမီးတွေ ဝေတဲ့ည ဟောဒီလို မြို့ ပြရဲ့ ည ချစ်သူ နဲ့ အတူရှိခဲ့တဲ့ ပြည်လမ်းမကြီးက အလွမ်းနဲ့ ထပ်တူကျပါလိမ့်မယ်. အင်းလျားကို...... ဖြတ်ကျော်စီးဝင်လာတဲ့ ညဥ့်နက်လေညင်းရေ......... ကလေးတစ်ယောက်လို နူးညံ့ဖြူစင်မှုမျိုးနဲ့ ငါမြတ်နိုးတဲ့ ချစ်သူကို အပူအပင်ကင်းမဲ့စွာ အိပ်ပျော်နေပါစေတော့ကွယ်. ချစ်သူအတွက် ဆိုညည်းတဲ့ ရင်ခုန်တေးသွား ငါ လမ်းကြုံပါးလိုက်မယ် အိပ်မက်ထဲက ပြန်ကြားပေါ့ ချစ်တဲ့သူ..............

Aptarimas

ant 0001-01-01 sako:

Pridėti komentarą

Prašome Login arba registras į:
  • View Full vartotojai profilį;
  • rasti naujų draugų;
  • rašyti pastabas;
  • Siųsti asmeninį pranešimą.
← အိပ်ချိန်နည်း​သူများ​ ရက်စက်အန…   Grįžti į dienoraštį   အင်္ဂလိပ်ဝေါဟာရကြွယ်ဝအောင် →
© 2013-2025 Free Video Chat Conferendo! Visos teisės saugomos.
Surasta klaidą ar klaidą vertime? Pasirinkite ją su pele ir paspauskite Ctrl Enter ataskaita.