တကယ်လို့ ကိုယ့်ချစ်သူက တခြားကောင်မလေးတစ်ယောက်နဲ့ စကားပြောနေတယ်ဆိုရင်

Išsiųsta 2009-08-02 iki linyongshein
Tags:if you see your boyfriend walking with another girl….!!

မိန်းကလေး စုမိပြီဆိုလျှင် ဟိုရောက် ဒီရောက် စကားများတတ်တာ သဘာဝ။ ဖက်ရှင်အကြောင်း၊ အစားအသောက်တွေအကြောင်းကနေ သမီးရည်းစားတွေ အကြောင်းထိ ပြောတတ်ကြသလို၊ မိန်းမချင်းချင်း ပွင့်ပွင့်လင်းလင်းတွေလည်း ဆွေးနွေးတတ်ကြတာပေါ့။ ဒီလိုပါပဲ.. ဟိုနေ့က သူငယ်ချင်းတွေ စုမိပြီး ထွေရာလေးပါ စကားများဖြစ်ကြတယ်။ စလိုက်တာကတော့ ငါအခု ဘာကျောင်းတက်နေတယ်၊ ဒါပြီးရင် ဘာဆက်လုပ်မယ် ဆိုတာကိုတော့ စပြောကြတာပဲ။ နောက်တော့ ဘယ်သူက ဘယ်လိုစပြီး ပြောလိုက်တယ် မသိဘူး.. အချစ်အကြောင်း ရောက်သွားလေရဲ့။

ယောင်္ကျားတွေက မကောင်းဘူးလို့ ပြောပြီး အဲဒီ ယောင်္ကျားတွေနဲ့ ကင်းကင်းမနေနိုင်ကြတာဟာလည်း မိန်းမတွေပါပဲရှင်။ သြော် အလုပ်ထဲမှာ၊ ကျောင်းမှာ၊ စီးပွားရေး လုပ်တဲ့နေရာမှာလည်း ယောင်္ကျားတွေနဲ့ ရင်ဘောင်တန်းရတယ် မဟုတ်လားရှင့်။ အိမ်မှာတောင် အဖေတွေ မောင်လေးတွေ ရှိတတ်ကြသေးတယ်လေ.. ဟုတ်တယ် မဟုတ်လား။ အဲလို အဲလိုနဲ့ ပြောနေကြ ဆိုနေကြတုန်း မေးခွန်းလေး တစ်ခုထွက်လာလို့ ကျွန်မ အားလုံးသော သူငယ်ချင်း မိန်းကလေးများကို မေးလိုက်မိတယ်။

“ကိုယ့် ချစ်သူကို နောက်ကောင်မလေး တစ်ယောက်နဲ့ လမ်းမှာ တွဲလာနေတာကို တွေ့ရင် ဘာလုပ်မှာလဲ” လို့! ကျွန်မပြောတဲ့ နောက်ကောင်မလေးက သူတို့ရဲ့ နောက်ရည်းစား တစ်ယောက်ကို ပြောတာပါ။

အဖြေတွေကတော့ အမျိုးမျိုးပါပဲ…..

“ငါ သာဆိုရင်တော့ အဲနေရာမှာတင် ပွဲက ပြတ်သွားမှာ”

“တွေ့ကြည့်လိုက်လေ.. ပြုံးပြုံးကြီး ကြည့်ပေးလိုက်မယ်.. နေနှင့်အုံးပေါ့ကွာ ဆိုတဲ့ ပုံစံနဲ့”

“အမလေးလေး ငါးလောင်းပြိုင် လူသတ်မှုထက်ကို ဆိုးသွားမှာ ဘာမှတ်တုန်း”

“ငါသာဆိုရင် သွားနုတ်ဆက်ပြီး မိတ်ဆက်ပေးအုံးလေလို့ ပြောမိမှာပဲ”

“ကိုယ့်ရည်းစားကိုတော့ ဘာမှ မလုပ်ပါဘူးအေ.. အဲဒီမိန်းမကို ပါးသွားချလိုက်မယ်” (ဘုရား၊ ဘုရား)

ကိုယ်စတဲ့ မေးခွန်းက နောက်တော့လည်း ကိုယ့်ဘက်ပြန်လှည့်လာရော….”နေပါအုံး နင်ဆိုရင်ကော ဘာလုပ်မှာတုန်း”

ကျွန်မဆိုရင်ကော ဘာလုပ်မှာလဲ… ?????????

တစ်ကယ်လို့များ ကိုယ်ချစ်ရတဲ့ ယောင်္ကျားတစ်ယောက်က ကွယ်ရာမှာ နောက်ကောင်မလေးတွေနဲ့ ရှုပ်နေတာကို သိခဲ့ရင်၊ မတော်တဆ လမ်းမှာ သူတို့နဲ့ တွဲသွားတာနဲ့ ဆုံခဲ့ရရင် ကျွန်မ ဘာလုပ်မိမှာလဲ။ ကျွန်မသူတို့ကို တစ်ကယ့်စိတ်ခံစားချက်အတိုင်း အဖြေပေးလိုက်ပါတယ်။

“ငါ သာဆိုရင် ပြေးပုန်းမှာ..၊ ငါ ချစ်တဲ့လူ ပျော်ဖို့အတွက် ငါ ဘာတွေပဲ သိထား သိထား၊ မသိသလိုပဲ နေပေးမှာပေါ့။ ထားခဲ့ရင်တောင် ကျေကျေနပ်နပ်ကြီး နေခဲ့လိုက်အုံးမယ်”

ကျွန်မလို မိန်းမမျိုးလည်း လောကကြီးမှာ တော်တော်များများ ရှိကြမှာပါ။ ရှိမယ်လို့ ယုံကြည်တယ်။ မိန်းမတွေကို နားလည်ရခက်တယ်လို့ ယောင်္ကျားတွေက ပြောကြတယ်။ ဒါဆိုရင် သူတို့တွေရဲ့ နားလည်မှု စွမ်းရည်တွေ နည်းနေလို့ပေါ့ရှင်။

Aptarimas

ant 0001-01-01 sako:
linyongshein ant 2009-08-11 sako:

ဟုတ်ကဲ့ လူအမျိုးမျိုး စိတ်အထွေထွေမို့ ကိုယ့်ချစ်သူကို နည်းအမျိုးမျိုးနဲ့ ချစ်ကြမှာပါပဲ။

phoaung008:

ငါသာဆိုရင်တော့ အခုလိုကူပြီးခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့။

စတာပါ ဟိုတုန်းကတော့ ကျွဲးမြီးတိုတာပေါ့။

83minlwin09:

 

   ဟ ယောက်ျားထဲမှာရော အဲလို စိတ်ဓါတ်ရှိသူမရှိဘူးလို့ ထင်လို့လား ဟင်

   ယောက်ျားလေးတွေ အချစ်ကြီးရင်လဲ ဒီလိုပါပဲ ဟာ

       \ သူပျော်မယ်ဆိုနေနိုင်ပါတယ် ကြည်ဖြူစွာကိုယ် ပေးအပ်ထားမယ် ယုံရဲ့ လားကွယ် \

 

83minlwin09 ant 2009-08-09 sako:

 

   ဟ ယောက်ျားထဲမှာရော အဲလို စိတ်ဓါတ်ရှိသူမရှိဘူးလို့ ထင်လို့လား ဟင်

   ယောက်ျားလေးတွေ အချစ်ကြီးရင်လဲ ဒီလိုပါပဲ ဟာ

       \ သူပျော်မယ်ဆိုနေနိုင်ပါတယ် ကြည်ဖြူစွာကိုယ် ပေးအပ်ထားမယ် ယုံရဲ့ လားကွယ် \

 

phoaung008 ant 2009-08-07 sako:

ငါသာဆိုရင်တော့ အခုလိုကူပြီးခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့။

စတာပါ ဟိုတုန်းကတော့ ကျွဲးမြီးတိုတာပေါ့။

Pridėti komentarą

Prašome Login arba registras į:
  • View Full vartotojai profilį;
  • rasti naujų draugų;
  • rašyti pastabas;
  • Siųsti asmeninį pranešimą.
← ဒိုင်ယာရီတစ်အုပ်၏ ခံစားချက်လေး…   Grįžti į dienoraštį   အသိပညာ Vs အတတ်ပညာ →
© 2013-2025 Free Video Chat Conferendo! Visos teisės saugomos.
Surasta klaidą ar klaidą vertime? Pasirinkite ją su pele ir paspauskite Ctrl Enter ataskaita.