တော်သေးတယ်
Išsiųsta 2009-09-29 iki
nyeinmahaw08
သွားတချောင်းကိုက်တယ်
တော်သေးတယ် ကျန်တဲ့ သွားတွေ အကုန်မကိုက်လို့ 
အိပ်ကပ်ထဲ ကမီးချစ်က မီးထတောက်တယ်
တော်သေးတယ် ငါ့ အင်္ကျီ က ယမ်းတိုက်မဟုတ်လို့ 
ချော်လဲလို့ ခါးနာသွားတယ်
တော်သေးတယ် ခါးမကျိုးလို့ 
လက်ကိုဆူး စူး တယ်
တော်သေးတယ်မျက်စိကိုမစူး လို့ 
ဖိနပ် ပျောက်သွားတယ်
တော်သေးတယ် ခြေထောက် ရှိသေးလို့ 
စားစရာတော့ မရှိတော့ဘူး
တော်သေး တယ်ဗိုက်က ဆာတတ်သေးလို့ 
စိတ်ညစ် စရာ တွေက တော့ အများကြီး
တော်သေးတယ် ဒါတွေကို သိတဲ့  အသိစိတ်ရှိနေသေးလို့ 
ချစ်သူ က လမ်းခွဲ သွားတယ်
တော်သေးတယ် ရှင်ကွဲ ကွဲတာမလို့ 