ဦးခိုင်ပြည်စိုးနှင့် တွေ့ဆုံမေးမြန်းချက်

Išsiųsta 2010-08-08 iki kyaukphru
Tags:အင်တာဗျူး

 8/4/2010 

၂၀၁၀ ခုနှစ် သြဂတ်စ်လ ၁ ရက်နေ့က ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ အတွင်းရေးမှူး အဖွဲ့ဝင် ဦးခိုင်ပြည်စိုးနှင့် သူတပည့် ဖြစ်သူ နှစ်ဦးအား ရဲ SP နှင့် စရဖမှ အမှတ် ၁ ရဲစခန်းကို ခေါ်ယူပြီး စစ်ဆေးမေးမြန်းမူများ ပြုလုပ်ခဲ့သည်။ ခေါ်ယူ စစ်ဆေးမေမြန်းမူနှင့် ပတ်သက်ပြီး နိရဉ္စရာက မေးမြန်းရာ ဦးခိုင်ပြေစိုးမှ ယခုလို စတင် ပြောကြားသည်။ ဖြေ။ ။ သြဂတ်စ်လ ၁ ရက်နေ့ ညနေ ၄ နာရီလောက်မှာ ကျနော်နဲ့ ကျနော် တပည့်နှစ်ယောက်ကို အမှတ်(၁) ရဲစခန်းက လာခေါ်တယ်။ ခဏလေး မေးစရာရှိတယ်ဆိုပြီး ခေါ်သွားတယ်။ အဲဒီကို ခေါ်သွားတဲ့အခါမှာ ကျနော့်ကို စာရွက်တွေ ထုတ်ပြတယ်။ အဲဒီမှာ ဘာတွေပါလဲဆိုတော့ ဒီ " ၂၀၀၈ ဥပဒေ နှိုင်းယှဉ်ချက်"� ဆိုတာ စာတန်း တခုပါတယ်။ နောက်တခု "ကိုလိုနီကျွန်သပေါက် ၂၂၆နှစ် ကြာပြီး သောအခါ" ဆိုတဲ့ စာတစောင် ပါတယ်။ အဲဒီစာတွေဟာ ကျနော့်ဆီက ရတယ်လို့ သူတို့က ယူဆပြီး ကျနော်ကို မေးပါတယ်။ အဲဒီတော့ ကျနော်ကပြောတယ် ဒီဟာတွေဟာ ကျနော့်ဆီက မဟုတ်ဘူး။ ဒီစာတွေကို ဖတ်ဖူးလာလို့ ကျနော့်ကို မေးတယ်။ ကျနော်ဖတ်ဖူးပါတယ်။ ဘယ်မှာ ဖတ်ဖူးလဲ လို့ ဆက်မေးတော့ အင်တာနက်မှာ ဖတ်ဖူးပါတယ်လို့ ကျနော်က အဲသလိုပြောပြတယ်။ ဒီဟာ တွေက လူတကာဖတ်လို့ရတဲ့ ကိစ္စတွေပဲလို့ ကျနော်ပြောပြတယ်။ အဲဒီကိစ္စတွေနဲ့ ကျနော့်ကို အဓိကမေးတယ်။ မေး။ ။ အဲဒီစာတန်းတွေကို သူတို့ ဘယ်လို ရရှိတာပါလဲ။ ဖြေ။ ။ ဆရာတော် ရမ္မာဝတီ အရှင် ပညာစာရကို ဖမ်းဆီးပြီး ကျောင်းကနေပြီးတော့ ပစ္စည်းတွေ အကုန်လုံးကို သိမ်းဆည်း ယူဆောင်သွားပါတယ်။ အဲဒီအထဲက စာတန်း နှစ်စောင်ကို သူတို့က ကျနော်ဆီက ရတဲ့ စာတန်းဆိုပြီး ကျနော့်ကို စစ်ဆေးမေးမြန်းတာပါ။ ကောင်းကောင်းမွန်မွန် စစ်ဆေးမေးမြန်းပါတယ်။ မေး။ ။ ဆရာတော်ဆီက သိမ်းဆည်းရမိတဲ့ အထဲမှာ ပါတဲ့ နိုင်ငံရေး စာတန်းဆိုတော့ ဆရာတော်က နိုင်ငံရေးနဲ့ ဆက်နွယ် ပတ်သက်မူများ ရှိပါသလား။ ဖြေ။ ။ ဆရာတော်ဟာ သမိုင်းသုတေသီ တဦးဖြစ်တဲ့ အတွက် တရားဝင်တဲ့ စာတန်းရော တရားမ၀င်တဲ့ စာတန်းတွေပါ ဆရာတော်ဆီမှာ ရှိနေတာ ဖြစ်ပါတယ်။ စာရေးဆရာ သမိုင်းသုတေသီ တဦး အနေနဲ့ မှတ်တမ်း မှတ်ရာ အနေနဲ့ သိမ်းဆည်းထားတာသာ ဖြစ်ပါတယ်။ ဆရာတော်ဟာ နိုင်ငံရေးထက် သမိုင်းသုတေသီနဲ့ လူမူရေး လုပ်ငန်းတွေကိုသာ စိတ်ဝင်စားပါတယ်။ မေး။ ။ လက်ရှိ ဆရာတော်သီတင်းသုံးခဲ့တဲ့ မဟာမုနိ ဗုဒ္ဓ၀ိဟာရ ကျောင်းရဲ့ အခြေအနေက ဘယ်လိုရှိပါသလဲ။ ဖြေ။ ။ နောက်ဆုံး ဗုဒ္ဓမဟာဝိဟာရကျောင်းရဲ့ အခြေအနေကို ပြောမယ်ဆိုလို့ရှိရင် အဲဒီကျောင်းထဲမှာ ဘာမှ မရှိတော့ဘူး။ အဆောက်အဦးပဲ ကျန်တော့တယ်လို့ ကျနော်တို့ သိရပါတယ်။ အဲဒီမှာရှိတဲ့ ကလေးတွေကို မနေ့ (သြဂတ်(စ်)လ ၂ ရက်) ညနေ ၄နာရီလောက်မှာ အကုန်လုံးကို ထုတ်သွားတယ်။ အမှတ်(၁) ရဲစခန်းကို ရွေ့ထားတယ်။ မေး။ ။ ဘာမှ မရှိတော့ဘူးဆိုတော့ ဘာတွေကို ယူသွားလို့ပါလဲ။ ဖြေ။ ။ ကျောင်းမှာ စာရွက်စာတန်းတွေ ဘာမှ မရှိတော့ဘူးပေါ့ဗျ။ အဲဒီ သမိုင်းဝင်ပစ္စည်းတွေ အကုန်လုံး ပါသွားတယ်။ မေး။ ။ စစ်တွေမှာ ဆရာတော် ဖမ်းဆီးခံရတဲ့ အပေါ်မှာ ဘယ်လို အမြင်တွေ ရှိကြပါသလဲ။ ဖြေ။ ။ စစ်တွေမြို့ထဲမှာ အခြေအနေက ဘယ်လိုရှိနေလဲဆိုတော့ ဆရာတော်မှာ တကယ်တန်း မာတုကာမနဲ့ တစုံတရာ ငြိစွန်းမှု ရှိတယ် ဆိုလို့ရှိရင် အဲဒါနဲ့ပဲအရေးယူသင့်တယ်။ ကျန်တဲ့ သမိုင်းဝင် ပစ္စည်းတွေ၊ အချက်အလက်တွေ ပီးတော့ ကလေးတွေကိုတော့ခါ ဘာမှမလုပ်သင့်ဘူးလို့ အဲသလို အမြင်တွေ မြင်နေကြပါတယ်။ မေး။ ။ ဆရာတော်ဟာ မာတုကာမ (အမျိုးသမီး)နဲ့ တကယ်ဖေါက်ပြန်မူ ရှိခဲ့ပါသလား။ ဖြေ။ ။ ကျနော်တို့ ပထမကြားတဲ့သတင်းအရ ဆရာတော် ဦးပညာစာရကို မာတုကာမ ကိစ္စနဲ့ ဖမ်းတယ်လို့ အဲသလို သတင်းရတယ်။ ဒါပေမယ့် လက်ဆုတ်လက်ကိုင် ဘယ်သူမှ ပြနိုင်တာ မဟုတ်ပါဘူး။ မြင်တာလည်း မရှိဘူး။ အဲဒီတော့ မာတုကာမကိစ္စနဲ့ ဖမ်းတယ်ဆိုတော့ ကျနော်တို့ က ဒီဝိနည်းတော်အရ အရေးယူလိုက်လို့ရှိရင်၊ သိက္ခာချလိုက်လို့ရှိရင် ဆရာတော်မှာ ပီးသွားပြီး ကျန်တဲ့ ကိစ္စတွေက အရေးမကြီးဘူး အဲသလို ထင်ခဲ့ပါတယ်။ လူဝတ်လဲလိုက်တာနဲ့ ပြီးသွားမယ်လို့ ကျနော်တို့ ထင်ခဲ့တယ်။ ခုတော့ အဲသလို မဟုတ်ပဲနဲ့ ဆရာတော်ကို ဇူလိုင်လ ၂၇ရက် နေ့မှာ ဖမ်းသွားတယ်။ ဓမ္မသုခကျောင်းကို ရောက်တဲ့အခါ လူဝတ်လဲတယ်။ အဲဒီကနေ ဘုန်းကြီးကျောင်းကို ပြန်မပို့ပဲနဲ့ ရဲစခန်းကို ခေါ်သွားတယ်။ ရဲစခန်းကို ခေါ်သွားတဲ့အခါမှာ ဒီနေ့ထက်ထိ ရဲစခန်းမှာ စစ်ဆေးရေး လုပ်တုန်းပဲလို့ ကျနော်တို့ သိရပါတယ်။ မေး။ ။ ဆရာတော်ကို ဘယ်အမူနဲ့ တရားစွဲဆိုမယ်လို့ ကြားမိပါသလဲ။ ဖြေ။ ။ ကျနော်တို့ --- တရားစွဲဆိုတဲ့ အခါ ဘယ်အမှုတွေ ဘာတွေနဲ့ စွဲဆိုမလဲဆိုတာတော့ မသိရသေးဘူး။ အခုက စစ်ကြောရေး ကာလပဲရှိပါသေးတယ်။ သူကို ဘယ်သူ့နဲ့မှာ မတွေ့ရဘူး။ ဆွမ်းပို့တဲ့ ကောင်လေးတယောက်နဲ့ပဲ တွေ့ရပါ တယ်။ မေး။ ။ ဘာတွေ ဆက်ပြောချင်ပါသေးသလဲ။ ဖြေ။ ။ ရခိုင်လူထုတွေရဲ့ အမြင်ကတော့ ဒီဆရာတော်ကို ခုနက ပြောသလို တကယ်တန်းသူ့မှာ ဝိနည်းတော်အရ မာတုကာမနဲ့ တစုံတရာ ကျူးလွန်မှု ရှိခဲ့တယ် ဆိုလို့ ရှိရင် ဝိနည်းတော်အရပဲ အရေးယူစေချင်တယ်။ ကျန်တဲ့ ဒီသမိုင်းဝင်ပစ္စည်းတွေ၊ ကလေးတွေကို ရှုံးဆုံးမှုတွေကို တယောက်မှ မလိုလားကြဘူး။ ခုကျနော်တို့ပြည်သူတွေ ဘယ်လို မြင်လဲဆိုတော့ ရခိုင်လူမျိုးတွေရဲ့ သမိုင်းဝင် ပစ္စည်းများ ဆုံးရှုံးရတယ်လို့ အဲသလိုယူဆနေကြတယ်။ ဒီဆရာတော်ဆီက ဖမ်းဆီးရသွားတဲ့ သမိုင်းဆိုင်ရာ အချက်အလက်တွေကတော့ တော်တော့ကို တန်းဖိုးရှိတဲ့ ဟာတွေလို့ အကုန်လုံးက ပြောနေကြတယ်။ ဒါကြောင့်လို့ ဒီဟာတွေကို ဘယ်သူ့ဆီကိုရောက်နေလဲ ဘယ်သူတွေက သိမ်းထားလဲ ၊ ဒီဟာတွေကို ဘာလုပ်မလဲဆိုတာကို ပြည်သူတွေအားလုံးက မေးခွန်းတွေ ထုတ်နေကြတယ်။ အဖြေရှာနေကြတယ်။ (ပြီး) (ဦးခိုင်ပြည်စိုးမှာ ရခိုင်ပြည်ကွန်မြူနစ် ပါတီ အဖွဲ့ဟောင်း တဦးဖြစ်ပြီး ထောင် ၂၂ နှစ်ချမှတ်ခံခဲ့ရပြီး များမကြာမှီ နှစ်များက ပြန်လည် လွှတ်မြှောက်လာသူ တဦးဖြစ်ပါသည်။ မဟာမုနိ ဗုဒ္ဓ၀ိဟာရ ကျောင်းတွင် စေတနာဝန်ထမ်း ဆရာ တဦး အဖြစ် ဆောင်ရွက်ခဲ့သူ တဦးလည်း ဖြစ်သည်။) : ----------------------------------- ----------------------------------- ----------------------------------- : (နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)

နိရဉ္စရာ သတင်းဌာနမှ

Aptarimas

ant 0001-01-01 sako:

Pridėti komentarą

Prašome Login arba registras į:
  • View Full vartotojai profilį;
  • rasti naujų draugų;
  • rašyti pastabas;
  • Siųsti asmeninį pranešimą.
← ရခိုင်သမိုင်းသုတေသီ ဘုန်းကြီးေ…   Grįžti į dienoraštį   Member of RNDP Secretary Board… →
© 2013-2025 Free Video Chat Conferendo! Visos teisės saugomos.
Surasta klaidą ar klaidą vertime? Pasirinkite ją su pele ir paspauskite Ctrl Enter ataskaita.