ဒါ ငါတို့သင်္ကြန်

Posted on 4/16/2011 by tuntunaye_tongkyo
Mood:်fine. Music: Rock.
Tags: ရယ်စရာပေါ့ပေါ့ပါးပါး

ဒါငါတို့သင်္ကြန်

"ရေအလောင်းခံချင်ကြသောအမျိုးသမီးများခင်ဗျား၊ရေအလောင်းခံချင်ကြ
သောအမျိုးသမီးများခင်ဗျား၊တန်းစီပြီးစောင့်နေကြပါရန်။အတင်းတိုးဝှေ့ပြီး
နေရာလုမနေကြပါနဲ့လို့မေတ္တာရပ်ခံပါတယ် ခင်ဗျား"

        ထိုအသံများမှာကျွန်တော်တို့ service room မှလူများ အလုပ်မအား
သောကြားထဲမှ micတစ်လုံး ဖြင့်တစ်ဖက်အိမ်မှကောင်မလေးများကိုလှမ်း၍စ
နောက်နေခြင်းဖြစ်ပါသည်။တစ်ဖက်အိမ်မှ သေနာကောင်တွေအားအားလျှားလျှား
စနေတယ်  ဟုကျိန်ဆဲနေမည်သာ။
  
 "ကျွန်တော် ဟိုကောင်မလေးကိုရေလောင်းချင်တယ်ဗျာ ဘယ်လိုလုပ်ရမလဲ
မသိဘူး"ဟု DVDပြင်သော ဆရာသိန်းခေါ်( L-မှုန်ကြီး)မှပြောသည်။သူ့ကို
တစ်ခြားသူများက ဘကြီးမှုန်ဟုစနောက်၍ခေါ်သောကြောင့် ကျွန်တော်တို့မှ
ဘကြီးမှုန်ဆိုတာမကောင်းဘူး ခေတ်မှီသွားအောင် ရှေ့က(L)ထည့်ပြီး
L-မှုန်ကြီးဆိုတာကပိုမိုက်တယ် ဆိုပြီးစနောက်ရာက နာမည်တစ်လုံးရသွား
ခြင်းဖြစ်သည်။

ကျွန်တော်က." နင့်လက်နဲ့ရေခွက်ကိုကိုင်၊ခြေထောက်နဲ့ကောင်မလေးရှိတဲ့နေရာ
ကိုသွား ပြီတော့ဟောဒီလိုသွန်ချလိုက်" လို့ပြောတော့

"ဒါတော့သူပြောမှလားဟ၊ဟိုမှာအိမ်ထဲကမထွက်လို့ပြောနေတာ။ပြီးတော့သူ့ကို
   သွားလောင်းရမှာခပ်ကြောက်ကြောက်ပဲ" ဟုL-မှုန်ကြီးမှပြောတော့ ကျွန်တော်က

"ဟင်းးးး......အတောင်နှစ်ဆယ်ဝတ်မင်းယောကျာင်္းကြီးလုပ်နေပြီး ဆယ့်သုံးတောင်
အဲလေ.နှစ်တောင် ...လောက်တောင်မရှိတဲ့စကပ်ဝတ်ထားတဲ့မိန်မသားကိုကြောက်
နေရသေးတယ်။ငါစောင့်ကြည့်ပေးမယ်" ဟုမြှောက်ပေးလိုက်သည်။

L-မှုန်ကြီးလည်းအသင့်ခတ်စရာရေခွက်ကလည်းမရှိတော့ service ခန်းထဲမှ
rice cooker inner pot ကြီးနဲ့ရေကိုအသင့်ခတ်ထားတယ်။မိုးလေးကဖွဲဖွဲလေး
ကျနေတော့မှုန်ကြီးမှ

        "တောက်.....ငါရေလောင်းမယ့်နေ့ကျမှ မိုးကလည်းရွာနေသေးတယ်" ဟု
မကျေမနပ်နှင့်ပြောနေသေးသည်။နေ့လည်လောက်ရောက်တော့မှ သူကြောင်
နေသောကောင်မလေးနှင့်အခြားကောင်မလေး၃ယောက် ကင်မရာရှေ့မှာပေါ်
လာတော့. ကျွန်တော်မှ....
      "ဟေ့....လာနေပြီဟ..လာနေပြီ"လို့သတိပေးလိုက်တော့ လှစ်ကနဲL-မှုန်ကြီးပြေး
ထွက်သွားသည်။လက်ထဲမှာလည်းအသင့်ခတ်ထားသော2.6 liter inner potကြီးနှင့်။
ကျွန်တော်လည်းကင်မရာထဲမှသူ့ကိုကြည့်နေတယ်။မြင်ကွင်းထဲကပျောက်သွားပြီး
သိပ်မကြာခင်...
           ဗုန်းးးးး.....ဂွမ်း.......
ဟ..ဘယ်လိုဖြစ်တာလဲမသိ၊ရေလောင်းတာဒီလောက်တော့ မကြမ်းနိုင်။ကျွန်တော်လဲ
အပြင်ကိုထွက်ကြည့်လိုက်တော့.သူ့ကောင်မလေးကိုမတွေ့ မှုန်ကြီးတစ်ယောက်
ကောင်မလေးတွေအိမ်ရှေ့မှာဖလက်ပြ နေသည်။သူ့နောက်မှ ကောင်မလေး
၂ယောက်ကတော့ ရယ်ချင်နေတာကို အောင့်အီးနေရတဲ့ပုံပေါက်နေသည်။သိပ်
မကြာခင်ရှုံ့မဲ့ညစ်ပေလျှက်..မှုန်ကြီးပြန်လာသည်။ကျွန်တော်က..

"ဘယ်လိုဖြစ်တာလဲဟ  မှုန်ကြီးတို့ဖြစ်လိုက်ရင်သူများနဲ့ကိုမတူဘူး" ဟုပြောရာ
 L-မှုန်ကြီးမှ...
"ဟူးးး.....ပြောမပြောချင်ပါဘူးဗျာ...ကောင်မလေးကိုရေသွားလောင်းတာ.သူ့
မလောင်းမိပဲ ချော်လဲပြီး ကိုယ့်ဘာသာကိုယ်ပြန်လောင်းမိလို့".....တဲ့

      ပျော်စရာသင်္ကြန်မှာအားလုံးပဲပျော်ရွှင်ကြပါစေဗျာ....

Discussion

on 1/1/0001 says:

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← စေတနာထက်သန်ပုံက   Return to blog   နာမည်အပေးကောင်းသည် →
© 2013-2024 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.