ခုပဲကြည့် ရွှေတိဂုံဘုရား ကိုတောင် ဘာသာခြားလက်ထဲ ပေါင်ထား တာတဲ့

Išsiųsta 2008-11-01 iki co2zenith
Nuotaika: မျှော်နေတာပေါ့ . Muzika: too serious too soon.

မြန်မာစာရိုက်ရင် Typing Skill မကောင်းတဲ့ အတွက် Post အသစ်တွေ တင်တာနှေးနေရင်နားလည် ပေးစေချင်တယ်။
ကျွန်တော် Cicycle Accident ဖြစ်ပြီးမှ Myanmar Font ကို စပြီးရေးဖြစ်တာကြောင့်ပါ။
အားနေတဲ့အတွက် ခံစားချက်လေးတွေ ရေးချဖို့ ဒီအိမ်လေးကို ဆောက်ဖြစ်တယ်။
ရေးချင်တာတွေအားလုံးကို လက်ကမလိုက် နိုင်သေးဘူးလေ နားလည်ပေးကြပါနော်။

ရေးဖြစ်တဲ့ Post တော်တော်များများက
နွား အ ဖွဲ့ စစ်အဆိုးရ ရဲ့ ယုတ်မာမှု့ တွေပဲများတရ်လေ။
(အဆိုးရ နော် အစိုးရ မဟုတ်ဘူး)
GOOD FOR NOTHING FOR ALL OF US
သူတို့ ကြောင့် အဆိုးတွေပဲ ရလို့  ကျွန်တော်က အဆိုးရလို့ ခေါ်တာ။

ခုပဲကြည့် ရွှေတိဂုံဘုရား ကိုတောင် ဘာသာခြားလက်ထဲ ပေါင်ထား တာတဲ့
သူတို့ လုပ်ရပ်တွေက ယုတ်မာ ရိုင်းစိုင်းတယ်ဆိုတဲ့ စကားနဲ့တင် လုံးဝကို မလုံလောက်တော့ဘူး၊
တုံ့ပြန်မှူတွေ တစ်ခုခု အတွက်တော့ လိုအပ်နေပြီ ထင်တယ်၊
စကားလုံး လှလှလေးတွေ စီပြီးလည်း ကျွန်တော် စာမရေးတတ်ဘူး။
အပြောလည်း မကောင်းပါဘူး၊
စိတ်ကိုတော့ အမြဲ ဖြူအောင် ကြိုးစားနေပါတယ်၊
တစ်ခုခု လိုချင်ရင် တစ်ခုခု တော့ ပြန်ပေးရမှာပေါ့…။
ပြည်သူတွေရဲ့လုပ်အား၊
နိုင်ငံ သယံဇာတတွေ
အားလုံးဟာ ဒင်းတို့ လူယုတ်မာတစ်စု ကောင်းစားရေး အတွက်လား ?
မဟုတ်သေးဘူးနော်၊
အဲဒါ မဖြစ်သင့်ဘူးလို့ ကျွန်တော် မြင်တယ်။
ပေးဆပ်ထားပြီးသား မဟုတ်လား ၊
သံဃာတွေရဲ့သွေးတွေ၊
ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ
ဒါတွေ အားလုံး ဒီလိုပဲ အဓိပ္ပါယ်မဲ့ ရလဒ်မဲ့ တဲ့ လုပ်ရပ်ကြီး ခေါင်းစဉ်အောက်မှာ သမိုင်းတစ်ခုပဲ ဖြစ်နေတော့မှာလား …။
ခံစားချက်မရှိရင် စာလုံးတစ်လုံးတောင် စာရွက်ထဲကို ကျွန်တော် ချမရေးတတ်ဘူး။
ရွှေတိဂုံ စေတီက အလှူခံပုံးတွေ ကိစ္စကို တွေးမိတိုင်း ကျွန်နော တော်တော်လေး ပေါက်ကွဲမိတယ်။

အမိမြန်မာပြည်နဲ့ဝေးနေတဲ့ အချိန်မှာသူငယ်ချင်းတစ်ယောက်ဆီ
ကနေ စိတ်မချမ်းသားစရာ စာတစ်စောင် ကျနော့်ဆီရောက်လာတယ်။
ဖတ်ရင်းနဲ့ ဒေါသထွက်လိုက်တာဗျာ။
အဲဒီကိစ္စ ဟုတ်မဟုတ် ပြည်တွင်းမျိုချစ် များစုံစမ်းသင့်ပါတယ်။
တော်တော်ခံပြင်းစရာကောင်းတဲ့ ကိစ္စပါ။
သူငယ်ချင်း ထပ်လက်ဆင့် ကမ်းပေးလို့  ဒီစာကိုဖတ် ပြီတဲ့နောက် အဲ့ဒိ နွား အ ဖွဲ့ စစ်အစိုးရကို ကျွန်တော် အရင်ကလိုမလိုလားတာလောက် မဟုတ်တော့ဘူး။
ကျွန်နော် ရွံကိုသွားတာ။
ဘာလုပ် သင့်တယ်၊
ဘယ်လိုတုံ့ ပြန်သင့်တယ်ဆိုတာ၊
ကျွန်တော်ကောင်းကောင်းကြီးသဘောပေါက်သွားပြီ၊
ကိုယ့် ကို ကိုယ်တောင် ဒေါသဖြစ်မိတယ် ဒီလောက်လူမဆန် ယုတ်မာတဲ့ ဒီစစ်အဆိုးရ နွားတွေကို ဘာမှပြန်ပြီးမတုံ့ ပြန်နိုင်သေးတာကို။
ဒီလောက်ကို လူမဆန် တဲ့ သူတောင်းစား စစ်အဆိုးရ။
နောက်ဆုံး ဘုရားတောင် ရောင်းစားတယ်။
သူတို့ လုပ်တဲ့ သူတွေ မရှက်ပေမဲ့
ကျွန်တော်ဖြင့် ရှက်လိုက်တာ စာထဲမှာဖတ်ရ ပြီးသိလိုက်ရတာတောင်
အဲ့ဒီလို သတ္တာဝါတွေက နိုင်ငံခေါင်းဆောင်နေရာမှာ ကျွန်တော်တို့ နိုင်ငံကို အုပ်ချုပ်နေတာတဲ့။
ဘယ်လောက်ရှက်စရာကောင်းလည်း သူငယ်ချင်းတို့ 
ကျွန်တော် မလေးရှားမှာ နေခိုက် ကိုယ်တွေ့ လေးတစ်ခုကြုံလို့ ပြောပြပါရစေဗျာ။
နိုင်ငံရပ်ခြားက သူများတွေရဲ့ ပါတ်ဝန်ကျင်ဖြစ်နေပါစေ အလုပ်ခွင်ထဲမှာပဲဖြစ်ဖြစ် ကျန်တဲ့ လူမှု့ ရေးကိစ္စတွေမှာပဲဖြစ်ဖြစ်
ကျွန်တော်လေ အတတ်နိုင်ဆုံး မြန်မာလူမျိုးတွေ ဂုဏ်သိက္ခာမထိခိုက်ရလေအောင် အတတ်နိုင်ဆုံးကြိုးစား ရပ်တည်ခဲ့ပါတယ်။
နိုင်ငံခြားမှာ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေက အချင်းချင်းတစ်ဦးနဲ့ တစ်ဦး ကို မသိကျွမ်းသေးကြပေမဲ့
ဝတ်စားတဲ့ ပုံကိုကြည့်ပြီး တစ်ယောက်ကိုတစ်ယောက် လမ်းမှာတွေ့ ကြရင် ကိုယ့်ထက်ကြီးမယ်ထင်ရင် " အစ်ကိုက ရွှေလား ဒါမှမဟုတ် ငယ်ပုံပေါက်ရင် " ညီက ရွှေလား " စသဖြင့် မိတ်ဆက် စကားဆို ကြရုံဖြင့်
ရင်းနှီး သွားတတ်ကြပြီး ဒုက္ခ ရောက်နေတဲ့သူတွေကို အကူအညီပေးဖို့ ဆိုတဲ့ အသိတရားက ပြောနေစရာတောင် မလိုကြပါဘူးဗျာ။
ဘယ်နေရာမှာ ပဲဖြစ်ဖြစ် နောက်ဆုံးဗျာ အလုပ်ခွင်ထဲမှာ အခန့် မသင့်လို့ နိုင်ငံခြား သားတွေနဲ့ ဆက်ဆံကြရပြီး
သူတို့ ရဲ့ ယဉ်ကျေးသိမ်မွေ့ မှု့ ခေါင်းပါးတတ် ကြတဲ့ ဓလေ့စရိုက်တွေကြောင့် ခိုက်ရန်ဖြစ်ပွားကြရင်တောင် ဘယ်တော့မှ အရေအတွက်ကို မြန်မာလူမျိုးတိုင်း အလေးမထားတတ်ကြပဲ ကိုယ့်ဖက်ကမှန်နေရင်တော့ သတ္တိရှိရှိ ရင်ဆိုင်တတ်ကြပါတယ်။
ခုရော ဘယ်လို လုပ်မှာလည်း ဒီကိစ္စ နဲ့ ပက်သက်ပြီး တစ်ခုခုတော့ ထိထိရောက်ရောက် တုံ့ ပြန်သင့်တရ်နော်…

စာအပြည့်အစုံက အောက်မှာ ဖတ်ကြည့်ကြပါ။

ကျမလဲ ညထဲက နှင်းဆီပန်းတွေ အမြဲဝယ်ထားတယ်.....။
မနက်ဆို နှင်းဆီပန်းစီးကိုကိုင်ပြီး ဒီဇင်ဘာတစ်လလုံး ဘုရားတက်ခဲ့တာ ကျမပေါ့။

အဲဒါမနက်ပိုင်း..... ညနေဆို ခုနှစ်နာရီထဲက သူငယ်ချင်းတွေ ကျမတို့ ညီအမလေးယောက် ဒေါ်ကြီး ထမင်းတွေဟင်းတွေ လ္ဘက်သုတ်ရေနွေး ကော်ဖီ အစုံထည့်ပြီး ဘုရားပေါ်တတ် ချမ်းသာကြီးတန်ဆောင်းမှာ ပု တီးစိတ် စကားတွေပြောပြီး ....။
ခေါင်းလောင်းထိုး..လူနှင်တော့မှ မဆင်းချင်ဆင်ခြင်နဲ့ ကျမတို့  ဆင်းလာခဲ့ကြတယ်။
ကျမတို့ ညီအမ ဘုရားမနက်တက် ညနေတက်လို့ ဘုရားတရား သိပ်လုပ်တယ်လို့  တော့ မထင်စေချင်ဘူး ။
အကြောင်းအရာတစ်ခု စလိုက်ရင်တစ်ယောက်တစ်ပေါက်မပြီးနိုင်မစီးနိုင်ပြောတာတွေ ရင်ထဲမှာစုထားတဲ့  အကြောင်းအရာတွေ အကုန်ပြော၊
ကြုံရင်ကြုံသလို နောက်တုန်း..။
ကျမကတော့ အကုန်စပ်စုတွေ့ သ မျှ အကုန် အဲလိုစပ်စုရင်းနဲ့ ရွှေတိဂုံဘုရားက အလှူခံပုံးတွေ အကြောင်း ကျမသိလာခဲ့ ရတယ်၊
ချမ်းသာကြီး တန်ဆောင်းမှာပုတီးစိပ်နေရင်း ကိုးနာရီခွဲလောက်ဆို ခပ်ပိန်ပိန်ပုပု ကောင်လေးတစ်ယောက် က သော့ခတ်ထားတဲ့ အလှူခံပုံးတွေကို လာလာထမ်းယူသွားတယ် ...။
ပြီးရင်တစ်ပုံးပြီးတစ်ပုံး မမောနိုင်မပမ်းနိုင် သူ ထမ်းနေတာ ဘုရားမှာရှိသမျှပုံး အကုန်တစ်နေရာမှာသူသွားသွားစုတာ တစ်နေ့ လဲမဟုတ် နှစ်နေ့ လဲ မဟုတ် စဉ်းစားကြည့်ပါဦးရှင့်.....။
ကျမတို့ ငယ်ငယ်ကတောင် မိုးအလင်း ၀င်ချင်တဲ့လူ ၀င်ထွက်သွားလာနေတဲ့ ရွှေတိဂုံဘုရားပေါ်မှာ အဲလိုသိမ်းတာ တစ်ခါမှမတွေ့ ဘူးခဲ့ ဘူး...။
အခုဆယ်နာရီဆိုရင် ဘုရားဖူးတွေအကုန်ဆင်း ဂေါပကနဲ့ ဝန်ထမ်းပဲ ကျန်တာ....။
သော့ခတ်ထားတဲ့ အလှူခံပုံးကိုဘုရားပတ်ပြီး ထမ်းခိုင်းတာ ဒဏ်ပေးထားတာနဲ့ မတူပေဘူးလား....။
ပုတုတုနဲ့ အဲဒီပုံးလာထမ်းတဲ့ ကောင်လေးကို........... မမလေ......... သိတယ်နော်
ဟဲ့ နင်ကို ဘယ်သူဒဏ်ပေးထားတာတုန်းလို့ ကျမမေးတော့..... ဗျာ.... အမတဲ့  အဲဒီ ပုံးတွေထမ်းပြီး ဘယ်ယူသွားတာတုန်းဆို တော့သိမ်းတာလေတဲ့ ။
ဟဲ့ နင်အားနေလား နင့်ဘယ်သူသိမ်းခိုင်းတာလဲ အဲဒါဘုရားပိုင်ပစ္စည်း နင်မသိမ်းလဲ ခိုးမဲ့  သူမရှိဘူးဆိုတော့...။
မဟုတ်ဘူးအမ ကျနော်တို့ က ၀န်ထမ်း.... ဒါကျနော်တို့ သူဌေးပိုင်တာတဲ့ .....။
ကျမခေါင်းနဘမ်းကြီးသွား သလိုအမတွေလဲအနားတိုးလာတယ်ရှင်းရှင်းပြောစမ်းနားမလည်ဘူးဂေါပကသွား တိုင်မှာနော်ဘုရားပိုင်ငွေတွေပြည်သူတွေရဲ့ အလှူငွေတွေကိုဘယ်ကသူဌေးကပိုင်တယ်လို့ နင်ပြောတာတုန်းဆို တော့ ကျနော်တို့ သူဌေးက ရွှေတိဂုံဘုရားက အလှူငွေကို တစ်နှစ်ကို သိန်းငါးထောင်နဲ့ ကန်ထရိုက်ယူထားသတဲ့  ရှင်....။ ကျမတစ်ကိုယ်လုံး မိုက်ကနဲဖြစ်သွားသလို......။
အမတို့ အားလုံးလဲ ပါးစပ်အဟောင်းသားနဲ့ ....။
နင့်သူဌေးကဗုဒ္ဓဘာသာလား ဆိုတော့ မဟုတ်ဘူး။
ဘာသာခြားတဲ့  မလတ်က ဘယ်ဗုဒ္ဓဘာသာမှ ဒီအလုပ်မလုပ်ဘူး ...မမ... နင်မေးရက်တယ်တဲ့ ။
မလတ်ရယ် ဗုဒ္ဓဘာသာတွေလုပ်လို့ ဒီအလှူငွေတွေ ဘာသာခြား လက်ထဲရောက်ကုန်တာမဟုတ်လား...။
ဆိုတော့မှ မလတ်က မဟုတ်ဘူးတဲ့ ဗုဒ္ဓဘာသာမဟုတ်တဲ့ စီးပွါးရေး ချွတ်ခြုံကျနေတဲ့ လူတစ်စုကြောင့် ရပြီးသားဘုရားငွေတွေ ရော မရေရသေးတဲ့ အလှူငွေတွေရော ရှင်းရှင်းပြောရရင် ရွေတိဂုံဘုရားကြီးကို သိန်းငါးထောင်နဲ့ ဘာသာခြားလက်ထဲ မှာပေါင်ထားတာပေါ့တဲ့ ...။
ငါတို့ ကဘုရားကိုရည်စူးပြီးလှူတယ် ။ လက်စသတ်တော့ ကုလားကရနေတာကိုးတဲ့ ။ အဲဒီနေ့ ကစလို့ ဘုရားကိုရေလှူ ၊ ပန်းကပ်ရွှေသင်္ကန်းကပ်ရုံကလွဲလို့ သော့ခတ်ထားတဲ့ အလှူခံပုံးတွေထဲကျမတို့  အလှူငွေမထည့်တော့ဘူးရှင်။
ကဲ..... ရှင်တို့ ရောလှူကြဦးမလား...ရှင့် ။


မှတ်ချက်။ ။ အဲဒီကိစ္စလုံးဝမဟုတ်ပါဘူးဆိုလျှင် ကျမကို ကျိုးကြောင်း ခိုင်လုံစွာ ရှင်းပြပေးပါရှင် ။ကျမ မဟုတ်ဘူးဆိုတာ ကိုလက်ခံချင်လို့ ပါ....။
ရင်းနှီးတဲ့ ဂေါပကလူကြီးတစ်ယောက်ကိုလဲ ကျမမေးကြည့်တော့  မှန်ပါတယ်တဲ့ ရှင်။

Aptarimas

ant 0001-01-01 sako:

Pridėti komentarą

Prašome Login arba registras į:
  • View Full vartotojai profilį;
  • rasti naujų draugų;
  • rašyti pastabas;
  • Siųsti asmeninį pranešimą.
Grįžti į dienoraštį   ကျွန်တော်အခု ဘာလုပ်နေလည်းဆိုတေ… →
© 2013-2025 Free Video Chat Conferendo! Visos teisės saugomos.
Surasta klaidą ar klaidą vertime? Pasirinkite ją su pele ir paspauskite Ctrl Enter ataskaita.