၂၀၁၄ ခုနှစ်အတွက် ကျွန်မရဲ. ပုံပြင်လေးတစ်ပုဒ်

Posted on 7/10/2014 by thidange

((((( သတိပေးချက် ။ ။ အသက်ဆယ့်ရှစ်နှစ်အောက် ကလေးများ ၊

ဘုန်းကြီးများ ၊ အစ္စလာမ် ဘာသာဝင်မူဆလင်များ ၊ မြန်မာ့တပ်မတော်မှ

ဝန်ထမ်းများ မဖတ်ကြပါရန် တားမြစ်ပါသည် ။)))))

- - - - - တစ်ခုသော သောကြာနေ.လေးတစ်နေ.မှာ မှတ်မှတ်ရရပြောရရင်

ကျွန်မသည် ၂၀၁၁ ခုနှစ်တုန်းက  မြန်မာနိုင်ငံသို. အလည်ပြန်ရောက်တဲ့

တတိယမြောက်နေ.တွင် ဘာရယ်မဟုတ် မရောက်တာကြာပြီးဖြစ်သော

ဗိုလ်ချူပ်အောင်ဆန်းဈေး (ခ) စကော့ဈေးသို. လှည့်လည်လျှောက်ကြည့်ပြီး

စိတ်ကူးနဲ.တည့်ရာ ပစ္စည်းတစ်ခုခုများ ၀ယ်မလားလို.

စိတ်ကူးလေးတစ်ခုရတာကြောင့် ထိုဈေးသို. သွားရောက်ရန်

အတွက် ကျွန်မနေထိုင်ရာလှည်းတန်းအနီးရှိ ဘက်(စ်)ကား ဂိတ်သို.

သွားရောက်လေသည် ။

ထိုကဲ့သို. တက်(စ်)စီ TAXI ကားငှါးရန်အတွက် ဘက်(စ်)ကားဂိတ်အနီးတွင်

ကားရပ်စောင့်နေစဉ် ကျွန်မရဲ. လက်ကိုင်ဖုန်းသို. အ၀င်ခေါ်ဆိုတဲ့

ဖုန်းနံပါတ်တစ်ခု ပေါ်လာသဖြင့် ကျွန်မမှ ဖုန်းဖွင်ပြီး

နားထောင်လိုက်စဉ် ..... အခုစကားပြောနေတာ မိသီတာလား ဆိုပြီး

မေးလာလေသည် ။

အကြောင်းမှာ ထိုကဲ့သို. မိသီတာ ဆိုတဲ့နာမည်အား ကျွန်မ

အထက်တန်း ကျောင်းသူဘ၀တွင် ကျောင်းနေဖက် အကြောင်းသိ

အရမ်းခင်မင်သော သူငယ်ချင်းအနည်းစုကသာ ခေါ်တတ်တဲ့

နာမည်ဖြစ်နေတာကြောင့် ဘယ်သူများလဲဆိုပြီး စဉ်းစားနေတုန်း

ထိုသူမှ ... ကျွန်တော်မေးနေတယ်လေ အခုဖုန်းပြောနေတာ

မိသီတာ ဟုတ်ပါသလားလို. ဒုတိယမြောက်မေးလာသောအခါ

ကျွန်မမှ ဟုတ် ... ဟုတ်ကဲ့ပါရှင် ၊ အခုဆက်လာတဲ့သူကရော

ဘယ်သူပါလဲလို. ပြန်မေးလိုက်တဲ့အခါ ထိုသူမှ ၀မ်းသာအားရ

ရင်းနှီးသော လေသံဖြင့် ဟဲ့ ..... မိသီတာ အစုတ်မ ငါ ငရဲလေးဆိုပြီး

ပြောလာတော့ ကျွန်မမှာ ဘယ် ငရဲလဲ ကျွန်မ မမှတ်တာ

ဆောရီးပါလို. ပြန်ပြောလိုက်လေသည် ။

ထိုအခါ ဖုန်းဆက်လာတဲ့ ငရဲဆိုတဲ့ သူက ကောင်မစုတ်

နင်တကယ်ပဲ မမှတ်တော့ဘူးလား ငါ နင်နဲ. ဆယ်တန်း

ကျောင်းသားဘ၀မှာ တစ်ခန်းထဲ သူငယ်ချင်း ဇာတ်မင်းသားရူး

မောင်ရဲတွတ်လေ ဆိုပြီး ရှင်းပြမှ  ကျွန်မလည်း

ကောင်းစွာမှတ်မိသွားပြီး ..... ကောင်စုတ် ငရဲ ဇာတ်မင်းသားရူးတဲ့

ငရဲတွတ် နင် မသေသေးဘူးနော်ဆိုပြီး ခုနက ကျွန်မအား

ပြောခဲ့သလို. လက်စားချေတဲ့အနေနဲ. တရစပ်ပြန် ကြိမ်းမောင်း

လေတော့လေသည် ။ထိုအခါ ငရဲမှ ... ဟဲ့ မိသီတာ

နင်အခုဘယ်မှာတည်းသလဲ ။ အခုရော ဘယ်မှာလဲဆိုပြီး

မေးတော့ ကျွန်မမှ ငါတို.အဒေါ်အိမ်မှာ တည်းပြီး အခုလက်ရှိ

လှည်းတန်းကားဂိတ်နားမှာ ဗိုလ်ချူပ်အောင်ဆန်းဈေး

သွားမလို.ဆိုပြီး ပြန်ပြောလိုက်တော့ ငရဲမှ အတော်ဘဲ ငါလည်း

အခုအားနေတာဆိုတော့ ငါကားနဲ. လာခေါ်မယ် နင်အဲဒီမှာပဲ

စောင့်နေဆိုပြီး ပြောကာ ဖုန်းချလိုက်လေသည် ။

( မှတ်ချက် ။ ။ ငရဲ ငရဲ လို. ကျွန်မ ပြောဆို ခေါ်နေတာ

ကျွန်မ သူငယ်ချင်း ရဲတွတ်အား ငယ်သူငယ်ချင်း ပြောမနာ ၊ ဆိုမနာ

ဖြစ်တော့ မောင်ရဲတွတ်အား အတိုကောက် ငရဲဆိုပြီး ခေါ်ရတာပါ ။

ဟိုလေ... လူတွေ သေလို. မကောင်းမှု.လုပ်လို. နောင်ဘ၀မှာ

ငရဲပြည်ရောက်တဲ့ ငရဲ မဟုတ်ကြောင်းပါ ။

ဥပမာ ။ ။ အဆိုတော် ရဲလေးအား ခင်မင်သော ငယ်သူငယ်ချင်း

တစ်ယောက်ယောက်က ငရဲ ဆိုပြီး ခေါ်ဆိုတတ်တဲ့ ပုံစံမျိုးပါ ။ )

ကျွန်မလဲ ငရဲပြောထားတဲ့အတိုင်း Taxi မငှါးတော့ဘဲ သူ.ကားနဲ.

လာခေါ်မှာကို စောင့်နေမိပါတယ် ။ ထိုစဉ်တွင်

Toyota Landcruiser Parado ကားတစ်စီးမှာ ကားဂိတ်တွင်

လာရပ်ပြီး ကားထဲမှ ကားမောင်းသူမှာလဲ လက်ရပ်ခေါ်နေတာကြောင့်

ကျွန်မလဲ ကားနားသို. လျှောက်သွားပြီး ယာဉ်မောင်းအား

ကြည့်လိုက်တော့ ငရဲ ဖြစ်နေတာကြောင့် ကားထဲဝင်ထိုင်လိုက်ပြီး

ကျွန်မတို. ဗိုလ်ချူပ်ဈေးသို. သွားကြလေသည် ။ ဈေးထဲတွင်

ဟိုဟိုသည်သည် လျှောက်ကြည့်ပြီး ရွှေဘုံသာလမ်း ( အရင် မဂိုလမ်း)

ရှိ အအေးဆိုင်တစ်ဆိုင်တွင် နှစ်ယောက်သား အအေးသောက်ကြပြီး

ငယ်စဉ်ဘ၀က ရှေးဟောင်း ၊နှောင်းဖြစ်များ ပြောဆိုနေကြပါတော့သည် ။

ထိုနောက် ကျွန်မမှ ဟဲ့ ... ငရဲ နင်က ဘယ်လိုလုပ် ဒီလောက်

နှစ်တွေကြာပြီး အဆက်အသွယ်ပြတ်နေပြီး အခုလို နင်က

ဖုန်းဆက်လာတော့ ငါ့မှာ မနည်းစဉ်းစားနေရတယ်။

ဒါနဲ.နေပါအုံး နင်ဘယ်လိုလုပ်ပြီး ငါ့ မြန်မာပြည်ပြန်ရောက်နေတာ ၊

ငါ့ဖုန်းနံပါတ်ကို ရသွားတာလဲဆိုပြီး

မေးလိုက်တော့ ငရဲမှ ဒီလို မိသီတာရေ ... မနေ.တုန်းကပဲ

မြို.ထဲမှာ ငါတို.အထက်တန်းက ငယ်သူငယ်ချင်း

ဖြစ်တဲ့ မို.မို.ကျော်က နင် ပြန်ရောက်လာတာ

မကြာသေးတဲ့အကြောင်းနဲ. နင့်ဖုန်းနံပါတ်ကို သူပဲပြောလို.

သိရတာဆိုတော့ ကျွန်မမှ သြော် ... မို.မို.ကျော် ပေးလိုက်တာကိုး

ဆိုပြီး လက်သည်တရားခံကို သိရလေသည် ။

ပြီးနောက် ကျွန်မမှ မိန်းမသဘာဝအရ စပ်စပ်စုစုနဲ. ဟဲ့ ... ငရဲ

နင်ရော အိမ်ထောင်တွေဘာတွေ ကျပြီးလား ။

နင်အခု ဘာအလုပ်လုပ်သလဲလို.မေးလိုက်တော့ အေးဟယ်

ငါအိမ်ထောင်ကျပြီးလို. သမီးလေးတစ်ယောက်

တောင် အတော်လေးအရွယ်ရောက်နေပြီး ။ငါ့ မိန်းမ နာမည်ကတော့

ဒေါ်တင်သန္တာတွန်း လို.ခေါ်တယ် ။

နောက်ပြီး ငါအခု ဇာတ်အဖွဲ.တစ်ခုမှာ ၀န်ကြီး လုပ်နေတယ်ဆိုပြီး

ပြောတော့ ကျွန်မမှ ဟဲ့ဘာဝန်ကြီးလုပ်စားနေတာလဲ ပြောပါအုံးလို.

မေးလိုက်တော့ ငရဲမှ အောက်ပါအတိုင်းရှင်းပြလေတော့သည် ။

မိသီတာရေ ... နင်သီတဲ့အတိုင်း ငါငယ်ငယ်ကတည်းက

အရမ်းဖြစ်ချင်တဲ့ ဇာတ်မင်းသားဖြစ်ဖို. အိမ်မှာ အားတဲ့

အခါတိုင်း မုန်.ကြိုးလိမ် ၊ လိမ်ဖယ်လိမ်ဖယ်ဆိုပြီး အကနဲ.

ကရတာ အရမ်းသဘောကျခဲ့တဲ့သူပါ ။ ဆိုတော့ ငါ

ဆယ်တန်းအောင်ပြီး ၁၉၇၇ မှာ တက္ကသိုလ်ဆက်တက်ပြီး

ကျောင်းပြီးလို. ဘွဲရပြီးတော့ ဇာတ်အဖွဲ.တစ်ခုဖြစ်တဲ့

((( မိုးပေါ်ထောင်မပစ်ဘူး ))) ဆိုတဲ့ ဇာတ်အဖွဲ.မှာ အောက်ခြေဖြစ်တဲ့

သန်.ရှင်းရေးလုပ်တဲ့နေရာကနေ ငါ့ဘ၀ကို စတင်ခဲ့

ရတယ် ။အဲ့ဒီနောက်မှာ ၈၈နောက်ပိုင်းမှာ မိုးပေါ်ထောင်မပစ်ဘူးဆိုတဲ့

ဇာတ်အဖွဲ.ဟာ ပွဲကြည့်တဲ့ ပြည်သူတွေ မကြိုက်ကြတော့

ဇာတ်ခေါင်းကွဲပြီး ((( ချီးလေးချီး ))) ဆိုပြီးတော့ အရင်လူတွေပဲ

ပြန်ပါနေတာဖြစ်သလို နာမည်သာ ပြောင်းသွားပေမဲ့

ဇာတ်အဖွဲ.ကို လချီးဆိုတဲ့ ဦးတန်းရွှေမှ ဦးစီးပြီး

ထူထောင်ခဲ့ပြန်ပါတယ် ။ ငါလဲ အဲဒီဇာတ်အဖွဲ.မှာ

ပဲ လူဟောင်းအဖြစ်နဲ. ဆက်လုပ်နေခဲ့တယ် ။ ငါရဲ. လုပ်သက်ရှိလာသလို

ငါရဲ. မုန်.ကြိုးလိမ် အကကို သတိထားမိတဲ့ ဇာတ်ဆရာတွေက

လိမ်ဖယ် လိမ်ဖယ်နဲ. မလိမ်ရင် မနေတာကလွဲလို.ဆိုတဲ့

ငါရေးထားတဲ့ ပြဇာတ်ကို သုံးစွဲခဲ့ကြပြီး ငါ့ရဲ. လိမ်လည်တဲ့

အတတ်ပညာကို အသိအမှတ်ပြုတာကြောင့် လိုက်ကာဆွဲတို. ၊

အရန် လူကြမ်းတွေမှာ သုံးခဲ့ကြပါတယ် ။ဆိုလိုတာ

ငါလည်း အခြေအနေ တိုးတက်လာတာပေါ့ ။ အဲ့ဒီနောက်မှာ

ချီးလေးချီး ဇာတ်အဖွဲ.ကို လူတွေ ကန်.ကွက်

ကြပြန်တော့ ၂၀၁၁ ခုနှစ်နောက်ပိုင်းမှာ ((( ဖွတ်ဇာတ်သဘင် ))) ဆိုပြီး

လူဟောင်းအများစုသာ ပြန်ပါတဲ့ ဇာတ်အဖွဲ.ကို

ပြန်လည်ဖွဲ.စည်းပြီး ((((( မိဘပြည်သူများ ))))) ဆိုပြီး

ပြဇာတ်မစခင် နုတ်ခွန်းဆက် စကားပြောတတ်တဲ့

အရင်တုန်းက ချီးလေးချီးဇာတ်အဖွဲ.မှ ကြွက်ချီး (ခ) ဘပြောင်(ခ) သိမ်းဇိမ်မှ

ခေါင်းဆောင်လုပ် ဦးစီးပြီး ဇာတ်သဘင်ကို

နာမည်လေးသာပြောင်းပြီး အရင်လူဟောင်းတွေနဲ.ပဲ ပြောင်းလဲဖွဲ.စည်းလိုက်ပါတယ် ။

ဒါကြောင့် အခုဆိုရင် ငါလည်း လုပ်သက်နဲ. လိမ်သက်တွေကြောင့်

ဇာတ်က လူကြီးတွေက ပြဇာတ်တွေမှာ ၀န်ကြီးအဖြစ်

သရုပ်ဆောင်ခန်း ၊ အရန်မင်းသား အနေနဲ.ရော

တာဝန်ပေးတာကြောင့် အခုဆိုရင် နင် မြင်တဲ့အတိုင်းပဲ

ဒီနေ. ငါတို.စီးလာတဲ့ ကားကိုပဲကြည့်တော့ဟု ဆိုကာ

ငရဲမှ သူ.ရဲ. လက်ရှိအခြေအနေမှာ အရမ်းကောင်းမွန်နေကြောင်း ၊

လိမ်လည်တဲ့ အလုပ်နဲ. ၀ါးထားတာ မတရား ကြီးပွါးနေကြောင်း

ကြွားဝါးနေတော့လေသည် ။ထိုအခါ ကျွန်မမှ ...

ချီးလေးချီးဇာတ်အဖွဲ. နယ်တစ်ခုမှာ ကပြတာ ငါကြည့်ဖူးတယ် ။

အဲဒီဇာတ်မှာ ဒေါက်တာဆိတ်ဖွားဆိုတဲ့ သရုပ်ဆောင်မှာ

လူထုရဲ. အိုင်ကွန်အား အပုတ်ချတဲ့ ဇာတ်လမ်းကို ကြည့်လိုက်ပြီး

အဲဒီဒေါက်တာဆိတ်ဖွားဆိုတာ ဘယ်သူလဲဟဲ့

မဟုတ်တဲ့နေရာမှာ စာရေးအရမ်းကောင်းသလို ၊ မိန်းမလို မိန်းမရ

အပုတ်ချတာ အလွန်တူကြောင်း မေးလိုက်တော့

ငရဲမှ ..... ရူး တိုးတိုး ပြောပါဟ ။

နင်က ငါ့ရဲ. ငယ်သူငယ်ချင်းဆိုတော့ ပြောပြပါ့မယ် ။

အဲဒီ ဒေါက်တာဆိတ်ဖွားဆိုတာ ငါရေးထားတာလို. ပြောရော

ကျွန်မမှ ... အင်း နင်ဘာဖြစ်လို. အဲဒီလိုမျိုး အပုတ်ချတဲ့ အလုပ်ကိုမှ

လုပ်ရသလဲလို.မေးလိုက်တော့ ငရဲမှ သက်ပြင်းလေးချကာ

ဘာတတ်နိုင်မှာလဲဟယ် ငါ့အလုပ်က အဲဒီလိုလုပ်မှာ

ရမှာဆိုတော့ အဲဒီလို လိမ်လိုက် ၊ ဗြောင်းငြင်းလိုက် ၊ ဖာထေး

လိုက်နဲ. ဘ၀ကို အသက်ဆက်နေရတာပါဟယ်ဆိုပြီး ပြောလေသည် ။

ပြီးနောက် ကျွန်မတို. သူငယ်ချင်းနှစ်ယောက်သား အခြားသော အကြောင်းအရာကိစ္စများ ၊ အခုလက်ရှိ မိမိတို.ရဲ.

ဘ၀ရပ်တည်မှု.အခြေအနေများ ၊ စီးပွါးရေးအခြေအနေများအား ပြောဆိုကြပြီး လမ်းခွဲလိုက်လေတော့သည် ။

Written By ::::: Thida Moe Phyu ( Hong Kong / Myanmar )

Discussion

on 1/1/0001 says:
minkhaung2009 on 10/20/2014 says:

ပြောချင်တဲ့ အကြောင်းက ဘာလဲမသိဘူး

 

thidange on 7/26/2014 says:

ဘာကိုနားမလည်တာလဲသူငယ်ချင်း

linkyaw243 on 7/13/2014 says:

နားမလည်ပါဗျ။

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← BURMA(MYANMAR) TRAVELOGUE   Return to blog   အမေပြောတဲ့ အမောပြေ ..........… →
© 2013-2025 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.