ကျွန်တော် နှင့် ပြာလု
Posted on 11/5/2010 by
tuntunaye_tongkyo
Mood:်fine.
Music: rock....
Tags: ရယ်စရာပေါ့ပေါ့ပါးပါး
ကျွန်တော်တို့အလုပ်မှသူဌေးသည်သဘောကောင်းသလောက်အင်မတန်ဆူညံပူညံ
လုပ်တတ်ပါသည်။ကျွန်တော်တို့ service roomသို့တစ်ခါတစ်လေတွင်မှလာလေ့ရှိသည်။သူလာလျှင်
အနေကြတ်မည်စိုးသောကြောင့်အကြောင်းကိစ္စရှိမှပင်ရောက်လာတတ်သည်။ လွတ်လွတ်လပ်လပ်
နေရပါသည်။ကျွန်တော်တို့ကလည်းသူရှိသည်ဖြစ်စေမရှိသည်ဖြစ်စေပုံမှန်စည်းကမ်းတကျအလုပ်လုပ်
ပါသည်။သူကလည်းယုံကြည်သောကြောင့်လွတ်လပ်စွာအလုပ်လုပ်ခွင့်ပေးထားသည်။ကျွန်တော်တို့က
လည်းကော်ဖီသောက်ချင်သောက်မည်၊မုန့်စားချင်စားနေမည် အလုပ်တာဝန်ကိုတော့ ပြီးစီးအောင်
လုပ်ကြပါသည်။
သူ့ကို ကျွန်တော်တို့က ပြာလု (လူရွှင်တော်တစ်ယောက်ပြက်လုံးမှ)( သို့) ဘိုးတော်
ဟုနာမည်ပေးထားပါသည်။တစ်နေ့amplifier (အသံချဲ့စက်) တစ်လုံးကိုပြင်ဆင်နေစဉ် mic
အသံစမ်းကြည့်သည် .....Hello ..one ..two...
"၀ိုး.......ဂွတ်ထ...ဂွတ်ထ" (ဆရာကြီးအီကြာကွေးလေသံဖြင့်)..အတော်ကောင်းသဟ၊..
သီချင်းလေးကလည်းကောင်း အဆိုတော် ဇော်ပိုင်ဆိုထားတဲ့ "လမ်းဆုံ" ..ဒီတော့အချိန်ကိုကြည့်လိုက်
သည် 6:30pm ဆိုတော့ ဟိုသူဌေးတစ်ယောက်တော့ပြန်သွားပြီ ပြာလု တစ်ယောက်ကတော့ဒီနေ့
တွေ့တောင်မတွေ့မိဘူးဆိုတော့ သီချင်းလေးတစ်ပုဒ်လောက်တော့ ဟစ်လိုက်ဦးမှ ၊ခြေရင်းအိမ်က
ကောင်မလေးတွေကိုအသံနဲ့ နဲနဲလောက်နှိတ်စက်လိုက်ဦးမှ...သူတို့ကလည်းဒီဖက်အိမ်ကသီချင်းဆို
တာနဲ့ ပြူတင်းပေါက်တွေလိုက်ပိတ်တော့တာပဲ။ အင်း....အထဲကနေကြိတ်ပြီး လက်ခုတ်တီး နေတယ်
ထင်ပါ့ ။ဒါနဲ့ Echo controls တွေကိုအသံကိုစိတ်ကြိုက် သိပ်ထပ်မနေအောင်ချိန် Music volume
ကိုလည်း အနေအထားမှန်အောင်ချိန်..ဘာလုပ်မလဲ. ဟဲဟဲ .ဆိုရုံပဲပေါ့...
....လမ်းဆုံမှာ..ရပ်နေတဲ့...လူနှစ်ယောက်တော့ဆွေးနေတယ်....ဘယ်သူလဲကွယ်.
သီချင်းလေးတစ်ပိုဒ်လောက်ပဲဟစ်လိုက်ရသေးတယ်..ကိုယ့်ဘာသာလျှို့ဝှစ်တတ်ဆင်ထားတဲ့ ကင်မရာ
မြင်ကွင်းထဲ ရွှေရောင်ဖျော့ဖျော့...အရောင်ကားတစ်စီးရဲ့ခေါင်းကြီးထိုးဝင်လာတယ်...
"ဗုဒ္ဓေါ.....ဘိုးတော့်ကားကြီးဟ....တော်ကြာ..ပြာလု ဘာကောင်လဲသိသွားစေရမကွ...ဆိုရင်
မလွယ်ဘူးဟ။အလုပ်ချိန်ကြီး ကိုယ်ကစဖေါက်တာ...ဒါနဲ့ကင်မရာကသူ့ကိုအသာကြည့်နေတာပေါ့ သူ
နေတဲ့ 0ffice နဲ့ကျွန်တော်တို့နေရာကနဲနဲလှမ်းတော့ သူကြားလဲ..၀ါးတားတားလောက်ပဲ..မသေချာ
ဘူး။ ဒါနဲ့သူက ကားမှန်လေးနဲနဲအဟ.....ကျွန်တော်ကလည်း Music volume ကို အတိုးအကြယ်..
ခပ်ပျင်းပျင်းလေးလုပ်လိုက်ပြီး....Hello .....one .. two.. နှစ်ခါလောက်အော်လိုက်တော့မှ ..
မလှိမ့်ချင်လှိမ့်ချင်နဲ့ကားက..ထွက်သွားတယ်..ဘာရမလဲနှော်..
အဖွားရဲ့အိမ်ခန်းထဲမှာပုံထားတဲ့ဆန်ပုံပေါ်.ကျား...ဆိုအော်ရင်ဂျွမ်းပစ်ချပြီး ဆန်တွေပြန့်
ကျဲကုန်လို့ အဖွားလိုက်ရိုက်တဲ့ကြိမ်လုံးချက်တွေကလွတ်အောင်ပြေးနိုင်သူ.........
အဖိုးရဲ့မာလကာပင်ထိပ်ခေါင်ဖျားထိတက်ပြီး လေထီးခုန်သလိုအဖျားကိုဆွဲပြီးဆင်းလာ
လို့ကြည့်နေတဲ့အဖိုးကစိတ်တိုပြီးလိုက်ရိုက်တဲ့တောင်ဝှေးချက်တွေကလွတ်အောင်ပြေးနိုင်သူ....
စိတ်တိုတတ်တဲ့ဘကြီးခင်မောင်အိမ်က ခွေးကြီးကိုတုတ်နဲ့သွားထိုးလို့လိုက်ကိုက်တဲ့
ခွေးကြီး ရန်ကလွတ်အောင်ပြေးနိုင်သူ...
ကျား၊ဗိုလ် ဆွဲလျှင်နဲနဲလေးနောက်ကျပြီးမှဆွဲတတ်သူ.....
ဒီလိုအစွမ်းသတ္တိတွေနဲ့ပြည့်စုံတဲ့ကျွန်တော့်ကို...ပြာလု ဆိုတဲ့ဆိုတဲ့ဘိုးတော်ဘယ်သိမလဲ
နှော်..ဒါပေမယ့်အဖေ့ရဲ့ (Bruce lee) ကစ်တွေနဲ့ ကြိမ်လုံးရိုက်ချက်ကိုတော့တစ်ခါမှမလွတ်ပါခင်ဗျား။
(ဘယ်လွတ်မလဲ သူက ကိုယ့်ထက်အတွင်းအားပိုကောင်းတာကိုး)