ကျေးဇူးပြုပီးတော့

Posted on 12/15/2009 by prettygloria
Tags: ကျေးဇူးပြုပီးတော့

မင်းရှင်ပြမှ

အချစ်တရား

ငါကြားနားခဲ့

မင်းသည်သာငါ့ဘဝ

မင်းပြောသမျှငါယုံရ၏။

မင်းဆိုသမျှငါငိုရ၏။

မင်းလှည့်သမျှငါလည်ရ၏။

မင်းသင်ပြမှမောဟမှောင်တွင်း

ငါဆင်းဖူး၏။

ငါ့အဖြစ်ကား

သိပင်သိလျှက်

ငါမသိခဲ့

ကြည့်ပင်ကြည့်လျှက်

ငါမမြင်ခဲ့

ရှိပင်ရှိလျှက်

ငါမတွေ့ခဲ့

သို့တစေလည်း

သို့ဖြစ်ခြင်းကြောင့်

မင်းအတွက်ငါ

ငါအတွက်မင်း

မဟုတ်ခဲ့ပါလေ။

ကွေ့ပတ်ပျောက်ကွယ်

မင်းတယောက်အတွက်

ငါ့အသက်မှာ

ထွက်လုထွက်ခင်

တဲတဲလေး။။။။။။။။။။။။။

Discussion

on 1/1/0001 says:

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← ငယ်ပေါင်း   Return to blog   ကြယ်စဉ်တခုရဲ့ပဲ့တင်ချိန် →
© 2013-2025 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.