အိပ်မက်ဆိုး...မှ.....နိုးထသော
Posted on 1/4/2010 by
violent528
Mood: :arrow::arrow::arrow:.
Music: lonely.
Tags: အိပ်မက်ဆိုးင
ဘဝက ခါးသီးလွန်းတော့..
နားငြီးမှုတွေနဲ့ ထိုးစစ်ဆင်နေရ
အိပ်စက်ချိန်လေးမှာတောင်...
အိပ်မက်ဆိုးတွေကြောင့် လန့် လန့် နိုးတယ်...
ချိုသာတဲ့ အပြုံးဆိုတာ
မင်းခွံ့ ကျွေးမှ စားသုံးဖူးတာ...
နှမြောတသစွာ သော့ခတ်သိမ်းထား
ပုတ်သိုးသွားတာပဲ အဖတ်တင်တယ်
ကံကြမ္မာကလည်း
လုံးချာပတ်ချာလိုက်လို့ 
အပြုံးချိုချိုလေးစားသုံးဖို့ အတွက်
အမုန်းခါးခါးတွေ သကြားခတ်သောက်နေရတယ်......
အိပ်မက်ဆိုးတွေ လန့် လန့် နိုးနေလို့ ။ ။
ပါးဖောင်းချစ်
အားလုံးကို ခင်မင်လျက်......
VIOLENT (YUKI)