ဆရာဦးမိုးမြင့်၏ကျေးဇူး

Posted on 9/29/2009 by phoaung008

ဒါကတော့ ဆရာဦးမိုးမြင့်က ကျွန်တော်အပေါ်မှာ ထာရှိခဲ့တဲ့ စေတနာနဲ့ကျေးဇူးပါ။

ကျွန်တော်ကဆင်းရဲပါတယ်။ ငယ်ငယ်တုန်က ကျောင်းတက်တုန်းကပေါ့။

အခုလဲ မထူးပါဘူး။

ဒါပေမဲ့ နဂိုကထက်တော့ သာတယ်ထင်တာပဲ။

ကျွန်တော်ရဲ့ အခြေခံစိတ်ဓါတ်ကတော့ ကြိုးစားချင် ထူးချွန်ပြောင်မြောက်ချင်ပါတယ်။

ဒါပေမဲ့ ကံမကောင်ပါဘူးဗျာ။

ငယ်ငယ်က စာတွေလုပ်တိုင်းမှာ အဖေက သိပ်ပြီးတော်စေချင်တဲ့စိတ်နဲ့ ကျွန်တော်ကို နှိမ်တယ်။

တကယ်တော့ ဒါကပြသနာ မဟုက်ပါဘူး။

ပြသနာကတော့ ကျွန်တ်ာစာတွေလုပ်တိုင်းမှာ အဖေကကျွန်တော်စာမှားရင် စိတ်တိုတိုနဲ့ အသကုန်ဗျင်းတော့တာပဲ။

ဒါကမှ ပြသနာအစစ်။

ကျွန်တော်လဲ ဆော်ပလော်တီးခံရမှာကို ကြေက်တာနဲ့ပဲ စာတွေကို ကောင်းကောင်းမလုပ်တော့ဘူးပေါ့။

ဒါကမူလတန်းမှာလေ။

အလယ်တန်ရောက်တော့ ကျွန်တော်အိမ်အလုပ်တွေကို ကောင်ကောင်းကူလုပ်နေရပြီ။

အိမ်မှာဝက်မွေးတယ်။ နွားမွေးတယ်။ အမေကလဲ တစ်ဖက်တလမ်းက၀င်ငွေရဘို့အတွက် ဈေးထွက်ရာင်းရတယ်လေ။

ညီအစ်ကိုမောင်နှမတွေထဲမှာလဲ ကျွန်တော်က အကြီးဆုံးအကိုဆိုတော့ အိမ်မှာသုံးရေရဘို့ ရေခပ် ဝက်စာနွားစာအတွက် ထမင်းရည်သယ် ချက်ပြုက်အလုပ်တွေကတော့ ကျွန်တော်အတွက်ပဲ ဆိုပါတော့။

ကျွန်တော်ကျန်းမာရေး အဖေ့ကျန်းမာရေးအတွက်နဲ့အလယ်တန်းပိုင်းမှာ တစ်နှစ်ကို တစ်လ တစ်လခွဲးလောက် ကျောင်းကလဲ ပုံမှန်ပျက်ခဲ့ရသေးတယ်။

ကျောင်းစာကိုတ်ာချင်ထူးချွန်ချင်ပေမဲ့လဲ မဖြစ်နိုင်ခဲ့ဘူးပေါ့။

ဒီလိုနဲ့ကျွန်တော် အလယ်တန်ပိုင်းကို အိပဲ့အိပဲ့နဲ့ ကျော်ဖြတ်ခဲ့ပြီး

အထက်တန်ပိုင်းကို အခြေခံမကောင်းပဲနဲ့ ရောက်လာခဲ့တာပေါ့။ အဲဒီအချိန်ကျမှ ကျွန်တော် ပြသနာတွေ ကြီးသထက် ကြီးလာပြီပေါ့ခင်ဗျာ။

ကျွန်တော်၏ဆင်းရဲမှုမှာ မူလတန်းနဲ့ အလယ်တန်းကျောင်းသားဘဝအထိ ကျောင်စိမ်းဝတ်စုံကလေးတောင် မဝတ်ခဲ့နိုင်။

ကျွန်တော် အထက်တန်းကျောင်းသားကြီး ဖြစ်လာတော့ ကျောင်းစိမ်းဝတ်စုံကလေးကို တော်တော်ဝတ်ချင်ခဲ့တယ်။

ဒါကြောင့် သူများအိမ်ကနေပြီး နဝမတန်းကို တက်ခဲ့တာ စာကိုတောင်ကောင်းကောင်းလုပ်ချိန်မရခဲ့ဘူး။

ဒီအကြိုးရဲ့ရလဒ်ကတော့ ကျွန်တော်နဝမတန်းနှစ်ဝက်စာမေးပွဲးမှာ သုံးဘာသာတောင် ကျတဲ့အထိ့ပါပဲ။

ဒိအချိန်ကျမှ ကျွန်တော်နေတဲ့အိမ်ရယ် ကျွန်တော်ရယ် ကျွန်တော်အဖေရယ် အားလုံးက ကောင်းကောင်းကြီး ပြာပြာသလဲ ဖြစ်ကြပြီလေ။

နောက်ဆုံးတော့လဲ   ကျွန်တော်အိမ်ကိုပဲ ကျွန်တောပြန်ရောာက်လာတော့တာပေါ့။

ကျောင်စာမေးပွဲး မကျဘို့အတွက် အဖေကကျွန်တော်ကို ဘယ်လိုပဲခက်ခဲခက်ခဲ ကျူရှင်ကျောင်းထားပေးဘို့ ဆုံးဖြတ်လိုက်တယ်။

ကျွန်တော်လဲ ကျွန်တော်ကျူရှင်လစာအတွက်နဲ့ပဲ မိသာစုရဲ့စာဝတ်နေရေးကို ထိခိုက်မှာကို စိတ်မကောင်းဖြစ်ခဲ့ပေမဲ့ ပညာရေးအတွက်ကျုရှင်တက်ရမှာကို... ဘယ်တက်နိုင်ပါ့မလဲ။

ဒီမှာလဲကြားဖြတ်ပြီး မဖြစ်မနေပြောပြစရာလေးတွေကျန်ခဲ့သေးတယ်။

ကျွန်တော်ငယ်နာမည်ကတော့ အောင်ပွင့်ပါ။

ဒီနာမည်ကိုတော့ ကျွန်တော်ဆွေမျိုးတွေနဲ့ အိမ်နီးနာချင်းတွေပဲ သိကြပါတယ်။

ကျောင်းနာမည်ကတော့ အိုက်ဟိုင်းပါပဲ။

ကျောင်းနာမည်ကို ကျွန်တော်အိမ်နီးနားချင်း ပတ်ဝန်းကျင်မှာ ခေါ်ကြရင် သိဘို့ ခက်သလို အိမ်နာမည်ကို ကျောင်းမှာ လာခေါ်ကြရင်လဲ သိကြမှာ မဟုက်ဘူး။

ဆရာဦးမိုးမြင့်ဆီက ကျူရှင်ကောင်းတယ်လို့ နာမည်ကြီးတော့ ကျွန်တော်လဲ အဲဒီကျူရှင်ကျောင်းမှာတက်မယ်လို့ ဆုံးဖြတ်လိုက်တယ်။

ကျွန်တော်ကို ကျူရှင်အပ်ပေးတာက ကျွန်တော်ရဲ့ အိမ်နီးနာခြင်းကအဖွားပါ။

အဖွားဆိုပေမဲ့ ကျွန်တော်ကျူရှင်တက်ရတဲ့အကြောင်းတွေကို လိုရင်းတိုရှုင်း သွက်သွက်လက်လက်ပြောနိုင်တယ်ဗျာ။

အဖေကကျောင်းဆရာဖြစ်တယ်ဆိုတဲ့အကြောင်း ဆင်းရဲတဲ့အကြောင်း မဖြစ်မနေမို့ ကျူရှင်ထားရတယ်ဆိုတဲ့ အကြောင်းတွေပေါ့။

နာမည်က ဘယ်လိုခေါ်သလဲ     အောင်ပွင့်ပါ

ကျွန်တော်မဖြေခင် အဖွားက အရင်ဖြေသည်။

ကျွန်တော်ကျောင်းနာမည်ကိုအဖွားမသိပါ။

ကျွန်တော်ကျောင်းနာမည်ကိုတောင် ပြောချိန်မရလိုက်။

မင်းအရင်က ကျူရှင်တစ်ခါမှမတက်ဖူးဘူးလား

ဟုက်ကဲ့ မတက်ဖူးပါဘူး

ဆရာ ကျွန်တော်ကို တော်တော်သနားသွားသည်ထင်

ဒါဆိုရင် မင်းဆရာကို ဒီလကျောင်းလစာပဲပေး နောက်လတွေမှာ အလကားလာတက် ဆရာအနေနဲ့လဲ ပညာပါရမီဖြည့်တာပေါ့ကွာ။  ဟုက်...ဟုက်ကဲ့

ကျွန်တော်လဲ တော်တော်ဝမ်းသာသွားသည် ဆရာ၏ကျေးဇူးသည် ပညာသင်ဘို့အတွကတင်မက ငွေရေးကြေးရေးအခက်အခက်အခဲကိုလဲ ပြေလည်စေသည်။

ကျွန်တော် ဝမ်းသာလိုက်သည့်ဖြစ်ချင်း။

ကျွန်တော်၏ စာကြိုးစားချင်စိတ်သည် ဆရာ၏ကျေးဇူးကို ဆင်ခြင်မိတိုင်း တိုးကာတိုးကာ တက်ကြွလာခဲ့သည်။







Discussion

on 1/1/0001 says:

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← ဘာသာရေး   Return to blog   ပြောစကားနားမထောင်ကြသူများ ၂ →
© 2013-2024 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.