ဘေတိုးပေ ပတ်ပေဂျိဂျိ။

Išsiųsta 2010-04-11 iki akyawmyint
Nuotaika: .
Tags:ဘေတိုးပေ ပတ်ပေဂျိဂျိ။

“ဘေ”ထုပ်ရောင်းတဲ့ ငါ့သူငယ်ချင်းကပြောတယ်။

“ဟောင်းပေမဲ့လည်း သစ်လွင်နေသေးတယ်”

သူပြောတာက တခြား ငါတွေးတာကတခြား။.....ငါတို့ကော တကယ်သစ်လာဦးမှာလား။

မဲပြာပုဆိုးပါပဲ..။ဒီအကွက် ဒီအဆင်တွေဝတ်ထားတဲ့  ....ဒီလူတွေကပဲ ဒီစင်ပေါ်နေရာယူကြဦးမှာလား။နားထဲမှာကြားနေတာကလည်း...နိမိတ်ကောင်းယူမယ်နှစ်ဦးသင်္ကြန်တော်ဝယ် ဆိုတာတွေချည်းပဲ...ကောင်းတာပဲလေ..ဟောင်းဟောင်းပေါ့။ကောင်းပါတယ်..ကောင်းပါတယ်....။

“တိုး”ခံလိုက်ရတာနဲ့ အတွေးလေးတွေတောင်ပျက်ကုန်တယ်....။တောက်...ဒီမှာ တွေးနေပါတယ်ဆို...။

လူတောတိုးတဲ့လူတွေတဲ့...။အမေပြောတာမှန်ပြီ။...ပညာမတတ်တဲ့လူတွေဆိုတာ...လူတောမတိုးဘူးတဲ့...။ချောင်မှာနေရတယ်တဲ့..။ခုငါငယ်ငယ်တုန်းကတက်ခဲ့တဲ့ကျောင်းက ပညာတတ်ဆရာကြီး သူ့မြေးကလေးတွေဆွဲပြီးလူတောထဲတိုးနေပါလား...။စာမေးပွဲခဏခဏကျတဲ့ ဟိုသေဌေးသားဟိုကောင်တွေ ညီအကိုက စင်ပေါ်မှာ ချောင်မှာ ကောင်မလေးတွေနဲ့။ဆရာကြီးကတော့ စက်ဘီးစုတ်ကြီးနဲ့ လူတောတိုးနေတုန်းပဲ။ 

အင်း...................နောက်................“တိုး”လာတာက အရည်အတွက်ပေါ့။

ဒါပေမဲ့ ငါတွေးနေတာက တိုးတိုင်းလည်း မကောင်းဘူးလေ....ဆိုတာကို။

ဥပမာ..ငါတို့ရင်ဆိုင်ခဲ့ရဘူးတဲ့ ကြွေးရှင်“အတိုး”လို ဟာမျိုး။ဧရာဝတီရဲ့ သွေးတိုးစမ်းတာကို ခံရဘူးတဲ့ ဈေးချိုနာရီစဉ်ကြီးကလည်း မလှုတ်မယှက် ။တိတ်တိတ်နေပြီး ဝန်ခံတယ်...သူမလှုတ်တာမှ တစက္ကန့်လေးတောင်မလှုတ်ဘူး။ ဇျာပုံသားတစ်ယောက်ကလည်း ထောက်ခံတယ်။ရေတိုးတာကအဆန်းမှမဟုတ်တာ..ဒါပေမဲ့  ရွာပျောက်သွားတာက ဆန်းတာတဲ့။ နောက် သိလာတာတွေက ...အသားဖြူပြီးချမ်းသာတဲ့သူတွေ(ရွှေဝါရောင်လေးတွေပေါ့) ဗမာစကားကို ဗမာသံမပေါက်အောင်ပြောတတ်တဲ့လူတွေ ......မန္တလေးမှာ တော်တော်ကြီး “တိုး”လာတာလေ..။ဗျောက်သံတော့ တစ်ချက်မှမကြားရပါဘူး ...နဂါးအကတွေလည်းတော်တော်ပေါလာတယ်...တစ်မြို့လုံးပါပဲ။

ပြီးတော့ ထူးဆန်းတာက လူတွေအရင်ကထက် ပိုညောင်း တတ်လာကြတယ်..။အနှိပ်ခန်းတွေ၊ အကြောလျော့လို့ရတဲ့ အခန်းလေးတွေ ပိုပို “တိုး”လာကြပါကလား...။ဘုရားကြီးဘက်ရောက်တော့ ဈေးသည်တွေပြောတာကြားရတယ်...“တိုး”မလာဘူးတဲ့..။ဘာပြောတာလည်းဆိုတော့ တိုးမလာတာကိုတိုးမလာဘူးလို့ပြောတာတဲ့..။ဘာရော့သွားတာလည်းတော့မသိဘူး..။

.......................xxx..............................xxx....................xxx..........................

“ပေ”ဖူးလွှာခေတ်မရှိတော့ဘူး..။ဒါ အိုင်တီ ခေတ်တဲ့...။

ခြံစပ်အိုင်ထဲမှာ တီ တူးနေတဲ့ ပေစုတ်စုတ်ကောင်လေးပါးစပ်က။ပေပေရေရေနိုင်တဲ့ကောင်လေးက သူ့တို့အလုပ်ရှင်သားပြောဖူးတာကို ပြန်ပြောကြည့်နေတာထင်တယ်..။ပေဖူးလွှာဆိုတာ ဘာလည်းမသိသလို ..အိုင်တီဆိုတာ ဘာလည်းတွေးနေတုန်းပဲလို့ထင်ရတယ်..သူလည်းတွေးနေတာပါလား..။“ပေတိုး” ဟေ့ “ပေတိုး” ဆိုလို့ ဘာလည်းကြည့်မှိတယ်....ဒီကလေးကို ခေါ်တာကိုး..။သြော်.....ပေတိုး.....တဲ့လား။

“ဟေ့ကောင် ဆိုင်ကယ်သေချာရေဆေးထား..ခုမှ ဆိုင်က ပြင်လာတာ ..ပြောင်းထဲ ရေမဝင်စေနဲ့...။ အိပ်ဇောဖွင့်ထားတာကွ” ဆိုတဲ့အသံတခါတည်းကြားရတယ်...။

 “အကိုလေး... နံပါတ်ပြားကြီးကကော....မရှိတော့ပါလား...ကျကျန်ခဲ့တာလား”

“ပေတိုး....မင်းမသိရင်ပါးစပ်ပိတ်... တော်တော်ပေရှည်တဲ့ကောင်ပဲ.....ပေမရှည်နဲ့”

“ဟုတ်”။

ပေဖြစ်မှတော့ခံပေဦးပေါ့ ပေတိုးရာ.....။

..........................xxx.....................xxx............................xxx..................

“ပတ် ပတ်ပတ်ပတ်ပတ်.......”...“ပတ် ပတ်ပတ်ပတ်ပတ်.......”...“ပတ် ပတ်ပတ်ပတ်ပတ်.......”...

ဘာတုန်းဟ ပတ်နေတာ...စဉ်ပေါ်မှာဘာတွေပတ်နေတာတုန်းမသိဘူး....

အစတုန်းကတည်းက ဘောင်းဘီအကျီင်္လုံအောင် မဝတ်ဘဲ ခုမှ ပေါင်ပေါ်စကတ်အကွဲကို တဘက်နဲ့ပတ်လိုက် ပြန်ဖွင့်လိုက်နဲ့ သူအော်နေတာရော တွန့်လိပ်နေတာရော...ဘာကို နားလည်ရမလည်းမသိဘူး....

ပက် လို့ ဆိုတာနေမှာပေါ့လေ.....အသံထွက်ကို စာလုံးပေါင်းထွက်လို့မှ မရတာ..သီချင်းဆိုနေတာဆိုတော့...အင်းလေ....ပတ် ပတ် ...ပက်ပက် ....အဓိကက အဓိကပါ...။

သင်္ကြန်တွင်းပဲလေ.....ပတ် လို့ပဲထွက်ထွက် ...ပက်လို့ပဲ ထွက်ထွက် ရပါတယ်

ကျုံးပတ်နေရင်းမိန်းကလေးတွေလည်း....“ပက်” နေကြတာတွေ့ရတယ်...။ ချမ်းနေရင် “ပက်”လိုက်ဆိုပါလား...။ကျုံးပတ်နေကြတာကြာပြီဆိုတော့ ချမ်းတော့ “ပက်”မှာပေါ့လေ....ပက်ပြီးတော့လည်း...ကောင်လေးတွေနဲ့ ကျုံးဘေးမှာ ဆက်ပတ်... ဆက်ပက်  ကြဦးမှာပေါ့လေ...ရေပက်ခံရတာပျော်စရာကောင်းတာကိုး...။ဆက်ပက်ကြ....ဆက်လောင်းကြ ...ဆက်ခံကြပါလေ...။

ငါလည်း ဆက်ပတ်လိုက်ဦးမှပါ....ရပ်နေတာကြာပြီမဟုတ်လား....။ငါတို့ မန္တလေးမြို့ခံတွေ ..ဗမာတွေ ကျုံးဘေးမှာ ဘယ်လိုပတ်နေကြလည်းလို့.....အရင်က စက်ဘီးမြို့တော်...ခုတော့ တရုတ်ဘီးမြို့တော်ပဲလေ...ဒီလောက်တော့ရှိမှာပေါ့....။

....................xxx...........................xxx..............................xxx......................

 ပတ်ကားပဲကွာ.....တင်းပြီး အိနေတာပဲ...တောကလာတာကွ ...သဘာဝအသီးလေး...အရမ်းစားလို့ကောင်းတယ်...မနေ့ညကစားလာတာ...ဘေးနားက ဂျစ်ကားပေါ်က အိန္ဒိယမင်းသားစတိုင်နဲ့ကောင်က ဘေးနားက သူ့သူငယ်ချင်းတွေကိုပြောတာကြားလိုက်တယ်။

အိန္ဒိယ မင်းသားအုပ်စုပဲဆိုပါစို့ ...။သူတို့ကိုယ်သူတို့ မင်းသားများထင်နေလားမသိဘူး...ပြောင်ပြောင်ပြောင်ပြောင်တွေနဲ့....သူတို့ပြောနေတာ ဘာသီးလေးပါလိမ့်...။ သရက်သီးလား ...မဟုတ်လောက်ပါဘူး...အခုမှ သရက်ကင်းလေးတွေပါ....။ သရက်ကင်သည်ကောင်မလေးတောင်ခုနလေးမှ ဒီနားကထသွားတာ...။ဘာသီးပါလိမ့်...

“မချစ်စုလို့တော့ပြောတာပဲ .....သေချာတော့ မသိပါဘူးကွာ.....ဗမာသီးပေါ့”

သြော် ...အခုမှ ရှင်းတော့တယ်.... သရက်သီးကိုး အေးလေ...ပိုက်ဆံရှိရင် ရောင်းသူရှိမှတော့ ဝယ်စားရင်ရတာပဲ...သင်္ကြန်အခါတော်လည်း သရက်သီး ရင့်ချင်ရင့်နေလောက်ပါပြီ

................xxx.................................xxx.............................xxx.......................

ပေတရာလမ်းမကြီးပေါ်မှာ ခေါ်င်းငိုက်တိုက်ငိုက်တိုက်နှင့် လျောက်လာသူတစ်ယောက်.....

ကျုံးဘေးနှင့်တော်တော်ကြီးဝေးလာပြီ....၃၅ လမ်းအတိုင်း ထောင်တက်လာတော့

ရေနီမြောင်း မရောက်ခင် ၆၉ လမ်းမှာ ...အသားဝါလူမျိုးကလေးတွေနဲ့ သူတို့ရဲ့အထိန်း အသားညိုမလေးတွေက ..ရေပက်ကြတာခံလိုက်ရတယ်....

အသားဝါကလေးမလေးက ပြုံးလို့....ရွှုင်လို့။

အညိုမလေးကကော ....ပြုံးတော့ပြုံးပါတယ်.. အရောင်တွေမလွင်ပါလား.......

အဲ....ရှမ်းတိုင်းရင်းသားများ သာရေးနာရေးအသင်းကြီးနားမှာ ...စင်ကြီး အကြီးကြီးနှင့်.ရေပက်ခံကားတွေ တောက်တောက်ပြောင်ပြောင်ဝတ်စားထားသော လူတွေ ရေသဘင်ပွဲကို အကြီးအကျယ်ဆင်နွှဲနေတာတွေ့ရပြန်သည်။...

စင်ပေါ်မှာ အလံကြီးတစ်ခုက တစ်လူလူလွင့်နေတဲ့အပြင် စင်နောက်နံရံမှာလည်း ကျားတစ်ကောင်မာန်ဖီနေတဲ့ပုံနဲ့.................လှတယ်။

..........................xxx...........................xxx...............................xxx......................

ဂျိဂျိ.....ပတ်တတ်ဗေတိုးဂျိ...ဂျိဆိုတာတွေရော.............ကဲနေပြီ...မင်းကတော့ ကဲနေပြီဆိုတာတွေရော......တုန်တလုန်တုန်တွေရော.....အဖြူကတစ်မျိုး..အနီကတမျိုး ဆိုလား...အင်း..............တို့ကတော့ အဖြူပဲ.......ဘီအီးပေါ့။ အဲ......တီဟုန်းဆိုတာကပါသေး...။

ကျုံးပတ်နေတုန်းက နားတွေကို အူနေတာ....

ဒူချပ်ချပ်တွေရော...........ဒုံးတုံးတုံးတွေရော.....တူးပို့တူးပို့တွေရော ကျီးးးးးကွိကွိ...ချပ်ဒူးချပ်....

တွေရော.....ကိုကြီးကျော်.....ဆိုတာရောပါလိုက်သေးတယ်.....တပေါင်းစစ်ပြန် မှာတုန်းကလည်း သောက်ပွဲကျင်းပြီးသားကို အခု လည်း ဆက်ကျင်းနေပုံပါပဲ.....။

ရွှီးရွှီး.....ဟေး......လစ်လစ်.....ကဲတွေ ရော ....ပေသီးတွေရော လိမ့်လာပြီ...ဆိုတာတွေရော...။

ခုမှာနားအေးပါးအေး....ရှိတော့တယ်....

ဝါးလက်စ သရက်ကင်လေးဆက်ဝါးပြီး ....ရေသန့်ဘူးထဲက ပျားလိမ္မော်လေးဆက်ချလိုက်ဦးမှပါ...။

“ဂျိ”

“ဟာ....ဘာလည်းကွ...တောက်”

ဆက်ဝါးလိုက်တယ်

“ဂျိ...ဂျိ”..

သရက်ကင်ကပဲလား...ပုလင်းထဲက ပါလာတာလားမသိဘူး...ကျောက်ခဲနဲ့ သွားတော့ ယိမ်းလား နှစ်ပါးသွားမသိဘူး ..ကတော့ကနေကြပြီ။

 

 

Aptarimas

ant 0001-01-01 sako:
shweyoat ant 2010-04-14 sako:

ဘေတိုးပေ ပတ်ပေဂျိဂျိ။  ဂျိ ဂျိ ဂျိ......

Pridėti komentarą

Prašome Login arba registras į:
  • View Full vartotojai profilį;
  • rasti naujų draugų;
  • rašyti pastabas;
  • Siųsti asmeninį pranešimą.
← မနက်ဖြန်...   Grįžti į dienoraštį   ကျွန်ုပ်၏ပစ္စုပန် →
© 2013-2024 Free Video Chat Conferendo! Visos teisės saugomos.
Surasta klaidą ar klaidą vertime? Pasirinkite ją su pele ir paspauskite Ctrl Enter ataskaita.