ဟီရိုးလုပ်မိလို့

Posted on 7/4/2012 by tuntunaye_tongkyo
Mood: . Music: Rock.
Tags: ရယ်စရာပေါ့ပေါ့ပါးပါး

အလုပ်ခန်းထဲမှာလည်းတစ်ယောက်ကိုတစ်ယောက်စလိုက် နောက်လိုက်နဲ့တစ်ခါ

တစ်ခါတော့အတော်ပဲပျော်စရာကောင်းတယ်။တစ်ခါတစ်ခါကြွက်ကြီးရဲ့ငှက်ဖျား

တက်သံနဲ့ရောနေတဲ့အသံသြသြ ကြီးနဲ့ထ သီချင်းဆိုရင် တစ်ယောက်က...

"ကောင်လေး ကြိုးစားထားဟ...မိုးရာသီမို့လို့အလုပ်မကောင်းသေးတာ..

နောက်ရာသီဆိုရင်ဘုရားပွဲတွေ စတော့မှာ"ဟု..နောက်တတ်သလို..အခြား

တစ်ယောက်က.

" ကြွက်ကြီး ကျုပ်ပြင်မရလို့လောင်သွားတဲ့စက်ကို ခင်ဗျား အသံကြောင့်လောင်

သွားတာပါဆိုပြီးသူဌေးကိုသွားပြမှာနှော်"ဟုနောက်တတ်သည်။ ကြွက်ကြီးကလဲ

အားကျမခံ ...

"အောင်မယ်..ဟောဒီအနီးတစ်ဝိုက်မှာကျွန်တော့်အသံကိုမှီတဲ့သူတစ်ယောက်မှမရှိဘူး...
ပိုက်လုံးပေါ်မှာညဖက်သီချင်းဆိုရင် ဈေးဆိုင်ကမစန်းကြည်တောင် ခဏခဏ

ထွက်တားရတယ်.သူ့ကလေးသိပ်မရလို့ဆိုပြီးးးး

တစ်ယောက်က..ဒီနေ့ကတော့လစာရပြီ..ဟိုကောင် ah poe ဘဏ်ကိုသွားပိုက်ဆံ

ထုတ်လာတယ်သူလဲအထုပ်ကြီး ဗိုက်ထဲထည့်လာတာတွေ့တယ်.လုမှာစိုးလို့

ထင်တယ်နှော်..တစ်ယောက်ကပြောတော့...အာဇစ်ဆိုတဲ့ မြန်မာကုလားလေးက

"မလေးမှာလုတာတော့မပြောနဲ့ ဒီကောင်တွေက ဘဏ်ကထွက်လာတဲ့သူတွေကို

ကားကိုစက်နှိုးပြီးစောင့်နေတာဗျ..ဟိုတစ်လောကကျွန်တော်လဲဆိုင်ရှေ့လေးက

ပလက်ဖေါင်းပေါ်မှာwashing mechineပြင်နေတာ လုသွားပြီ ...လုသွားပြီ..ဆိုပြီး

အော်သံကြားလို့ကြည့်လိုက်တော့ကျွန်တော့အနားကိုရောက်နေပြီကျွန်တော်လဲဘာရမလဲ

အဲဒီကောင်ကိုပစ်တွန်းပြီးနံရံနဲ့ဆောင့်တာချော်သွားပြီးလက်တောင်အတော်နာသွားတယ်

အဲဒါနဲ့ကြည့်လိုက်တော့လူပုံစံက ဘစ (ဘိန်းစား) ပုံဆိုတော့ ကျွန်တော်လဲ

ဗျင်းမယ်ပေါ့လေ ..လိုက်တာပေါ့ ...လိုက်ရင်းလိုက်ရင်း မိခါနီး ကျတော့

သူကတံခါးဖွင့်ထားတဲ့ကားထဲပြေးဝင်တော့ ကျွန်တော်လဲ အနားလဲရောက်ရော

..သူက သေနတ် ကိုဆွဲလဲထုတ်လိုက်ရော...ကျွန်တော် လဲဘာရမလဲ 

လစ်တာမှတန်းနေတာပဲ...ကျွန်တော့်နောက် ကလိုက်လာတဲ့ကောင်တွေကကျွန်တော်

လဲပြေးလာတာတွေ့တော့ ကြောင်နေကြသေးတယ်လှမ်းလဲကြည့်လိုက်ရောသူတို့လဲ

ပြေးတော့တာပဲ.တော်ပါသေးရဲ့ဗျာ...ခြောက်ရုံလောက်မို့လို့ ပစ်လိုက်ရင်တော့

ကျွန်တော်တော့သေပြီပဲ..လမ်းကအဖြောင့်ကြီးဗျ.......တဲ့

       အင်း....ဟီးရိုး...ဟီးရိုး.....

                       အားလုံးပဲ..ပျော်ရွှင်ကြပါစေဗျာ....

Discussion

on 1/1/0001 says:

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← ကြွက်မှာလည်းနှလုံးသားနဲ့   Return to blog   ကြွက်တစ်ကောင်နှင့် ထိုထိုသောအေ… →
© 2013-2024 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.