Is Only collection of my favourite. Not my real One I want to share~~~~ RSS Available

I copy these things coz i like and want to share with my friends. That's why I copy them to paste it on. I am not a blogger. Nice to meet u all my friends *@_@*

(no title)

Posted on 1/1/0001 by

Read article   Add Comment

ဖြေပေးပါ။

Posted on 11/27/2008 by sunset08

နွေလေဦးက ရူးစေပေမဲ့ … ဝသာန် မိုးက ငြိမ်းစေခဲ့  ပြီး ဟေမာန် မှာ လေပြေလေးတွေ ဆော.ကစားနေတယ်။ ငါနွေးထွေးမှုလိုချိန်မှာ မင်းနွေလေပူတွေပေးခဲ့ပြီး ငါငြိမ်းချမ်းချင် တော့ မင်းမာန်နှောင်ကြိုးတွေတင်းခဲ့ တယ်နော်။ ငါနားလည်မှုတွေလိုချင်ခဲ့ ရင်ကော မင်းအေးစက်စက် အနီရောင် အလွမ်းတွေပေးဦးမှာလား? ( မြဝတီ )

Read article   Add Comment

ရည်းစားဟောင်းလက်ချာ

Posted on 10/6/2008 by sunset08

ရည်းစားဟောင်းလက်ချာ ၁) ရည်းစားဟောင်းနဲ့တွေ့ရင် မသိချင်ယောင်ဆောင်နေပါ။ (၂) အလိုက်မသိ စကားလာပြောပါက ပါးပိတ်ရိုက်ပါ။ (၃) ပြန်ပြီးဆက်သွယ်မယ့် အရိပ်အယောင်တွေ့ရင် စေ့စေ့ကြည့်ပြီး အရှက်နည်းလှချည်လားဟု ပိတ်ပြောပစ်ပါ။ (၄) ရည်းစားဟောင်းအကြောင်း လာပြောသူများရှိရင် သူ့ထိုက်နဲ့သူ့ကံပဲဟု သနားသောလေသံဖြင့်ပြောပါ။ (၅) ရည်းစားဟောင်းကို တစ်ခါတစ်လေအိပ်မက်မက်ပါက ငါကံဆိုးလိုက်လေခြင်းဟု ညီးတွားပါ။ (၆) ရည်းစားဟောင်းအိမ်နားမှ မတတ်သာ၍ ဖြတ်သွားရရင်တောင် ဆိုးလိုက်တဲ့လမ်းဟု သုံးခါတိတိ ရေရွတ်ပါ။ (၇) ရည်းစားဟောင်းကို ပြန်ပြီးစိတ်ဝင်စားချင်လာပါက ငါစိတ်ကစားတာနေမှာပါလေဟု ကိုယ့်ကိုယ်ကို ပြန်ဆုံးမပါ။ (၈) ရည်းစားဟောင်းနှင့် သွားခဲ့ဖူးသောနေရာများရောက်မိ၍ သတိရချင်သလိုလိုဖြစ်လာပါက ၀ဋ်ကြွေးတွေ ပြေပါစေတော့ဟု ထပ်ခါတလဲလဲ ဆုတောင်းပါ။ (၉) ရည်းစားဟောင်းဆီမှ လက်ဆောင်ပစ္စည်းအချို့ လက်ခံရရှိပါက သြော်…. တစ်ခါတစ်လေတော့လည်း ရှိပါစေတော့ဟု စဉ်းစားပြီး ခပ်တည်တည်လက်ခံထားလိုက်ပါ။ (၁၀) ရည်းစားဟောင်းကို အခုထိချစ်နေမိတုန်းပဲဟု သေချာသွားပါက တိန်..တိန်.. တိန် ဟု သုံးခါအော်၍ ကိုယ့်ကိုယ်ကို သတ်သေပစ်လိုက်ခြင်းသာ အကောင်းဆုံးဖြစ်ပါသည်။

Read article   Add Comment

Photos

Tags

Latest comments

ဖြေပေးပါ။
ိသမီး အန်တီလည်းစင်္ကာပူကိုလာဖို့ရှိတယ်။ မြန်မာဘုန်းကြီးကျောင်းမှာတွေ့ကြတာပေါ့။ သင်းသင်း thinnthinnsunsh…
ရည်းစားဟောင်းလက်ချာ
Oh my god.very nice ရည်းစားသစ် အတွက် လက် ချာ လေးများရှိ ရင် လုပ် ပါ ဦး။ when
© 2013-2024 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.