အသွားအပြန်
Posted on 11/20/2010 by
tuntunaye_tongkyo
Mood: fine..
Music: Rock.
Tags: ရယ်စရာပေါ့ပေါ့ပါးပါး
ဟိုး..အရင် ရန်ကုန်က ဆောင်းတွင်းမနက်လေးတွေကိုသတိရမိပါရဲ့။ အဲဒီတုန်းက
ကျွန်တော့် အလုပ်က မိုးမလင်းခင် စောစောထ ဖိနပ်လေးကောက်စီးကြိုးတွေသေချာချည်ပြီး(RC-2)
ကုန်းပေါ်ကိုတက်ပြီးအပြေးကျင့်နေကျ။အဲဒီမှာတစ်ပါတ်လောက်ပတ်ပြီး တံတားလေးအပေါ်မှာ
လေကောင်းလေသန့်လေးရှူ၊ခဏအနားယူ၊ပြီးရင်လာလမ်းအတိုင်းပြန်ဆင်းခဏနားရေမိုးချိုး၊လက်ဖက်
ရည်ဆိုင်သွား၊မုန့်ဟင်းခါးလေးနဲ့လက်ဖက်ရည်လေးမှာပြီးထိုင်၊လုံးဝ ဖီးလ် ပါပဲ ။
တစ်နေ့ကုန်းပေါ်ပြေးတက်လာတော့လမ်းမှာ အသက်ကြီးကြီးအဖိုးကြီးတစ်ယောက်ကို
တွေ့ရော။ သူကလဲလုံးဝမိုက်တယ်ဗျ၊သူ့ဘာသူမှန်မှန်လေးပဲပြေးနေတယ်။အဲဒါနဲ့ကျွန်တော်ကသူ့ရှေ့ကို
ကျော်ပြေးတော့ သူကသူ့စပိဒ် ကိုနဲနဲမြှင့်ပြီးလိုက်တယ်ဗျ။ ဒါနဲ့ကျွန်တော်ကမောချင်ယောင်ဆောင်ပြီး
ပြေးနှုန်းနဲနဲချလိုက်တယ်၊သူကကျော်တက်သွားတယ်ခင်ဗျ။ ပြီးရင်ကျွန်တော်က သူ့ထက်နဲနဲလေးပဲ
ကျော်ပြေးလိုက်တယ် သူကပြန်ကျော်တာပဲ။ဒီလိုနဲ့သူ့ကိုစလာလိုက်တာတော်တော်လည်းကြာရော
သူမောပြီးမလိုက်နိုင်တော့ဘူးလေ ။သူလည်းလျှာထွက်သွားရောကျွန်တော်လဲမစတော့ပဲစပိဒ်မြှင့်ပြီးပြေး
ပေါ့လေ။ထုံးစံအတိုင်းတံတားလေးပေါ်ထိုင်ပြီးရေပြင်လေးကိုကြည့်လေကောင်းလေသန့်လေးရှူပြီးကုန်း
ပေါ်ကပြန်ဆင်းလာတာပေါ့။အဲဒီအချိန်မှာ Taxi တစ်စီးကဖြတ်သွားတော့ ကို့စပိဒ် ကိုယ်စမ်းချင်တာ
နဲ့အားကုန်လိုက်တယ်လေ။တော်တော်လေးလဲကြာရောTaxi လည်းဘယ်ရောက်သွားတယ်မသိဘူး။
ကိုယ်လည်းလျှာထွက်ပြီးပြန်လာတာပေါ့။အဲဒီမှာတင် ဗိုက်ထဲကအကြောတွေပြတ်သွားတာလား၊
ဘာဖြစ်သွားတာလဲတော့မသိပါဘူး လူလဲတော်တော်ထိသွားလို့(၃)ရက်လောက်
ခွေနေရပါတော့တယ်......သူငယ်ချင်းတွေကစိုးရိမ်တကြီးနဲ့ပြောရှာတယ်.....သေမှ.......တဲ့