`ငါမဟုတ်ပါ´
Išsiųsta 2009-09-03 iki
moechitthu_tgo
လူတွေကို အစွန်းမရောက်ဖို.
တရားသဘောတွေအမြဲပြောနေပေမယ့်
တစ်ခါတစ်ခါ ..ကိုယ်တိုင်အစွန်းရောက်ရောက်
သွားတာတော့
စိတ်ဓာတ်တွေဖောက်ပြားသွားလို.ပဲလား
ကိုယ်တိုင်ကျင့်ကြံနိုင်မှ
ပြောတက်တဲ့ငါ့စကားတွေက
လူတိုင်းကျင့်ကြံဖို.ပြောမိတာကော
အမှားတွေပဲလား
ကိုယ့်စိတ်နဲ့မတိုင်ဆိုင်တိုင်း
ဒေါသလှိုင်းတွေ ရင်ထဲရိုက်ခတ်ခဲ့ပေမဲ့
သည်းခံဖို.ကိုသတိပြုလို.
ငါ့စိတ်တွေ ချော့သပ်မွေးမြူခဲ့တယ်
အခုဆိုရင်လူတစ်ယောက်ကို စိတ်ဆိုးတော့မယ်ဆိုရင်
`သူမှငါမဟုတ်တာ´ လို.တွေးဖြေကာ
ငါ့စိတ်တွေလှိုင်းထဖို.နေနေသာသာ
အေးမြလို.တည်ငြိမ်နေခဲ့တာ...........................။