မိန်းမတစ်ယောက်ရဲ့ရာဇ၀င်marmarhtayw၏ Blog RSS Available

မြန်မာ သမီးပျိုလေးများ လူမျိုး ဘာသာ ယဉ်ကျေးမူ့ နှင့်မိန်းမပီသစေရန်အတွက်

(be pavadinimo)

Išsiųsta 0001-01-01 iki

Skaityti straipsnį   Pridėti komentarą

********* အိုးကိုထုဆစ် ပုံသွင်းသူ မေမေလက်များ *********

Išsiųsta 2013-10-21 iki marmarhtayw
Tags:မြန်မာမိန်းမသား မိခင်များ သားသမီးများကို ထိန်းသိမ်းတတ်စေရန်

********* အိုးကိုထုဆစ် ပုံသွင်းသူ မေမေလက်များ ******* မေမေမိန်းမသားများ အိုးကိုထုဆစ် ပုံဖော် အသက်သွင်းကြရာမှာ အချစ်ဇော ဆိုတဲ့ နွယ်ကြိုးနဲ့ ရစ်ပတ် မိပြီး အိုးနဲ့ တူတဲ့ သားသမီး လေးများကို ပုံသွင်းမမှားစေချင်လို့ .................................... ။ ရွံ့ဘ၀မှ အိုးဘ၀ ကို အသက်သွင်းရာမှာ ရွံ့လေးတွေဟာ သိမ်မွှေ့ လွန်းလှပါတယ် ။ အိုးဘ၀ကို ရောက်ဖို့ အိုးခတ်သူက အသက်သွင်းရာမှာတော့ နူးညံ့ ပျော့ပျောင်း တဲ့ ရွံ့စေးလေးများကို လိုသလို ရဖို့ အဖန်တရာ အထပ်ထပ် တေလို့ မမာ မပျော့ အနေတော် ရောက်ပြီဆိုရင် ကိုယ်လိုရာ အနေအထား ပုံစံရဖို့ အိုးခတ်သူက ပုံသွင်း ပေးရတာပေါ့ ။ အဲဒီနောက် လိုပုံစံလေးတွေ ရပြီဆိုရင် မကွဲမနာ မအတ်ပဲ ခိုင်ခန့်အောင် အိုးခတ်သူက နာနာ ရိုက်ပုတ် ပေးရပြန်တယ်လေ ။ ဒီအတူပါပဲ လူသားလေးတွေဘ၀ ပုံစံကျန သေသပ်ဖို့ အိုးခတ်သူနဲ့ တူတဲ့ မေမေ မိန်းမသား များကလည်း ကိုယ့်သွေးနဲ့ တည် ကိုယ့်ကိုမှ ဖွား သားသမီးလေးများကို တီတီတာတာ စကားဆိုမြည် အရွယ်တည် ကာစ ရွံ့စေးလေး ဘ၀မှသည် အိုးကောင်းလေး တလုံးဆီသို့ ပုံသွင်းကြရာမှာတော့ ..................... ။ ကျွန်မတို့ မြန်မာ မိန်းမသား မိခင်တွေရဲ့ ချစ်ခြင်း မေတ္တာ ထုထည် တခုရဲ့ လွှမ်းမိုးမှု့ကြောင့် ပုံသွင်းမှား နေကြတယ်လေ ။ အဆင့်ဆင့် ပုံသွင်းပြီး ဥဥလာလိုက်တာများ ငါ့သား ငါ့သမီး ငါ့မြေး ဆိုတဲ့ စွဲလမ်းမူ့သံစဉ်တွေနဲ့ အိုးလေးတွေဟာ ဘ၀သရုပ် ဖော်ဆောင်ရာမှာ ဟိုမရောက် ဒီမရောက် တန်းမ၀င် ဘောင်မပြည့်နဲ့ပေါ့ ။ အိုးခတ်သူက အိုးကို နာနာရိုက်ပေးတာဟာ ( အိုး ) ကိုကွဲစေချင်တဲ့ ပျက်စေချင်တဲ့ စေတနာကြောင့် မှ မဟုတ်တာ အိုးလေးကို ခိုင်သထက် ခိုင် လှသထက် လှ ကောင်းသထက် ကောင်း စေချင်လို့ ပါ ။ ကျွန်မ တရုပ်ပြည်ကို သွားခဲ့တုံးက ဖြစ်စဉ်လေး တခုကိုပြောပြမယ် ။ တရုပ်ပြည်ကိုရောက်တော့ ကျွန်မတို့ မိန်းမသား သဘာဝ ဈေးဝယ်ထွက်ရင်း အ၀တ်အစား လှလှပပလေးဆိုရင် သူသူကိုယ်ကို ၀ယ်ချင်သူကြီးပေါ့ ။ ဈေးတန်းတွေက ကျွန်မတို့ နိုင်ငံလို မဟုတ်ဘူး ။ အ၀တ်အစားတန်းဆိုလည်း တမျှော် တခေါ် ကြီးပေါ့ ။ ဒီနေရာမှာ ကျွန်မတို့ ခြေတောက်မျိုးနဲ့ တော့ ပွဲမတိုးဘူးလေ ။ ဒီတော့ ကျွန်မ မလျောက်နိုင်တော့ ဆိုင် တစ်ဆိုင်မှာ ခွင့်တောင်းပြီး ထိုင်နေခဲ့တယ် ။ (((( အဲဒီမှာ ကိုယ်မြင်ရတဲ့ မြင်ကွင်းလေးကို ဒီနေ့ထိ ကျွန်မ မမေ့သေး ဘူး ။ )))) ကျွန်မထိုင်နေတဲ့ ဆိုင်က တရုပ်လင်မယား လေးဟာ အလွန်ဆုံး ရှိမှ အသက်နှစ်ဆယ်ကျော် လေးတွေ ပေါ့ ။ သူတို့မှာ ချစ်စရာ ကောင်းလွန်းတဲ့ သမီးငယ်လေး တနှစ်ကျော်ကျော် လေးနေမှာပေါ့ တတောက်တောက် နဲ့ လမ်းလျောက် တတ်စ လေးကို ဆိုင်နားနီးချင်း ကလေးများနဲ့ ပြေးလွှားဆော့ကစားနေတယ်လေ ။ မိခင်က ဈေးရောင်း ဖခင်တွေကတော့ ကျွန်မမြင်ခဲ့တာ ဖဲရိုက်နေကြတာ များတယ် ။ မိန်းမသားတွေက ဈေးဝယ်ကျဲရင် (( hand made)) အင်္ကျီ တွေ လုပ်စရာ ရှိတာတွေကို စက်တွေ လက်တွေနဲ့ မနားတမ်း အလုပ်ရူပ်လျက်ပေါ့ ။ ကျွန်မကလည်း မစပ်စုလေး လေ မြန်မာစကား သူတို့ မတတ်တော့ တရုပ်စကား မတောက်တခေါက် လေးနဲ့ စပ်စုတာပေါ့ ။ ဖြစ်ချင်တော့ ကျွန်မက ကလေးမြင်ရင် အားကြီး ချစ်တာကိုး လို့ အစောကပြေးလွှား နေတဲ့ ကလေးလေးကလည်း ချစ်မွှေးပါလိုက်တာ တခစ်ခစ်နဲ့ ဖြစ်ညှစ်ချင်စရာလေး ။သို့သော် လည်း ခံယူချက်ခြင်း ကွာခြား ရင်ဆိုတဲ့ အတွေးကို ရင်မှာ ပိုက်တတ်သူဆိုတော့ ဒီအတိုင်းပဲ ထိုင်ကြည့်နေဖြစ်တယ်လေ ။ အဲဒီမှာ တခြားဆိုင်က ကလေးလေးက ဒီကလေးငယ်လေးကို တွန်းချလိုက်တာ ခလေးလေးက အွတ်ကနဲ့ ကိုမြည်ပြီး ဘိုင်းကနဲ ကျသွားတော့ ကျွန်မ အတော်ပြာသွားတယ် ။ မေတ္တာ စိတ်က လေအဟုန်နယ် မြန်ဆန်လွန်းတော့ ကျွန်မ အပြေးထလိုက်တာများလေ ................... ဒီမှာ တင် အစောက လင်မယားက နေနေ အမတဲ့ ....... မထူရဘူးတဲ့ ။ အယ့် ဘယ်လိုကြီးလည်းပေါ့ ။ ကလေးက အရွှယ်နဲ့ မမျှ နာကျင်သွားတာကို မြင်နေရက် သားနဲ့ ရက်စက်လိုက်တာ လို့ ကျွန်မရင်တွင်း ခံစားမိသွားတယ် ။ သူတို့ကတော့ ပြော ပြပါတယ် ။ အမတဲ့ ငါတို့ဆီက သားသမီးတွေကို ဒီလိုပုံသွင်းပေးတယ်တဲ့ ။ ငါတို့ တော့ကလည်း ဒီလိုပဲ ပေါ့ ။ ဘာဖြစ်ဖြစ် ကိုယ့်အားကိုယ် ကိုးတတ်အောင် လေ့ကျင့်မွေးမြူပေးတာတဲ့ သူ့ဖာသာသူ ခလေးလေးကို ပြန်ထလိမ့်မယ်တဲ့လေ ။ ဒါက တမျိုး အသိလေး တခု ရလိုက်တယ် ။ နောက်တခု ကားလေ အင်း.......တို့များ မြန်မာပြည်သာဆို သက်လိုက်ပုတ်လိုက်ကြမဲ့ မေမေတွေလို့ ပြေးမြင်မိတယ် ................... သူတို့ တွေကတော့ ဘာမှ မဖြစ်သလိုပဲ ရယ်မောနေလေရဲ့ ...... ဒီတခုကတော့ တဖတ်နဲ့တဖတ် အတ္တ မရှိဘူးဆိုတဲ့ အသိလေး ရလိုက်တယ် ။ ဒါနဲ့ ကျွန်မက ကလေးက ငယ်သေးတာကိုကွာလို့ တွန့်လိုက်တော့ အမတဲ့ သူတို့မှာ ကိုယ်ပိုင်အသိ ဥာဏ် ကိုယ်စီရှိပြီးသားတဲ့ အမမယုံရင် အဲဒီကလေးကို မီးချစ်လေးချစ်ပြလိုက်ပေါ့တဲ့ မမြင်ဘူး မသိဘူးတဲ့ ကလေးဆိုရင် ဒီမီးလေး ရဲ့ အရောင်အဆင်းကြောင့် ကိုင်ချင် ကိုင်လိုက်မယ် ကိုင်လို့ ပူသွားရင် နောက်ဆုတ်မယ် နောက်တခါ ချစ်ပြလို့ ကလေးက မကိုင်တော့ရင် သူဟာ အသိဥာဏ်ရှိလို့ ပါတဲ့ ။ ကိုင်ရင်တော့ ဒီကလေးရဲ့ (( I Q )) နိမ့်နေတယ်ပေါ့ ။ အော် ``` ကောင်းလိုက်တဲ့ ဥပမာလေး အားကျလောက်အောင်ကို အယူအဆ မှန်ကန်ကြောင်းကို တဖြေးဖြေး နဲ့ ကျွန်မတို့ လူမျိုးတွေနဲ့ နိုင်းယှဉ်တဲ့ အခါမှာ ကွဲပြားခြားနားခြင်းတွေ ကွင်းကွင်း ကွတ်ကွတ် မြင်လာမိတယ် ။ ဒီကလေး မိခင် ဖခင်များ အသက်အရွှယ်နဲ့ ဆို ကျွန်မတို့ ဆီမှာ သာဆို ပွဲကြီး ပွဲကောင်း ပေါ့ နော် ....................... ။ ကျွန်မတို့ ပတ်ဝန်းကျင်က မေမေတွေကတော့ အိုးလေးတွေကို ပုံသွင်းရာမှာ သူ့ကလေးက ဆိုင် ကယ်စီးရင် ငါ့ကလေးကို ကားဝယ်ပေးမယ် ။ သူ့သလေးက အင်္ကျီ တစ်ထည်ဝယ်ရင် ငါ့ကလေးကို ငါးထည်ဝယ် ပေးမယ် သူ့ခလေးက ဘယ်ကျောင်းထားရင် ငါ့ကလေးကို သူ့ထက်ကောင်းတဲ့ ကျောင်းထားပေးမယ် ။ အို .. .. စုံ လို့ပါပဲ လေ ။ ဆင်းရဲသူကလည်း ဆင်းရဲသူအလိုက် ချမ်းသာသူကလည်း ချမ်းသာသူအလိုက် အိုးလေးတွေကို အသက်သွင်း (( မှား )) နေပုံများ (( အိုး )) လေးတွေရဲ့ ဘ၀ကို ပျောက်လို့ပေါ့ ။ ဒီလို အတွေး အခေါ် အယူအဆမှား တွေကြောင့် ကလေးငယ်တွေ ကိုယ့်ရဲ့ဖြစ်တည်မှု့ ဘ၀ တွေကိုလည်း မေ့လျော့ လာကြပြီး မလိုလား အပ်တဲ့ ပြိုင်ဆိုင်မူ့တွေကြားမှာ (( အတ္တ )) ရဲ့ သားကောင်လေးများ ဖြစ်ပြီး ဘောင်ခတ်မှားပြီး ပုံသွင်းမှားတဲ့ မေမေ လက်တွေကြောင့် ပုံစံကျနသေသပ် လှပတဲ့ (( အိုးကောင်း )) လေးတွေ ရှားပါးလာပါတယ် ရှင် ။ ဒါကြောင့် (( အိုး )) ကိုထုဆစ် ပုံသွင်းပေးမဲ့ မေမေ များ လက်တွေဟာ မှန်ကန်ဖြူစင်ခြင်းတွေနဲ့ အတ္တ ကင်းတဲ့ လက်များနဲ့ ပုံဖော် ထုဆစ်ရင်း အလှဆင်ပေးကြပါလို့ တောင်းဆိုရင်း ..........................................................................................................................................................................။ ******* မေတ္တာဖြင့် တော်ဝင်နှင်းဆီ ******* 20 , 10 , 2013 .

********* အနာဂတ် သမီးပျိုတို့ ထိန်းသိမ်းသင့်သော မြန်မာ့ ယဉ်ကျေးမှု့ *********

Išsiųsta 2013-10-13 iki marmarhtayw
Tags:မိန်းကလေးများ ကိုယ်ကျင့်သိက္ခာကိုထိန်းသိမ်းတတ်စေရန်

********* အနာဂတ် သမီးပျိုတို့ ထိန်းသိမ်းသင့်သော မြန်မာ့ ယဉ်ကျေးမှု့ ********* ဒီပိုစ်လေးက မြန်မာလူမျိုးတိုင်း ကျွန်မတို့ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတိုင်း တကယ့်ကို အလေးအနက် ထား သင့်တယ်လို့ ထင်မြင်ယူဆမိလို့ ရေးဖြစ်တာပါ ။ ရေးဖြစ်ခြင်း အကြောင်းရင်းကလည်း ကျွန်မ ဘုရားကျောင်းကန် တွေ သွားတိုင်း မသင့်အလျော်တဲ့ အမျိုးသမီးငယ် မိန်းကလေးငယ်တွေရဲ့ ၀တ်စားဆင်ယင် ပုံတွေ မှားယွင်းနေတာ ကို စိတ်မကောင်းဖြစ်မိလို့ ပါ ။ မိန်းကလေးငယ် အတော်များများ ပြောရရင် ခုခေတ် သမီးပျိုတော်တော်များများဟာ ယဉ်ကျေးမှု့ ပျောက် နေကြတယ် ။ မိန်းမငယ်လေးများဟာ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများဖြစ်ပါလျှက် ဘုရားကျောင်းကန်တွေကို သွား ရောက်ရင် မိမိဝတ်ဆင်ယင်ထားတဲ့ အ၀တ်အစားမျိုးနဲ့ သင့်တော်၏ မတော်၏ ဆိုတာလောက်လေးကို ဆင်ခြင်နိုင် စွမ်း အတော်ကို နည်းပါးလာနေကြတယ် ။ ဒါကြောင့် စာရေးသူက အပြုသဘောနဲ့ တင်ပြပေးခြင်းသက်သက်ပါ ။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ နင့်နာစေသော ဆန္ဒ မရှိပါ ။ ကျွန်မဘုရားသွားတိုင်း မတော်တရော် မိန်းက လေးငယ်လေးတွေ အမြဲတွေ့နေရတတ်တယ် ။ ဘုရားဖူးလာတာ ဖင်ကျပ်ကျပ် ဘောင်းဘီတိုတွေ စကပ်တိုနန့်နန့် လေးတွေ နဲ့ ဘယ်လို အဆင်ပြေနိုင်ပါ့မလည်း မြင်ရသူလည်း အကုသိုလ်ဖြစ်စေပါတယ် ။ နောက် မတော်လို့ အလဲ ခိုင်းရင် မြန်မာလူမျိုးမဟုတ်တဲ့ အတိုင်း မိမိဘာသာ ခံယူချက်ကို အံတုလို့ ရိုင်းချင်တဲ့ မိန်းကလေးငယ်တွေက ရှိ နေသေးတယ် ။ တချို့ကတော့ လဲလှယ် ၀တ်ဆင်ပေးကြပြီးမှ ဘုရားဖူးသွားကြတယ် အစောက ပြောသလိုမိန်းမငယ် တွေကတော့ ဗုဒ္ဓဘာသာဝင်မှ ဟုတ်ရဲ့လားလို့တောင်မေးကြည့်ရမလိုဖြစ်နေတယ် ။ ခုခေတ် မိန်းမငယ်လေးတွေဟာ ခေတ်ပညာတတ်သူတွေ များပါတယ် ။ ဘာကြောင့် ကိုယ့် နိုင်ငံတစ်ခုရဲ့ အဓိက မဏ္ဍိုင်ဖြစ်တဲ့ ယဉ်ကျေးမူ့တွေကို ပျောက် ဆုံးအောင် ကျင့်ဆောင်နေကြတာလည်း ။ နောင်အနာဂတ်ရဲ့ မျိုးဆက် အမွေကို ထိန်းသိမ်းမဲ့ မိန်းကလေးတိုင်းဟာ ယဉ်ကျေးမူ့ပျောက် ဆုံးနေရင် နောင်တစ်ချိန်မှာ ကျွန်မတို့ ရိုးရာ ထုံးထမ်းတွေကို ဘယ်လို ထိန်းသိမ်းကြပါ့မလည်း ။ နောက် ကျွန်မတို့ တိုင်းပြည်တစ်ခုဖြစ်ဖြစ် နိုင်ငံတစ်ခုဖြစ်ဖြစ် တည်ဆောက် ခံယူတဲ့ နေရာမှာ ဘာသာ ယဉ်ကျေးမှု့[ ဟာ ထိပ်ဆုံးကပါနေပါတယ် ။ ဘာသာ တရားတွေ ယဉ်ကျေးမူ့တွေနဲ့သာ မတည်ဆောက်ထားဘူးဆိုရင် အဲဒီနိုင်ငံ တိုင်းပြည်တွေဟာ သူတလူ ငါတမင်းနဲ့ ဖြစ်ချင်းတိုင်းဖြစ် ပျက်ချင်တိုင်း ပျက်နေကြတော့မှာပေါ့ ။ ဘာသာတရားနဲ့ ကိုယ်ပိုင်ယဉ်ကျေးမူ့ဟာ အမြဲဒွန်တွဲနေရပါတယ် ။ နိုင်ငံတစ်ခု ယဉ်ကျေးမူ့ပျက်လာပြီ ဘာသာတရား ပေါ့လျော့လာပြီဆိုရင် လူမျိုးလည်းပျောက်မယ် လူမျိုးပျောက်ပြီဆိုရင်တော့ ကျွန်မတို့ အနာဂတ်ကို တွေး မကြည့် ရဲ အောင် ကို ကြောက်စရာကောင်းလာတယ် ။ အနာဂတ် ပျိုးပင်တွေကို ကြဲချပေးမဲ့ ခေတ်သမီးပျိုလေးတွေ အလွန်ပင် သတိထားသင့်လှပါတယ် ။ ဘုရားကျောင်းကန်သွားတဲ့ အချိန်မှာ လုံခြုံတဲ့ ၀တ်စားဆင်ယင်မူ့မျိုးနဲ့ သွားလာသင့်လှတယ် ။ နောက် ကိုယ်က ခေတ်မှီမှီ ၀တ်စားထားတယ်လို့ ထင်ရင် အဲဒီ မလုံမခြုံ အရှက်သိက္ခာပွန်းပဲ့စေသော ၀တ်စားဆင်ယင်မူ့များနဲ့ မိမိသွားမဲ့ အစီအစဉ်ထဲမှာ ဘုရားကျောင်းကန် မပါပါစေနဲ့ ။ သူ့လမ်းနဲ့ သူ့နေရာ သင့်တော်သော ၀တ်စားဆင်ယင် မူ့ နဲ့ သွားလာတတ်အောင် လေ့ကျင့် ကြပါ ။ ကျွန်မတို့ အမျိုးသမီးငယ်လေးတွေ ဗဟုသုတ နေရာမှာ ပြည့်စုံကြွယ် ၀လှပါတယ် ။ နိုင်ငံတကာနဲ့ ရင် ဘောင်တန်းနေနိုင်အောင်ကို ခုခေတ်သမီးပျိုတွေ ကျွမ်းကျင်ကြပါတယ် ။ ဒါပေမဲ့ မတော်အတွေးနေရာမှာ စံဖြစ်နေ ကြတာတော့ သိပ်ကို ၀မ်းနည်းစရာကောင်းလှပါတယ် ရှင် ။ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ ယဉ်ကျေးမူ့ ကိုယ်စီ ပိုင်ဆိုင် ကြပါတယ် မြန်မာနိုင်ငံနဲ့ အနီးစပ်ဆုံး နိုင်ငံတွေကို လေ့လာကြည့်ကြပါ ။ ကိုယ်ပိုင်ယဉ်ကျေးမူ့တွေနဲ့ သူတို့ နိုင်ငံတွေကို ယနေ့ တိုးတတ်ပါတယ် ဆိုတဲ့ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ထိ ယဉ်ကျေးမူ့နဲ့ တည်ဆောက်ထားဆဲပါ။ ကိုရီးယား တရုပ် ဂျပန် ထိုင်း နိုင်ငံတွေဟာ အရှေ့တောင်အာရှမှာ အတိုးတတ်ဆုံး ခေတ်အမှီဆုံး နိုင်ငံ တွေပါ ။ သူတို့ ယဉ်ကျေးမူ့ကို လေ့လာကြည့်ပါ သူတို့ ကိုယ်ပိုင်ယဉ်ကျေးမူ့ကို ယနေ့ တိုးတတ်ပါတယ်ဆိုတဲ့ ခေတ်ထိ ထိန်းသိမ်းတည်ဆောက်နေကြဆဲပါ ။ အလွန်ဝမ်းနည်းစရာကောင်းနေတာက ကျွန်မတို့ မြန်မာ ဗုဒ္ဓဘာသာ မိန်းမငယ်လေးတွေပါ ။ မင်းတို့ ဒီလိုသာ ကိုယ့်ယဉ်ကျေးမူ့ကို မခင်တွယ် အလေးမထားတော့ရင် လာမဲ့ ဆယ်စု နှစ်လောက်ဆို မြန်မာဆိုတာ အရုပ်ရေးပြရအောင်ထိ ပျောက်ကွယ်သွားပါလိမ့်မယ် ။ ခုလူပြောများနေတဲ့ အစ်စလမ်ဘာသာဝင် အနောက် နိုင်ငံသားတွေကို အရင် ကြည့်ကြည့်ပါ ။ သူတို့လူမျိုး မိန်းကလေးတွေကို ဘာသာရေးနဲ့ တင်ကျပ်စွာ ထိန်းချုပ်ထားပေးကြတယ် ။ ဘာလို့လည်း လူမျိုးးးးတစ်စု တိုင်းပြည် တစ်ခုမှာ မျိုးဆက်ပြန့်ပွားပေးမဲ့ ကျွန်မတို့ မိန်းမတွေဟာ အဓိက အရေးပါဆုံးမို့ပါ ။ သူတို့ ရိုးရာ သူတို့ ယဉ်ကျေးမူ့တွေကို မပျောက်ပျက်အောင် ဘာသာရေးဆရာတွေက တင်းကျပ်ပေးထားကြတယ် ။ ကျွန်မတို့ တိုင်ပြည်မှာ ကိုယ်ပိုင်လွတ်လပ်ခွင့် အများဆုံး ပိုင်ဆိုင်သူတွေဟာ မြန်မာ မိန်းကလေးတွေပါ ။ ယောက်ျားသားများ ထက်ကို အခွင့်အရေး ပိုရပါတယ် ကျွန်မတို့ တိုင်းပြည်မှာ မိန်းကလေးတွေကို တင်ကျပ်တဲ့ ဥပဒေ တစ်ခုမှ မရှိပါဘူး ။ ကိုယ်ယုံကြည်ရာကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရှိတယ် အရွယ်ရောက်လို့လည်း မင်း တို့ အလုပ် မလုပ်ချင်လည်းရတယ် ။ ကိုယ်စားနေနိုင်တယ်ဆိုရင် မိဘက မငြီးမညူ ကျွေးမွေးစောင့်ရှောက်မူ့ကို မင်တို့ အသက်ဘယ်လောက် ကြီးသွားသွား ကြိုက်သလို နေထိုင်ခွင့် ရှိပါတယ် ။ ဘယ်လောက်များ ငြိမ်းချမ်း လိုက်တဲ့ တိုင်းပြည်လည်း ။ တခြားနိုင်ငံတွေကို လေ့လာကြည့်ပါ မိန်းမနဲ့ ယောက်ျား ခွဲခြားဆက်ဆံမူ့တွေ ခံရတယ် ရင်ဘောင်တန်းပေး မထားကြဘူး အဆိုးဆုံးနိုင်ငံက အမျိုးသမီးတွေ အကြောင်းလည်း ကိုယ်တို့ မြန်မာမိန်းကလေးတွေ သိမယ်ထင်ပါ တယ် ဘာသာရေးတင်းကျပ်လွန်းတဲ့ နိုင်ငံတွေမှာဆို အမျိုးသမီးတွေဟာ အိမ်ပြင်တောင် ထွက်ခွင့် မရတဲ့ အ နောက် နိုင်ငံသူတွေ တပုံကြီးပါ ။ ဒါကြောင့် မဖြစ်သင့်တဲ့ အရာတွေ သူတို့ ဆီမှာ အများဆုံးဖြစ်ကြတယ် ။ ကျွန်မတို့ မြန်မာပြည်မှာ မိန်းကလေးတစ်ယောက်ကို သေစေဖို့ မပြောနဲ့ အရှက်သိက္ခာ ပွန်းပဲ့စေတဲ့ လုပ်ရပ်မျိုးတောင် အတော်ရှားပါတယ် ။ မရှိဘူးလို့ မဆိုလိုဘူးနော် ရှိတဲ့ အရာကလည်း သူ့ အကြောင်းတရား ကြောင့် ဖြစ်ပေါ်မူ့မျိုးလောက်ပါ ။ လူမျိုးရေး ကြောင့် မိသားစုတင်းကျပ်မူ့ကြောင့် ဘာသာရေးကြောင့် နိုင်ငံရေး ကြောင့် ဆိုပြီး ဖိနှိပ်ခံ ရတယ်ဆိုတာ မကြားဘူးလောက်ကြဘူးထင်ပါတယ် ။ ဒီလို လွတ်လပ်မူ့တွေဟာ ကျွန်မတို့ ရဲ့ ယဉ်ကျေးမူ့ နဲ့ လက်ခံယုံကြည်မူ့ ဘာသာတရားများကြောင့် ဆိုတာ ဘယ်သူမှငြင်းရမယ် မထင်ပါဘူး ရှင် ။ ဒါကြောင့် အနာဂတ် အရှည်ကြီးမှာ လူမျိုး ဘာသာတရား ယဉ်ကျေး မူ့ ကိုယ်ပိုင် အခွင့်အရေးတွေ မဆုံးရူံးဖို့ အနာဂတ်ပန်းကောင်းတွေကို ပျိုးချပေးမဲ့ ဒီနေ့ ခေတ် သမီးပျိုတွေ ရဲ့ ခံယူတည်ဆောက်မူ့ ကိုးကွယ်ယုံကြည်မူ့ ကိုယ်ကျင့်သိက္ခာ ထုံးထမ်းဓလေ့ ယဉ်ကျေးမူ့တွေပေါ်မှာ တည်မှီနေ တယ်ဆိုတာ သမီးပျိုလေးတွေ သတိချပ်စေချင်ပါတယ် ။ မိမိရဲ့ အကောင်းဆုံး နိုင်ငံ တစ်ခု တည်ဆောက်ရာမှာ မိန်းကလေးတွေရဲ့ အင်အားပေါ်မှာ အများကြီးတည် မှီနေပါတယ် ။ ဒါကြောင့် မိမိပျိုးချပေးလိုက်မဲ့ မျိုးစေ့လေးတွေ ရှင်သန်ထမြောက် ပြီး ဘ၀လေးတွေ လန်းဆန်း စိုပြေစေဖို့ဟာက ဒီနေ့ခေတ် သမီးပျိုများရဲ့ တာဝန်ပေမို့ ကိုယ့်ရဲ့ နေထိုင်ပြုမူခြင်း ၀တ်စားဆင်ယင်တတ်မူ့ ယုံကြည်ကိုးကွယ်မူ့ ဘာသာတရားတွေကို ကိုင်းရိုင်းကြည်ညိုခြင်း တွေမှာ သတိလေးများ ထားပြီး ဘယ်လမ်းနဲ့ ဘယ်ခရီး ဘယ်လို ၀တ်ဆင်မူ့ဟာ သင့်တော်မလည်း ဘယ်လို နေထိုင်ခြင်းအမူ့မျိုးကို ပြုလုပ်သင့်တယ်ဆိုတာလေးများ ကို သေချာစေ့စေ့လေး တွေးပြီး အနာဂတ်မှာ လင်းလက်လာမဲ့ ကြယ်တစ်ပွင့်ကနေ ထွန်းလင်းတောက်ပလာမဲ့ ကြယ်တွေကို မြေတောင်မြှောက်ပေးနိုင်သော ခေတ်သမီးပျိုများ အဖြစ် လက်ဆင့်ကမ်းယုံကြည်မူ့များနဲ့ ကျွန်မ တို့ အနာဂတ်နိုင်ငံတော်ကြီး အစဉ်ထာဝရ လှပပြီး အလင်းတွေ ဝေဖြာနေစေဖို့ ဆက်လက် ချီတတ်ကြပါစို့လို့။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ အို အပျိုစင် မအိုခင်က မျိုးချစ်သွေး ပျိုတိုင်း ကိုယ်စီမွေး။ မျိုးမှန် ပျိုးသန် အဘိုးတန် မြင်သူတကာငေး ယဉ်လှတဲ့ မြန်မာပျို မူပိုကာ မမိုက်လိုက်ပါနဲ့ ထုံးထမ်းကိုရွယ် ဘာသာကို ကိုးစား ယုံလိုက်ပါ့ အပျိုစင် လူတိုင်းက ချစ်ခင် ။ ******* မေတ္တာဖြင့် တော်ဝင်နှင်းဆီ *******

Skaityti straipsnį   Diskutuoti [1]

********* ယောက်ျားတစ်ယောက်၏ သစ္စာတည်ရာ *********

Išsiųsta 2013-10-11 iki marmarhtayw
Tags:အမျိုးသားများ မိန်းမသားများအပေါ်တန်ဘိုးထားမြတ်နိုးတတ်စေရန်

********* ယောက်ျားတစ်ယောက်၏ သစ္စာတည်ရာ ********* ခေတ်အဆက်ဆက် ရာဇ၀င် အဆက်ဆက် ကြွေးကြော်လာခဲ့တဲ့ ယောက်ျားကောင်းတစ်ယောက်ရဲ့ သစ္စာတည် ရာ ယောက်ျားကောင်းတော့ .......မောင်းမတစ်ထောင်တဲ့.............ရာဇ၀င်ဆိုတော့ အိပ်ရာဝင် ပုံပြင်လည်းမဟုတ် ဒါပေမဲ့ တို့ခေတ် ယောက်ျားသားတွေကတော့ ယနေ့ထိ အားကျ လက်ခမောင်းခတ် မာန်တွေနဲ့ ဟစ်ကြွေး.. ဒီစကားလေးကို သဘောအတော် ကျနေလေရဲ့ နော်.................။ ရာဇ၀င်ကို ပြန်လှန်ကြည့်မိ သံရေးတမန်ရေး ကျွမ်းကျင်လိမ္မာတဲ့ ဘုရင် မင်းတုန်းဘုရားကြီး အကြောင်း မိဖုရားပေါင်း ငါးရာရှိတယ်လို့ အဆိုကို ကြားသိခဲ့ရ ။ မိဖုရားတွေ ရေတွက် အပျော်တော်ဆက်ဖို့ စောင့်ခဲ့ရမှာ တခါပြန်လာဖို့ မလွယ်လှပါလား ။ ဒီလိုပါပဲ ခုခေတ် ဆို ကျားသတ္တ၀ါတွေလည်း အကောင်ကြီးကြီး အမြီးရှည်ရှည် မလည်း မိဖုရားတွေ တောင်လိုပုံလို့ အပြီးမပါ ဗလာချည့်နဲ့ ချွတ်ချုံကောင်လည်း မိဖုရားတွေ အများသားပေါ့ ။ ဓနငွေကြေး ပြည့်စုံပေးလို့ ဂုဏ်သိက္ခာကြီးမား သူဌေးများမလည်း တဖတ်ကို နတ်သမီး လေးငါးရာ ခြံရံ လျှက် ပျော်တော် ဆက်လျှက်ပေါ့ ။ စေ့စေ့လေး တွေး ရင်လေးမိတယ် အမောင်ငယ်ရယ် ။ ယောက်ျားကောင်းတစ်ယောက် ချစ်သူတစ်ယောက်ရဖို့ ဒီလောက် မလွယ်ခဲ့ဘူး ............ယောက်ျားတစ် ယောက် ဇနီးမယားကောင်း တစ်ယောက်ရဖို့ လည်း ဒီလောက် မလွယ်ခဲ့ဘူးကွယ် ။ ဒါပေမဲ့ကွယ် ယောကျာ်းတွေမှာ အချစ်တွေပေါများ အချစ်ကိုယ်ပွားတွေ ပွားနေကြတာ .......ယောက်ျား ကောင်းလို့ မောင်းမတစ်ထောင်ဖြစ်သွားတာလား မိန်းမတွေ ပေါလို့ ဈာန်လျောကုန်တာလား ။ ယောက်ျားတစ်ယောက် ချစ်သူကောင်းတစ်ယောက်ရဖို့ ဘယ်လိုကြိုးစားခဲ့ရလည်း ။ ကိုယ့်ရဲ့ ၀ါသနာတွေ ဘ၀ရဲ့ အချိန်တွေ ကိုယ့်အကြိုက်တွေ ချစ်သူကိုပေးအပ် ကတိတွေ ပုံထပ် ခဲ့ကြရတယ် လေ။ ဒါဟာ ယောက်ျားကောင်းတစ်ယောက်ရဲ့ သစ္စာတည်ရာလား ။ ယောကျာ်းကောင်းတစ်ယောက် ဇနီးမယား ကောင်းရဖို့ အချိန်ကာလ အများကြီးပေးဆပ် ငွေကြေးများစွာနဲ့ ပံ့ပိုးပေးဆပ် မိသားစုနဲ့လည်း စစ်ခင်း ပေးဆပ် ကိုယ့်အကြိုက်ကိုလည်း စွန့်လွတ်ပေးဆပ် မဖုရား အလိုဆို အကုန်ပေးဆပ် မပိုင်ခင်ထဲက ပုတ်သင်ညိုတစ်ကောင်လို ခေါင်းအထပ်ထပ်ညိမ့် လို့ပေးဆပ် ကိုယ့်အလိုဆို မြိုသိမ့် သူမအလိုဆို အကုန်လိုက်လျော စွန့်လွတ်ပေးဆပ်ခဲ့ရတဲ့ အရာများစွာနဲ့ ပေးဆပ်ဖူးကြတယ် ။ ဒါဟာ ယောက်ျားတစ်ယောက်သစ္စာတည်ရာလား ။ မိန်းကလေးတစ်ယောက်ကကွယ် ယောက်ျားတစ်ယောက်ကို ချစ်လှပါချည့်ရဲ့လို့ မဆိုခဲ့ကြတာတော့ အသေ အချာ သမိုင်းတွင်ခဲ့ပါတယ် ။ ချစ်သူလေးတစ်ယောက်ရဖို့ ဇနီးမယားတစ်ယောက်ရဖို့ ဒီအခတ်အခဲများစွာကို ကျော်ဖြတ် ဘ၀နယ်ပယ် တခု တည်ထောင်ပြုဖို့ ကြိုးစားခဲ့ကြပြီးမှ သစ္စာရွာမှာ အပေါဆုံးဈေးနဲ့ မင်းတို့ အချစ်တွေကို ဘယ်ညဈေး တန်းမှာ ချရောင်းခဲ့ ကြပါလည်းကွယ် .................... မိန်းမတစ်ယောက် အာရုံ ငါးပါး ကာမဂုဏ် တရားတွေမှာ အသေအချာ မင်းတို့ ပျော်ပါးခဲ့ဘူးကြပါတယ်။ နှစ်သက်ခြင်း မြတ်နိုးခြင်း သာယာကြည်နူးခြင်း လွမ်းဆွတ်တသခြင်း ချမ်းမြေ့ကြည်သာခြင်း တွေ မင်းတို့ ရင်မှာ အလျို လျို စီးဆင်းခဲ့ ဘူးပါတယ် ။ ချစ်သူမျက်နှာလေး အို ခနလေးကိုတောင် မငြူစူရက်ခဲ့ ။ ချစ်သူအလိုဆို အဆင်သင့် ကမ်းလင့်နေချင်မိသူ တွေပါ ။ ဇနီးလောင်းလျာ ကြင်ယာသက်ထား မဖုရားလေးများ အတွက်ဆို မင်းတို့ အသက်ကို စွန့် အချစ်တွေ ပိုခဲ့ဘူးကြပါတယ် ။ ထံတော်ရှေ့မှောက် ခစားရောက်ဆို မဆိုင်းမတွ နှစ်သက်ပြခဲ့ ဘူးကြတယ်လေ ။ အချစ်တွက်ဆို ကြိမ်ဆို သစ္စာ မူပိုခဲ့တာများ မိန်းမသားတွေတောင် သြချလောက်ပါရဲ့ ။ ဟိုးအတိပ်က ပုဂံရာဇ၀င် စာမှာတွင်ရစ် အချစ်သစ္စာရှင် ကိုဗျက်ဝိကတော့ ချစ်သူက သေဆိုသေ ချစ်သူက နေဆိုနေ နေခဲ့ရှာတဲ့ မိအိုဇာရဲ့ ကွမ်းတစ်ယာ ရေတစ်မုတ်ကြောင့် အသက်ကို စတေး စွန့်လွတ်ဘူးလေရဲ့ကွယ် ။ ရှင်မွှေးလွန်းနဲ့ မင်းနန္ဒါ အချစ်ကလည်း ရာဇ၀င်တွင်ခဲ့လေရဲ့ ။ ......အလွမ်းသမားလေး မောင်ဖေငယ် ကလည်း ချစ်သူအတွက် အသက်ပေးချစ်ခဲ့ ဘူးလေရဲ့ ............ကိန္နရီ ကိန္နရာ မောင်နှံ အချစ်ချောင်းလေးခြား လို့ ရက်ပေါင်း ခုနှစ်ရာ ဆွေးခဲ့တာလည်း ကြားဘူးပါရဲ့ ။ ကျန်စစ်မင်း အလို အရိန္ဒမာ လည်း သိခဲ့လေရဲ့ ..........နတ်ရှင်နောင်နဲ့ ဓာတုကလျာ အချစ်ကလည်း စံပြု လောက်ပေရဲ့............ရိုမီယိုနဲ့ ဂျူးလီယတ် အချစ်ကလည်း အံ့မခန်းပါဘဲ..........တပ်ခ်ျမဟာ ရဲ့သက်သေ အချစ်တွေကလည်း စာဖွဲ့လောက်ပါရဲ့ ................ကိုယ့်ချစ်သူ မိန်းကလေးတွေ အတွက် စံပြုအချစ်တွေ နဲ့ သက်သေစုနိုင်ပါရဲ့သားနဲ့ .........ယောက်ျားတွေ သစ္စာ မှီရာ ဖြစ်မနေတာ ၀မ်းနည်းစရာ အလွန်ကောင်းလှပါတယ် ။ ယောကျာ်းတွေ အချစ်ကပဲ ပေါနေလို့လား မိန်းမသားတွေကပဲ ချောလွန်းနေလို့ မင်းတို့သစ္စာတွေ ယိမ်း ယိုင် ကုန်ကြတာလားကွယ် ။ ထက်အောက် ၀ဲယာ စုန်ဆန်ကြည့်လိုက် မင်းတို့ သစ္စာဖောက်လို့ အသက်ပေးသွားတဲ့ မိန်းကလေးတွေ ...........ခြေတော်တင်ခံရလို့ ပျောက်ပျက်သွားတဲ့ မိန်းကလေးတွေ ...........မိန်းကလေးများကို ငွေဝယ်ကျွန်လို သဘောထား မင်းတို့ ပျော်ပါးလို့ ရေစုန်မြောသွားတဲ့ မိန်းကလေးတွေ............. ငယ်ရွယ်သူရော ပျိုရွယ်သူရော ဇရာအိုရော ..........အိုကွယ် ကုန်ကုန်ပြောရ မင်းတို့ အလိုတခုအတွက် စတေးပေးလိုက် ရတဲ့ ဘ၀တွေ မနည်းပါလား...........ကြွေလွင့်သွားတဲ့ မိန်းမသား ၀ိဥာဉ်တွေသာ ပြုစားနိုင်တဲ့ မှော် ပညာရှင်ဆိုရင် ယောကျာ်းတွေ အတွက် ပေးဆပ်လိုက်ရတဲ့ သူတို့ သစ္စာ............ တွက် မင်းတို့ရဲ့ ဘ၀တွေကို သူတို့လို ပြန်ခံစားစေလိမ့်မယ် လေ ။ ဒါတွေဟာ ယောက်ျားကောင်းတွေရဲ့ သစ္စာတည်ရာတွေလားကွယ် ။ အခတ်အခဲ များစွာနဲ့ မင်းတို့ကိုယ်တိုင် ကြိုးစားရယူခဲ့တဲ့ ချစ်သူ ဇနီးမယားကောင်းတွေ အတွက် ရင်နာစရာ အဖြစ်ဆိုးတွေကို မင်းတို့ သစ္စာတည်ရာ တွေနဲ့ သုံးသပ်ပေးကြပါလား ဟင် ...............။ ယောက်ျားကောင်းတစ်ယောက်ရဲ့ သစ္စာတည်ရာ ဖြစ်ဖို့ မင်းတို့ ချစ်သူ ဇနီးမယား ကောင်းတစ်ယောက်ရဲ့ရင် ကို ဖောက်ထွင်း မြင်နိုင်တဲ့ မယိုယွင်းတဲ့ သစ္စာတရားတွေနဲ့ မြင်ပေးကြပါလားကွယ် ................။ မင်းတို့ သစ္စာတွေ ယွင်းမှားသွားလို့ ပျက်စီးကြေမွှသွားပြီး လမ်းပျောက်သွားတဲ့ မိန်းမသားတွေတွက် ယောကျာ်းကောင်းတစ်ယောက်ရဲ့ သစ္စာတွေဟာ ချစ်သူ မယားကောင်းတွေ တွက် မြတ်နိုးတွယ်တာ တည်မှီရာ နေရာတွေ အဖြစ် ပြောင်းလည်းခြင်း မရှိတဲ့ ယောက်ျားကောင်းတစ်ယောက်ရဲ့ သစ္စာတည်ရာ ရင်ခွင်မဟာ တွေ ဖန်တီးပေးနိုင်တဲ့ ..................... ((((((((( ဘ၀က သင့်ကို ဒုတိယအကြိမ် အခွင့် အရေး အမြဲပေးတတ်ပါတယ် ။ အဲဒါကို (((( မနက်ဖြန် )))) လို့ ခေါ်ပါတယ် ။ ဒါကြောင့် လှပတဲ့ မနက်ဖြန် နေ့ရက်တိုင်း ကို သစ္စာရောင်တွေနဲ့ မင်းတို့ ချယ်မှုန်း ပေး ရင်း ))))))))))))))))))))))))))))))))))) ******* မေတ္တာဖြင့် တော်ဝင်နှင်းဆီ *******

Skaityti straipsnį   Pridėti komentarą

********* အပျိုရည်ကို ဖြိုဖျက်ရဲသူများ *********

Išsiųsta 2013-10-11 iki marmarhtayw
Tags:မိန်းကလေးများ ကိုယ်ကျင့်သိက္ခာကိုထိန်းသိမ်းတတ်စေရန်

********* အပျိုရည်ကို ဖြိုဖျက်ရဲသူများ ********* ဒီအကြောင်းလေးကို စာရေးသူတင်ပြပေးဖို့ အများကြီးစဉ်းစားဖူးပါတယ် ။ သို့သော်ငြားလည်း အစိမ်းးးးးး သက်သက်လေးများ ပါသလို နားလည်ခံစားတတ်သူများလည်း ပါမယ်ထင်ပါတယ် ။ ကိုယ်တို့ စာရေးသူတွေမှာ တခါတခါ သေချာတိကျတဲ့ စကားလုံးများကို အသုံးပြုချင်သော်လည်း ဆင်ဆာနည်းနည်း ရှိနေတဲ့ အတွက် စကားလုံး များစွာ ရွေးချယ်တဲ့ နေရာမှာ အလွန် ဂရုစိုက်ရ ပါတယ် ။ ဒါကြောင့် ကိုယ်က အမျိုးသမီးထု အတွက် ကိုယ်စားပြုရေးခြင်းဖြစ်သည့်အတွက်မည်သူတစ်ဦး တစ်ယောက်ကို မျှ မရည်ရွယ်ရိုး အမှန်ပါ ။ ကိုယ်တို့ အမျိုး သမီးတိုင်း အတွက် သိသင့်တဲ့ သုတ တစ်ခု အနေနဲ့ တင်ပြပေးတာပါ ။ အပျိုရည်ဆိုရာမှာ တချို့သော မိန်းကလေး များဟာ မိမိအပျိုရည် ထိန်းသိမ်းခြင်းငှာ မစွမ်းသော်လည်း မိမိ အပျိုရည် ပျက်သွားခြင်းများကို တကယ် မသိရိုး အမှန်ရှိနေတာတွေ တွေ့ရတတ်ပါတယ် ရှင် ။ ဒီ အပျိုရည်ဆိုတဲ့ ခေါင်းစဉ်ကို ကိုယ် ဘာကြောင့် ရွေးချယ်ခဲ့သလည်း ဆိုရင်တော့ အမျိုးသမီးထုတွေကြား ရေပန်းစားနေတဲ့ အိမ် ထောင် ရှင် မိန်းမသားများသာ အသုံးပြုရမဲ့ ဆေး တစ်မျိုးကို အကြောင်းပြုလို့ အော်ဒါလေးကတော့ တို့ မိန်းကလေး များအတွက် တင်ပြသင့်တယ်လို့ ခံယူမိလို့ပါ ။ ဒီဆေးကို HEALTHY SHOP ( PARIS ) ကနေထုတ်တာပါ ။ သူ့အမည်က FEMININE A VIRGIN ( SERUM) ပါ ဘယ်လိုလူတွေ အသုံးပြုရလည်းဆိုရင် တကယ်တော့ ဒါဟာ အိမ်ထောင်ရှင် ကလေးမွေးဖွားထားသူများနဲ့ အိမ် ထောင် ထိန်းသိမ်းလိုသူ အမျိုးသမီးထု များသာ သုံးစွဲသင့်တဲ့ ဆေးပါ ။ မိမိရဲ့ အိမ်ထောင်ရှင်သာယာဖို့ဆွဲအားတစ်ခု အနေနဲ့ အသုံးပြုရ တဲ့ ဆေး တစ်မျိုးပါ ။ ဒီ ဆေးကို ခေတ်မှီပြီး ငွေကြေးတတ်နိုင်တဲ့ သူများသာ အသုံးပြုတာပါ ။ ဘာလို့ သိလည်းဆိုရင် ဒီတံဆိပ်နဲ့က အမျိုးသမီးများအတွက် ဆေး အလှပြင်ဆိုင်ရာ အရေပြား ဆိုင်ရာ စကင်ကဲ အတော်များများ ထုတ်လုပ် ရောင်းချရာမှာ ကျွန်မက မန်ဘာဝင် တစ်ယောက်မို့ပါ ။ ဘာလို့ ဒီအ ကြောင်းကို ရှည်လျားစွာ ပြောပြပေးနေသလည်း ဆိုရင် ဒီဆေးကို သုံးတဲ့ အမျိုးသမီး အများစုဟာ အိမ်ထောင်မရှိ တဲ့ အပျိုတွေ များနေကြလို့ ပါ ။ ဘာအတွက်လည်း ဘာကြောင့်လည်း ဆိုတဲ့ မေးခွန်း တသီးကြီး ကျွန်မရင်ထဲ မှာ ကိန်းအောင်းနေခဲ့တာ ကြပါပြီ ။ ဒါကြောင့် ကိုယ့် မြန်မာ မိန်းကလေးတွေကို အပျိုရည်တန်ဘိုး ဘာဆိုတာရယ် အပျိုရည် ကိုဘယ်လိုထိန်း သိမ်းစောင့်ရှောက်ရမယ် ဆိုတာရယ် နောက် ကိုယ်တိုင် အပျိုရည် ပျက်နေတာကို တခြားသူ မသိဘူး ထင်ပြီး လုပ်နေတဲ့ အရာတွေကို သတိချပ်စေချင်တဲ့ စေတနာ အရင်းခံနဲ့ အမျိုးသမီး တစ်ယောက်ရဲ့ ဂုဏ်ရည်ကို အမှန် တကယ် သိစေချင် မြင်စေချင်တဲ့ မေတ္တာ တရားကြောင့် အပြုသဘောနဲ့ တင်ပြပေးတာပါ။ အမျိုး သမီးတစ်ယောက်ရဲ့ အပျိုရည် ပျက်ခြင်းကို တကယ်တန်း အလွယ်တကူ ခွဲခြားလို့ ရပါတယ် ။ လူသား ဆန့်ကျင်ဖတ် မျိုးနွယ် ကျားများက ပိုလို့ သိပါလိမ့်မယ် သို့သော်လည်း တကယ် တမ်းသေချာ မလေ့ လာ မခံစားတတ်တဲ့ သူမျိုးကသာ မိမိကိုယ်ကို မသိဘဲ ကျင့်သုံးနေထိုင်မိနေကြတာပါ ။ တကယ်တန်းသာ မင်းတို့ လေးတွေ သိမြင် ခံစားတတ်လာမယ်ဆိုရင် ကိုယ့်ရဲ့ အပျိုရည်ကို အမှန်တကယ် ထိန်းသိမ်းတတ်လာမယ်ဆိုတာ ကိုယ်မျော်လင့် မိလို့ပါ ။ ဘယ်လို ခွဲခြမ်း စိတ်ဖြာ မလည်းဆိုရင် မိန်းကလေးတစ်ယောက် အပျိုရည် ပျက်တာ များလာရင် ပိုသိ သာပါတယ် ။ မိန်းမသားတစ်ယောက်ရဲ့ အဆွဲဆောင်နိုင်ဆုံး တင်သားတွေ လျော့ရဲလာပါတယ် ။ ခွက်လာပါတယ် ။ လူပ်လီလူပ်လဲ့ ဖြစ်လာပါတယ် ။ နောက် ခါးဘေးကြောများ ပေါင် ဒူးကြောများ ပျက်လာပါတယ် ။ နောက် အဓိက တစ်ခုကတော့ ဖွံ့ဖြိုးနေတဲ့ ရင်နှစ်မွှာဟာ တင်းရင်းမူ့ မရှိတော့ပဲ အစိုင်အခဲတွေ ပြိုပျက်နေပါတယ် ။ နောက် ရင်သား ခေါင်းလေးများဟာ မည်သို့ အသားမည်းပင်ညား ပင်ကိုယ် အပျိုဟာ ပန်းရောင်လေး သန်းနေပါတယ် ။ နောက် ရင်သား မျက်ကွင်းတွေ မည်းလာမယ် ကျယ်လာမယ် စတာတွေဟာ အပျိုရည် ပျက်ပြီးသားဆိုတာ သိသာနိုင်ဆုံးနေရာတွေပါ။ ဒါတွေကတော့ လူမမြင်ပါဘူးကွာ ဆိုပြီး အတွေးမချော်စေချင်ပါဘူးနော် ။ ကိုယ့်ချစ်တဲ့ သူက ပညာ ဗဟုသုတ ကြွယ်ဝသူသာ ဖြစ်ခဲ့မယ်ဆိုရင် ဒီနေရာမှာတင် ပွဲသိမ်းသွားနိုင်လို့ပါ ။နိုက်နိုက်ချွတ်ချွတ်တွေးခေါ်တတ်တဲ့ ကျားတွေ လောကမှာ တပုံကြီးပါ ။ လူမသိလို့ မရှက်တတ်တာထက် အော်ဒါတွေ`ဟာ တကယ် မိန်းမသားချင်းလည်း သိနိုင်တဲ့ အရာများပါ ။ ချစ်သူဆိုတာ လက်ကလေး ပြီးတော့ ပါးကလေး နောက်ကော မင်းတို့ ဘယ်အထိ ထိန်းသိမ်း ထားပေးနိုင်မလည်း ဆိုတာ မင်းတို့ ရဲ့ထိန်းသိမ်းချင်တဲ့ စိတ် ကိုယ့် အပျိုရည်တန်ဘိုးဆိုတာ ဒါတွေပါလားဆိုတာကို သိထားမှ ရှက်တတ်လာမယ် ကြောက်တတ်လာမယ် ထိန်းသိမ်းချင်လာမယ် ။ လူမမြင်ဘူးဆိုပေမဲ့ ပြင်ပကနေ သိသာနေတာက ဒူးပေါ်ပေါင်ပေါ် ၀တ်တတ်တဲ့ မဖုရားလေးများပေါ့။ ကိုယ့်ကို ဘာဖြစ်ထားလည်း ဆိုတာ မသိပဲ ဒူးကြောကြီးတွေက အပျက်ပျက် နဲ့ လမ်းသလားပြနေကြတယ် ။ ဒါက သူတို့ တကယ် မသိလိုက်တဲ့ အမှားတစ်ခုပေါ့ ။ စာရေးသူကတော့ ကိုယ့်ပတ်ဝန်းကျင်ကမိန်းကလေးတွေကို တတ်နိုင် သလောက် ပညာပေးတယ် ။ ဒါဟာ ဘာကြောင့်ဖြစ်သလည်း ဆိုတာ အမေအဖေကိုသာ လိမ်ရမှာပါ တကယ် လေ့ လာတဲ့ သူနဲ့ တွေ့ရင် လိမ်မရဘူးဆိုတာ နားလည်ခံစားတတ်စေချင်ပါတယ် ။ အပျိုရည်စစ်မှန်တဲ့ မိန်းကလေးတစ်ယောက်တင်သားဟာ တင်းရင်းပြီး တုပ်တုပ် ခိုင်ခိုင်လေး ရှိနေပါတယ် ။ ဒါက မကျအောင် ထိန်းသိမ်းနိုင်တဲ့ နည်းတွေ အများကြီးပါ ခုခေတ် ကိုယ်လုံးကို မကျတဲ့ အ၀တ်အစား ဘောင်းဘီ တွေနဲ့ ထိန်းလို့ ရပေမင့် မေ့ရွှေရင်နှစ်မွှာကတော့ မင်းတို့ ချစ်သူ အကောင်းစားတွေကို လိမ်လို့ မရတဲ့နေရာတွေ ဆိုတာ သတိချပ်ပေးကြပါ ။ မတော် ကိုယ့်ချစ်သူနဲ့ မညားနဲ့ တခြားတစ်ယောက်နဲ့သာ ညားသွားလို့ ရှိရင် ကိုယ်ကျိုး တွေ နည်းကုန်လိမ့်မယ် ဆိုတာ သတိပြုစေချင်ပါတယ် ။ နောက်ထပ် ဗဟုသုတ တစ်ခုကတော့ အလွန်အကျွံ ဖြစ်သွားလို့ ကလေးပျက်ကျဖူးတဲ့ အပျိမမည် အအို မမည်တဲ့ မမလေးများပေါ့နော် ။ အကောင်အထည်ကြီး ဖြစ်မှ ပျက်မှ လူသိတယ်လို့ များ သွားမခံစားပါလေနဲ့ကွယ်။ ရက်ကလေးစွန်းရုံ တင် ပျက်ကျ ဖျက်ချမိတယ် ဆိုရင်တောင် မင်းတို့ ကိုယ့်ကို သေချာလေ့လာသုံးသပ်ကြည့်ပေးပါ ။ ဘယ်နေရာမှာ များ အပြစ်ပေါ်နေလည်း ဆိုတာ သိသူလည်းပါမယ် ဒါပေမဲ့ မသိသူ များမယ်ထင်ပါတယ် ။ ဘာကြောင့် လည်း ဆိုရင် ခေတ်ကာလ သားသမီးတွေ လွန်ကျူးနေတာကို ကြည့်ခြင်းဖြင့် သိနေနိုင်ပါတယ် ။ အဲဒီအပြစ်ကတော့ ၀မ်းဗိုက်နေရာ ချက်တည့်တည့်မှာ အကြောင်းရာ ထင်နေတာဟာ မိမိရဲ့ အပြုအမူတစ်ခုကို သုံးသပ်ပြတဲ့ နေရာ အဓိကမို့ ပါပဲ ။ တခါတရံ ဆေးရုံတွေ ရောက်ဘူးရင် ကြားဖူးမှာပေါ့နော် မင်း အပျိုလားလို့ အမေးခံရတဲ့ အချိန် ဒါက ဆေးပညာရှင်ရော လူပြိန်းတွေရော သိနေနိုင်တဲ့ ပြစ်ချက်ဆိုတာလေး မင်းတို့ သတိချပ်ပေးကြပါ ။ ယိုသူက မရှက်တတ်ခဲ့ပေမဲ့ မင်းတို့လေးတွေ ကိုယ်စား အမျိုးသမီးတွေ ကိုယ်စား ရှက်တတ်ပေး ကြပါ ။ စောင့်ထိန်းပေးကြပါ ။ ဆိုရိုးစကားလေး တစ်ခု ရှိတယ် (((( မအိုပဲနှင့် ကျ မပျိုပဲ နှင့် လှ တဲ့ )))) ဒီအဓိပ္ပါယ်လေးကို ရော သိကြပါသလားကွယ် အပျိုစစ်ပါတယ် ဆိုပြီး အိုကျနေတဲ့ ခန္ဓာကိုယ်ကို လိမ်လို့ မရလို့ပါ။ မပျိုပဲ နှင့် လှနေသူတွေကတော့ အိမ်ထောင်ကျပြီးသားကိုတောင် တင်းရင်းကျစ်လစ်ပြီး လှပနေလို့ အပျိုတွေ ရူံးစေ တဲ့ သူမို့ ပါ ။ တကယ်တန်းဆိုရင် ကျွန်မတို့ မိန်းမသားတစ်ယောက်ရဲ့ အပျိုရည်ဂုဏ်ကို မင်္ဂလာဦးညမှသာ ပေးကုန် သင့်ပါတယ် ကွယ် ။ ချစ်သူ လေးများကလည်း ကိုယ့်ချစ်သူကို လိုအပ်သည်ထက် အခွင့်အရေး မယူသင့်လှပါဘူး ။ ခနတာ လိုက်လျောမူ့တစ်ခုဟာ မိန်းကလေးရဲ့ တစ်ဘ၀လုံးစာနဲ့ သက်ဆိုင်တယ်ဆိုတာလေး ကို ကိုယ်ချင်းစာတရား ထားပေးစေချင်ပါတယ် ။ မိန်းမသားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာဟာ ချစ်သူတွေ လက်ပေါ်မှာ အများကြီးတည်မှီနေတယ် ဆိုတာလေး ယောက်ျားကောင်းများ သတိထားပေးကြပါ ။ အိုမြန်မာ အပျိုစင်လေးတွေရေ မြန်မာ့ အပျိုစင်ဆိုတာ တို့များခေတ်ကတော့ ဗိုင်းကောင်းကျောက်ဖိ ပိရိလို့ နေခဲ့ပေမဲ့ ခုခေတ်ဆို သမီးပျိုလေးများကတော့ ခေတ်ပဲမှီတာလား အရှက်တွေပဲ ကုန်နေကြတာလား လိုက်လို့ မမှီတော့ ဘူးလေ ။ ဟိုတုန်းတော့ ဗိုင်းကောင်းဆိုတာ ကျောက်ဖိထားလို့ ရပါရဲ့ ခုခေတ် ဗိုင်းကောင်းလေးများ ကတော့ လေလာရင် ဟစိဟစိ ဖြစ်နေကြတယ် ။ ကိုယ့် အပျိုရည် ကိုယ့်တန်ဘိုးကို ကိုယ်တိုင်ချရဲနေကြတာ အလွန် နှမျောစရာ ကောင်းလှပါတယ်ကွယ် ။ တို့များ အသက် လေးဆယ် တင်းတင်းလေးပြည့်လုပေမဲ့ ဘောလီကိုင်းကြိုလေး များ အကျီ်စက ထွက်ပြူကျလာရင် ရှက်လွန်းလို့ မျက်နှာများတောင် နီလို့ တခါတခါ အော် ခေတ်သမီးလေးတွေ အနေမတတ် အထိုင်မတတ် ၀တ်စားလာလိုက်တာများ ကိုယ်တော့ ဖျားတောင် ဖျားချင်သွားတယ်ကွယ် ။ ကိုယ်မိန်းမသားတောင် ဖျားချင်သွားရင် အင်း သူတို့ အဆို ဒီအပျိုလေးကို အော်ကွယ် မတွေးရဲ အောင်ပါဘဲ ။ အပျိုတစ်ယောက်ရဲ့ ဂုဏ်ကို ထိန်းသိမ်းပေးကြစမ်းပါ ။တန်ဘိုးထားပေးကြစမ်းပါ ။ မိမိကိုယ်တိုင်က မထိန်း သိမ်းမှတော့ ကျန်သူကို အပြစ်ဆိုနေလည်း ပန်းတွေကို ပျိုးမဲ့ ပန်းပျိုးလက်က ကိုယ်တိုင်ပန်းကို ချိုးနေရင်တော့ မင်းတို့ ပျိုးချမဲ့ ပန်းတွေဟာလည်း အဆင့်မမှီ အချင်းမရှိ အနံ့မပါ ဗလာသက်သက် အရှက်မဲ့စွာ လူဖြစ်လာရ တခနကို အပြစ်တွေနဲ့ အပိုလူတွေ ဖြစ်ကုန်မယ်ဆိုတာလေး သတိလေးကပ်ပေးကြပါ ကွယ် ။ အပျိုရည်တန်ဘိုး (((( ပျိုချင်ရင် တစ်ဘ၀တဲ့ အိုချင်ရင် တခဏလေး မို့ )))) မင်းတို့ သိသင့်တဲ့ အပျိုရည်တန်ဘိုး ထုတ်ဖော်ပြီးပြီမို့ (((( ကိုယ့်တန်ဘိုး ကိုယ်သိ တန်ဘိုးရှိအောင် )))) ထိန်းသိမ်းနိုင်တဲ့ မြန်မာ ပျိုတွေ အဖြစ် မီးမောင်းထိုးလို့ အရောင်တင် လင်းလက်လာမဲ့ ကြယ်ပွင့်လေးများ ခေတ်မှီတိုးတတ်ဖွံ့ဖြိုးလာလို့ အပျိုရည်ဆိုတာ နောင်မကြာမြင့်မှီကာလ အပျိုရည်စစ်ချက် မှတ်တမ်းတင်ပြီးမှ လက်ထပ်ရမယ်ဆိုရင် ??????? . ================================================================== ******* မေတ္တာဖြင့် တော်ဝင်နှင်းဆီ *******

Skaityti straipsnį   Diskutuoti [1]

********* ပန်းတစ်ပွင်ရဲ့ ဒဏ္ဍာရီကို ထိန်းကျောင်းသူများ ********

Išsiųsta 2013-10-11 iki marmarhtayw

********* ပန်းတစ်ပွင်ရဲ့ ဒဏ္ဍာရီကို ထိန်းကျောင်းသူများ ******** ပန်းလေးတစ်ပွင့် ဖူးပွင့်လာသည်မှစ၍ ဒီပန်းပွင့်လေးကို လှပအသက်ဝင်စွာ ဖူးပွင့်လာစေဖို့ မကြွေလွင့်မပျက်စီး စေရန် ကျလာမဲ့ ဘေးမှန်သမျှကို အရိပ်တကြည့်ကြည့်နဲ့ မထိရက်မကိုင်ရက် အကြင်နာသက်သက်နဲ့ အလှကြည့်နေရက် တဲ့ ဥယျာဉ်မှူးစေတနာကြောင့် ပန်းလေးတွေဟာ အပြစ်အနာအဆာ ကင်းပစွာ လှပလို့ အသက်ဝင်နေပါတယ် ။ ပန်းဆိုသည်မှာလည်း အဆင်းအနံ့ နူးညံ့တဲ့ အတွေ့အထိနဲ့ပြည့်စုံတဲ့ ပန်းလေးတွေ ရှိသလို အဆင်းမရှိ သော်လည်း ရနံ့သင်းပျံ့လွန်းတဲ့ ပန်း ရနံ့မရှိသော်လည်း အဆင်းလှလွန်းတဲ့ ပန်း အဆင်းကော အနံ့ ကော မပါညား လည်း အမြင်အတွေ့မှာ နှစ်သက်လောက်အောင် နူးညံ့သိမ်မွှေ့လွန်းတဲ့ ပန်း လေးတွေ အမျိုးမျိုး အစားစားပေါ့ ။ ဒီလိုပါပဲ ကျွန်မတို့ လူသားပန်းကလေးများနဲ့ တူတဲ့မိန်းမသားများမလည်း အဆင်း အချင်း ပြည့်စုံသူ မပြည့်စုံသူ .................. အို အရွယ်မျိုးစုံ စရိုက်မျိုးစုံ အကျင့်မျိုးစုံနဲ့ အရောင်မျိုးစုံ စိတ်ရောင်စုံတွေနဲ့ လူလောက ဥယျာဉ်ကြီးထဲမှာ ဒဏ္ဍာရီ ဆန်ဆန် ဖူးပွင့်ဝေဆာနေလေရဲ့ကွယ် ။ ဘယ်လိုပင် ပန်းရောင်စုံကြား အဆင်းအနံ့ကြွယ်ကြွယ် အနံ့ပျယ်နေလည်း ပန်းကိုပျိုးတဲ့ ဥယျာဉ်မှူးများ ကား ကိုယ့်ပန်းလေးများကို အလှကြည့်နေချင်တာ သူတို့ရင်ထဲက စေတနာ အမှန်ရယ်ပါ ။ အကြောင်းရင်းတူစွာ ကျွန်မတို့ လူသား ဥယျာဉ်မှူးနဲ့ တူတဲ့ ယောကျာ်းများကလည်း ပန်းလေးနဲ့အလား သဏ္ဍန်တူတဲ့ ကျွန်မတို့ မိန်းမသား ပန်းလေးများကို မေတ္တာ စေတနာ အကြင်နာ အနင့်နာတွေနဲ့ စောင့်ရှောက် ထိန်းသိမ်းဖို့ အထူးလိုအပ်လှပါတယ် ရှင် ။ ပန်းလေးတစ်ပွင့်ဟာ ဖူးပွင့်လာသည်မှ ကြွေလွင့်ပျက်သုံးသည်ထိ အလွန်ပင် အပြစ်ကင်းလှပ သန့်စင်လွန်းလှပါတယ် ။ ဥယျာဉ်မှူးတို့ရဲ့ အပြုအစု အယုအယ ပြုပြင်တတ်ခြင်းတွေ ကောင်းရင်ကောင်းသလောက် ပန်းလေးတစ်ပွင့်ဟာ အဆင်းအနံ့ အရောင်အသွေး လှပလင်းလက် တောက်ပ လန်းဖြာနေစေမှာပါ ။ ဒဏ္ဍာရီ ဆန်ဆန် လှပလွန်းတဲ့ ကျွန်မတို့ မိန်းမသား ပန်းလေးတွေကို ဥယျာဉ်မှူးနဲ့ တူတဲ့ လူသား ယောက်ျားများနဲ့ အများကြီးသက်ဆိုင်လို့ နေပါတယ် .......................။ ပန်းကိုပျိုးတဲ့ ဥယျာဉ်မှူးက ပန်းကို မချိုးရက်သော်လည်း ....................... ပန်းနဲ့တူတဲ့ မိန်းမသားလေး များကို နမ်းမဲ့ ကိုင်မဲ့ ချိုးမဲ့ သူများဟာ ကိုယ် ခူးယူနမ်းရိုက်မဲ့ ပန်းလေးတွေကို အပြစ်အနာ အဆာ ကင်းအောင် စွမ်းဆောင်ပေးဖို့ လိုအပ်ပါတယ်ရှင် ။ ငါခူးလို့ ငါချွေလို့ ရတာပဲ ဆိုပြီး တာဝန်မဲ့ စိတ်နဲ့ ခပ်ညံ့ညံ့အတွေးများနဲ့တော့ ပန်းလေးတစ်ပွင့်ကို သင်တို့ကြောင့် မနွမ်းစေသင့်သလို မိမိတို့ကြောင့် ပန်းလေး နွမ်းကြွေလေလွင့်သွားရင် သင်တို့နဲ့ မျိုးနွယ်တူ ဥယျာဉ် မှူးများဟာလည်း နွမ်းကြွေပြီးသား ပန်းတစ်ပွင့်ကိုသာ ပိုင်ဆိုင်ရမှာပါ ။ အထူးသဖြင့် ဥယျာဉ်မှူးနဲ့ တူတဲ့ ယောက်ျားသားများဟာ ချစ်သူဘ၀ ကိုယ်ပန်းဆင်မြတ်နိုးအပ်မဲ့ ပန်းလေး ကို အချိန်မကျပဲ မနွမ်းကြွေသင့်ပါဘူး ရှင် ။ သူ့သဘာဝ ပန်းလေးများဘ၀ဟာ ရိုးစင်းလှပလွန်းပါတယ် ။ တကယ်တန်း ဆိုရင် ပန်းလေးတွေဟာ ရင်ခုန်သံတောင် မပါခဲ့အောင် အလွန်သန့်ရှင်းဖြူစင်လွန်းပါတယ် ။ မျက်ရည်တစ်စုံ ကျရတာ နှလုံးသားကြောင့် ဆိုရင် ရိုက်တတ်ခဲ့တဲ့ ပင့်သက်တွေမှာပဲ အပြစ်ရှိပါတယ် ။ အိမ်မပျော်တာ အတွေး တွေကြောင့်ဆိုရင် ခံစားမိတဲ့ နှလုံးသားမှာပဲ အပြစ်ရှိပါတယ် ။ ပန်းလေးတွေ ကြွေကျတာ လေပြင်းတွေကြောင့် ဆိုရင် လက်ခံခဲ့တဲ့ မြေပြင်မှာပဲ အပြစ်ရှိပါတယ် ။ လွမ်းတတ်ခဲ့တာ မင်းကြောင့်ပါဆိုရင်လည်း ချစ်မိခဲ့တဲ့ သင့်မှာပဲ အပြစ်ရှိပါတယ် ။ မိန်းကလေးအယောက်များစွာကို သင်တို့ ချစ်ရေးဆိုနေမဲ့ အစား ကိုယ်အမြတ်နိုးဆုံး နဲ့ တန်ဘိုအထားဆုံး မိန်းကလေး တစ်ယောက်ကိုသာ သင့်ရဲ့ ချစ်တတ်ခြင်းတွေကို တသက်တာလုံး ပုံအပ်ပေးလိုက်ပါ နော် ။ တိုးလျလျနဲ့ ရင်ခုန်သံတွေကို တူးဆွပေးခဲ့တာ သင်တို့ပါ ။ နာကျင်ခဲ့တဲ့ နှလုံးသားတစ်စုံကို သင်တို့ပိုင် ဆိုင်ခဲ့သည်ဆိုလည်း ချစ်တတ်အောင် သင်ပေးခဲ့တဲ့ သင်တို့ကြောင့်ပါ ။ ပန်းလေးတွေ ကြွေကျမြေခသွားလို့ သင်တို့ အပြစ်မြင်ရက်ခဲ့ရင်လည်း အဲဒီပန်းလေးတွေကို ထိန်းသိမ်းရမဲ့ သင်တို့ လက်အစုံရဲ့ ညံ့ဖျင်းမူ့ကြောင့်ပါ ။. နှလုံးသားအလို မလွန်ဆန်နိုင်ခဲ့ပါဆိုလည်း ရင်ခုန်မိတဲ့ အချစ် သင်တို့ အပြစ်ပါ ။ ရင်ခုန်သံခြင်းထပ် တူညီ စွာတီးခတ်ပြီးပြီဆိုရင် သင်တို့ရဲ့ ရင်ငွေ့မှာ ဒဏ္ဍာရီဆန်တဲ့ ပန်းလေးတစ်ပွင့် အတွက် နွေးထွေး လုံခြုံမူ့ အပြည့် ပေးလိုက်ပါ ။ ဒဏ္ဍာရီဆန်တဲ့ ပန်းတစ်ပွင့် ပုံပြင်တွေ လှပနေစေဖို့ ထိန်းကျောင်းလိုသူ သင်တို့ရဲ့ နှလုံးသားနဲ့ခံစား စေတနာအားတွေ စာနာတတ်ခြင်း ထောက်ထားတတ်ခြင်း ခံစားတတ်ခြင်းဆိုတဲ့ အကြင်နာ ရေစင်လေးများ ပက်ဖြန်း ပေးကြပါလို့ တောင်းဆိုရင်း .........................။ ******* မေတ္တာဖြင့် တော်ဝင်နှင်းဆီ *******

Skaityti straipsnį   Pridėti komentarą

မိန်းမတစ်ယောက်ရဲ့ ရာဇ၀င်

Išsiųsta 2013-10-05 iki marmarhtayw

********* မိန်းမတစ်ယောက်ရဲ့ ရာဇ၀င် ********* မိန်းကလေးဆိုတာ ကမ္ဘာလောကြီးမှာ တကယ့်ကို ရှိနေသင့်တဲ့ အရာတစ်ခုပါ ။ လှပတဲ့ ကမ္ဘာကြီးကို ဆောင်ညှင်းဖို့ ကျွန်မတို့ မိန်းမသားတွေရှိကို ရှိနေရမယ်လေ ။ ဒါကြောင့် မိန်းမတစ်ယောက်ရဲ့ ရာဇ၀င်ဟာ အလှတရား တွေနဲ့ ပြည့်ဝလို့ နေသင့်တာပေါ့ ။ ကျွန်မတို့ဗုဒ္ဓဘုရားရှင် ကိုယ်တော်မြတ်ကြီးနဲ့ ဇမ္ဗူမှာ ထင်ရှားတဲ့ သူတော်စင်တွေ သူရဲကောင်းတွေ နောက် ထူးချွန်ပြောက်မြောက်သော လူသားအားလုံးကို မွေးဖွားပေးနိုင်တာ မိန်းမတစ်ယောက်ပါ ။ ယောက်ျားမပါပဲနဲ့ကောရသလား လို့ ကိုးကပ်လို့ ရပါသေးတယ် ။ သို့သော်ငြားလည်း ရှေးပဝေသဏီအဆက်ဆက်မှာ ယောက်ျားသားမပါးပဲ ပါရမီတော် အဟုန်နဲ့ မွေးဖွားသန့်စင်ခဲ့သူတွေ ရှိပါတယ် ။ ဘာဖြစ်ဖြစ် ကျွန်မတို့ မိန်းမသားဆိုတာ အလွန်သန့်စင်မွန်မြတ်တဲ့ မြတ်မေမေဆိုတဲ့ ဘွဲ့ထူးတစ်ခုကိုပိုင်ဆိုင်လို့ နေပါတယ် ။ ဒါကြောင့် မိန်းမသားတစ်ယောက်ရဲ့ ရာဇ၀င်ပြန်လှန်ကြည့်မိ ကျွန်မတို့ မြတ်စွာဘုရားရှင် ဘုရားလောင်းကိုမွေး ဖွားပေးခဲ့တဲ့ မေမေဟာ ဘုရားရှင်အလောင်းအလျာပေါင်း ငါးဆူအရှင့်ကို မွေးဖွားပေးခဲ့သူဟာ မိန်းမသားစစ်စစ် မယ်တော်မိ မယ်တော်မာယာပါ ထို ဆုထူးပန်ကြီးဟာ မိန်းမသားစင်စစ်ပါ ။ ရာဇ၀င်တွေမှာ လှပနေခဲ့တဲ့ မိန်းမသားတွေဟာ ဒီနေ့ခေတ်မှ ပျက်စီးကုန်ရမယ်ဆိုရင် ကျွန်မတို့ မိန်းမသား ရာဇ၀င် ဘယ်တွင်ပြရပါ့ ။ ဒါကြောင့် ခေတ်မှီတိုးတတ်ခြင်းကို အကြောင့်ပြ ပြီး ရာဇ၀င်မဲ့အောင်ပြုလုပ်နေသူလေးတွေ ကိုယ့်မြန်မာ့ရာဇ၀င် မိန်းမသားတွေအကြေင်းတစေ့တစောင်းလောက် လေ့လာသုံးသပ်ပေးကြပါလို့ဆိုရင်း............. မိန်းမသားဆိုတာလေ ဘယ်အချိန်အခါပဲဖြစ်ဖြစ် ပြည့်စုံတဲ့အသိပညာ၊ ကောင်းမွန်တဲ့စာရိတ္တ၊ ထက်မြက်တဲ့ အပြုအမူ၊ သိမ်မွေ့တဲ့အပြောအဆို၊ ကြီးမြတ်တဲ့ စိတ်နေသဘောထားနဲ့ မေတ္တာနဲ့ပြည့်ဝတဲ့ နှလုံးသားတစ်စုံရှိတဲ့ မိန်းကလေး တစ်ယောက်ဟာ ရုပ်ရည်မလှသည့်တိုင် ဘ၀ကို အမှန်တကယ် လှပစေနိုင်ပါတယ်။ ဘ၀မှာလှလှပပရှင်သန်နိုင်သူဟာ လှပတဲ့စိတ်ခံစားမှု၊ အဆင့်အတန်းတစ်ခု၊ စိတ်ဝိညာဉ်တစ်ခုကိုပိုင်ဆိုင်နိုင်မှာဖြစ်တယ်။ ကိုယ့်ကိုယ်ကို မစွန့်လွတ်သရွေ့ ဘယ်သူကမှ ကိုယ့်တက်လှမ်းက တားဆီးပိတ်ပင်နိုင်မှာ မဟုတ်ပါဘူး။ တချို့က ရာဇ၀င်တွင်မဲ့မိန်းကလေးတွေဟာ "တောင်တန်း"ပါတဲ့။ ခန့်ညားဝင့်ထည်ပြီး သဘောထားကြီးသတဲ့။ တည်ငြိမ်ခန့်ညားလွန်းပါတယ်တဲ့ ။ တချို့က မိန်းကလေးတွေဟာ "ရေ"ပါတဲ့။ နူး ညံ့ပျော့ပျောင်းပြီး ညင်သာအေးမြ သန့်စင်လွန်းပါတယ်တဲ့ ။ တချို့ကတော့ မိန်းမကောင်းဆိုတာ စာအုပ်ဖြစ်တယ်။ အသိပညာတွေနဲ့ ပြည့်နှက်လို့နေ တယ်။ဘယ်အချိန် မှာဖတ်ဖတ် အရာသာရှိပါသတဲ့ ။ တချို့ကတော့မိန်းမကောင်းဆိုတာ ဆိပ်ကမ်းဖြစ်တယ်။ ဘေးဒုက္ခကြုံသူကို လုံလုံခြုံခြုံ နားခိုခွင့်ပေးနိုင်ပါတယ်။ နောက်တမျိုးကားတော့ မိန်းမကောင်းဆိုတာ ရေနွေးကြမ်းဖြစ်တယ်။ အရသာခံသောက်လေမွှေးလေဖြစ်တယ်။ နောက်တမျိုးကားတော့ မိန်းမကောင်းဆိုတာ ပန်းတစ်ပွင့်ပါတဲ့ ။ ပန်းဆိုတာ အလွန်အဆင်းအနံ့ကြွယ်ဝတယ် ။နမ်းရိုက် သူရင်ကို ထာဝရ မွေးပျံ့မူ့ပေးတယ် ။ နမ်းတဲ့သူကလည်း ပန်းရဲ့ အလှအနံ့ရှိမှ နမ်းတတ်ကြတာကိုးလေ ။ နောက်တမျိုးကားတော့ မိန်းမကောင်းဆိုတာ တက်မဖြစ်တယ်။ အိမ်ထောင်ရေးလမ်းကြောင်းကို ပဲ့ကိုင်ပေးတယ်။ မိန်းမသားတွေအတွက် အိမ်ထောင်ရေးဆိုတာ အဓိကမာန်တိုင်တစ်ခုပါ ။ ဒီမာန်တိုင်ကို ကိုင်တွယ်နိုင်မှ မိန်းမသားရာဇ၀င် လှပေတော့မပေါ့ ။ မိန်းမဆိုတာ အိမ်ထောင်ရဲ့ အက္ခရာဆိုလည်း မမှားပေဘူးပေါ့ ။ နောက်တမျိုး အဆို မိန်းမကောင်းဆိုတာ ရှု့ခင်းဖြစ်တယ်။ ရာသီအလိုက် ရောင်စုံပန်းမန်တွေနဲ့ လှပစေတယ်။ဒီပန်းချီကားလေးကို ထာဝရ လှပဖို့ မိန်းမတွေ ရဲ့ စိတ်တွေတည်ကြည်ဖြောင့်မှန်နေရမယ်လေ ။ တချို့အဆို မိန်းမကောင်းဆိုတိုင်း ရုပ်ရှည်လှပနေမှ မဟုတ်ဘူးတဲ့ ။ ဖြူစင်ရိုးသားတဲ့စိတ် ရှိတယ်။ ကြာင်နာတတ်မယ် နှစ်လိုတတ်မယ် အကောင်းမြင်စိတ်ထားရှိမယ် ကျော်ကြားခြင်းနဲ့ ကြွယ်ဝခြင်းရဲ့ ဖြားယောင်းမြူဆွယ်မှုကြောင့် စိတ်ကို မညစ်နွမ်းစေဘဲ ကိုယ့်လမ်းကိုယ်ဆက်လျှောက်သူ၊ လုပ်သင့်တာ လုပ်ထိုက်တာ ကို ဆက်လုပ်သူဖြစ်တယ်။ အနေနိမ့်ကျ၊ ဆင်းရဲဒုက္ခနဲ့ ရင်ဆိုင်ရသည့်တိုင် ရင်ကိုကော့ ခေါင်းကိုမော့ပြီး အပြုံးမပျက်သူဖြစ်တယ်။ မိန်းမသားတွေအတွက် ရိုးသားကြင်နာခြင်းဆိုတာ လောကမှာ အလှဆုံးပန်းတစ်ပွင့်ဖြစ်ပါတယ်။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ အဲဒီပန်း ဖူးပွင့်ဖို့ မငြင်းဆန်တတ်ကြဘူး။ ဒီပန်းလေးတွေကိုလည်း အလွန်နှစ်သက်တတ် ကြပါတယ် ။ မိန်းမသားတစ်ယောက်ရဲ့ ရာဇ၀င်မှာ မိန်းမကောင်းဆိုတာ မိခင်ကောင်း၊ ဇနီးကောင်းတစ်ဦးဖြစ်တယ်။ မိန်းမကောင်းဆိုတာလည်း အဲဒီအလှဆုံးပန်းတစ်ပွင့်ဖြစ်တယ်။ မိန်းမကောင်းတွေရဲ့ ရာဇ၀င်ဟာ ကိုယ့်ဘ၀ခရီးတစ်လျောက်ကို ပန်းတစ်ပွင့်ရဲ့ကြန်အင် လက္ခဏာတွေနဲ့ ပြည့်စုံစေတယ်။ မိန်းမကောင်းတွေက မျက်ရည်နဲ့အပြုံးကို ကွယ်ဝှက်ထားစရာမလိုဘူး။ အငိုနဲ့ အပြုံးကြား ဗျာများနေ စရာမှမလိုတာလေ ။ ရိုးသားကြင်နာခြင်းဟာ သာမန်မိန်းကလေးတစ်ဦးကို ပိုလှပစေတယ်။ ပိုနှစ် လိုစေတယ်။ ကိုယ့်ကိုယ်တိုင်ကို ချစ်ခင်နှစ်သက်မယ်၊ ဆွေမျိုးသားချင်းတွေ ကို ချစ်မယ်၊ သူငယ်ချင်း မိတ်ဆွေတွေကိုချစ်မယ်၊ သဘာဝ၊ သက်ရှိအားလုံး လောကမှာ ချစ်လို့ရတဲ့အရာတွေကို ချစ်ခင်နှစ်သက်မယ်။ နှလုံးသားထဲချစ်ခြင်းမေတ္တာရှိတဲ့ မိန်းကလေးတစ်ယောက်ဟာဘယ်လောက် ပဲ ရုပ်ဆိုးနေပါစေ သူ့မျက်ဝန်းထဲကနေနွေးထွေး၊ ကြင်နာတဲ့အရိပ်တွေ ကို တွေ့နိုင်တယ်။ လင်းလက်တဲ့အပြုံးကို တွေ့မြင်နိုင်တယ်။သန့်စင်တဲ့ဘ၀ကိုမြင်နိုင်ပါတယ်။ မိန်းမကောင်းဆိုတာ စားပွဲပေါ်မှာ အလှထားတဲ့ ပန်းအိုး မဟုတ်ဘူး။ သူတစ်ပါး တန်ဆာဆင်မှ လှပတာမဟုတ်ဘူး။ ကိုယ်ကိုတိုင်က မိန်းမသားရာဇ၀င်တွေ လှနေအောင် ကြံဆောင်နိုင်ရမယ် ။ တွင်ပြီးသား ရာဇ၀င် တစ်ခုကို ပယ်ဖြတ်ရဲ့တဲ့ မိန်းမသားတော့ မဖြစ်စေနဲ့ပေါ့ ။ မိန်းမကောင်းဆိုတာ ကိုယ့်ကိုယ်လေးစားမှုရှိတယ်၊ ပျော့ညံ့သူမဖြစ်စေသင့်ဘူး ။ ဘယ်လိုဘေးဒုက္ခမျိုးစုံ ကိုကျော်ဖြတ်ရသည့်တိုင်အောင် ကိုယ့်ရာဇ၀င်ကို လှပအောင် ဖန်တီးသင့်ပါတယ် ။ အကြောင်းတရားတစ်ခုကြောင့် အကျိုးတရားဖြစ်ပေါ်လာတတ်မူ့မှာ မိန်းမသားတစ်ယောက် ရာဇ၀င် မကျဆုံးစေသင့်ဘူး ။ ရာဇ၀င်ထဲမှာ အစဉ်အဆက် နုပျိုလင်းလက်နေတဲ့ မြန်မာပျိုလေးတွေ မြန်မာဆိုတာ ကမ္ဘာမှာ မော်ကွန်းထိုးကမ္မည်းတင် ရာဇ၀င်တွင်ခဲ့သူတွေမို့ ခေတ်သမီးပျိုလေးများ ဆက်လက် ထိန်းသိမ်းနိုင်ကြပါစေလို့ ။ ******* မေတ္တာဖြင့် တော်ဝင်နှင်းဆီ *******

Skaityti straipsnį   Pridėti komentarą

© 2013-2024 Free Video Chat Conferendo! Visos teisės saugomos.
Surasta klaidą ar klaidą vertime? Pasirinkite ją su pele ir paspauskite Ctrl Enter ataskaita.